Breech Birth (ဆုံပိုင်းမွေးခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Breech Birth (ဆုံပိုင်းမွေးခြင်း) ကဘာလဲ။

  • သင်ကိုယ်ဝန်ဆောင်ထားချိန်မှာ သင့်သားအိမ်ဟာ သနြေ္ဓသားလေးပုံစံအမျိုးမျိုးပြောင်းနေဖို့ လုံလုံလောက်လောက်ကျယ်ဝန်းပါတယ်။ ပုံမှန်နဲ့ အန္တရာယ်ကင်းကင်းမွေးနိုင်ဖို့အတွက်ကတော့ ကိုယ်ဝန်ပတ် ၃၆ ပတ်လောက်ကတည်းက သနြေ္ဓသားဟာ မွေးလမ်းကြောင်းဆီ ခေါင်းစိုက်နေတဲ့ အနေအထားဖြစ်နေရပါမယ်။
  • ဆံပိုင်းဆိုတာကတော့ ခေါင်းစိုက်မနေနဲ့ ကလေးအောက်ပိုင်းဦးတည်နေတဲ့ အခြေအနေဖြစ်တယ်။ နေ့စေ့လစေ့ကိုယ်ဝန်သည်တွေရဲ့ ၃-၅ ရာခိုင်နှုန်းလောက်ဟာ ဆုံပိုင်းမွေးရလေ့ရှိတယ်။ ဆုံပိုင်းကလေးအများစုကို အန္တရာယ်ကင်းကင်းဖြစ်ဖို့က ခွဲမွေးခြင်းသာအကောင်းဆုံးဖြစ်တယ်။
  • ဆုံပိုင်းအနေအထားသုံးမျိုးရှိတယ် –
  • မွေးလမ်းကြောင်းကို ကလေးတင်ပါးက ဦးတည်ထားပြီး ခြေထောက်နှစ်ချောင်းက အပေါ်ကိုဦးတည်ပြီး ဆန့်လျက်အနေအထားဖြစ်တယ်။ တွေ့ရအများဆုံးပုံစံဖြစ်တယ်။
  • အပြည့်အ၀ဆုံပိုင်းဖြစ်ခြင်း – မွေးလမ်းကြောင်းကို ကလေးတင်ပါးဦးတည်ပြီး ဒူးကွေးလျက် အနေအထားဖြစ်တယ်။

ခြေထောက်တစ်ချောင်း သို့ နှစ်ချောင်းစလုံး တွဲလျက်ကျနေသောအနေအထားဖြစ်တယ်။ မွေးဖွားတဲ့အခါ ခြေထောက်အရင်ထွက်လာတာဖြစ်တယ်။

Breech Birth (ဆုံပိုင်းမွေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မွေးဖွားမှု ၁၀၀ မှာ ၄ ခါလောက်ကတော့ ဆုံပိုင်းဖြစ်နေတတ်ပါတယ်။

အသေးစိတ်သိဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

လက္ခဏာများ

Breech Birth (ဆုံပိုင်းမွေးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • ၃၅ ပတ်၊ ၃၆ ပတ်လောက်မရောက်မချင်း ဆုံပိုင်း လို့ သတ်မှတ်လိုက်လို့မရသေးပါဘူး။ ပုံမှန်အားဖြင့် မွေးဖွားဖို့ပြင်တဲ့အခါ ကလေးဟာ ခေါင်းစိုက်အနေအထား ဖြစ်သွားတတ်ပါတယ်။ ၃၅ ပတ်မတိုင်ခင်မှာ ခေါင်းစိုက်လျက်ရှိနေခြင်းဟာ ကလေးကဘေးစောင်းဖြစ်နေပါစေ ပုံမှန်အနေအထားဖြစ်တယ်။
  • ထို့နောက်မှာတော့ ကလေးက ကြီးထွားလာတာနဲ့အမျှ နေရာလွတ်ကျဥ်းလာပြီး ပုံစံပြောင်းဖို့၊ လှုပ်၇ှားဖို့၊ နေရာမှန်ကိုပြန်လည်ဖို့လည်း ခက်ခဲလာတယ်။
  • ဆရာဝန်တစ်ယောက်ဟာ အတွေ့အကြုံတွေအသုံးပြုရင်း သင့်ဗိုက်ကိုစမ်းလိုက်တာနဲ့ ကလေးဆုံပိုင်းဖြစ်နေသလား သိနိုင်ပါတယ်။ သေချာဖို့အတွက်တော့ အယ်လ်ထရာဆောင်းရိုက်ခြင်းဖြင့် အတည်ပြုရပါတယ်။

တခြားလက္ခဏာ၊ အခြေအနေတွေလည်း ရှိနိုင်တာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်သင့်တယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါအချက်များကြုံရပါက သို့ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းခန္ဓာကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။

အကြောင်းရင်းများ

Breech Birth (ဆုံပိုင်းမွေးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဘာကြောင့် ဆုံပိုင်း ဖြစ်သွားရလဲ သေချာမပြောနိုင်သေးပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကိုယ်ဝန်ဆောင်အဖွဲ့အစည်း ကတော့ အောက်ပါတို့အပါအ၀င် အကြောင်းအမျိုးမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်-

  • ကိုယ်ဝန်ခဏခဏဆောင်ဖူးပါက
  • အမွှာကိုယ်ဝန်ဖြစ်ပါက
  • အရင်ကနေ့မစေ့၊ လမစေ့မွေးဖူးပါက
  • သားအိမ်တွင်း ရေမြွှာရည်များလွန်း သို့ နည်းလွန်းပါက၊ များလွန်းပါက ကလေးအနေအထားပြောင်းရင် နေရာကျယ်လွန်းပြီး၊ နည်းလွန်းပါက အနေအထားပြောင်းရန် နေရာမရှိတာဖြစ်နိုင်ပါတယ်။
  • သားအိမ်ပုံစံမမှန်ပါက သို့ သားအိမ်တွင်း အလုံး၊ အကျိတ်များရှိပါက
  • အချင်းက ကလေးရှေ့ရောက်နေပါက

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Breech Birth (ဆုံပိုင်းမွေးခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ဆုံပိုင်းဖြစ်နိုင်ချေကို အားပေးသောအချက်များ၊ အခြေအနေများ အမျိုးမျိုးရှိတယ်။

  • လမစေ့မွေးခြင်း
  • ကလေးမွေးကြိမ်များခြင်း
  • ကိုယ်ဝန်ဆောင်ကြိမ်ရေများခြင်း
  • အရင်ကနေ့မစေ့၊ လမစေ့မွေးဖူးထားခြင်း
  • ဆီးခုံရိုးတွင်းအကျိတ်ရှိခြင်း
  • အသက်ကြီးမှကိုယ်ဝန်ဆောင်ခြင်း
  • ရေမြွှာရည်များလွန်းခြင်း – ကလေးလှုပ်ရှားမှုအရမ်းများစေပါတယ်။
  • ရေမြွှာရည်နည်းခြင်း – ကလေးလှုပ်ရှားခြင်း၊ အနေအထားပြောင်းခြင်းကို ဟန့်တားထားပါတယ်။
  • အချင်းရှေ့ရောက်နေခြင်း – အချင်းသားအိမ်ခေါင်းနားတွင် တွယ်နေခြင်းဖြစ်ပြီး ကလေးလှုပ်ရှားရန် နေရာကျယ်လွန်းပါတယ်။

ကလေးခေါင်းကြီးနေခြင်း – ကလေးလှုပ်ရှားရခက်စေတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Breech Birth (ဆုံပိုင်းမွေးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပုံမှန်ကိုယ်ဝန်စမ်းသပ်စစ်ဆေးနေရင်းနဲ့ ဆရာဝန်ကရှာဖွေသိရှိသွားနိုင်ပါတယ်။ အတည်ပြုဖို့အတွက် အယ်လ်ထရာဆောင်းရိုက်ရန်တော့လိုပါလိမ့်မယ်။ သားအိမ်ခေါင်းမှတဆင့်စမ်းသပ်ခြင်းဖြင့်လည်း သိနိုင်တယ်။

Breech Birth (ဆုံပိုင်းမွေးခြင်း) ကို ဘယ်လိုကုသပါသလဲ

  • ဆုံပိုင်းကိုပြန်လှည့်ခြင်းအောင်မြင်မှုက သင့်ကလေးက ဘာကြောင့်ဆုံပိုင်းဖြစ်နေရသလဲ အကြောင်းအရင်းပေါ်မူတည်ပါလိမ့်မယ်။ ဒါပေမယ့် နည်းလမ်းကအန္တရာယ်ကင်းနေသ၍ ကြိုးစားကြည့်တာမမှားပါဘူး။
  • ဆုံပိုင်းလှည့်ခြင်း – ဆရာဝန်က သင့်ဗိုက်ပေါ်ကနေ ကလေးအနေအထားကိုပြန်လှည့်ခြင်းဖြစ်တယ်။
  • အဆီသုံးခြင်း – တချို့ကတော့ Peppermint ပူဒီနာဆီကဲ့သို့ အဆီတစ်မျိုးကိုဗိုက်ပေါ်လိမ်းကာ ကလေးကိုအလိုအလျောက်ပြန်လှည့်သွားအောင် လုပ်လို့ရနေပါတယ်။
  • ခန္တာကိုယ်ရှေ့သို့ကုန်းခြင်းဖြင့် ကလေးပြန်လည်အောင်လုပ်ခြင်းကိုလည်း သုံးလာကြပါတယ်။
  • ရေကူးကန်ထဲတွင်လက်ထောက်ပြီးနေခြင်း၊ တင်ပါးဆုံပိုင်းကိုခေါင်းအုံး၊ လှေကားထစ်များသုံးကာ မြှင့်ထားခြင်း စသည်ဖြင့် နည်းအမျိုးမျိုးသုံးတတ်ကြပါတယ်။

 

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးနည်းများ

  • ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံး ပုံမှန်စမ်းသပ်မှုခံယူဖို့က အရေးအကြီးဆုံးပါပဲ။ ကလေးဆုံပိုင်းဖြစ်မဖြစ်ဆရာဝန်သိနိုင်ပြီး နည်းလမ်းစဉ်းစားနိုင်မှာဖြစ်တယ်။
  • တချို့ကတော့ခွဲမွေးဖို့စီစဉ်ကြသလို တချို့ကတော့ ကလေးပြန်လည်ဖို့ကြိုးစားကြည့်တတ်ကြပါတယ်။
  • ကလေးပြန်လည်သွားပြီး ပုံမှန်အနေအထားဖြစ်သွားရင်တော့ ပုံမှန်အတိုင်းမွေးလို့ရပါပြီ။

တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 13, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ