Brain - eating Amoeba (ဦးနှောက်စားအမီဘားကောင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) ကဘာလဲ။

Naegleria fowleri ခေါ် ဦးနှောက်စားအမီဘားကောင်သည် မျိုးစိတ်ကြီး Naegleria ၏ မျိုးပေါင်းစု Percolozoa တွင် ပါဝင်ပါသည်။ ထိုအကောင်များဟာ ဆဲလ်တစ်ခုတည်းပါ သက်ရှိတွေဖြစ်ပြီး ၁၉၆၅နှစ်တွင် တွေ့ရှိခဲ့ပါသည်။ သြော်စတြေးလျတွင် ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်သော်လည်း အမေရိကားမှာ ဆင့်ကဲပြောင်းလဲခဲ့တာပါ။

Naegleria fowleri မျိုးစိတ်တစ်ခုတည်းကသာ လူတွေကို ကူးစက်တာဖြစ်ပါတယ်။

Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) က ဘယ်လောက်အဖြစ်များသလဲ

Naegleria fowleri အမီဘားကောင်တွေဟာ အတွေ့ရများသော်လည်း ဦးနှောက်ကိုထိတာတော့ ရှားပါတယ်။ အမီဘားကြောင့် ဦးနှောက်ထိခြင်းကို မူလအမီဘားဦးနှောက်အမြှေးရောင်ရောဂါ(PAM) လို့ခေါ်ပါတယ်။ တစ်နှစ်ကို လုံးဝမဖြစ်တာလည်းရှိသလို အများဆုံး ၈ကြိမ်ထိဖြစ်ပွားနိုင်ပါတယ်။ အမြဲလိုလို ဂျူလိုင်လကနေ စက်တင်ဘာလအတွင်း ဖြစ်ပွားတတ်ပါတယ်။ လူတော်တော်များများက ယင်းအမီဘားကောင်အတွက် ပဋိပစ္စည်းရှိနှင့်ပြီးသားလို့ လေ့လာတွေ့ရှိရပါတယ်။ ပဋိပစ္စည်းရှိနှင့်ပြီးသားလူတွေဟာ အမီဘားကောင်ကူးစက်ခံရသော်လည်း ကိုယ်ခံအားစနစ်က တိုက်ထုတ်နိုင်လိုက်ခြင်းဖြစ်တယ်လို့ ဆိုလိုတာပါ။

အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) ရဲ့လက္ခဏာတွေကဘာတွေလဲ

Naegleria fowleri က မူလအမီဘားဦးနှောက်အမြှေးရောင်ရောဂါ(PAM)ကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ရောင်ရမ်းခြင်းနှင့် ဦးနှောက်တစ်ရှုးပျက်စီးသော အခြေအနေတစ်ခုဖြစ်ပါတယ်။

ယေဘုယျအားဖြင့် အမီဘားနှင့် ထိတွေ့ပြီး ၂ရက်ကနေ ၁၅ရက်အတွင်းမှာ မှာဖြစ်ပွားတာပါ။ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အနံ့၊အရသာခံစားမှုပြောင်းလဲသွားခြင်း
  • အဖျားတက်ခြင်း
  • ချက်ချင်းပြင်းပြင်းထန်ထန်ခေါင်းထကိုက်ခြင်း
  • ဇက်ကြောတောင့်ခြင်း
  • အလင်းစူးခြင်း
  • မအီမသာဖြစ်ပြီး အော့အန်ခြင်း
  • စိတ်ရှုတ်ထွေးခြင်း
  • ကိုယ်ဟန်မထိန်းနိုင်ခြင်း
  • အိပ်ချင်ချင်ဖြစ်ခြင်း
  • တက်ခြင်း
  • ထင်ရောင်ထင်မှားလျောက်မြင်ခြင်း

ရောဂါလက္ခဏာတွေဟာ ခပ်မြန်မြန်ပိုဆိုးလာတတ်ပါတယ်။ ယင်းက ရက်သတ္တပတ်အတွင်းမှာ သေဆုံးသွားစေနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတောင့်ခြင်းနှင့် အော့အန်ခြင်းလိုမျိုး လက္ခဏာတွေ ချက်ချင်းထဖြစ်မယ် အထူးသဖြင့် သဘာဝရေချိုနွေးနွေးဖြင့် ထိတွေ့ခဲ့ပြီးနောက်မှာဆိုရင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ။

အထက်ဖော်ပြပါ လက္ခဏာတွေ ခံစားနေရမယ် ဒါမှမဟုတ် မေးစရာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓာကိုယ်တွေ မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအအသင့်တော်ဆုံဆုံးလဲဆိုတာ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) ကိုဘာတွေကဖြစ်စေသလဲ

အထက်ပါရောဂါပိုးကို တောင်ဘက်ပိုင်းရှိရေကန်တွေမှာ နွေရာသီတွင် အတွေ့များသော်လည်း မြောက်ဘက်ပိုင်းတွေမှာတော့ မကြာသေးမီက ရောဂါဖြစ်ပွားထားတာပါ။ ဆိုလိုတာကတော့ အပန်းပြေသဘာဝရေစိမ်တတ်တဲ့လူတွေဆိုရင် သတိထားသင့်ပေမယ့် ကူစက်နိုင်ခြေနည်းပါးတယ်ဆိုတာပါပဲ။

Naegleria ရောဂါဟာ ကမ္ဘာတစ်ဝန်းရှိရေချိုအနွေးပိုင်းများ အထူးသဖြင့် နွေရာသီကာလများတွင် တွေ့ရတတ်သော Naegleria fowleri အမီဘားရောဂါပိုးမွှားကြောင့် ဖြစ်ပွားရတာပါ။ တစ်ခါတစ်ရံ မြေကြီးတွေမှာလည်း တွေ့ရတတ်ပါတယ်။ အမီဘားဟာ မသန့်ရှင်းသော ရေတွေ ဒါမှမဟုတ် ဖုန်မှုန့်ကနေတစ်ဆင့် နှာခေါင်းကို ဖြတ်ကာ ခန္ဓာကိုယ်သို့ ၀င်ရောက်ပါတယ်။ ထို့နောက် အနံ့ခံအာရုံကြောကနေတစ်ဆင့် ဦးနှောက်သို့ရောက်ရှိသွားတာပါ။

Naegleria fowleri အမီဘားနဲ့ ထိတွေ့ပြီးသောလူ ရာခိုင်နှုန်းအနည်းငယ်ကသာ ရောဂါလက္ခဏာတွေ ခံစားရတာပါ။ ဘာကြောင့်လဲဆိုတာကတော့ မသိရသေးပါဘူး။

မသန့်ရှင်းသောရေ သောက်သုံးခြင်းနှင့် လူလူချင်းမှ မကူးစက်တတ်ပါဘူး။ နည်းမှန်လမ်းမှန်ဖြင့် ပိုးသတ်၊သန့်စင်ထားသော ရေကူးကန်များတွင် Naegleria အမီဘားမပါရှိပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

နှစ်စဉ်နှစ်တိုင်း သန်းနှင့်ချီသော လူတွေဟာ Naegleria ရောဂါဖြစ်စေသော အမီဘားကောင် ကူးစက်ခံရသော်လည်း အနည်းငယ်ကသာ ရောဂါလက္ခဏာတွေ ခံစားရတာပါ။

Naegleria ရောဂါအန္တရယ်မြင့်မားစေသော အချက်များကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ရေချိုတွင်ရေကူးခြင်း

ရောဂါဖြစ်သွားတဲ့ အများစုဟာ အရင်၂ပတ်ခန့်က ရေချိုတွင်ရေကူးခဲ့ကြတာဖြစ်ပါတယ်။

  • အပူလှိုင်းများ

ရေနွေးနွေးနှင့် ရေပူများတွင် အမီဘားကောင်များ ပေါက်ဖွားတတ်ကြပါတယ်။

  • အသက်အရွယ်

ကလေးတွေနဲ့ လူငယ်လူရွယ်တွေ အဖြစ်များဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေထဲမှာ ပိုကြာကြာနေကြရုံသာမက လှုပ်လှုပ်ရှားရှားနေကြလို့ပဲ ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါစစ်ဆေးရှာဖွေမှုတွင် အောက်ပါတို့ ပါဝင်ပါတယ်။

  • ပုံရိပ်ဖော်နည်းပညာဖြင့်စစ်ဆေးခြင်း

စီတီစကင်၊ သံလိုက်လှိုင်းဖြင့် ပုံရိပ်ဖော်ခြင်းနည်းပညာတို့က ဦးနှောက်အတွင်းမှာရှိတဲ့ အကျိတ်၊အဖုနဲ့ သွေးယိုစီးမှုတို့ကို စစ်ဆေးတွေ့ရှိစေနိုင်ပါတယ်။

  • စီတီစကင်ရိုက်ခြင်း

အသေးစိတ်ဖြတ်ပိုင်းပုံများ ရရှိစေရန် ရှုထောင့်အမျိုးမျိုးမှ ဓာတ်မှန်ရိုက်ခြင်းပဲဖြစ်ပါတယ်။

  • သံလိုက်လှိုင်းဖြင့်ပုံရိပ်ဖော်ခြင်းနည်းပညာ

MRI စက်ကြီးတွေက အားပြင်းတဲ့ သံလိုက်လှိုင်းတွေ၊ ရေဒီယိုလှိုင်းတွေ အသုံးပြုပြီး ဦးနှောက်လိုမျိုး တစ်ရှုးအပျော့တွေရဲ့ အလွန့်အလွန် အသေးစိတ်ကျတဲ့ ပုံတွေကို ရရှိစေမှာပါ။

  • ကျောရိုးဖောက်ခြင်း

ဦးနှောက်နှင့် ကျောရိုးမကြီးကို ၀န်းရံထားသော အရည်များကို မိုက်ကရိုစကုပ်ဖြင့် ကြည့်လျင် အမီဘားကောင်ကိုတွေ့မြင်နိုင်ပါတယ်။ ယင်းအရည်ကိုတော့ ခါးရှိကျောရိုး၂ခုကြားထဲသို့ အပ်ဖြင့်ထိုးသွင်းရယူနိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဦးနှောက်နှင့်ကျောရိုးမကြီးအရည်ဖိအားကို တိုင်းတာနိုင်ပြီး ရောင်ရမ်းစေသည့်ဆဲလ်များကို ရှာဖွေနိုင်ပါတယ်။

Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) ကို ဘယ်လိုကုသပါသလဲ

  • ကုသတာတောင်မှ Naegleria ရောဂါကို လူအနည်းငယ်သာ ရှင်သန်နိုင်ကြပါတယ်။ စောစောတွေ့၊ စောစောကုသခြင်းက အသက်ရှင်နှုန်းမြင့်မားဖို့ အရေးကြီးပါတယ်။
  • အဓိကကုသနည်းကတော့ မှိုသတ်ဆေးဖြစ်တဲ့ Amphotericin B ကို သွေးကြောအတွင်း ဒါမှမဟုတ် ကြောရိုးအတွင်းသို့ ထိုးသွင်းခြင်းပါပဲ။
  • Naegleriaရောဂါအရေးပေါ်အခြေအနေများအတွက် စမ်းသပ်ဆေးဝါးဖြစ်သည့် Miltefosine(Impavido)ကိုလည်း အသုံးပြုနိုင်ပါပြီ။ ယင်းဆေးဝါးကို ရောဂါထိန်းချုပ်ကာကွယ်ရေးဋ္ဌာန(CDC)တွင် ရရှိနိုင်ပါတယ်။ အခြားဆေးဝါးများနှင့်အတူအသုံးပြုခြင်း၊ ဦးနှောက်ရောင်ရမ်းကိုသေချာထိန်းချုပ်ခြင်းတို့နဲ့ တွဲဖက်လိုက်မယ်ဆိုရင် အသက်ရှင်နှုန်းမြင့်မားနိုင်တယ်လို့ တွေ့ရှိရပါတယ်။

 

လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

ကျန်းကျန်းမာမာနေထိုင်ဖို့ အရေးကြီးပြီး အောက်ပါတို့ကို လိုက်နာသင့်ပါတယ်။

  • အင်းအိုင်၊မြစ်၊ချောင်းတို့ရှိ ရေချိုးနွေးနွေးထဲသို့ ဒိုင်ပင်မပြစ်ပါနှင့်၊ မခုန်ချပါနှင့်၊ ရေမကူးပါနှင့်။
  • ဒိုင်ပင်ပြစ်မည်၊ ခုန်ချမည်ဆိုရင်လည်း နှာခေါင်းပိတ်ပြီးခုန်ချပါ။
  • ရေတိမ်တိမ်မှာရေကူးမယ်ဆိုရင် အနည်ထအောင် မလုပ်ပါနှင့်။

မေးစရာများရှိပါက အကောင်းဆုံးဖြေရှင်းနည်းလမ်းကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 15, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ