backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Black Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Black Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း) ကဘာလဲ။

မျက်ဝန်းတဝိုက်ညိုမဲစွဲခြင်းဆိုတာ မျက်လုံးအိမ် သွေးခဲခြင်းလို့ သိကြပြီး မျက်လုံးအောက်က တစ်ရှူးတွေ အညိုအမဲစွဲခြင်း ဖြစ်ပါတယ်။ အများစုမှာ မျက်လုံးကိုတိုက်ရိုက်ထိတာထက် မျက်နှာကို ဒဏ်ရာရတာကြောင့် ပိုပြီး အဖြစ်များပါတယ်။

လက္ခဏာများ

Black Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာကျင်၊ ယောင်ယမ်းပြီး ညိုမဲစွဲတာက အတွေ့ရများတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

အစပိုင်းမှာ ယောင်ယမ်းပြီး အရောင်ပြောင်းတာက အနည်းငယ်သာဖြစ်နိုင်ပါတယ် မျက်လုံးက နီလာပြီး တဖြည်းဖြည်းအရောင်ရင့်လာပါလိမ့်မယ်။

နောက်ပိုင်းမှာ မျက်လုံးဘေးပတ်ပတ်လည်က ခရမ်းရင့်ရောင်၊ အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် အမဲရောင်ပြောင်းသွားပါလိမ့်မယ်။

ယောင်ယမ်းတာပိုများလေ အရောင်ပြောင်းတာ ပိုများလေ ဖြစ်ပါတယ်။

ရက်အနည်းငယ်ကြာပြီးနောက် အဲ့နေရာက အရောင်ဖျော့ပြီး အယောင်ကျသွားပါလိမ့်မယ်။

မျက်လုံးယောင်နေတာကြောင့် အမြင်အာရုံေဝဝါးပြီး မျက်လုံးဖွင့်ရခက်တာမျိုး ဖြစ်နိုင်ပေမယ့် အမြင်အာရုံပျက်စီးတာက အဖြစ်နည်းပါတယ်။

ခေါင်းဒဏ်ရာရပြီး မျက်ဝန်းတဝိုက် ညိုမဲစွဲတာမျိုး ဖြစ်တတ်တဲ့အတွက် ခေါင်းကိုက်တာလည်း ခံစားရနိုင်ပါတယ်။

ဒဏ်ရာပြင်းထန်တာရဲ့ လက္ခဏာတွေကတော့-

၂ထပ်မြင်ခြင်း

မျက်စိ မမြင်နိုင်ခြင်း

သတိလစ်ခြင်း

မျက်လုံးရွေ့လို့ မရခြင်း

နား သို့မဟုတ် နှာခေါင်းမှ သွေး၊အရည်ကြည်များ ထွက်ခြင်း

မျက်လုံးပေါ်မှာ သွေးထွက်ခြင်း

ခေါင်းအမြဲကိုက်နေခြင်း

ဒီအပေါ်မှာ မပါတဲ့ တချို့လက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ လက္ခဏာနဲ့ ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မျက်ဝန်းတဝိုက် ညိုမဲစွဲတာက သာမန်ဒဏ်ရာတစ်ခုဖြစ်ပြီး ရေခဲကပ်ပြီး အကိုက်အခဲပျောက်ဆေးသောက်ရုံနဲ့ သူ့အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါတယ်။ မျက်စိဆရာဝန်က မျက်လုံးကို ထိခိုက်ဒဏ်ရာရ၊ မရသေချာစစ်ဆေးပေးပါလိမ့်မယ်။

မျက်ဝန်းတဝိုက် ညိုမဲစွဲတာနဲ့ ပတ်သတ်ပြီး ဒီအခြေအနေတွေဖြစ်ပါက ဆရာဝန်နှင့် ပြသပါ။

အမြင်အာရုံပြောင်းလဲခြင်း

အပြင်းအထန်ဆက်လက်နာကျင်နေခြင်း

ဒဏ်ရာမရဘဲယောင်ယမ်းခြင်း

ရောဂါပိုးဝင်တဲ့လက္ခဏာပေါ်ခြင်း (ဥပမာ- ပူပြီး နီရဲလာခြင်း၊ ပြည်ထွက်ခြင်း)

ရောဂါလက္ခဏာ သို့မဟုတ် ကုသနည်းနဲ့ ပတ်သတ်ပြီး သေချာမသိတဲ့အခါ

ရက်အတန်ကြာတဲ့အထိ အယောင်မကျတဲ့အခါ

ဒီအခြေအနေတွေ ဖြစ်လာပါက ဆေးကုသမှု ချက်ချင်းခံယူပါ။

အမြင်ပြောင်းခြင်း၊ မျက်စိမမြင်ရခြင်း၊ အထူးသဖြင့် နှစ်ထပ်မြင်ခြင်း။

မျက်စိမလှုပ်ရှားနိုင်ခြင်း။

မျက်စိအရှေ့ကို ဒဏ်ရာရခြင်း သို့မဟုတ် သူငယ်အိမ်အတွင်းတွင် ဒဏ်ရာရခြင်း

မျက်လုံးတွင် သွေးထွက်ခြင်း

မျက်လုံးပုံမမှန်ခြင်း သို့မဟုတ် မျက်လုံးမှ အရည်တွေစီးကျခြင်း

မျက်လုံးပတ်ဝန်းကျင်တွင် ပြတ်ရှဒဏ်ရာရခြင်း

အကြောင်းရင်းများ

Black Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်ဝန်းတဝိုက် ညိုမဲစွဲတာကို အဖြစ်များစေတဲ့ အကြောင်းတွေကတော့ မျက်လုံး၊နဖူး သို့မဟုတ် နှာခေါင်းကို အထိုးခံရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အထိုးခံရတဲ့နေရာပေါ်မူတည်ပြီး မျက်စိတစ်ဖက် သို့မဟုတ် ၂ဖက်လုံး ညိုမဲစွဲနိုင်ပါတယ်။

နှာခေါင်းကို ထိုးခံရတဲ့အခါ မျက်စိနှစ်ဖက်လုံ ယောင်ယမ်းနိုင်ပါတယ်။ နှာခေါင်းဒဏ်ရာရတဲ့အခါ အရည်တွေက မျက်လုံးအောက်က တစ်ရှူးအပျော့မှာ စုနေနိုင်ပါတယ်။

မျက်နှာကို ခွဲစိတ်မှုလုပ်တဲ့အခါ (ဥပမာ- မျက်နှာပင့်တင်ခြင်း၊ မေးရိုးခွဲစိတ်ခြင်း၊ သို့မဟုတ် နှာခေါင်းခွဲစိတ်ခြင်းက မျက်ဝန်းတဝိုက် ညိုမဲခြင်းကို ဖြစ်စေနိုင်ပါတယ်။

တချို့ခေါင်းဒဏ်ရာတွေ( ဦးခေါင်းအခြေရှိ အရိုးကျိုးခြင်း)ဖြစ်တဲ့အခါ မျက်လုံးနှစ်ဖက်လုံး ညိုမဲစွဲပြီး ဝက်ဝံမျက်လုံးလို့ ခေါ်ကြပါတယ်။

မျက်လုံးနားယောင်ယမ်းစေတဲ့တခြားအကြောင်းတွေကတော့ ဓါတ်မတည့်ခြင်း၊ အင်းစက်ကိုက်ခြင်း၊ ဆဲလ်တွေယောင်ယမ်းခြင်း၊ မျက်လုံးတဝိုက်ယောင်တဲ့ရောဂါ၊ သွားပိုးဝင်ခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒိအခြေအနေတွေက သင့်မျက်လုံးကို ညိုမဲယောင်ယမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Black Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

များသောအားဖြင့် ဆရာဝန်စမ်းသပ်ရုံဖြင့် လုံလောက်ပါတယ်။

ဆရာဝန်က ဒဏ်ရာနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ရှာဖွေပြီး ဆက်စပ်နေတဲ့ ဒဏ်ရာတွေနဲ့ လက္ခဏာတွေကို ရှာဖွေနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးမှုမှာ လူနာရဲ့အမြင်အာရုံကို စစ်ဆေးခြင်း၊ မျက်စိသူငယ်အိမ်ကို အလင်းနဲ့ ထိုးကြည့်ခြင်း၊ မျက်လုံးအတွင်း ဒဏ်ရာရ၊ မရကြည့်ခြင်း၊ မျက်လုံးရွေ့လျားမှုကို စစ်ဆေးခြင်း၊ မျက်လုံးနားက မျက်နှာအရိုးတွေ ကျိုး၊ မကျိုးစစ်ဆေးခြင်းတို့ ပါဝင်ပါတယ်။

တွေ့ရှိချက်အပေါ်မူတည်ပြီး ဆရာဝန်က လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။

မျက်လုံးထဲကို ဆိုးဆေးထည့်ပြီး အထူးပြုလုပ်ထားတဲ့ အလင်းနဲ့ မျက်စိစုတ်ပြဲနေတာရှိ၊မရှိ၊ ပြင်ပပစ္စည်းတွေ ဝင်နေတာရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။

လူနာရဲ့ မျက်နှာမှာ ၊မျက်လုံးနားမှာ အရိုးကျိုးတယ်လို့ သံသယရှိရင် ဆရာဝန်က ကွန်ပြူတာဓါတ်မှန်၊ ဓါတ်မှန် ရိုက်ပါလိမ့်မယ်။ မျက်လုံးထဲတခုခုရှိတယ်လို့ထင်ရင် ဆရာဝန်က ဒီစစ်ဆေးမှုတွေကို လုပ်ပါလိမ့်မယ်။

စိုးရိန်စရာရှိပါက ဆရာဝန်က သင့်တော်တဲ့အထူးကုဆီ လွှဲပေးပါလိမ့်မယ်။ဥပမာ- မျက်စိခွဲစိတ်အထူးကုဆရာဝန်ဆီ လွှဲပေးပါလိမ့်မယ်။

Black Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်က ပုံမှန်အားဖြင့် အိမ်မှာကုသတဲ့နည်းကို ပေးပါလိမ့်မယ်။ ဥပမာ- ရေခဲကပ်ခြင်း၊ Acetaminophen( အကိုက်ခဲပျောက်ဆေး)

သမားတော်က ဒဏ်ရာပြင်းထန်တယ်လို့ သံသယရှိရင် သင့်တော်တဲ့အထူးကုဆီ လွှဲပေးပါလိမ့်မယ်။

  • အိမ်မှာ ကုသခြင်း

အနားယူပြီး ဒဏ်ရာကို ရေခဲကပ်ခြင်းက ယောင်ယမ်းနာကျင်မှုကို သက်သာစေပါတယ်။

ရေခဲက အယောင်ကျစေပြီး သွေးကြောတွေ တည်ဆောက်တာကို အားပေးပြီး အရည်တွေစုတာကို လျှော့ချပေးပါတယ်။ အဲ့နေရာကို အေးခဲ ထုံကျဉ်စေပါတယ်။

ရေခဲကို တနာရီခြားစီ တစ်ခါကပ်ရင်မိနစ် ၂၀ကြာ နဲ့ ပထမ ၂၄နာရီအတွင်း ကပ်ပေးရပါမယ်။ ဒဏ်ရာပေါ်ကို ရေခဲတိုက်ရိုက်မကပ်ပါနဲ့။

ဒဏ်ရာကို အအေးလွန်တာကြောင့် ဖြစ်တဲ့ဒဏ်ရာမရစေရန် ရေခဲကို အဝတ်နဲ့ပတ်ခြင်း၊ အသင့်ထုတ်ထားတဲ့ ရေခဲအထုတ်ကပ်ခြင်းတို့ကို လုပ်ပေးနိုင်ပါတယ်။ အသီးအရွက်ခဲနေတာတွေထည့်ထားတဲ့ အိတ်ကို အဝတ်နဲ့ ပတ်ပီး သုံးပေးတာက အကောင်းဆုံးပါ။

  • နောက်ထပ်ဒဏ်ရာမရအောင် ကာကွယ်ပါ။

မျက်လုံးကဒဏ်ပျောက်တဲ့အထိ မပြင်းအထန်အားကစားလုပ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပါ။

အသားတွေကို မျက်လုံးညိုမဲနေတဲ့အပေါ် မတင်ပါနဲ့။ ဒဏ်ရာတွေနဲ့ စုတ်ယူနိုင်တဲ့အမြှေးပါးတွေအပေါ်တင်တာက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

  • မျက်ဝန်းတဝိုက် ညိုမဲတာကို ကုသနည်းများ

သာမန် ညိုမဲခြင်းအတွက် အပေါ်မှာပြထားတဲ့ အိမ်မှာကုသတဲ့နည်းကို သုံးပါ။ ရေခဲကပ်ခြင်း၊ အနာသက်သာတဲ့ဆေးတွေ၊ နှလုံးရောဂါအတွက် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေသုံးပါ။ ဒါတွေက သွေးပိုထွက်စေနိုင်လို့ပါ။ အနားယူပါ။ ဒဏ်ရာရထားတဲ့ နေရာကို ထပ်မထိခိုက်အောင် ကာကွယ်ပါ။

ဆိုးရွားတဲ့ မျက်စိထိခိုက်မှုအတွက် သင့်တော်တဲ့အထူးကုနဲ့ ပြသပါ။

ဦးခေါင်းခွံနဲ့ ဦးနှောက်ထိခိုက်မှုအတွက် အာရုံကြောဆရာဝန်နှင့် ပြသပါ။

မျက်လုံးဒဏ်ရာအတွက် မျက်စိအထူးကုနဲ့ ပြသပါ။

မျက်နှာအရိုးကျိုးတာအတွက် နား၊နှာခေါင်း၊လည်ချောင်းဆရာဝန်နဲ့ ပြသပါ။

မျက်နှာအရိုးကျိုးတာအတွက် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်နှင့် ပြသပါ။

မျက်နှာရှိကြီးမားတဲ့ ဒဏ်ရာတွေအတွက် ပလတ်စတစ်ဆာဂျင်နှင့် ပြသပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

မျက်ဝန်းတဝိုက်ညိုမဲခြင်းအတွက် နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။

အောက်ပါနေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက မျက်လုံးတဝိုက်ညိုမဲခြင်းကို သက်သာစေပါတယ်။

အိမ်မှာ ချော်လဲကျစေတဲ့နေရာတွေ၊ ခလုတ်ကန်သင်းတွေ၊ ပစ္စည်းတွေရှိ၊ မရှိ စစ်ဆေးပါ။ ဒါတွေက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဒဏ်ရာရစေနိုင်ပါတယ်။

အားကစားလုပ်ရင် သင့်တော်တဲ့ အကာအကွယ်တွေကို ဝတ်ဆင်ပါ။ မျက်ဝန်းတဝိုက်ညိုမဲတာကို ဖြစ်စေတဲ့ ဒဏ်ရာမရအောင်နေပါ။

အလုပ်လုပ်တဲ့အချိန်နဲ့ အားကစားလုပ်ချိန်တွေမှာ မျက်စိကို မထိခိုက်အောင် မျက်မှန်နှင့် အကာအကွယ်များ တပ်ဆင်ပါ။

ကားမောင်းချိန်တွင် ခါးပတ်ပတ်ပါ။ စက်ဘီး၊ ဆိုင်ကယ်စီးချိန်တွင် ဦးထုတ်ဆောင်းပါ။

သင်မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီး အကောင်းဆုံးအဖြေကို ရယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement