backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း )


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ကဘာလဲ။

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းသည်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဖြစ်လေ့ရှိသည့် အဆုတ်ပိုးဝင်ရောဂါပြီး ဆောင်းရာသီတွင် အဖြစ်များပါသည်။

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏ရောဂါလက္ခဏာများသည် အအေးမိခြင်းကဲ့သို့ပင် ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ နှင့် အသက်ရှုကျပ်လာခြင်းတို့ တခါတရံဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် တခါတရံတွင် ရက်သတ္တပတ်အနည်းငယ်မှ လအထိကြာမြင့်နိုင်ပါသည်။

အများစုသော ကလေးများသည် အိမ်မှာနေပြီး အားမွေးလျှင်ပျောက်ကင်းသွားသော်လည်း အချို့မှာ ဆေးရုံတင်ရန်လိုအပ်သောအခြေအနေများ ဖြစ်လာနိုင်ပါသည်။

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏နောက်ဆက်တွဲဆိုးကျိုးများမှာ

  • အောက်ဆီဂျင်လုံလောက်စွာ မရခြင်းကြောင့် နှုတ်ခမ်းနှင့် အသားများပြာလာခြင်း
  • အသက်ရှုရပ်သွားခြင်း (လမစေ့ဘဲမွေးသော ကလေးများနှင့် ၁လအောက်ကလေးများတွင် အဖြစ်များသည်။)
  • ရေဓါတ်ခမ်းခြောက်ခြင်း
  • သွေးထဲတွင် အောက်ဆီဂျင်နည်းခြင်း နှင့် အသက်ရှုလုပ်ငန်းများရပ်သွားခြင်း တို့ဖြစ်သည်။

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း သည် အလွန်အဖြစ်များသောရောဂါဖြစ်ပါသည်။ ကလေးငယ်များနှင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။

သို့သော် ရောဂါဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

လက္ခဏာများ

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရလေ့ရှိသော ရောဂါလက္ခဏာများမှာ

  • နှာရည်ယိုခြင်း
  • နှာခေါင်းပိတ်ခြင်း
  • ချောင်းဆိုးခြင်း
  • ငွေ့ငွေ့ဖျားခြင်း
  • အသက်ရှုကျပ်ခြင်း
  • အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း
  • ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသော နားတွင်ပိုးဝင်ခြင်း တို့ဖြစ်သည်။

အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါ လက္ခဏာများရှိပါက ဆရာဝန်ထံသွားပြသင့်သည်။

  • အန်ခြင်း
  • အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း
  • အသက်ရှုမြန်ခြင်း(၁ မိနစ်တွင် အသက်ရှုနှုန်း၆၀ ထက်ပိုခြင်း)
  • အသက်ရှုလျှင် နံရိုးများချိုင့်သည်အထိအားသုံးပြီါ် ရှုနေရခြင်း
  • ပင်ပန်းနွမ်းနယ်ပြီး ပျော့ခွေနေခြင်း
  • အစာ၊ရေများတိုက်ကျွေးသော်လည်း ငြင်းပယ်ခြင်း
  • အသားများ (အထူးသဖြင့် နှုတ်ခမ်းနှင့် လက်သည်းများ) ပြာလာခြင်း

အကယ်၍ ကလေးသည် ၁၂ ပတ်အောက်ငယ်ပြီး လမစေ့ဘဲမွေးခြင်း၊ နှလုံးနှင့်အဆုတ်ရောဂါများရှိခြင်း စသည့်အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းကိုဖြစ်နိုင်စေသောအချက်များနှင့် တွဲနေပါက ဆရာဝန်ထံသွားပြရန် ပို အရေးကြီးပါသည်။

အကြောင်းရင်းများ

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းသည် သင့်အဆုတ်တွင်းရှိအသေးငယ်ဆုံးသော လေပြွန်များထဲသို့ ဗိုင်းရပ်ပိုးများ ကူးစက်ဝင်ရောက်ခြင်းကြောင့်ဖြစ်ရပါသည်။

ထိုအခါ လေပြွန်ငယ်လေးများသည်ရောင်ရမ်းလာပြီး အသက်ရှုလမ်းကြောင်းတွင် ချွဲများပိတ်လာကာ အဆုတ်ထဲသို့ လေအဝင်အထွက်ခက်ခဲလာခြင်းဖြစ်ပါသည်။

အများစုသည် RSV အသက်ရှုလမ်းကြောင်းဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရပြီး ထိုဗိုင်းရပ်စ်အမျိုးအစားသည် အသက် ၂ နှစ်မှစပြီး ကူးစက်လေ့ရှိသော အမျိုးအစားဖြစ်ပါသည်။

သို့သော် ရာသီတုပ်ကွေးနှင့် အအေးမိခြင်းကိုဖြစ်စေသော အခြားသော ဗိုင်းရပ်စ်ပိုးများကြောင့်လည်း လေပြွန်ရောင်ရောဂါဖြစ်စေပါသည်။ RSV ဗိုင်းရပ်စ်သည် မျိုးကွဲ ၂မျိုးရှိသည့်အတွက် ကလေးငယ်များအနေနှင့် နောက်တခါပြန်ကူးစက်ခံရနိုင်ပါသည်။

လေပြွန်ရောင်ရောဂါဖြစ်စေသောဗိုင်းရပ်စ်များသည် အလွယ်တကူပြန့်နှံ့တတ်ပါသည်။ နေမကောင်းဖြစ်နေသူကနှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားပြောခြင်းမှ ထွက်လာသောလေထဲရှိအမှုန်များမှတဆင့်ကူးစက်နိုင်ပါသည်။

အရာဝတ္ထုပစ္စည်းများ၊ မျက်နှာသုတ်ပဝါနှင့် အရုပ်များကို မျှဝေသုံးစွဲခြင်း နှင့် ထိုအရာများကိုထိပြီးနောက် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိမိခြင်းတို့မှ ဗိုင်းရပ်စ်ပိုးများ ကူးစက်နိုင်ပါသည်။

ဖြစ်နိုင်ခြေများ

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ကိုဖြစ်နိုင်စေသော အကြောင်းများမှာ အောက်ပါတို့ဖြစ်သည်။

  • အသက် ၃လအောက် ကလေးများ
  • လမစေ့မီမွေးသော ကလေးများ
  • အဆုတ်နှင့် နှလုံးရောဂါအခံရှိသူများ
  • ကိုယ်ခံအားနည်းသူများ
  • ဆေးလိပ်ငွေ့ ရှုရှိုက်နေသူများ
  • မိခင်နို့တိုက်ကျွေးခြင်းမခံရသော ကလေးများ (မိခင်နို့သည် ကလေးများ၏ ကိုယ်ခံအားကို ကောင်းမွန်စေသည်။)
  • ကလေးငယ်ထိန်းသိမ်းရေးစင်တာကဲ့သို့သောနေရများတွင် ကလေးများကြားတွင် အနေများခြင်း
  • လူနေထူထပ်သော ပတ်ဝန်းကျင်တွင်အနေများခြင်း
  • ကျောင်းနှင့် ကလေးငယ်ထိန်းသိမ်းရေးစင်တာများတွင် တက်နေသော မောင်နှမသားချင်းများမှ ရောဂါကူစက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း သည် ပုံမှန်အားဖြင့် ကလေးငယ်များကိုကြည့်ပြီး အဆုတ်ကို နားကျပ်ဖြင့်နားထောင်ခြင်းအားဖြင့် သိရှိနိုင်သော်လည်း ပိုမိုပြင်းထန်းသော အခြေအနေများတွင်မူ အောက်ပါစစ်ဆေးမှုများကို လုပ်ဆောင်ရပါသည်။

  • ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း
  • ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဖြင့် နမိုးနီးယားအဆုတ်ရောင်ရောဂါ လက္ခဏာများကို သိနိုင်သည်။

    • ဗိုင်းရပ်စ်ပိုးများကို စစ်ဆေးခြင်း

    သင့်ကလေး၏ချွဲကို စစ်ဆေးခြင်းဖြင့် အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းဖြစ်စေသော ဗိုင်းရပ်စ်များကို သိနိုင်သည်။ နှာခေါင်းထဲသို့ တို့ဖတ်ကို ဖြေးညှင်းစွာထဲ့ပြီး ချွဲကိုယူနိုင်သည်။

    • သွေးစစ်ခြင်း

    သွေးစစ်ခြင်းဖြင့် သင့်ကလေး၏သွေးထဲတွင်ရှိသော သွေးဖြူဥပမဏနှင့် အောက်ဆီပမာဏကို သိရှိနိုင်သည်။

    အစားအသောက်ကို ငြင်းပယ်ခြင်း၊ အန်ခြင်း တို့သည်ရေဓါတ်ကိုခမ်းခြောက်စေသည်။ ထို့ပြင် မျက်တွင်းများချိုင့်နေခြင်း၊ ကလေးသည်တက်ကြွမှုမရှိခြင်း၊ အသားအရေနှင့် ပါးစပ်များခြောက်သွေ့ခြင်း နှင့်ဆီးသွားနည်းခြင်း ၊ ဆီးမသွားခြင်းတို့သည် ရေဓါတ်ခမ်းခြောက်သောလက္ခဏာများ ရှိမရှိ သင့်ဆရာဝန်ကမေးမြန်းလိမ့်မည်။

    Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ကို ဘယ်လိုကုသပါသလဲ

    အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ကြောင့်ဖြစ်သောလက္ခဏာများကို သက်သာအောင်ကုသပေးရန်လိုအပ်ပါသည်။ ရေဓါတ်ခန်းခြောက်မှုကိုကာကွယ်ရန် ရေများများသောက်ပါ။

    နှာခေါင်းပိတ်နေပါက လေစုပ်ဘောလုံးငယ်ဖြင့် နှာရည်နှင့် ချွဲများကိုစုပ်ပေးနိုင်သည်။ အဖျားကျစေရန် acetaminophen,ibuprofen စသည့်ဆေးများတိုက်နိုင်သည်။ Aspirin ဆေးကို အသက်၂၀ အောက်တွင် မိမိသဘောဖြင့်မတိုက်ပါနှင့်။ ကလေးငယ်များတွင် ဦးနှောက်ရောင်ခြင်းနှင့် ပက်သက်သောရောဂါစု(Reye’s Syndrome)ဖြစ်တတ်သည်။

    ထို့ပြင်ချောင်းဆိုးပျောက်ဆေးနှင့် အအေးမိပျောက်ဆေးများကို ဆေးကောင်းတာတွင် အလွယ်တကူရနိုင်သော်လည်း ဝယ်မတိုက်သင့်ပါ။ သင့်ကလေး၏လုံခြုံမငအတွက် သင်တိုက်သောဆေးများ၏ ဆေးအညွှန်းများကို သေချာစွာဖတ်ရှုသင့်သည်။

    သင့်ကလေးတွင် ဓါတ်မတည့်ခြင်းများရှိပါက အသက်ရှုလမ်းကြောင်းရှိပြွန်ငယ်များကို ကျယ်စေသောရှုဆေးများကို ဆရာဝန်ကညွှန်ကြားလိမ့်မည်။

    ရောဂါပိုမိုပြင်းထန်သောသူများသည် ဆေးရုံတက်ပြီး အောက်ဆီဂျင်ရှုခြင်း နှင့် အခြားသောလိုအပ်သော ကုသမှုများခံယူရမည်ဖြစ်သည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် အဆုတ်လေပြွန်ငယ်များရောင်ရမ်း

    သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

    • လေကို စိုထိုင်းဆရှိအောင်ထားခြင်း

    သင့်ကလေး၏ အခန်းထဲရှိလေသည် ခြောက်သွေ့နေပါက ရေငွေ့ပေးစက်များ၊ စိုထိန်းဆပေးသော စက်များတပ်ဆင်ပေးထားခြင်းဖြင့် ချွဲကျပ်ခြင်း ကိုလျှော့ချပေးနိုင်သည်။ သို့သော် ထိုစက်များကို ဘက်တီးရီးယား နှင့် မှိုစွဲခြင်းတို့မဖြစ်စေရန် သန့်ရှင်းရေးလုပ်ပေးသင့်သည်။

    • သင့်ကလေးကို မတ်မတ်ထားပါ။

    မတ်မတ်နေခြင်းသည် အသက်ရှုရပိုကောင်းစေသည်။

    • ရေများများသောက်ခိုင်းပါ။

    ရေဓါတ်ခန်းခြောက်မှုမှကာကွယ်ရန် ရေနှင့် ဖျော်ရည်မျာကို များများတိုက်ပါ။

    • နှာခေါင်းထဲသို့ ဆားရည်အစက်ချပေးခြင်းဖြင့်လည်း ချွဲကျပ်ခြင်းကိုသက်သာစေသည်။ ထိုဆေးရည်ကို ဆေးကောင်တာများတွင် ဝယ်ယူနိုင်သည်။
    • ဆေးကောင်တာများတွင် ဝယ်ယူနိုင်သော အနာပျောက်ဆေးများက်ု သုံးပါ။Acetaminophen (Tylenol) သည် လည်ချောင်းနာခြင်းကို သက်သာစေပြီး အရည်များကို ပိုသောက်နိုင်စေသည်။ Aspirin မတိုက်ပါနှင့်။
    • သင့်ကလေးသည် အသက် ၂ နှစ်အောက်ဖြစ်ပါက ဆေးကောင်တာများတွင် ဝယ်ယူနိုင်သောဆေးများမတိုက်ပါနှင့်။
    • သင့်ပတ်ဝန်းကျင်တွင် ဆေးလိပ်နှင့် မီးခိုးငွေ့များကို ရှောင်ကျဉ်ပါ။ ဆေးလိပ်သည် အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သောရောဂါလက္ခဏာများကို ပိုဆိုးစေသည်။
    • ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် လက်များကို စနစ်တကျဆေးကြောပါ။
    • အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း နှင့်အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သောရောဂါများရှိနေသော အခြားကလေးများနှင့် ထိတွေ့ခြင်း၊ အနီးကပ်နေခြင်းရှောင်ကျဉ်ပါ။

    သင် ထပ်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement