backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း )


Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) ကဘာလဲ။

အရိုးကြေတယ် အက်တယ်ဆိုတာ အရိုးရဲ့မျက်နှာပြင်မှာ ဒဏ်ရာအသေးစားတစ်ခုရတာကြောင့်ဖြစ်ပါတယ်။ သွေးနဲ့ အခြားအရည်တွေ စုမိတဲ့အခါ အရောင်ပြောင်းတတ်ပါတယ်။ ကျိုးတာကတော့ အရိုးရဲ့ နက်ရှိုင်းတဲ့နေရာအထိ ထိခိုက်မှုဖြစ်နိုင်ပါတယ်။

အရိုးထိခိုက်မှုဟာ အရိုးတိုင်းဖြစ်နိုင်ပေမယ့် အရေပြားနဲ့နီးတဲ့ အရိုးတွေမှာ ဖြစ်တာပိုများပါတယ်။

Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များတတ်ပြီး လူတိုင်းတစ်ခါတော့ တွေ့ရနိုင်ပါတယ်။ ဖြစ်နိုင်ချေများတဲ့ အရိုးတွေကတော့ ဒူးဆစ်နဲ့ ခြေဖနှောင့်တို့ဖြစ်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရိုးအက်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

အဖြစ်များတဲ့ ရောဂါလက္ခဏာများကတော့

– တောင့်တင်းခြင်း

– အဆစ်နေရာမှာဖောင်းကြွနေခြင်း

– နာကျင်မှုက ပုံ မှန်ထက်ပိုပြီး ကြာနေခြင်း

– လှုပ်ရှားရခက်ခဲခြင်း စတာတွေဖြစ်ပါတယ်။

ဒူးဆစ်မှာဖြစ်တဲ့ ဒဏ်ရာတွေက အရည်တွေစုလာစေတတ်ပြီး နာကျင်စေတတ်ပါတယ်။

ဖြစ်လာတဲ့ ထိခိုက်မှုပုံစံပေါ်မူတည်ပြီး အနားမှာရှိတဲ့ အရွတ်အနည်းငယ်ပြဲတာမျိုးလည်း ရှိတတ်ပါတယ်။ အရိုးဒဏ်ရာဟာ နေ့အနည်းငယ်ကနေ လချီပြီးကြာနိုင်ပါတယ်။

အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။

အကြောင်းရင်းများ

Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်ပေါ်က အရိုးတိုင်းမှာဖြစ်တတ်ပြီး အဖြစ်များတဲ့ အရိုးတွေကတော့ ဒူးဆစ်, လက်ကောက်ဝတ်, ခြေဖနောင့် , ခြေဖဝါး , ခြေမျက်စိ, နဲ့ ခါးတို့ဖြစ်ပါတယ်။ ဒီလိုဖြစ်တာဟာ ထိခိုက်မှု တစ်ခု ဥပမာ အားကစား, ချော်လဲတာ, ကားအက်စီးဒင့်တွေနဲ့ ထိုးမိတာထိမိတာမျိုးတွေ ဖြစ်ပြီးတဲ့နောက်မှာဖြစ်လေ့ရှိပါတယ်။

ခေါက်တာ လိမ်တာလိုမျိုး ထိခိုက်မှုတွေက အဆစ်တွေမှာဖြစ်ရင် အရိုးကိုလည်း ထိခိုက်နိုင်ပါတယ်။

အရိုးဒဏ်ရာဟာ အောက်ပါထိခိုက်မှုတွေကြောင့် ဖြစ်သွားနိုင်ပါတယ်။

– အရိုးကို တိုက်ရိုက်ထိခိုက်မိခြင်း

– အရေပြားနဲ့ အသားကို အရိုးကနေဆောင့်ဆွဲသလို ထိခိုက်မှု

– အရွှတ်ဒဏ်ရာရပြီးနောက် အရိုးအချင်းချင်ထိခိုက်မိခြင်း

– ဘေးကအရိုးများထိခိုက်ခြင်း

ဒီထိခိုက်မှုတစ်ခုချင်းစီမှာ သိသာတဲ့ ဒဏ်ရာပုံစံတွေတော့ရှိပါတယ်။ အရိုးဒဏ်ရာရတာဟာ အခြားသော အရိုးကျီးပေါင်းလို အရိုးမျက်နှာပြင်၂ခု ပွတ်တိုက်တတ်တဲ့ ရောဂါမျိုးတွေကြောင့်လည်းဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘယ်ဟာတွေက ရောဂါကို ပိုဆိုးစေသလဲ?

အကြောင်းရင်းများစွာရှိပါတယ်။:

– အားကစားပြင်းပြင်းထန်ထန်လုပ်ခြင်း

– ကာယအားအလွန်သုံးရတဲ့အလုပ်တွေ

– အလုပ်နဲ့ အားကစားအတွက် အကာကွယ်မဝတ်ဆင်ခြင်း

– osteoarthritis

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်အနေနဲ့ သင့်ရောဂါအခြေအနေကိုကြည့်ပြီး စမ်းသပ်ပါလိမ့်မယ်။

တကယ်လို့ သင့်မှာအရိုးထိခိုက်မှုရှိတာ သံသယဖြစ်ရင် X Ray ကဘယ်နေရာမှုာ ကျိုးနေလဲဆိုတာသိနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ကိုတော့ အရိုးအက်တာတွေဘာတွေ သိအောင်မကူညီပေးနိုင်ပါဘူး

MRI ကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

MRI ပုံရိပ်တွေက ဒဏ်ရာဟာ အရိုးဒဏ်ရာထက်ကြီးနေလားဆိုတာ ဖော်ပြနိုင်ပါတယ်။

Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) ကို ဘယ်လိုကုသပါသလဲ

သာမန်အသေးစားလေးတွေကိုတော့ ဆရာဝန်က အနားယူဖို့ , ရေခဲကပ်ဖို့နဲ့ အကိုက်အခဲပျောက်ဆေးတွေပေးပြီးညွှန်တတ်ပါတယ်။ဥပမာ

Aleve နဲ့ ibuprofenလို non steroid ဆေးမျိုး။

တကယ်လို့ ထိခိုက်မှုဟာ သင့်ခြေထောက်မှာဆိုရင် ခြေထောက်ကို မြှောက်ပြီး သက်သာအောင်လုပ်ပါ။ တစ်ရက်ကို ၁၅ မိနစ် မိနစ် ၂၀ လောက် ရေခဲကပ်ပါ။ တိုက်ရိုက်မကပ်ပဲ သဘက် သို့မဟုတ် ရေခဲအိတ်ခံပေးပါ။

သင့်အနေနဲ့ မပျောက်မချင်း အချို့လှုပ်ရှားမှုတွေကို မလုပ်ဖို့ ရှောက်ကြဉ်ရပါမယ်။ တစ်ချို့ အသေးစား ထိခိုက်မှုလေးတွေက ရက်သတ္တပတ် အနည်းငယ်နဲ့ ပျောက်နိုင်ပါတယ်။ ဆိုးရွားတာတွေကတော့ လနဲ့ချီပြီးကြာတတ်ပါတယ်။

အဆစ်တွေမှာဖြစ်တဲ့ ထိခိုက်မှုတွေက မလှုပ်အောင်ထားဖို့ အတွက် ကျောက်ပတ်တီး, စတီးချောင်းနဲ့ ချိုင်းထောက်တို့ကို ဆရာဝန်ညွှန်တဲ့ အတိုင်း နောက်ဆက်တွဲအနေနဲ့ သုံးပေးဖို့လိုအပ်နိုင်ပါတယ်။

အရိုးအက်တာတွေက သင်ဆေးလိပ်သောက်ရင် ပျောက်ဖို့ပိုခက်ပါတယ်။

သင့်ထိခိုက်မှုအခြေအနေကို ကြည့်ပြီး ပိုမဆိုးအောင် အဆစ်တွေဘယ်လိုလှုပ်ရှားရလဲဆိုတာ သမားတော်က ပြသနိုင်ပါတယ်။

တကယ်လို့ သင့်ဝေဒနာက မပျောက်ဘူးဆိုရင် နောက်ဆက်တွဲ စမ်းသပ်မှုတွေ လိုလာပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အရိုး ထိခိုက်မှု နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?

အောက်ပါ နေထိုင်မှုပုံစံတွေက အရိုးအက်ခြင်း နဲ့ သင့်တော်ပါတယ်။

– သင့်တော်မျှတတဲ့ အစားအစာကိုစားပါ

– လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အထူးသဖြင့် အလေးပါတဲ့ လေ့ကျင့်ခန်းတွေက သင့်အရိုးအတွက်သင့်တော်ပါတယ်။

– အားကစားလုပ်တဲ့အခါ သင့်တော်တဲ့ အကာအကွယ်တွေ သုံးပါ။

– အရိုးတွေဆိုတာအသက်ကြီးလေ ချို့ယွင်းလေဖြစ်တဲ့အတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

– ဆေးလိပ်မသောက်ပါနှင့် ။ ဒါဟာ အရိုးကို ထိလွယ်ခိုက်လွယ်ဖြစ်တတ်ပါတယ်။

– အရက်ကို ၂ခါထက်ပိုမသောက်ပါနှင့် ။ ပိုသောက်ရင် ပိုပျက်စီးစေတတ်ပါတယ်။

သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement