backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 20/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ကဘာလဲ။

လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းဆိုတာဘာလဲ။

လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း ဆိုသည်မှာ အဖိုလိင်အင်္ဂါ၏ ထိပ်ကိုငုံထားသော အရေပြားနှင့် ထိပ်ဖျား တို့၏ ရောင်ရမ်းခြမ်း နှင့် နာကျင်ခြင်း၊ ကျိန်းစပ်ခြင်း ဖြစ်ပါသည်။ လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသားများတွင် ပိုဖြစ်ပွားပါသည်။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း သည် နာကျင်သော်လည်း အရမ်းပြင်းထန်သော အခြေအနေတစ်ခု မဟုတ်ပါ။ အရေပြား ပေါ် တွင် ဆေးလိမ်းခြင်းဖြင့် သက်သာစေနိုင်ပါသည်။

Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းသည် လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသားများတွင် ပိုမိုဖြစ်ပွားသော အဖြစ်များသော အခြေအနေတစ်ခု ဖြစ်ပါသည်။ သင်သည် အန္တရာယ် ဖြစ် စေ သော အချက်များကို လျော့ချခြင်း၊ တကိုယ်ရည် သန့်ရှင်းမှု ကိုထိန်းသိမ်းခြင်း တို့ဖြင့် လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအ တွက် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း ၏ အတွေ့ရများသော ရောဂါလက္ခဏာများမှာ

  • လိင်တံနှင့် လိင်တံထိပ်ကိုဖုံးအုပ်ထားသော အရေပြား ၌ နီရဲခြင်း၊ ရောင်ရမ်းခြင်း။
  • ဆီးသွားရာတွင် ခက်ခဲခြင်၊ နာကျင်ခြင်း။
  • အနံ့ဆိုးသော အရည်များထွက်ခြင်း
  • လိင်အင်္ဂါထိပ်၏အရေပြားပေါ်တွင် အဖုအပိန့်များထွက်ခြင်း

လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းကို မကုသဘဲထားပါက လိင်တံတစ်လျှောက်ကို ထိခိုက်ကာ မီး လောင်ဖုများ ပြည်တည်ဖုများ ပေါက်လာနိုင်ပါသည်။

အထက်တွင်ဖော်ပြမထားသော အခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းသည် မပြင်းထန်ပါ။ သို့သော် လိင်အင်္ဂါမှ ကူးစက်သော ရောဂါများ၊ မှို ရောဂါ များ ကဲ့သို့သော အရင်းခံရောဂါ များ၏ လက္ခဏာ တစ်ခုလည်း ဖြစ်နိုင်ပါသည်။ သင်၏ကလေးသည် လိင်အင်္ဂါထိပ် ရောင်ရမ်းပါက ကလေးအထူးကုဆရာဝန် ထံ အမြန် သွားရောက် ပြသပါ။

အောက်ပါတို့ဖြစ်ပွားပါက ဆရာဝန်ကိုခေါ်ပါ။

  • ကုသမှုများ ပြုလုပ်နေစဉ်မှာပဲ ရောင်ရမ်းမှုပြင်းထန်လာသောအခါ
  • သုံးရက် သို့မဟုတ် လေးရက် အတွင်း အခြေအနေမတိုးတတ်လာသောအခါ
  • ဆီးသွားရာတွင် အခက်အခဲဖြစ်နေသောအခါ သို့မဟုတ် ဆီးထဲတွင် သွေး သို့မဟုတ် ပြည် များ တွေ့ရသောအခါ
  • လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းသည် ထပ်ကာထပ်ကာ ဖြစ်ပေါ်ပါက လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းပြုလုပ်ရန် စဉ်းစားသင့်ပါသည်။

အကြောင်းရင်းများ

Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လိင်အင်္ဂါထိပ် ရောင်ရမ်းခြင်းသည် လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသား များတွင် သန့်ရှင်းမှု အားနည်းခြင်းကြောင့် မကြာခဏဖြစ်ပွား တတ်ပါသည်။ အခြား ဖြစ်နိုင်သော အကြောင်း ရင်းများမှာ

  • ဘတ်တီးရီးယား သို့မဟုတ် မှိုပိုးမွှား ကူးစက်ခြင်း
  • ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှု
  • ဓါတ်မတည့်မှု
  • ထိခိုက်ဒဏ်ရာရမှု

Risk factors

ငါ့ဆီမှာ Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေသော အကြောင်းရင်း များစွာရှိပါ သည်။ ဥပမာအားဖြင့်

  • တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း
  • မှို ကူးစက်ခြင်း
  • တုံ့ပြန်နေသောအဆစ်အမြစ်ရောင်ရောဂါရှိသူများ
  • မကုသထားသောဆီးချိုသွေးချိုရောဂါရှင်များ၊ ဆီးချိုရှိချိန်တွင် သွေးထဲဂလူးကို့ ပမာဏ အရမ်းများသူများ

ရေယုန် သို့မဟုတ် ကာလသားရောဂါ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်တော်သော ရောဂါအဖြေရှာခြင်းအတွက် သင်၏ဆရာဝန်သည် အောက်ပါစစ်ဆေး စမ်းသပ်မှု များကို လုပ်ဆောင်နိုင်သည်။

  • ဆေးကုသမှုဆိုင်ရာ မှတ်တမ်းယူခြင်း နှင့် ကိုယ်ခန္ဓါအား စမ်းသပ်ခြင်း
  • ကူးစက်မှုသည် ဘတ်တီးရီးယား သို့မဟုတ် မှို ဟုခွဲခြားသိရှိရန် လိင်အင်္ဂါမှထွက်သော အရည်နမူနာများ၏ ဓါတ်ခွဲခန်းအဖြေ ရယူခြင်း
  • လိင်ပိုင်းဆိုင်ရာ ကူးစက်သော ရောဂါများရှိမရှိဆုံးဖြတ်ရန် သွေးစစ်ချက်များရယူခြင်း

Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုသည်အသက်အရွယ်၊ ဖြစ်ပွားစေသောအကြောင်းရင်း၊ လိင်ပိုင်းဆိုင်ရာ နိုးကြား ထကြွ ခြင်း လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းရှိမရှိ များအပေါ် မှုတည်ပါသည်။ ကုသမှုတွင် လိင်အင်္ဂါထိပ်ပိုင်း အုပ် အရေပြားအား ဆွဲကာ နွေးရုံမျှဖြစ်သော ရေထဲတွင် စိမ်ခြင်းတို့ ပါဝင်ပါသည်။ အနည်းငယ်ပြင်းထန်သော အခြေအနေများတွင် နေရာသို့ ပဋိဇီဝ လိမ်းဆေး လိမ်းပေးနိုင်ပါသည်။ ပြင်းထန်သောအခြေအနေရှိသူများ နှင့် ဆီးချိုသွေးချို ရှိသူများ သည် ပဋိဇီဝ ဆေးများကို သောက်သုံးနိုင်ပါသည်။ တစ်ခါတစ်ရံတွင် Corticosteroid လိမ်းဆေး များကို ရောင်ရမ်းမှု သက်သာရန်အတွက် အသုံးပြု နိုင်ပါသည်။ ခွဲစိတ်ကုသမှု လိုအပ်သည်မှာ ရှားပါးလှပါသည်။

ပြန်လည်ကောင်းမွန်ရန်အချိန်မှာ ဖြစ်စေသောအကြောင်းရင်းနှင့် ရောဂါလက္ခဏာ များအပေါ်မူ တည်ပါသည်။ ရိုးရိုးဖြစ်သောကိစ္စများတွင် ရောဂါလက္ခဏာများသည် ငါးရက်မှ ဆယ်ရက်အတွင်း ပျောက်ကွယ် သို့မဟုတ် သက်သာလာနိုင်ပါသည်။ ရှုပ်ထွေးသော ကိစ္စများတွင် ပြီးပြည့်စုံစွာ သက်သာ ပျောက် ကင်းမှုသည် ပို၍ကြာနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လိင်အင်္ဂါထိပ်ပိုင်းရောင်ရမ်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများသည် လိင်အင်္ဂါထိပ်ပိုင်းရောင်ရမ်းခြင်း ကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။

  • တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေ့အကျင့်လုပ်၍ရယူုခြင်း (ထိပ်ဖုံးအရည်ပြားကို ဆွဲတင်၍ လိင်တံ၏ ထိပ်ကို ပုံမှန် ဆေးကြောခြင်း)
  • ကြမ်းသောဆပ်ပြာများ၊ စိုထိုင်းသော ခရင်မ်များ နှင့် ချောဆီများ ကဲ့သို့ နာကျင်ယားယံမှုဖြစ်စေ သော ပစ္စည်းများကို ရှောင်ကြဉ်ခြင်း
  • လိင်ဆက်ဆံသောအခါ ကွန်ဒုံး အသုံးပြုခြင်း
  • ဆရာဝန်ပေးသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း
  • ရောဂါလက္ခဏာများကို ကူညီ သက်သာစေသော နူးညံ့သော ဆပ်ပြာကို စမ်းသုံးကြည့်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 20/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement