Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း) ကဘာလဲ။

နှလုံးသွေးကြောပိတ်ခြင်းသည် နှလုံးခုန်နှုန်းခြင်းကို ဖြစ်စေရန် ထောက်ပံ့ပေးသည့် နှလုံးလျှပ်စီးစနစ်ပြတ်တောက်ခြင်းဖြစ်သည်။ နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း

ခြင်းဆိုသည်မှာ နှလုံးသွေးလက်ခံခန်းနှင့် သွေးလွှတ်ခန်းတို့၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်မှု မူမမှန်ခြင်းကြောင့် ယင်းတို့ကြားရှိ လျှပ်စစ်ထုတ်လွှတ်မှုတွင်အနှောက်အယှက်ဖြစ်ကာ နှောင့်နှေးသွားခြင်းဖြစ်သည်။ ရောဂါမပြင်းထန်သောသူများတွင် နှလုံးခုန်နှေးခြင်းနှင့် စည်းချက်လွတ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ယင်းအခြေအနေမျိုးသည် အလွန်အဖြစ်များပြီး ရောဂါရှိသူများ ခွဲစိတ်ခံရသူများနှင့် နှလုံးကို ထိခိုက်စေသော ဆေးများသောက်နေရသူများတွင် ပို ဖြစ်ပါသည်။ ထို့ပြင် အဆင့် (၃) ပိတ်ဆို့မှုသည် အမျိုးသမီးများတွင် ပိုဖြစ်ကြောင်းတွေ့ရသည်။

သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရလေ့ရှိသော ရောဂါလက္ခဏာများမှာ-

  • အဆင့် (၁)ပိတ်ဆို့မှု

အဆင့် (၁)ပိတ်ဆို့မှု သည်ရောဂါလက္ခဏာများ ပြလေ့မရှိဘဲ နှလုံး ECG ဆွဲမှသာ တွေ့ရသည်။

  • အဆင့် (၂)ပိတ်ဆို့မှု

အဆင့်(၂)ပိတ်ဆို့မှုသည်လည်းရောဂါလက္ခဏာများ ပြလေ့မရှိပါ။ သို့သော် တခါတရံတွင် နှလုံးခုန်မမှန်ခြင်း၊ မူးမိုက်ခြင်း တို့ဖြစ်တတ်ကါသည်။ စမ်းသပ်ကြည့်လျှင် နှလုံးခုန်နှေးခြင်း(အထူးသဖြင့် Mobitz II)  နှင့် နှလုံးခုန်မမှန်ခြင်း(အထူးသဖြင့် Mobitz I [Wenckebach])တို့ကို တွေ့ရပေမည်။

  • အဆင့် (၃)ပိတ်ဆို့မှု

အဆင့် (၃)ပိတ်ဆို့မှုဖြစ်လျှင် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းမကြည်ခြင်း၊ မူးခနဲမိုက်ခနဲဖြစ်ခြင်း၊ မူးလဲခြင်းတို့ခံစားရမည်ဖြစ်ပြီး ပိတ်ဆို့မှုသည် သွေးလွှတ်ခန်းနှင့် သွေးခံခန်းကြားရှိ လျှပ်စီးထုတ်လွှတ်ရာ နေရာအပေါ်ပိုင်းတွင် မဖြစ်ပါက နှလုံးခုန်နှေးခြင်းဖြစ်မည်ဖြစ်သည်။

အဆင့် (၃)ပိတ်ဆို့မှုဖြစ်လျှင် နှလုံးသွေးကြောကျဉ်းရောဂါနှင့် နှလုံးရောဂါတို့ပိုဆိုးလာခြင်း၊ နှလုံးခုန်နှေးခြင်းနှင့် နှလုံးညှစ်အားမကောင်းခြင်းတို့ဖြစ်မည်ဖြစ်ပြီး အောက်ပါတို့ ခံစားရနိုင်ပါသည်။

  • ရင်ဘတ်အောင့်ခြင်း
  • မောခြင်း
  • စိတ်အာရုံရှုပ်ထွေးခြင်း
  • အဆုတ်ရေ၀ိုင်းခြင်း

(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အောက်တွင်ဆက်လက်ဖော်ပြမည့် အမျိုးမျိုးသော အကြောင်းများကြောင့်နှလုံးတွင် လျှပ်စီးထုတ်လွှတ်မှုစနစ်ကို ပျက်စီးစေသာအခါ နှလုံးခုန်နှေးခြင်း၊ နှလုံးရပ်ခြင်းတို့ဖြစ်နိုင်ပါသည်။

ဖြစ်နိုင်ခြေများ

 Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးရောဂါရှိသူများသည် နှလုံးလျှပ်စီးကြောင်းပိတ်ခြင်းဖြစ်နိုင်ချေများပြီး ယင်းသို့ဖြစ်ခြင်းသည် နှလုံးကိုထိခိုက်စေသော ဆေးများကြောင့်ဖြစ်နိုင်သလို မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်သည်။

ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • အသက်– အသက်ကြီးသူများတွင် ပိုဖြစ်သည်။
  • နှလုံးရောဂါရှိသူများနှင့် နှလုံးထိခိုက်ဖူးသူများတွင်ဖြစ်နိုင်ချေပိုများသည်။ (ဥပမာ- နှလုံးလုပ်ဆောင်ရည် ကျဆင်းခြင်း၊ နှလုံးသွေးကြောနှင့် ကြွက်သားများတွင်ဖြစ်သော နှလုံးရောဂါဖြစ်ခြင်း)
  • လေ့ကျင့်ခန်းမလုပ်ခြင်း
  • အဆီပိုများရှိခြင်း (ခနာကိုယ်ဒ အလယ်ပိုင်း၊ ဗိုက်နေရာတွင် အဆီများစုခြင်း)
  • မိသားစုထဲတွင် သွေးပြန်ကြောနှင့် ပတ်သက်သောရောဂါများရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အရံ သွေးပြန်ကြောများ အားနည်းခြင်း
  • ကိုယ်ဝန်ဆိပ်တက်ခြင်း
  • ကျောက်ကပ်ရောဂါ(အထူးသဖြင့် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ခြင်း)
  • ဆေးများ – digitalis, calcium channel blockers (verapamil and diltiazem), amiodarone, adenosine,  beta-blockers

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပထမဦးစွာ သင့်ဆရာဝန်က သင့်ရောဂါလက္ခဏာများကို ကစစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ထို့နောက် သင့်ရောဂါရာဇ၀င်နှင့် မိသားစုဝင်များတွင်ဖြစ်သောရောဂါများကို မေးမြန်းပါလိမ့်မည်။

  • သင့်တွင် နှလုံးလျှပ်စီးကြောင်းပိတ်ခြင်းကြောင့်ဖြစ်သော ရောဂါ လက္ခဏာများရှိသလား
  • နှလုံးရောဂါနှင့် အခြားသော ကျန်းမာရေးပြသနာများရှိသလား
  • သင့်မိသားစုဝင်များတွင်လည်း နှလုံးလျှပ်စီးကြောင်းပိတ်ခြင်းကြောင့်ဖြစ်သော ရောဂါ လက္ခဏာများသို့မဟုတ် နှလုံးရောဂါရှိသလား
  • သင်သည် ဆေးဖက်ဝင်အပင်များ၊ ကောင်တာတွင် ၀ယ်ပြီးသောက်နေသော ဆေးများ ကိုမှီဝဲနေသလား
  • ဆေးလိပ်၊ အရက် နှင့် မူးယစ်ဆေးများ သုံးစွဲနေသလား

စသည်ဖြင့် မေးမြန်းပြီးနောက်  ရောဂါကို တိကျစွာသိရှိရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။

 

  • EKG(Electrocardiogram)

နှလုံးခုန်နှုန်းနှင့် နှလုံးခုန်စည်းချက်မှန်မမှန် စစ်ဆေးခြင်းဖြစ်သည်။

  • HolterECG

ယင်းသည် နှလုံးတွင် လျှပ်စစ်ဓာတ်ထုတ်လွှတ်မှုကို ၂၄ နာရီ သို့မဟုတ် ၄၈ နာရီဆက်တိုက်တပ်ဆင်ပြီး မှတ်တမ်းယူခြင်းဖြစ်သည်။ သင်သည် နေ့စဉ်အလုပ်များလုပ်နေရင်းနှင့် ထိုစက်ကို တပ်ဆင်ထားနိုင်ပါသည်။

  • နှလုံးလျှပ်စီးနှင့် ဇီဝကမ္မဖြစ်စဉ်ကို လေ့လာခြင်း (EPS Study)

ဝိုင်ယာကြိုးငယ်ကို ပေါင်သို့မဟုတ် လက်မောင်းရှိသွေးပြန်ကြောမှတဆင့် နှလုံးထဲသို့ထဲ့သွင်းခြင်းဖြစ်သည်။

Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း) ကို ဘယ်လိုကုသပါသလဲ

နှလုံးလျှပ်စီးပိတ်ဆို့မှု အဆင့်များအပေါ်မူတည်ပြီး ကုသမှုများကွာခြားပါသည်။

အဆင့် ၁ ပိတ်ဆို့မှုကို ကုသရန်မလိုပါ။

အဆင့် ၂ တွင်မူ နှလုံးခုန်မှန်စက်ထည့်ရပေမည်။ ယင်းစက်သည် နှလုံးခုန်စည်းချက်မှန်စေရန် လျှပ်စီးများကို မှန်မှန် ထုတ်လွှတ်ပေးသော စက်ကလေးဖြစ်ပြီး အရေပြားအောက် ရင်ဘတ် သို့မဟုတ် ဗိုက်နေရာတွင် ထဲ့ရခြင်းဖြစ်သည်။

အဆင့် ၃ ပိတ်ဆို့မှုတွင်လည်း နှလုံးခုန်မှန်စက်ထည့်ရပေးမည်။ အရေးပေါ်အခြေအနေဖြစ်ခဲ့လျှင် ကြာရှည်ခံစက်မရမီ အချိန်တွင် ယာယီစက်ထည့်ထားရန်လိုပါသည်။ အဆင့် ၃ ရှိသော လူနာအများစုသည် နှလုံးခုန်မှန်စက်ကို တသက်လုံးထည့်ထားရန်လိုအပ်သည်။

သို့သော် မွေးရာပါ အဆင့်၃ ရှိသူများသည် အချိန်အတော်ကြာအတထိ စက်ထည့်ရန်မလိုအပ်ဘဲနေနိုင်ပြီး အခြားသူများကမူ မွေးပြီး တစ်နှစ်အကြာ သို့မဟုတ် အသက်ငယ်စဉ်ကတည်းက စက်ထည့်ရန်လိုအပ်ကြသည်။

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးတွင် လူးပပ်စ် ကိုယ်ခံအားမူမမှန်ရောဂါရှိပါက သနေသားတွင် နှလုံးလျှပ်စီးပိတ်ခြင်းဖြစ်နိုင်ချေရှိပါသည်။ ထိုကြောင့် သနေသားတွင် နှလုံးလျှပ်စီးပိတ်ခြင်းကို စမ်းသပ်သိရှိပါက မမွေးမီတွင် ဆေးများကြိုပေးထားခြင်းဖြင့် ရောဂါပိုမို ဆိုးရွားလာချေကို လျှော့ချပေးနိုင်ပါသည်။

တခါတရံတွင် အသက်ကြီးမှဖြစ်သော နှလုံးလျှပ်စီးပိတ်ခြင်များသည် ဖြစ်စေသောအကြောင်းကို ဖယ်ရှားနိုင်ပါက ရောဂါပြန်ကောင်းသွားတတ်ကြသည်။ ဥပမာ- ခွဲစိတ်စဉ်နှင့်နှလုံးထိခိုက်မှုကြောင့်ဖြစ်သော နှလုံးလျှပ်စီးပိတ်ခြင်းများသည် နာလန်ထလာချိန်တွင် ပြန်ကောင်းသွားတတ်ကြသည်။ ထို့အတူ နှလုံးကိုထိခိုက်စေသော ဆေးများကို ရပ်လိုက်လျှင်လည်း ပြန်ကောင်းသွားတတ်ကြသည်။

(ဆေးသောက်ပုံနည်းများကို မပြောင်းလဲမီ ဆရာဝန်အားအမြဲပြောပါ။)

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်းဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားပါ။ အသီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အဆီနည်းသော နို့ထွက်ပစ္စည်းများကို ပိုစားပြီး အဆီများသောအစာ၊ အသားများကို လျှော့စားပါ။
  • လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လေ့ကျင့်ခန်းများကို တစ်ပတ်တွင် ရက်အတော်များများ ပြုလုပ်ပါ။
  • သင်သည် အ၀လွန်နေပါက ကိုယ်အလေးချိန်လျှော့ရန် ကြိုးစားပါ။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဥာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 8, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 8, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ