backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Breast Augmentation (ရင်သားကြီးမားရန် ပြုပြင်ခွဲစိတ်ခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Breast Augmentation (ရင်သားကြီးမားရန် ပြုပြင်ခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

ရင်သားကြီးမားရန် ပြုပြင်ခွဲစိတ်ခြင်းအကြောင်း ဘာတွေသိသင့်လဲ

ရင်သားကြီးမားရန် ခွဲစိတ်ပြုပြင်ခြင်းဆိုတာ ရင်သားတွေကို ပိုမိုကြီးထွားပြီး ကြည့်ကောင်းလာအောင် ပြုပြင်တဲ့ အလှအပရေးရာ ခွဲစိတ်မှု ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေအတွက်ပဲ သင့်တော်ပါတယ်။ ရွေးချယ်စရာတွေနဲ့ပတ်သက်လို့ သေချာစဉ်းစားပြီး လက်တွေ့ကျကျပဲ မျှော်လင့်ထားသင့်ပါတယ်။

– ရင်သားကြီးထွားရန် ပြုပြင်ခွဲစိတ်ခြင်း ဆိုတာဘာလဲ

ဆီလီကွန် ဒါမှမဟုတ် ဆလိုင်းအရည်ကိုထည့်ပြီး ရင်သားကို ကြီးထွားလာအောင် ကြည့်အောင်းလာအောင် ပြုပြင်တဲ့ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။

ခွဲစိတ်မှုရဲ့ အကျီုးကျေးဇူးတွေက ဘာတွေလဲ

ရင်းသားဟာ ကြီးထွားပြီး ကြည့်ကောင်းလာပါလိမ့်မယ်။

ဘယ်အချိန်မှာ ခွဲစိတ်မှု ခံယူသင့်သလဲ

အဓိကရည်ရွယ်ချက် ၂ခုရှိပါတယ်။

  • ပြန်လည်ပြုပြင်ခြင်း။ ရင်သားကင်ဆာကြောင့် ရင်သားခွဲထုတ်လိုက်ရတဲ့အခါမျိုးမှာ ရင်သားကို ပြန်လည်ပြုပြင်ဖို့ ခွဲစိတ်ပါတယ်။
  • အလှအပပြုပြင်ခြင်း။ ရင်သားကို ကြီးထွားပြီး ကြည့်ကောင်းလာအောင် ပြုပြင်ခြင်း ဖြစ်ပါတယ်။
  • အကြောင်းရင်းကိုသိရှိခြင်း

    ဘယ်လိုထည့်သွင်းပစ္စည်းမျိုး ရွေးချယ်သင့်သလဲ

    အားလုံးရဲ့ အပြင်လွှာဟာ ဆီလီကွန်နဲ့ပဲ ပြုလုပ်ထားပါတယ်။ အထဲမှာတော့ ဆီလီကွန်ဖြစ်ဖြစ် အရည်ဖြစ်ဖြစ် ဖြည့်ထားပါတယ်။

    ဆီလီကွန်ဟာ အရည်ပုံစံ ဒါမှမဟုတ် ဂျဲလ်ပုံစံ ဖြစ်နိုင်ပါတယ်။ ဆီလီကွန်အရည်နဲ့ ဆလိုင်းအရည်ဟာ ပိုပြီးနူးညံ့ပြီး သဘာဝအထိအတွေ့အတိုင်း ဖြစ်စေပါတယ်။ ဂျဲလ်ပုံစံနဲ့ ဆီလီကွန်ကတော့ ပိုပြီးတင်းမာတဲ့ အထိအတွေ့ကိုရပြီး ပုံစံပိုပေါ်လွင်ပါတယ်။

    ပုံဖော်ထားတဲ့ အရည်ထည့်သွင်းပစ္စည်းကို ရိုးရိုးလုံးဝန်းတဲ့ပုံစံနဲ့ ပေါင်းစပ်တဲ့အခါ ဂျဲလ်အမျိုးအစားကို ပုံဖော်ထားသလိုပဲ ရလာဒ်ကောင်းလေ့ရှိပါတယ်။

    ပေါ်လီယူရီသိန်း အုပ်ထားတဲ့ ထည့်သွင်းပစ္စည်းဟာ ပိုပြီး တင်းမာပါတယ်။ ဒီပစ္စည်းဟာ အမာရွတ်ထူခြင်းကို လျော့နည်းစေပြီး ထည့်သွင်းထားတဲ့နေရာတဝိုက်မှာ တင်းကျပ်မှုဖြစ်ပေါ်ခြင်းကို လျော့ပါးစေပါတယ်။

    ဆီလီကွန်ဟာ ဘေးကင်းရဲ့လား

    သုတေသနပြုချက်တွေအရ ရင်သားမှာ ဆီလီကွန် ထည့်သွင်းခြင်းဟာ ဘေးကင်းပါတယ်။ ဆီလီကွန်ကို ရင်သားထဲ ထည့်သွင်းထားတဲ့ အမျိုးသမီးတွေ ကိုယ်ခံအားတုံ့ပြန်တဲ့ပြသနာ၊ ကင်ဆာ၊ အဆစ်အမြစ် ရောင်ခြင်း စတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေရှိတယ်လို့ အထောက်အထား မတွေ့ရပါဘူး။

    ရင်သားထဲ ထည့်သွင်းပစ္စည်းနဲ့ ပြန်ရည်ကြောကင်ဆာတမျိုး ဆက်စပ်မှုရှိတယ်လို့ ဆိုပေမယ့် ဖြစ်ပွားနိုင်ခြေတော့ နည်းပါတယ်။

    ကြိုတင်ပြင်ဆင်ခြင်း

    ရင်သားကြီးထွားရန် ပြုပြင်ခွဲစိတ်ခြင်း မပြုမီ ဘာတွေ သိသင့်လဲ

    ရင်သားခွဲစိတ်မှုဆိုတာဟာ ဖြစ်နိုင်ခြေ ပြသနာများရော ကုန်ကျစရိတ်ပါ အသိပေးထားပြီးမှ သဘောတူပြီး ချမှတ်တဲ့ ဆုံးဖြတ်ချက် ဖြစ်ရပါမယ်။ တကယ်လို့ အလှအပဆိုင်ရာကိစ္စအတွက်ပဲ စဉ်းစားမယ်ဆိုရင်တော့ ခွဲစိတ်မှုအပြင် တခြားရွေးချယ်စရာတွေ ရှိပါတယ်။ အခုအခံပါတဲ့ ဘရာစီယာကိုဝတ်ခြင်း၊ လက်ရှိ အနေအထားကိုပဲ လက်ခံခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။

    ခွဲစိတ်ခြင်းအပြင် ရွေးချယ်စရာတွေ ဘာရှိသလဲ

    အခုအခံပါတဲ့ ဘရာစီယာဝတ်ဆင်ခြင်း၊ ရင်တုသုံးခြင်း စတာတွေနဲ့လည်း ကြည့်ကောင်းအောင် ပြင်ဆင်နိုင်ပါတယ်။ သဘာဝအတိုင်းရင်သားကို ကြီးထွားစေမယ့် ဆေးတွေလည်း သု့းစွဲနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီဆေးတွေဟာ စနစ်တကျ စမ်းသပ်ထားတာတော့ မဟုတ်ပါဘူး။

    Brava® system ဆိုတဲ့ အထူးဘရာစီယာမျိုးနဲ့ ရင်သားကို ညင်သာတဲ့ စုပ်ယူမှုဖြစ်စေပြီး ပုံဖော်နိုင်ပါတယ်။ ရေရှည်စွဲသုံးသင့် မသင့်ကိုတော့ မသိရသေးပါဘူး။ ခွဲစိတ် ဆရာဝန်တချို့ ကတော့ Brava® system နဲ့အတူ ကိုယ်ပိုင်အဆီကို ရင်သားထဲပြန်ထည့်သွင်းခြင်းကို ထောက်ခံကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ ရောဂါပိုးဝင်နိုင်ပါတယ်။

    ဖန်တီးယူထားတဲ့ အရာတခုခုကို ရင်သားထဲ ထည့်သွင်းတာဟာ ယာယီအကျိုးဖြစ်ထွန်းစေပါတယ်။ ဒီနည်းလမ်းဟာလည်း ရောဂါပိုးဝင်နိုင်ခြေတော့ရှိပြီး ခွဲစိတ်မှု ခံယူရနိုင်ပါတယ်။

    – ခွဲစိတ်မှုမတိုင်မီ ဘာတွေလုပ်ရမလဲ

    ခွဲစိတ်မှုကို မေ့ဆေးနဲ့လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ခွဲခန်းမဝင်ခင် ဘယ်အချိန်ထိ အစာစားသင့် မစားသင့် စတဲ့အချက်တွေ အပါအဝင် သင့်ကို တိတိကျကျ ညွှန်ကြားပါလိမ့်မယ်။ များသောအားဖြင့် ခွဲစိတ်မှုမတိုင်မီ ၆နာရီအလိုကစပြီး အစာမစားင့်ပါဘူး။ နာရီအနည်းငယ်အလိုထိတော့ အရည်တမျိုးမျိုး သောက်နိုင်ပါတယ်။

    ရောဂါရှာဖွေခြင်း နှင့် ကုသခြင်း

    ခွဲစိတ်မှုမှာ ဘာတွေပါဝင်လဲ

    ခွဲစိတ်မှုဟာ မိနစ် ၉၀ခန့် ကြာနိုင်ပါတယ်။

    ခွဲစိတ်ဆရာဝန်ဟာ ထည့်သွင်းပစ္စည်းကို ရင်သားရဲ့နောက်မှာ သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်အောင် ထည့်သွင်းပါလိမ့်မယ်။ ဒါပေမယ့် ထည့်သွင်းပစ္စည်းကို ဖုံးအုပ်နိုင်လောက်အောင် အရေပြားနဲ့အသားမရှိရင် ကြွက်သားရဲ့ နောက်ပိုင်းကို ထည့်သွင်းပါလိမ့်မယ်။

    များသောအားဖြင့် ရင်သားရဲ့အရင်း အတွန့်အခေါက် ဖြစ်နေတဲ့နေရာမှာ ခွဲပြီး နေရာပြုလုပ်ပြီး ပစ္စည်းကို ထည့်သွင်းတတ်ပါတယ်။

    ပြန်လည်သက်သာလာခြင်း

    ခွဲပြီးတဲ့နောက် ဘာလုပ်ရမလဲ

    ခွဲတဲ့နေ့ဖြစ်ဖြစ် နောက်နေ့ဖြစ်ဖြစ် အိမ်ပြန်နိုင်ပါတယ်။

    နှစ်ပတ်သုံးပတ်နေပြီးရင် ပုံမှန်လှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်ပါတယ်။ အလုပ်အမျိုးအစားပေါ်မူတည်ပြီး တပတ်လောက်နေရင် လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါတယ်။

    နှစ်ပတ်လောက်အထိတော့ ကလေးချီတာမျိုး မလုပ်သင့်သေးပါဘူး။

    ရင်သားတွေ သဘာဝနဲ့တူလာဖို့ကတော့ ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပါတယ်။ တခါတရံ အချိန်အတော်ယူရပါတယ်။ လေ့ကျင့်ခန်းပုံမှန် လုပ်ဆောင်ခြင်းဟာ ပုံမှန်လှုပ်ရှားသွားလာပုံကို မြန်မြန် ပြန်ရောက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း မစခင် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။

    – ဘာပြသနာတွေဖြစ်နိုင်လဲ

    ၁။ အထွေထွေနောက်ဆက်တွဲပြသနာ

    • နာကျင်ခြင်း
    • သွေးထွက်ခြင်း
    • သာမန်ရောဂါပိုးဝင်ခြင်း
    • အမာရွတ်ကြည့်မကောင်းခြင်း
    • သွေးခဲခြင်း

    ၂။ သီးသန့်ပြသနာများ

    • ပစ္စည်းထည့်ထားသောနေရာတွင် သွေး (သို့) အရည်စုလာခြင်း
    • ပစ္စည်းထည့်သွင်းသည့်နေရာတွင် ပိုးဝင်ခြင်း
    • အမာရွတ်ထူ၍ မာခြင်း
    • ရင်သားနှင့် နို့သီးခေါင်း အာရုံခံစားမှု ပြောင်းလဲခြင်း
    • ပခုံးသားတောင့်တင်းခြင်း
    • ရင်သားအပြင်ပိုင်း ထုံခြင်း၊ ဆက်တိုက် နာကျင်ခြင်း
    • ထည့်သွင်းပစ္စည်း ပေါက်ပြဲခြင်း၊ ကျုံ့သွားခြင်း
    • အလှအပဆိုင်ရာ ပြသနာရှိခြင်း စတာတွေ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement