အဓိပ္ပါယ်ဖွင့်ဆိုချက်
Bladder Cancer (ဆီးအိမ်ကင်ဆာ) ကဘာလဲ။
ဆီးအိမ်ကင်ဆာဆိုသည်မှာဆီးများကိုသိုလှောင်သောတင်ပဆုံနေရာရှိ ပူဖေါင်းပုံဆီးအိမ် တွင် ဖြစ်ပွားသောကင်ဆာတစ်မျိုး ဖြစ်ပါသည်။ ဆီးအိမ်ကင်ဆာသည် ဆီးအိမ်အတွင်းနံရံကိုကာထားသောဆဲလ်များတွင် စတင်ဖြစ်ပွားလေ့ရှိပါသည်။
ဆီးအိမ်ကင်ဆာအများစုသည် ကုသ၍လွယ်သောအစောပိုင်းအဆင့်တွင် ရောဂါ အဖြေရှာသိရှိနိုင်ပါသည်။ သို့သော် အစောပိုင်းအဆင့်ဆီးအိမ် ကင်ဆာသည်လည်းထပ်မံဖြစ်ပွားနိုင်ပါသည်။
ထို့ကြောင့် ဆီးအိမ် ကင်ဆာပျောက်ကင်းသူမျာသည် နောက်ဆက်တွဲ စစ်ဆေးမှုများကိုရောဂါပျောက်ပြီး နှစ်အနည်းငယ် ကြာသည် အထိ ပြုလုပ်ရန် လိုအပ်ပါသည်။
Bladder Cancer (ဆီးအိမ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ
ဆီးအိမ်ကင်ဆာသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်းအသက်ကြီးသောလူများတွင် ပိုဖြစ်ပွားတတ်ပါသည်။ အမျိုးသားကျန်းမာရေးအဖွဲ့အစည်းအရတစ်နှစ်တွင် အမျိုးသား ၄၅၀၀၀ နှင့် အမျိုးသမီး ၁၇၀၀၀ သည် ဤရောဂါ ဖြစ်ပွားပါသည်။
သို့သော်လည်း အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
လက္ခဏာများ
Bladder Cancer (ဆီးအိမ်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ
ဆီးအိမ်ကင်ဆာဝေဒနာသည်များသည် ဆီးထဲတွင် သွေးပါနိုင်ပါသည်။ဆီးသွားချိန်တွင် မနာကျင်ပါ။ မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ အရိုးနာကျင်ခြင်းကဲ့သို့သောဆီးအိမ်ကင်ဆာကိုညွှန်ပြသောလက္ခာအများအပြားရှိပါသည်။ဆိုခဲ့သောလက္ခဏာများသည် ပို၍ဆိုးရွားသောရောဂါအခြေအနေကိုလည်းညွှန်ပြနိုင်ပါသည်။
အောက်ပါ ရောဂါလက္ခဏာများရှိပါကသတိပြုရန် လိုအပ်ပါသည်။
  • ဆီးထဲတွင် သွေးပါခြင်း
  • ဆီးသွားချိန် နာကျင်ခြင်း
  • ဆီးခဏခဏသွားခြင်း
  • ဆီးမအောင့်ထားနိုင်ခြင်း
  • ဆီးမထိန်းနိုင်ဘဲထွက်ကျခြင်း
  • ဗိုက်အောင့်ခြင်း
  • ခါးနာခြင်း
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပို၍ဆိုးရွှားမလာအောင်ရပ်တန့် ပေးပြီးနောက်ထပ်အရေးပေါ်အခြေအနေမဖြစ်အောင်လည်းကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန်  သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့် စောစော ပြသပါ။
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။
ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။
အကြောင်းရင်းများ
Bladder Cancer (ဆီးအိမ်ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ
အမှန်တကယ်တော့ဆီးအိမ်ကင်ဆာ ဖြစ်စေသောတိကျသောအကြောင်းရင်းကိုမသိရသေးပါ။ ပုံမမှန်သောဆဲလ်များလျင်မြန်စွာအထိန်းအကွပ်မဲ့ ကြီးထွားပွားများကာအခြားတစ်ရှူးများတွင်းထိုးဖောက်ဝင်ရောက်သောအခါ ဖြစ်ပွားပါသည်။
ဆရာဝန်များသည် ဆီးအိမ်ကင်ဆာကို ၃မျိုး ခွဲခြားထားပါသည်။
  • Transitional cell carcinoma ။ ဆီးအိမ်ကင်ဆာ၏ အဖြစ်အများဆုံးအမျိုးအစား ဖြစ်ပါသည်။ ဆီးအိမ်အတွင်းအလွှာမှ transitional cellများတွင် စတင်၍ ဖြစ်ပွားပါသည်။ transitional cell များသည် တစ်ရှူးကိုဆွဲဆန့်သောအခါ ပျက်စီးမှုမရှိဘဲပုံစံပြောင်းနိုင်သောဆဲလ်များဖြစ်ပါသည်။
  • Squamous cell carcinoma ။ ဒီရောဂါဟာအမေရိကန်ပြည်ထောင်စုတွင် ရှားပါးပါသည်။ အချိန်အကြာကြီးရောဂါပိုးကူးစက်ခြင်းခံရပြီးနောက် ဆီးအိမ်တွင် ဖြစ်ပေါ်လာသော squamous cell များတွင် စတင်ဖြစ်ပွားပါသည်။
  • adenocarcinoma ။ ၎င်းသည်လည်းအမေရိကန်ပြည်ထောင်စုတွင် ရှားပါးပါသည်။ အချိန်အကြာကြီးရောဂါပိုးကူးစက်ခြင်းခံရပြီးနောက် ဆီးအိမ်တွင် ဖြစ်ပေါ်လာသောglandular cell များတွင် စတင်ဖြစ်ပွားပါသည်။ glandular cellများသည် ခန္ဓာကိုယ်မှ အချွဲအကျိထွက်စေသောဂလန်းများကို ပြုလုပ်သောဆဲလ်များ ဖြစ်ပါသည်။
Risk factors
Bladder Cancer (ဆီးအိမ်ကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
အောက်ပါအချက်များရှိပါကဆီးအိမ်ကင်ဆာ ဖြစ်ပွားနိုင်မှုကို မြင့်တက်စေပါသည်။
  • ဆေးလိပ်သောက်ခြင်း။ စီးကရက်သောက်ခြင်း၊ ဆေးတံသောက်ခြင်း၊ ဆေးပြင်းလိပ် သောက်ခြင်းတို့သည် ဆီးထဲတွင် အန္တရာယ်ရှိသောဓာတုပစ္စည်းစုပြုံစေခြင်းဖြင့် ဆီးအိမ်ကင်ဆာ ဖြစ်နိုင်မှုကို မြင့်တက်စေပါသည်။
  • အသက်ကြီးခြင်း။ အသက်ကြီးလာသည်နှင့်အမျှ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်မှုသည် မြင့်တက်လာပါသည်။ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်းအသက် ၄၀ အောက်ငယ်သောသူများတွင် ဖြစ်ပွားမှုမှာရှားပါးပါသည်။
  • လူဖြူဖြစ်ခြင်း။ လူဖြူများသည် အခြားလူမျိုးများထက် ပို၍ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်မှု ပိုမြင့်ပါသည်။
  • အမျိုးသားဖြစ်ခြင်း။ အမျိုးသားများသည် အမျိုးသမီးများထက် ပို၍ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ပါသည်။
အချို့ဓာတုဗေဒပစ္စည်းများဖြင့် ထိတွေ့ခြင်း။ ကျောက်ကပ်သည် အန္တရာယ်ရှိသောဓာတုပစ္စည်းများကိုသွေးစီးကြောင်းထဲမှ စစ်ထုတ်၍ ဆီးအိမ် သို့ပို့ဆောင်ပါသည်။
ထို့ကြောင့် ထိုသို့သယ်ဆောင်လာခြင်းခံရသောအချို့ ဓာတုဗေဒပစ္စည်းများသည် ဆီးအိမ်ကင်ဆာ ဖြစ်နိုင်မှုကို မြင့်တက်စေပါသည်။
  • အချို့ဆီးချိုဆေးများသောက်သုံးနေရခြင်း။ pioglitazone (Actos) ကဲ့သို့သောဆီးချိုဆေးများကိုတစ်နှစ်ကျော်သောက်သုံးနေရသောသူများတွင် ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေမြင့်တက်လာပါသည်။
  • နာတာရှည်ဆီးအိမ်ရောင်ရမ်းခြင်း။ ကြာရှည်စွာဆီးပိုက်ထည့်ခြင်းကြောင့် ဖြစ်လာနိုင်သောနာတာရှည် သို့မဟုတ် ထပ်ကာထပ်ကာဆီးပိုးဝင်ခြင်း နှင့် ဆီးအိမ်ရောင်ရမ်းခြင်းတို့သည် squamous cell carcinomaဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်။
  • ကိုယ်ရေးကိုယ်တာသို့မဟုတ် မိသားစုကင်ဆာမှတ်တမ်း။ ဆီးအိမ်ကင်ဆာရှိခဲ့ဖူးပါကနောက်တစ်ဖန် ထပ်ဖြစ်နိုင်ပါသည်။ ဆွေမျိုးရင်းချာတစ်ယောက် နှင့် အထက်တွင် ဆီးအိမ်ကင်ဆာရှိဖူးပါကသင့်တွင် ဖြစ်ပွားနိုင်ခြေ မြင့်ပါသည်။ သို့ သော်မျိုးရိုးစဉ်ဆက်လိုက် ဆီးအိမ်ကင်ဆာဖြစ်ခြင်းသည် ရှားပါသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Bladder Cancer (ဆီးအိမ်ကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ
သင်၏ ဆရာဝန်သည် အောက်ပါနည်းလမ်းများကိုအသုံးပြု၍ ဆီးအိမ်ကင်ဆာကိုအဖြေရှာအတည်ပြုပါမည်။
  • ဆီးစစ်ခြင်း။ ဆီးအတွင်းမှ ဆဲလ်များ၊ ဆဲလ်အပိုင်းအစများ၊ ပုံဆောင်ခဲကဲ့သို့ ပစ္စည်းများကိုရှာဖွေစစ်ဆေးခြင်း ဖြစ်သည်။
  • အတွင်းပိုင်းစစ်ဆေးမှု။ ဆရာဝန်ကလက်အိတ်စွတ်ထားသောလက်ချောင်းဖြင့် မိန်းမကိုယ်သို့မဟုတ် စအိုလမ်းကြောင်းသို့ ထိုးသွင်းကာကင်ဆာဖြစ်နိုင်သောအကျိတ်ဖုကိုစမ်းခြင်း ဖြစ်သည်။
  • ဆီးအိမ်မှန်ပြောင်းကြည့်ခြင်း။ ဆရာဝန်သည်ဆီးအိတ်အတွင်းသို့ကြည့်ရန် ကင်မရာအသေးပါဝင်သောမှန်ပြောင်းကိုဆီးလမ်းကြောင်းမှ တစ်ဆင့် ဆီးအိမ်အတွင်းသို့ ထိုးသွင်းကြည့်ရှူခြင်း ဖြစ်သည်။
  • အသားစယူခြင်း။ ဆရာဝန်သည် ကိရိယာအသေးစားဖြင့် ဆီးလမ်းကြောင်းမှတစ်ဆင့်ထိုးသွင်းကာဆီးအိမ်မှ တစ်ရှူးစယူခြင်း ဖြစ်သည်။ ကင်ဆာအတွက် စစ်ဆေးရန် ဖြစ်သည်။
  • ဆီးအိမ်အား ကြည့်ရန် ACT scan လုပ်ခြင်း။
  • IVP (intravenous pyrlogram)
  • ဓာတ်မှန်ရိုက်ခြင်း
ဆရာဝန်သည်  ကင်ဆာပျံ့နှံ့မှုပေါ် မူတည်၍ ဆီးအိမ်ကင်ဆာကိုအဆင့် ၀ မှ ၄ အထိအဆင့် သတ်မှတ်နိုင်သည်။ ကင်ဆာအဆင့်များမှာအောက်ပါအတိုင်း ဖြစ်သည်။
  • အဆင့် ၀ သည် ဆီးအိမ်အတွင်းမျက်နှာပြင် ကိုကျော်၍ မပျံ့ နှံ့သေးပေ။
  • အဆင့် ၂ သည် ဆီးအိမ် ၏ ကြွက်သားအလွှာများသို့ပျံ့ နှံ့သည်။
  • အဆင့် ၃ သည် ဆီးအိမ်ကိုဝန်းရံထားသောတစ်ရှူးများသို့ ပျံ့နှံ့သည်။
  • အဆင့် ၄ သည် ဆီးအိမ်ကို ဖြတ်၍ နီးစပ်ရာအင်္ဂါအစိတ်အပိုင်းများသို့ ပျံ့ နှံ့သည်။
Bladder Cancer (ဆီးအိမ်ကင်ဆာ) ကို ဘယ်လိုကုသပါသလဲ
ဆီးအိမ်ကင်ဆာ၏ အဆင့်ပေါ်မူတည်၍ သင့်တော်သောကုသမှုကိုဆရာဝန်ကရွေးချယ် ညွှန်ကြားပါလိမ့်မည်။
  • အဆင့် ၀နဲ့ အဆင့် ၁ အတွက် ကုသမှု ။
အဆင့် ၀နဲ့ အဆင့် ၁ အတွက် ကုသမှုတွင် ဆီးအိမ်မှ အကျိတ် ကိုခွဲစိတ်ဖယ်ထုတ်မှု၊ ဓါတုဆေးကုထုံး၊ ကိုယ်ခံအားကုထုံးတို့ပါဝင်ပါသည်။ ကိုယ်ခံအားကုထုံးတွင် ကင်ဆာဆဲလ်များကိုတိုက်ထုတ်သောကိုယ်ခံအားစနစ်ကို ဖြစ်စေသည့် ဆေးများပေးခြင်းတို့ပါဝင်သည်။
  • အဆင့် ၂နဲ့ အဆင့် ၃ အတွက်ကုသမှု ။
  • အဆင့် ၂နဲ့ အဆင့် ၃ အတွက်ကုသမှုတွင် အောက်ပါတို့ပါဝင်သည်။
ဆီးအိမ်၏ အစိတ်အပိုင်းတစ်ခုကိုဖယ်ထုတ်ပြီးဓါတုဆေးကုထုံးနဲ့ ဆက်လက်ကုသခြင်း
ဆီးအိမ်တစ်ခုလုံးကိုဖယ်ထုတ်ခြင်းပြီးနောက် ခန္ဓာကိုယ်မှ ဆီးစွန့် နိုင်ရန် လမ်းကြောင်းအသစ် ပြုလုပ်ပေးခြင်း။
ဓါတုဆေးကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး နှင့် ကိုယ်ခံအားကုထုံးတို့သည် မခွဲစိတ်မီကင်ဆာအကျိတ်အားသေးသွားအောင်လုပ်ခြင်း၊ ခွဲစိတ်၍မရသောကင်ဆာအားကုသခြင်း၊ ခွဲစိတ်ပြီးနောက် ကျန်ရှိသောကင်ဆာဆဲလ်များကိုသတ်ခြင်း နှင့် ကင်ဆာ ပြန်ဖြစ်ခြင်းတို့ကိုကာကွယ်ရန်အတွက် အသုံးပြုနိုင်ပါသည်။
  • အဆင့် ၄ ဆီးအိမ်ကင်ဆာအတွက် ကုသမှု။
အဆင့် ၄ ဆီးအိမ်ကင်ဆာအတွက် ကုသမှု တွင် အောက်ပါတို့ ပါဝင်ပါသည်။
ခွဲစိတ်မှု မပြုဘဲဓါတုဆေးကုထုံးဖြင့်ရောဂါလက္ခဏာများကိုသက်သာစေပြီးသက်တမ်းပိုရှည်စေပါသည်။
ဆီးအိမ်တစ်ခုလုံးဖယ်ထုတ်ခြင်း နှင့် ပတ်ဝန်းကျင်ရှိ lymph nodes များအားဖယ်ထုတ်ခြင်းတို့လုပ်ပြီးပါက ခန္ဓာကိုယ်မှ ဆီးစွန့် နိုင်ရန် လမ်းကြောင်းအသစ် ပြုလုပ်သောခွဲစိတ်မှု ကိုဆက်လက်ပြုလုပ်ရမည်။
ခွဲစိတ်ကုသအပြီးဓါတုဆေးကုထုံး၊ဓာတ်ရောင်ခြည်ကုထုံးနှင့်ကိုယ်ခံအားကုထုံးတို့ဖြင့်ကျန်ရှိသောကင်ဆာဆဲလ်များကိုသတ်ကာရောဂါလက္ခဏာများကိုသက်သာစေပြီးဘဝသက်တမ်းကိုတိုးချဲ့စေနိုင်ပါသည်။
  • စမ်းသပ်ဆဲဆေးဝါးများဖြင့်ကုသခြင်း
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဆီးအိမ်ကင်ဆာကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ပါ အကျိုးရှိသောအချက်များသည် ဆီးအိမ်ကင်ဆာကိုရှောင်ရှားရန် ကူညီနိုင်ပါသည်။
  • ဆေးလိပ်မသောက်ပါနဲ့ 
  • စီးကရက်ငွေ့များရှူရှိုက်ခြင်းကိုရှောင်ကြဉ်ပါ
  • အခြားကင်ဆာ ဖြစ်စေသောဓာတုပစ္စည်းများကိုရှောင်ကြဉ်ပါ
  • ရေများများသောက်ပါ
အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဥာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။
ရင်းမြစ်များ
တည်းဖြတ်သည့်နေ့ စကျတငျဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 28, 2017
ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ