Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy
အင်းဆက်ကိုက်ခြင်းဟာ အပေါက်များ၊ စုတ်ပြုဒဏ်ရာများ ဖြစ်စေပါတယ်။ အင်းဆက်ကိုက်လိုက်တဲ့အခါ အင်းဆက်ရဲ့ တံတွေးတမျိုးကြောင့် နာကျင်မှုနဲ့အတူ အရေပြားလက္ခဏာများ ချက်ချင်းပေါ်လာပါတယ်။
မီးပုရွက်ဆိတ်နဲ့ ပျားတုပ်ခြင်း၊ နကျယ်ကောင်၊ ပဆုပ်ပနီကောင်ကိုက်ခြင်း စတာတွေဟာ အမျးအားဖြင့် နာကျင်တတ်ပါတယ်။ ခြင်၊ သန်း၊ မွှား စတာတွေကိုက်ရင် နာကျင်မှုထက် ယားယံခြင်း ဖြစ်စေပါတယ်။ အင်းဆက်နဲ့ ပင့်ကူကိုက်ခြင်းတွေဟာ အဆိပ်ကြောင့်သေနိုင်ပြီး မြွေကိုက်ခြင်းမှာထက် ပိုပြီးသေဆုံးနှုန်းများပါတယ်။
အကောင်ကိုက်ခြင်း၊ တုပ်ခြင်းများအားလုံးဟာ မတူပါဘူး။ ကိုက်လိုက်တဲ့အကောင်အမျိုးအစားအပေါ် မူတည်ပြီး ရှေးဦးသူနာပြုနည်းနဲ့ ကုသမှုတွေ ကွဲပြားပါတယ်။ တချို့အမျိုးအစားတွေဟာ တခြားအကောင်တွေထက် ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ လူတချို့ဟာ ဓါတ်မတည့်မှုကြောင့် ပိုပြီးဆိုးရွားစွာ ကြုံရတတ်ပါတယ်။
အဖြစ်များပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အကိုက်ခံရတဲ့ အမျိုးအစားပေါ် မူတည်ပြီး အောက်ပါ လက္ခဏာတွေ ကြုံရပါတယ်။
လူတချို့မှာ ပျားတုပ်ခြင်း၊ အင်းဆက်အကိုက်ခံရခြင်း တို့ကြောင့် ဆိုးရွားတဲ့ အသက်အန္တရာယ်တွေ ကြုံရနိုင်ပါတယ်။ ဒါကို ဆိုးရွားသော ဓါတ်မတည့်မှုကြောင့် သွေးလန့်ခြင်းလို့ ခေါ်ပါတယ်။ အဲဒီအခြေအနေဟာ လျင်မြန်စွာဖြစ်ပွားနိုင်ပြီး အချိန်မီ မကုသရင် သေဆုံးနိုင်ပါတယ်။
ဆိုးရွားစွာ ဓါတ်မတည့်ခြင်းမှာ အောက်ပါအခြေအနေများ ပါဝင်ပါတယ်။
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။
အောက်ပါအကောင်တွေ ကိုက်တတ်ပါတယ်။
အောက်ပါအကောင်များဟာ ကိုက်ပြီး သွေးစုပ်နိုင်ပါတယ်။
ပြင်ပမှာ အလုပ်လုပ်ကိုင်ခြင်း၊ စခန်းချခြင်း တောင်တက်ခြင်း စတဲ့ ပြင်ပလှုပ်ရှားမှုများ ပြုလုပ်ခြင်း စတဲ့အခါမှာ အကိုက်ခံရနိုင်ခြေ များပါတယ်။
လက်၊ ခြေထောက် စတဲ့ ပေါ်လွင်နေတဲ့နေရာတွေမှာ အကိုက်ခံရများပါတယ်။ ဖြစ်ပွားနိုင်ခြေရှိတဲ့အရာတွေကတော့
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါရာဇဝင်မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်ခြင်းတွေ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် အင်းဆက်ကိုက်ခြင်းကို အတည်ပြုဖို့ စစ်ဆေးချက်တွေ မပါဝင်ပါဘူး။ အရေပြားပေါ်မှာ အင်းဆက်ပိုးကောင် တွေ့ရပြီး သူတို့ကြောင့် ရောဂါဖြစ်သလား မဖြစ်သလား သိရအောင် စစ်ဆေးဖို့ပဲ ရည်ရွယ်ပါတယ်။ တခြားဖြစ်နိုင်ခြေပြသနာတွေကို ဖယ်ထုတ်ပြီးရင် ကုသမှုကို ဆုံးဖြတ်ပါတယ်။
ပိုးမွှားကိုက်ခြင်းဟာ များသောအားဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရုံသာရှိပြီး ဆိုးရွားကြာရှည်တဲ့ ပြသနာတွေ မရှိပါဘူး။ ဒါပေမယ့် တခါတရံ ရောဂါပိုးဝင်ပြီး ကုသမှုလိုအပ်ပါတယ်။ ဓါတ်မတည့်ခြင်းတွေ ဖြစ်ပွားပြီး သေစေနိုင်ပါတယ်။ အရေးပေါ်ကုသခြင်းတွေ လိုအပ်ပါတယ်။
ပိုးမွှားကိုက်ခံရခြင်းဟာ ပုံမှန်တွေ့နေကြဖြစ်ပြီး အသေးအဖွဲတခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိပ်ရှိရင်၊ ရောဂါပိုးကူးနိုင်ရင်၊ ဓါတ်မတည့်ရင် အရေးပေါ်ကုသမှု လိုအပ်ပါတယ်။
အဲဒီလိုအခြေအနေတွေမှာ တိကျတဲ့ရောဂါရှာဖွေမှု၊ အချိန်မီ ကုသမှုတွေဟာ အလွန်အရေးကြီးပါတယ်။
အင်းဆက်ကိုက်ခြင်း အများစုမှာ အလွယ်တကူ ကုသနိုင်ပါတယ်။ အတော်အတန် ပြသနာလောက်ဆို အိမ်မှာပဲ ကုသနိုင်ပါတယ်။
ပိုးမွှားကိုက်ခြင်းကို ဓါတ်မတည့်ဖြစ်တတ်ရင် ကိုယ်ခံအား ကုသမှု (အာရုံတုံ့ပြန်မှုကိုလျော့ပါးစေခြင်း)ကို ရွေးချယ်နိုင်ပါတယ်။ အင်းဆက်ပိုးမွှား အကိုက်ခံရခြင်းအတွက် ဓါတ်မတည့် တုံ့ပြန်ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပိုးမွှားကိုက်ခြင်း အတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။