Blepharospasm (မျက်ခွံလှုပ်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Blepharospasm (မျက်ခွံလှုပ်ခြင်း) ကဘာလဲ။

  • မျက်ခွံလှုပ်ခြင်းလို့ဆိုရာမှာ မျက်ခွံဟာ အပေါ်အောက် မျက်ခွံများ ဖြစ်ပြီး လှုပ်ခြင်းဆိုတာ မျက်ခွံကြွက်သားတွေကို မထိန်းချုပ်နိုင်ဘဲ အလိုအလျောက်လှုပ်နေခြင်း ဖြစ်ပါတယ်။
  • အပေါ်မျက်ခွံမှာ များသောအးဖြင့် ဖြစ်တတ်ပေမယ့် အပေါ်အောက်နှစ်ခုစလုံးမှာ ဖြစ်တတ်ပါတယ်။ ဒီလိုလှုပ်ခြင်းဟာ မပြင်းထန်ဘဲ ညင်သာစွာဘဲ ခံစားသိရှိရပါတယ်။ တချို့တွေမှာတော့ မျက်လုံးပိတ်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ တချို့မှာတော့ သတိတောင် မထားမိပါဘူး။
  • နာကျင်မှုမရှိပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်ရပါတယ်။ မျက်ခွံလှုပ်ခြင်းအများစုကတော့ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
  • တချို့မျက်ခွံလှုပ်ခြင်းတွေကတော့ လှုပ်ရှားမှုနဲ့ဆိုင်တဲ့ နာတာရှည်ပြသနာတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဥပမာ မျက်နှာကြွက်သားများ အကြောဆွဲခြင်းနဲ့ တခြား မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

Blepharospasm (မျက်ခွံလှုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Blepharospasm (မျက်ခွံလှုပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါလက္ခဏာတွေ တွေ့ရများပါတယ်။

  • မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်ခြင်း
  • မျက်ခွံအကြောဆွဲခြင်း
  • မျက်စိယားယံခြင်း
  • မျက်နှာအလယ်ပိုင်း၊ အောက်ပိုင်း အကြောဆွဲခြင်း
  • မျက်ခုံးအကြောဆွဲခြင်း
  • မျက်ရည်ကျခြင်း
  • အလင်းရောင်ကြောက်ခြင်း
  • မျက်လုံးနာခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။

  • မျက်လုံး နီရဲရောင်ရမ်းပြီး မျက်ဝတ်များ ထွက်နေတဲ့အခါ
  • အပေါ်မျက်ခွံလျော့ရဲကျနေတဲ့အခါ
  • မျက်ခွံလှုပ်ချိန်တိုင်းမှာ မျက်လုံးဟာ လုံးဝပိတ်သွားတဲ့အခါ
  • ရက်သတ္တပတ်ပေါင်းများစွာ လှုပ်နေတဲ့အခါ
  • မျက်ခွံလှုပ်ခြင်းကြောင့် မျက်နှာရဲ့ တခြားနေရာတွေပါ ထိခိုက်စေတဲ့အခါ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Blepharospasm (မျက်ခွံလှုပ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းမရှိဘဲ ဖြစ်တတ်ပါတယ်။ ကြီးမားတဲ့ပြသာများရဲ့ လက္ခဏာလည်း မဟုတ်သလို အကြောင်းအရင်းကိုလည်း မစစ်ဆေးတတ်ကြပါဘူး။

ဒါပေမယ့် အောက်ပါအခြေအနေများကြောင့် ပိုဆိုးရွားတတ်ပါတယ်။

  • မူးဝေခြင်း
  • မျက်စိယားခြင်း
  • မျက်ခွံဒဏ်ဖြစ်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အိပ်ရေးပျက်ခြင်း
  • ရုပ်ပိုင်းဆိုင်ရာ အားစိုက်လုပ်ကိုင်ရခြင်း
  • ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ
  • စိတ်ဖိစီးခြင်း
  • အရက်၊ ဆေးလိပ်၊ ကဖင်းများ သုံးစွဲခြင်း

မျက်ခွံလှုပ်ခြင်း ကြာရှည်လာတဲ့ အခြေအနေကို benign essential blepharospasm လို့ခေါ်ပြီး နာတာရှည်ပြီး မထိန်းချုပ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Blepharospasm (မျက်ခွံလှုပ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ဦးခေါင်း (သို့) မျက်နှာ ထိခိုက်ဒဏ်ရာရခြင်း
  • ကြွက်သားတုန်ခါလှုပ်ရှားခြင်းတွင် မိသားစုရာဇဝင်ရှိခြင်း
  • မျက်စိခြောက်ခြင်း၊ မျက်ခွံရောင်ခြင်း၊ မျက်လုံးသားရောင်ခြင်း၊ ဦးနှောက်အမြှေးပါး ထိခိုက်ခြင်း၊ အလင်းဒဏ် မခံနိုင်ခြင်းတို့ကြောင့် တုံ့ပြန်မျက်ခွံလှုပ်ခြင်း
  • စိတ်ဖိစီးမှုရှိခြင်း
  • ပါကင်ဆန်ရောဂါကုသော ဆေးဝါးများ သုံးစွဲနေရခြင်း
  • ယခင်လေ့လာချက်များအရ ဆေးလိပ်သောက်ခြင်းကြောင်. ဖြစ်နိုင်ခြေ ပိုများတယ်ဆိုပေမယ့် နောက်ပိုင်းမှာ ဒီအချက်ကို သိပ်ပြီးအရေးမစိုက်တော့ပါဘူး။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Blepharospasm (မျက်ခွံလှုပ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

  • ရောဂါလက္ခဏာများမှ ရောဂါရှာဖွေခြင်း။ ရောဂါရာဇဝင် ရှာဖွေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။
  • ရောဂါရှာဖွေခြင်း လုပ်ဆောင်မှုများ။ ရောဂါလက္ခဏာများပေါ် မူတည်တာကြောင့် အကြောင်းအရာများ ဖယ်ထုတ်ခြင်းနည်းကို အသုံးပြုပါတယ်။ အာရုံကြောပုံရိပ်ဖော်စနစ်များဟာ သိပ်အသုံးမဝင်ပါဘူး။
  • ဓါတ်ခွဲစစ်ဆေးမှု။ ဒီနေရာမှာ သိပ်အသုံးမဝင်ပါဘူး။
  • အခြားဖြစ်နိုင်ခြေ ရောဂါများ
  • – မျက်လုံးကြွက်သားရောဂါ
  • – မျက်လုံးထိခိုက်ခြင်း၏ နောက်ဆက်တွဲများ (မျက်စိခြောက်ခြင်း၊ မျက်ခွံရောင်ခြင်း)
  • – မျက်နှာကြွက်သား အကြောဆွဲခြင်း
  • – မျက်နှာတခြမ်း အကြောဆွဲခြင်း
  • – မွေးဖွားစဉ် ဦးနှောက်ထိခိုက်မိသောကြောင့် ကြွက်သားနှင့်အာရုံကြော ရောဂါဖြစ်ခြင်း
  • – ဦးနှောက်လုပ်ငန်းပိုင်းဆိုင်ရာ ပြသနာ
  • – တက်ခြင်း

– ရောဂါပိုးဝင်ခြင်း

Blepharospasm (မျက်ခွံလှုပ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အများစုဟာ ရက်အနည်းငယ်ကြာရင် သူ့အလိုအလို ပျောက်သွားနိုင်ပါတယ်။ သက်သာအောင် ဖိစီးမှုတွေလျှော့ချပြီး အောက်ပါအချက်တွေကို ကျင့်သုံးနိုင်ပါတယ်။

  • ကဖင်းလျှော့ပါ
  • အိပ်ရေးဝအောင်အိပ်ပါ
  • မျက်လုံးကို စိုစွတ်အောင် မျက်စဉ်းခတ်ပါ
  • မျက်ခွံလှုပ်ရင် ရေနွေးဝတ်ကပ်ပေးပါ

ခွဲစိတ်ခြင်း။ မျက်ခွံရဲ့ ကြွက်သားနဲ့ အာရုံကြောတချို့ကို ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ ပိုဆိုးတဲ့အခြေအနေတွေမှာ ပြုလုပ်ပါတယ်။ ကာကယကုသလေ့ကျင့်ခန်း ပြုလုပ်ပြီး မျက်နှာကြွက်သားတွေကို လေ့ကျင့်နိုင်ပါတယ်။

တခြားနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အပ်စိုက်ခြင်း
  • ဇီဝတုံ့ပြန်ချက်များအား စောင့်ကြည့်ခြင်း
  • အိပ်မွေ့ချခြင်း
  • နှိပ်နယ်ခြင်း
  • အာဟာရကုထုံး
  • စိတ်ပိုင်းဆိုင်ရာ ကုသခြင်း
  • ထိုက်ချိကစားခြင်း
  • ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက မျက်ခွံလှုပ်ခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • မျက်ခွံလှုပ်ခြင်း တဖြည်းဖြည်းစိပ်လာရင် မှတ်သားထားပါ။ ကဖင်း၊ ဆေးလိပ်၊ အရက် သောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ အိပ်ရေးဝခြင်း ရှိမရှိ စတာတွေလည်း မှတ်သားပြီး မျက်ခွံလှုပ်တတ်တဲ့ ကာလအတောအတွင်း ဆက်စပ်မှု ရှိမရှိ တိုက်ဆိုင် စစ်ဆေးကြည့်ပါ။
  • မိမိအိပ်ချိန်ထက် နာရီဝက်ခန့်စောပြီး အိပ်ရာဝင်ရင် မျက်ခွံရဲ့ ကြွက်သားတွေကို သက်သာစေနိုင်ပါတယ်။ အိပ်ရေးမဝရင် ပိုဆိုးနိုင်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 13, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။