backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 08/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) ကဘာလဲ။

ဆီးအိမ်ပိုးဝင်ခြင်း(သို့) ဆီးအိမ်ရောင်ရမ်းခြင်း ဆိုသည်မှာ ဆီးအိမ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ရတဲ့ ပြင်းထန်တဲ့ဆီးလမ်းကြောင်းပိုးဝင်မှုမျိုးပဲ ဖြစ်ပါတယ်။ အချို့ကိစ္စတွေမှာ ဒီလိုပိုးဝင်တာကို ပြန်လည်ကုသရာမှာအရမ်းကြာတတ်ပါတယ်။ တစ်ချို့သောဆေးများနှင့်ဓါတ်မတည့်ခြင်း၊ ဓါတ်ရောင်ခြည် ကုသမှုခံယူခြင်းနှင့် တစ်ခြားသောရောဂါတွေရဲ့နောက်ဆက်တွဲအနေနဲ့လည်း ဆီးအိမ်ရောင်နိုင်ပါသေးတယ်။ သင့်တော်တဲ့ကုသမှုတစ်ခု ခံယူလိုက်မယ်ဆိုရင်တော့ ဆီးအိမ်ပိုးဝင်ခြင်းကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ သက်သာစေမှာပါ။ အပြင်းထန်ဆုံးရောဂါလက္ခဏာကတော့ကျောက်ကပ်ပါပိုးဝင်ခြင်းဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဆီးအိမ်ရောင်ရမ်းမှုအတွက်ပုံမှန်ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးတွေပေးခြင်းပဲဖြစ်ပါတယ်။ တခြားဆီးအိမ်ရောင်ခြင်းတွေအတွက် ကုသမှုကတော့ ဖြစ်တဲ့အကြောင်း ရင်းပေါ်မူတည်ပြီးကွဲပြားကြပါတယ်။

Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဆီးအိမ်ပိုးဝင်တာဟာ တော်တော်ကိုအဖြစ်များကြပါတယ်။ ပုံမှန်အားဖြင့် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်ကြပါတယ်။ မိန်းကလေးအားလုံးရဲ့၅၀ ရာခိုင်နှုန်း ထက်မနည်းတဲ့ဦးရေဟာ သူတို့ဘဝမှာအနည်း ဆုံးတစ်ကြိမ်တော့ဖြစ်ဖူးကြပါတယ်။ မည်သည့် အသက်အရွယ်မှာ မဆိုဖြစ်နိုင်ပါတယ်။ ယောက်ျားလေးတွေမှာတော့ အသက်ကြီးလာတာနဲ့အမျှ ဆီးအိမ် ပိုးဝင်နိုင်ခြေပိုများလာကြပါတယ်။ အန္တရာယ်ဖြစ်နိုင်တာတွေကိုလျှော့ချခြင်းဖြင့် ပိုးဝင်ခြင်းကိုသက်သာအောင် လုပ်နိုင်ပါတယ်။ ဒီထက်ပိုသိရဖို့အတွက်တော့ ဆရာဝန်နဲ့တိုင်ပင်လိုက်ပါ။

PasteTextHere

လက္ခဏာများ

Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ဆီးဟာသွေးရောင်ဖြစ်နေခြင်း (သို့) အနံ့ဆိုးခြင်း
  • နည်းနည်း နည်းနည်းနဲ့ ခဏခဏဆီးသွားနေရခြင်း
  • ဆီးသွားသောအခါနာကျင်ခြင်း
  • ခဏခဏဆီးသွားချင်စိတ်ဖြစ်ပေါ်နေခြင်း
  • ဝမ်းဗိုက်အောက်ပိုင်း (သို့) ခါးအောက်ပိုင်း အောင့်ခြင်း
  • ခါး ရဲ့အလယ်တည့်တည့် (သို့) ခါးနှစ်ဖက်စလုံးမှာနာကျင်ခြင်း၊
  • ကလေးငယ်များနေ့ဘက်တွေ သေးထွက်ကျ၍ စိုစွတ်နေတတ်ခြင်း။

အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ရောဂါလက္ခဏာတွေလည်းရှိနိုင်ပါတယ်။ အကယ်၍သင့်မှာအထက်ဖော်ပြပါလက္ခဏာတွေထဲကတစ်ခုခုရှိနေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသရပါမယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ဖော်ပြပါအချက်တွေထဲက တစ်ခုခုသင့် မှာ ရှိနေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါပြီ။

  • ခါး သို့် ခါးဘေးဖက်များနာကျင်ခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • မူးဝေခြင်း၊ ပျို့အန်ခြင်း
  • ဆီးခဏခဏသွားရပြီးဆီးသွားလျှင်နာကျင်ခြင်း
  • ဆီးသွားလျှင်သွေးပါလာခြင်းနှင့်
  • ကလေးများနေ့အချိန်တွင် သေးထွက်ကျ၍ စိုစွတ်နေတတ်ခြင်း တို့ပဲဖြစ်ပါတယ်။

အကြောင်းရင်းများ

Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဆီးအိမ်ပိုးဝင်ခြင်းဖြစ်စေတဲ့ အကြောင်း အရာများစွာရှိပါတယ်။

  • ဘက်တီးရီးယားပိုးဝင်ခြင်း ။ ဘက် တီးရီးယားပိုးဝင်ခြင်းဟာ အဖြစ်အများဆုံးအကြောင်းအရာတစ်ခုဖြစ်ပြီးတော့ ဘက်တီးရီးယားတွေဟာ ဆီးကနေပါသွားရမယ့်အစား ဆီးအိမ် နံရံမှာတွယ်ကပ်နေပြီးမျိုးပွားကြကာ ဆီးအိမ်ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ အများဆုံးတွေ့ရတဲ့ဘက်တီးရီးယားကတော့ ပုံမှန်အားဖြင့်အူမကြီးထဲမှာနေတဲ့ E.coli ဆိုတဲ့အကောင်ပဲဖြစ်ပါတယ်။ ခန္တာကိုယ်ထဲမှာ E.coli အကောင်တွေအရမ်းများလာတဲ့အခါ ဆီးကနေမ ဖယ်ရှားနိုင်တော့ပဲ ပိုးဝင်ခြင်းဆိုပြီးဖြစ်ကြရပါတယ်။ ဆီးအိမ်ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အခြားအကောင်တွေလည်းရှိပါသေးတယ်ဥပမာ(Chlamydia၊ Mycoplasma)။

ရောဂါပိုးကြောင့်မဟုတ်ဘဲ ဆီးအိမ်ရောင်ရမ်းခြင်း။

ဆီးအိမ်ရောင်ရမ်းခြင်းဖြစ်စေတဲ့ အခြားအကြောင်း အရာတွေကတော့

  • ဆေးကြောင့်ဖြစ်သော ဆီးအိမ်ရောင်ရမ်း ခြင်း ။
  • cyclophosphamide နဲ့ ifosfamide လိုမျိုးဓါတုကုထုံးတွေမှာ သုံးတဲ့ဆေးတွေဟာ ဆီးအိမ်ရောင်ခြင်းကိုဖြစ်စေပါတယ်။
  • ဆီးခုံနေရာတစ်ဝိုက်ကို ဓါတ်ရောင်ခြည်များနှင့်ထိတွေ့ကုသရ လျှင်လည်း ဆီးအိမ်ရောင်တတ်ပါတယ်။
  • ဆီးပိုက်ထည့်ခြင်းကြောင့်လည်း ဆီးအိမ်ရောင်တတ်ပါတယ်။
  • ဓါတုပစ္စည်းများအသုံးပြုခြင်းကြောင့် လည်းရောင်တတ်ပါတယ်။ဥပမာ(သုက်ကောင်များကိုသတ်နိုင်သော ဂျယ်လီ၊ မိန်းကလေးသုံး စပရေး၊ ရေမြှုပ်နှင့်ရေချိုးခြင်း )
  • ဆီးအိတ်ရောင်ခြင်းဟာအခြားရောဂါတွေရဲ့ နောက်ဆက်တွဲရောဂါတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဥပမာ( ဆီးချိုသွေးချို ၊ကျောက်ကပ်တွင်ကျောက်တည်ခြင်း၊ ဆီးကျိတ်ကြီးခြင်းနှင့် အာရုံကြောမကြီးဒဏ်ရာရခြင်းတို့မှ တစ်ဆင့် ဖြစ်ပါတယ်)

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) ဖြစ်နိုင်ခြေကဘာတွေကို မြင့်တက်စေသလဲ

ဆီးအိမ်ရောင်ခြင်းကိုပိုဆိုးစေတာတွေကတော့

  • ဆီးအိမ်ရောင်ရမ်းခြင်းသည် ယောက်ျားလေးများထက်မိန်းကလေးများတွင်ပိုတွေ့ရသည်။
  • အသက်ကြီးလာတာနဲ့အမျှဆီးအိမ်ရောင်ရမ်းနိုင်ချေပိုများလာလေဖြစ်သည်။
  • လိင်ဆက်ဆံခြင်း၊ အချို့သားဆက်ခြားနည်းလမ်း များအသုံးပြုခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊သွေးဆုံးခြင်း၊ ဆီးအိတ်တွင်ကျောက်တည်ခြင်း၊ ဆီးကျိတ်ကြီးခြင်း၊ ဆီးချိုသွေးချိုရှိခြင်း၊ HIV ပိုးကူးစက်ခံနေရခြင်းနှင့် ကင်ဆာကုသမှုခံယူနေရခြင်း၊ ဆီးပိုက်အကြာကြီးထည့်ထားရခြင်း။

ယောက်ျားလေးများတွင်တော့ ကျန်းမာရေးချို့ယွင်း ချက်တစ်စုံတစ်ရာမရှိပဲနှင့်ဆီးအိမ်ရောင်တာ ဖြစ်ခဲပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆီးအိမ်ပိုးဝင်ခြင်းရှိမရှိကို

  • ဆီးစစ်ခြင်း
  • ဆီးအိမ်ကိုမှန်ပြောင်းဖြင့်ကြည့် ရှုခြင်း
  • ဓါတ်မှန်ရိုက်ခြင်း တို့ဖြင့်သိရှိနိုင်ပါတယ်။

Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆီးအိတ်ရောင်ရမ်းခြင်းကိုကုသရာတွင်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အချက်ကိုမူတည်ပြီးကုသကြရပါတယ်။

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆီးအိမ်ပိုးဝင်ခြင်း ကိုကုသခြင်း။

အရင်ဆုံးပဋိဇီဝပိုးသတ်ဆေးတွေနဲ့ကုသကြပါတယ်။ ဒီထက်ပိုမိုသိရှိဖို့အတွက် ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်သင့်ပါတယ်။

  • ပထမဆုံးအကြိမ်ကူးစက်ခြင်းတွင်ရောဂါလက္ခဏာများသည်တစ်နေ့ထဲ နှင့် သိသိသာသာဆိုးဝါးလာလျှင်ပိုးသတ်ဆေးကို ၃ ရက်ကနေ တစ်ပါတ်အထိသောက်သင့်ပါတယ်။
  • နောက်ထပ်ထပ်၍ကူးစက်ခံရ လျှင်တော့ပိုးသတ်ဆေးများကိုရေရှည်စွဲ၍ သောက်ရပါမည်။
  • ပိုးသတ်ဆေးမတိုးတော့တဲ့အခါကျလျှင်တော့ဆေးရုံတင်ရပါမည်။
  • သွေးဆုံးပြီးသောအမျိုးသမီးများတွင် မိန်းမကိုယ်လိမ်း estrogen ခရမ်လိမ်းနိုင်ပါတယ်။

အခြားအကြောင်းရင်းများကြောင့်ဖြစ်သော ဆီးအိမ်ရောင်ရမ်းခြင်းကို ကုသခြင်း

ဤကုသမှုတွင် ဖြစ်စေသောအကြောင်းရင်းများကို ကုသဖို့ အရေးကြီးပါတယ်။

  • ဆီးအိမ်ရောင်ရမ်းခြင်းကို ကုသရာတွင် ရောဂါလက္ခဏာများသက်သာစေရန်
  • ဆေးသောက်ခြင်း (သို့) ဆီးအိမ်ထဲသို့ တိုက်ရိုက်ဆေးထည့်ခြင်း
  • ရေ ၊ ဓါတ်ငွေ့ (သို့) ခွဲစိတ်၍ ဆီးအိမ် ကိုကျယ်အောင်ပြုလုပ်ခြင်း၊
  • အာရုံကြောများကိုလှုံ့ဆော်ခြင်း၊
  • ဓါတုပစ္စည်းများကြောင့်ဖြစ်သောဆီးအိမ်ရောင်ရမ်းမှုတွင် ထိုအရာများကိုရှောင်ကြဉ်ခြင်းဖြင့်ရောဂါလက္ခဏာများကိုသက်သာအောင်ပြုလုပ်နိုင်ပါတယ်။
  • ဓါတ်ရောင်ခြည်နှင့်ဆေးများကြောင့်ဖြစ်သောဆီးအိမ်ရောင်ရမ်းခြင်းများတွင်ရောဂါသက်သာစေသောကုသမှုများခံယူခြင်းနှင့်ရောင်ရမ်းစေသောအရာများ ထွက်သွားစေရန် ရေများများသောက်ပေးခြင်းတို့ပြုလုပ်ရပါမယ်။

ဘယ်လိုနေထိုင်မှုပုံစံတွေနဲ့အိမ်တွင်းကုသမှုတွေက ဆီးအိမ်ရောင်ခြင်းကိုသက်သာစေမလဲ။

  • ရေများများသောက်ပါ။ သင့်ရဲ့ကျန်းမာရေအခြေအနေနဲ့ရေပမာဏမည်မျှသောက်ရမည်ဆိုတာတော့ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။
  • ဆီးသွားချင်တိုင်း ဆီးသွားပေးပါ။
  • အကယ်၍သင်ဟာမိန်းကလေးဆိုလျှင်ဆီးသွားပြီးတိုင်း ရှေ့မှနောက်သို့ပုံစံ သန့် စင်ပေးပါ။ (အဘယ်ကြောင့်ဆိုသော် နောက်မှရှေ့သို့သန့်စင်လျှင် စအိုများ Ecoli ဘက်တီးရီးယားများသည် ဆီးလမ်းကြောင်းထဲ ဝင်ရောက်ကာ ဆီးအိမ်ပိုးဝင်နိုင်သောကြောင့်ဖြစ်ပါတယ်)
  • မိန်းမကိုယ်သန့်စင်သောအရည်များ ၊ စပရေးများကို ရှောင်ရှားပါ။
  • ရေစိမ်ပြီးချိုးမယ့်အစား ရေပန်းနဲ့သာရေချိုးပါ။
  • ချည်သားအတွင်းခံများနှင့် ပွပွချောင်ချောင်အဝတ်များကိုသာ ဝတ်ဆင်၍ အတွင်းခံများကို တစ်နေ့တစ်ခါပုံမှန်လဲပေးပါ။
  • ရာသီလာနေစဉ်တွင် ပုံမှန်လစဉ်သုံးပစ္စည်းများအစား ပိုးသန့်စင်ထားသောပစ္စည်း များကိုသာအသုံးပြုပါ။
  • သားဆက်ခြားပစ္စည်းထည့်ခြင်း (သို့) သုက်ပိုးသတ်ဆေးများအသုံးပြုခြင်းမှရှောင်ရှားပါ။
  • သုက်ကောင်သတ်နိုင်သည့် အရာမပါသည့် ချောဆီပါသောကွန်ဒုံးကိုအသုံးပြုပါ။
  • လိင်မဆက်ဆံမီနှင့်ဆက်ဆံပြီးချိန်မှာ ဆီးသွားပါ။

သင့်မှာ မေးခွန်းတွေရှိသေးတယ်ဆိုရင် အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 08/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement