backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bone Tumors (အရိုးကျူမာ)


Phyo Wai Yan မှ ရေးသားသည်။ · 18/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bone Tumors (အရိုးကျူမာ) ကဘာလဲ။

အရိုးဆဲလ်တွေ အထိန်းအကွပ်မရှိတိုးပွားလာပြီး တစ်ရူးအဆိုင်အခဲကြီးဖြစ်လာတဲ့အခါမှာ အရိုးကျူမာပေါ်ပေါက်လာပါတယ်။ ကျူမာဆိုတာ တစ်ရှုးအဆိုင်အခဲကြီးတစ်ခုပါ။

ကျူမာအများစုကတော့ ကင်ဆာမဟုတ်ကြသလို ပြန့်လည်းမပြန့်တတ်ကြပါဘူး။ ဒါပေမယ့်လည်း အန္တရယ်တော့ ရှိနိုင်ပါတယ်။ ကျူမာဖြစ်နေတဲ့နေရာဟာ ကြံ့ခိုင်မှုအားနည်းသွားပြီး ထိခိုက်မှုတွေကို ခံနိုင်ရည်မရှိတော့ပါဘူး။

တချို့ကျူမာတွေကတော့ ကင်ဆာဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်အနှံ့ပြန်ပွားနိုင်ပြီး ကျန်းမာတဲ့ အရိုးဆဲလ်တွေကိုလည်း ထိခိုက်ပျက်စီးစေတတ်ပါတယ်။

Bone Tumors (အရိုးကျူမာ) က ဘယ်လောက်အဖြစ်များသလဲ

  • အသက်အရွယ်မရွေး အလွန်အဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ပြီး ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Bone Tumors (အရိုးကျူမာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရိုးကျူမာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အရိုးကျူမာရဲ့ ရောဂါလက္ခဏာများစွာရှိပါတယ်။ ယင်းတို့မှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ခန္ခါကိုယ်ရှိတစ်နေရာရာတွင် ပုံမှန်မဟုတ်သော အဆိုင်အခဲတစ်ခုဖြစ်ပေါ်နေခြင်း
  • ညဘက်တွင် ချွေးထွက်ခြင်း
  • အဖျားတက်ခြင်း
  • အမြဲလိုလိုနာနေပြီး အချိန်ကြာလာသည်နှင့် အမျှ ပိုပိုဆိုးလာခြင်း

ကင်ဆာမဟုတ်သော အကျိတ်ဆိုလျှင် ဘာနာကျင်မှုမှ ခံစားရမှာမဟုတ်ပါဘူး။ ခန္ခါကိုယ်ကိုလည်း သိပ်ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒုက္ခပေးမယ်ဆိုရင်တော့ ကုသမှုလိုအပ်ပါပြီ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါလက္ခဏာတွေ ရှိမယ် ဒါမှမဟုတ် မေးစရာတွေ ရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်တွေ မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘယ်အရာက အသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါ။

အကြောင်းရင်းများ

Bone Tumors (အရိုးကျူမာ) ကိုဘာတွေကဖြစ်စေသလဲ

ဘာတွေက အရိုးကျူမာဖြစ်စေလဲဆိုတာကို ယနေ့ထိတိုင် တိတိကျကျမသိရသေးပါဘူး။ မကြာခဏဆိုသလို ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခုက သာမန်ထက်မြန်မြန် ဖွံ့ဖြိုးကြီးထွားတတ်ပါတယ်။ ထိုအခါမှာ ကိုယ်ခန္ဓါရှိ လုပ်ငန်းဆောင်တာများ ပျက်ယွင်းသွားပြီး အကျိတ်အဖုတွေ ဖြစ်လာပါတယ်။ ဓါတ်ကင်ခြင်း၊ အရိုးထိခိုက်ဒဏ်ရာရခြင်းနဲ့ မျိုးရိုးဗီဇလိုမျိုး အခြားအကြောင်းအရာတွေကတော့ တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပါဘူး။

ကလေးများတွင် အသုံးပြုသော ကင်ဆာဆေးတွေကလည်း အရိုးကျူမာဖြစ်စေနိုင်ပါတယ်။ အခြားကင်ဆာတွေကနေ အရိုးကိုပြန့်ပွားလာလို့လည်း ကျူမာဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Bone Tumors (အရိုးကျူမာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသက်အရွယ်မရွေး အရိုးကျူမာဖြစ်ပွားနိုင်ပါတယ်။ ကံကောင်းထောက်မစွာဖြင့် ၁ရာခိုင်နှုန်းကသာ ကင်ဆာကို အရိုးကနေစတင် ဖြစ်ပွားကြတာပါ။ ကျန်တာတွေကတော့ ကင်ဆာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခန္ဓါကိုယ်အခြားအစိတ်အပိုင်းတွေရှိကင်ဆာတွေကနေတော့ ပြန့်ပွားလာနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bone Tumors (အရိုးကျူမာ) ကို ဘယ်လိုအတည်ပြုပါသလဲ

မိသားစုဆေးမှတ်တမ်းကို မေးမြန်းပါလိမ့်မယ်။ ပြီးနောက် ကျူမာရှိမရှိသိဖို့ စစ်ဆေးမှုအသေးစားလေးတွေ ပြုလုပ်မှာပါ။ သံသယရှိတဲ့ နေရာမှာ ကိုယ်ကာယပိုင်းစစ်ဆေးမှုတွေပြုလုပ်ပြီး အရိုးနာကျင်ကိုက်ခဲတာတွေရှိလားနဲ့ လှုပ်ရှားမှုတွေကိုလည်း စစ်ဆေးပါလိမ့်မယ်။ ထို့နောက် ဆီးစစ်၊ သွေးစစ်ခြင်း၊ ပုံရိပ်ဖော်ခြင်းဖြင့် စစ်ဆေးခြင်းနှင့် အသားစယူခြင်းတို့ကိုလည်း ပြုလုပ်မှာဖြစ်ပါတယ်။

Bone Tumors (အရိုးကျူမာ) ကို ဘယ်လိုကုသပါသလဲ

ကင်ဆာမဟုတ်တဲ့ အရိုးကျူမာတွေဆိုရင် ကြီးထွားလာနိုင်သလို သူ့ဘာသာသူပျောက်ကွယ်သွားနိုင်ပါတယ်။ ကျူမာက အလျှင်အမြန်ကြီးထွားနိုင်ပြီး ကင်ဆာပြောင်းသွားနိုင်မယ့် လက္ခဏာတွေတွေ့နေရပြီဆိုရင်တော့ ခွဲစိတ်ကုသဖို့လိုအပ်ပါပြီ။ သို့မဟုတ်က ဆရာဝန်နဲ့မှန်မှန်ပြနေဖို့ လိုအပ်ပါတယ်။ ကျူမာသက်သာစေဖို့ ဆေးဝါးတွေလည်းရှိပါသေးတယ်။

ဒါပေမယ့်လည်း ကင်ဆာအကျိတ်တွေက ကွဲပြားခြားနားပါတယ်။ မကုသဘဲထားမယ်ဆိုရင် ထပ်တိုးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ကုသနည်းကတော့ ကင်ဆာဘယ်လောက်ထိ ဖြစ်နေတယ်ဆိုတာပေါ်မှာမူတည်ပါတယ်။ အရိုးကျူမှာပဲမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေက မပြန့်ပွားတဲ့အခြေအနေမှာရှိပါတယ်။ အခြားနေရာကို ပြန့်ပွားသွားမယ်ဆိုရင်တော့ ပြန့်နှံ့တဲ့အဆင့်ကို ရောက်ရှိသွားပါပြီ။ ကုသမှုမှာတော့ ခွဲစိတ်ဖို့လိုတာများပါတယ်။ ထုတ်ပြစ်လိုက်တဲ့ အရိုးကို စတီးရိုးနဲ့ အစားထိုးပေးပါလိမ့်မယ်။ ကင်ဆာအရမ်းဆိုးဝါးနေပြီဆိုရင်တော့ ဖြတ်တောက်ပြစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ခွဲစိတ်မှုအပြင် ကျူမာဆဲလ်တွေ ကျုံ့သွားဖို့၊ သတ်ပြစ်ဖို့အတွက်လည်း ဓါတ်ကင်ခြင်းတွေနဲ့ ဓါတုကုထုံးတွေလည်း လိုအပ်နိုင်ပါတယ်။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

အရိုးကျူမာကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက အရိုးကျူမာကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

  • ခွဲစိတ်ပြီးနောက်ဆရာဝန်ဖြင့် မကြာခဏပြသပေးပါ။ အရိုးတွေကို ထိခိုက်နိုင်တဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကျဉ်ပါ။
  • ပြန်လည်ကောင်းမွန်ရန်ကြာချိန်က ကျူမာအမျိုးအစားပေါ်မှာမူတည်ပါတယ်။ ကင်ဆာဆိုရင် ပိုကြာပါတယ်။
  • ကင်ဆာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ထားခြင်းကလည်း အကူအညီဖြစ်နိုင်ပါတယ်။
  • မေးစရာတွေရှိမယ်ဆိုင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို သိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့်ဆေးနွေးတိုင်ပင်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 18/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement