အဓိပ္ပါယ်ဖွင့်ဆိုချက်

Atrial Flutter (နှလုံးခုန်မြန်ခြင်း) ကဘာလဲ။

နှလုံးခုန်မြန်တဲ့ဖြစ်ရပ်မှာ နှလုံးရဲ့ အပေါ်ခန်းတွေဟာ အလွန်လျင်မြန်စွာခုန်ခြင်း ဖြစ်ပါတယ်။ ဒါဟာ နှလုံးခုန်နှုန်းကို စည်းချက်ညီပြီး လျင်မြန်စေပါတယ်။နှလုံးခုန်မြန်ခြင်းဟာ နှလုံးစည်းချက်ချို့ယွင်းမှုတခုဖြစ်ပြီး နှလုံးထဲက လျှပ်စီးလမ်းကြောင်းပြသနာကြောင့် ဖြစ်တတ်ပါတယ်။

နှလုံးခုန်မြန်ခြင်းဟာ နှလုံးခါခြင်းနဲ့ တူညီပါတယ်။ ဒါပေမယ့် နှလုံးခုန်နှုန်းဟာ နှလုံးခါခြင်းလောက် စည်းချက်ပျက်ယွင်းခြင်းမရှိပါဘူး။ တခါတရံမှာ နှလုံးခုန်မြန်ခြင်းရော နှလုံးခါခြင်းပါ ၂မျိုးလုံး ကြုံတွေ့ရပါတယ်။

Atrial Flutter (နှလုံးခုန်မြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Atrial Flutter (နှလုံးခုန်မြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လျှပ်စစ်အချက်ပြမှုဟာ နှလုံးခုန်မြန်ခြင်းကို စုစည်းထိန်းချုပ်ပေးပါတယ်။ ဒီပြသနာ၇ှိသူတွေဟာ နှလုံးထုန်နှုန်း ပုံမှန်ထက်မြန်နေပေမယ့် စည်းချက်ဟာ တည်ငြိမ်ပါတယ်။ တခါတရံ ဖြစ်မှန်းမသိပါဘူး။ တချို့ကတော့ အောက်ပါအတိုင်း ကြုံရပါတယ်။

  • ရင်တုန်ခြင်း (နှလုံးခုန်မြန်နေခြင်းကိုသိခြင်း)
  • လျင်မြန်ပြီးတည်ငြိမ်သော သွေးခုန်နှုန်း
  • အသက်ရှူမြန်ခြင်း
  • နေ့စဉ် လေ့ကျင့်ခန်းနှင့် လှုပ်ရှားမှုများတွင် ပြသနာရှိလာခြင်း
  • ရင်ဘတ်အောင့်ခြင်း၊ တင်းကြပ်ခြင်း၊ မအီမသာ ခံစားရခြင်း
  • မူးဝေခြင်း၊ သတိလစ်ခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Atrial Flutter (နှလုံးခုန်မြန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နှလုံးမှာ ရောဂါတခုခုရှိရင်၊ နှလုံးကို ထိခိုကစေတဲ့ ရောဂါတခုခုရှိရင်၊ နှလုံးရဲ့ လျှပ်စစ် အချက်ပြမှုကို ပြောင်းလဲစေမယ့် အရာတခုခုကို သုံးစွဲမိရင် ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာ နောက်ခံ အကြောင်းအရင်း မတွေ့ရပါဘူး။

နှလုံးခုန်မြန်ခြင်းကို ဖြစ်စေတဲ့ နှလုံးရောဂါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • နှလုံးသွေးကြောရောဂါ၊ သွေးကြောကျဉ်းခြင်း၊ သွေးခဲခြင်းတို့ကြောင့် နှလုံးသို့ သွေးစီးဆင်းမှု လျော့နည်းခြင်း
  • သွေးတိုးခြင်း
  • နှလုံးကြွက်သားရောဂါဖြစ်ခြင်း
  • နှလုံး အဆို့ရှင်များ မကောင်းခြင်း
  • နှလုံးအခန်းများကြီးမားခြင်း
  • နှလုံးခွဲစိတ်မှုခံယူရခြင်း

နှလုံးကို ထိခိုက်မှုဖြစ်စေတဲ့ တခြားရောဂါတွေကတောပ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • သိုင်းရွိုက်ဂလင်းအလုပ်အလွန်လုပ်ခြင်း
  • အဆုတ်သွေးကြောအတွင်း သွေးခဲခြင်း
  • နာတာရှည် အဆုတ်ရောဂါဖြစ်ခြင်း

နှလုံးခုန်ခြင်းကို ဖြစ်စေတဲ့အရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အယ်လ်ကိုဟော (၀ိုင်၊ ဘိယာ၊ အရက်ခြင်း)
  • ကိုကိန်း၊ အင်ဖက်တမင်း၊ တုတ်ကွေးဆေးဝါးများ၊ ကဖင်း စသည့် လှုံပဆော်စေသည့် အရာများ

နှလုံးခုန်မြန်ခြင်းနဲ့ နှလုံးခါခြင်းဟာ ဆက်စပ်နေပါတယ်။ တပြန်စီ ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Atrial Flutter (နှလုံးခုန်မြန်ခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • နှလုံးအလုပ်မလုပ်နိုင်ခြင်း
  • နှလုံးထိခိုက်မှုဖြစ်ထားခြင်း
  • အဆို့ရှင် ပုံမှန်မဟုတ်ခြင်း၊ မွေးရာပါချို့ယွင်းခြင်း
  • သွေးတိုးခြင်း
  • လတ်တလောခွဲစိတ်ထားခြင်း
  • သိုင်းရွိုက်အလုပ်ကောင်းစွာ မလုပ်ခြင်း
  • အရက်စွဲခြင်း
  • နာတာရှည် အဆုတ်ရောဂါ
  • ရောဂါပြင်းထန်ခြင်း
  • ဆီးချို

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Atrial Flutter (နှလုံးခုန်မြန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆီက လက္ခဏာတွေကို သိရအပြီးမှာ နှလုံးခုန် စည်းချက်ပြသနာဆိုတာ သိနိုင်ပါတယ်။ တခြားပြသနာတွေကလည်း ဆင်တူနေနိုင်တာမို့ အန္တရာယ်အပေးနိုင်ဆုံး အကြောင်းအရင်းတွေကို ဖယ်ထုတ်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ရိုးရှင်းတဲ့စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါလိမ့်မယ်။

ECG ဟာ နှလုံးခုန်နှုန်းရဲ့ စည်းချက်တွေကို ထိန်းချုပ်တဲ့ လျှပ်စီးအချက်ပြမှုတွေကို တိုင်းတာနိုင်ပါတယ်။

  • ဒီအချက်ပြမှုတွေရဲ့ ပုံစံမမှန်ခြင်းတွေ၊ နှလုံးရဲ့ ပုံစံမမှန်ခြင်းတွေကို သိသာစေပါတယ်။
  • နှလုံးစည်းချက်မမှန်တဲ့အခါ ပြသနာအမျိုးအမည်ကို သိစေနိုင်ပါတယ်။
  • နှလုံးထိခိုက်ခြင်း၊ နှလုံးသွေးရောက်နည်းခြင်း၊ လျှပ်စီးပြသနာ၊ နှလုံးကြီးခြင်း၊ နှလုံးကြွက်သားများရှိ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် စတဲ့ဓာတုပစ္စည်းတွေ ပုံစံမမှန်ခြင်း စတာတွေကို သိနိုင်ပါတယ်။ 

တခါတရံမှာ နှလုံးခုန်မြန်ခြင်းကို ခံစားရပေမယ့် အီးစီဂျီမှာ ပုံမှန်ပြနေနိုင်ပါတယ်။ အသင့်သယ်ဆောင်နိုင်တဲ့ အီးစီဂျီဟာ ရက်အနည်းငယ်ကြာအောင် တပ်ဆင်ထားနိုင်ပြီး ပုံမှန်အလုပ်တွေ လုပ်ကိုင်နေချိန်မှာတောင် တပ်ထားနိုင်ပါတယ်။

  • အဲဒီကိရိယာမှာ စောင့်ကြည့်မော်နီတာပါပြိး လည်ပင်းမှာ ၀တ်ဆင်ထားနိုင်ပါတယ်။ လျှပ်စီးငုတ်တွေကို ရင်ဘတ်မှာ တပ်ဆင်ပါတယ်။
  • ပုံမှန်အားဖြင့် ၂၄-၇၂နာရီ ဆက်တိုက် မှတ်တမ်းတင်ပေးပါတယ်။
  • တခါတရံမှာ ပိုပြီး အချိန်ကြာကြာ ၀တ်ဆင်ပြီး သူ့အချိန်နဲ့သူ မှတ်တမ်းတင်ပါတယ်။ ပုံစံမမှန်ဘူးလို့ ထင်တဲ့အခါ စက်ကိုဖွင့်ပြီး မှတ်တမ်းတင်နိုင်ပါတယ်။ အရေပြားအောက်မှ စက်ကိုတပ်ဆင်ထားတာလည်း ရှိတတ်ပါတယ်။ ရှားတော့ရှားပါတယ်။
  • နည်းလမ်း ၂ခုလုံးက အလုပ်ဖြစ်ပါတယ်။ အဓိကကတောပ နှလုံးခုန်မမှန်ချိန်မှာ အီးစီဂျီကနေ မှတ်တမ်းတင်နိုင်ဖို့ပါပဲ။ 

နှလုံးပုံရိပ်ဖော်ခြင်း။ နာကျင်မှုမရှိတဲ့ အသံလှိုင်းသုံးပြီး နှလုံးကို ပုံရိပ်ဖော်စစ်ဆေးတဲ့ နည်းလမ်းဖြစ်ပါတယ်။

  • အဆို့ရှင်ပြသနာတွေကို သိနိုင်ပါတယ်။ နှလုံးအောက်ခန်းတွေကို စစ်ဆေးနိုင်ပြီး အပေါ်ခန်းတွေမှာ သွေးခဲခြင်း ရှိမရှိ စစ်ဆေးနိုင်ပါတယ်။
  • ဒီနည်းလမ်းကို သန္ဓေသား စစ်ဆေးရာမှာလည်း သုံးပါတယ်။
  • အရေးပေါ်မှာ အမြဲမသုံးပါ။

Atrial Flutter (နှလုံးခုန်မြန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုရဲ့ ရည်မှန်းချက်ဟာ နှလုံးခုန်ျနှုန်းကို ပုံမှန်ပြန်ဖြစ်စေဖို့ နောက်ပိုင်းပြသနာတွေနဲ့ လေဖြတ်ခြင်းကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

နှလုံးအောက်ခန်းများရဲ့ ခုန်နှုန်းကို ထိန်းချုပ်ဖို့ဟာ ပထမရည်ရွယ်ချက် ဖြစ်ပါတယ်။

  • ရင်ဘတ်အောင့်ခြင်း၊ နှလုံးအလုပ်မလုပ်ခြင်း ဖြစ်လာရင် ဆေးသွင်းခြင်း၊ နှလုံးရှော့ရိုက်ခြင်းများ ပြုလုပ်ပေးပါလိမ့်မယ်။
  • ဆိုးဆိုးရွားရွား အခြေအနေမရှိရင် သောက်ဆေး ပေးပါလိမ့်မယ်။
  • သောက်ဆေးတွေ ပေါင်းစပ်သောက်ရနိုင်ပါတယ်။
  • ခွဲစိတ်ခြင်းရှိနိုင်ပေမယ့် ရှားပါတယ်။
  • ပုံမှန်နှလုံးခုန်နှုန်းကို ပြန်ရအောင် ကြိုးစားပါလိမ့်မယ်။ ဒီပြသနာရှိတယ်လို့် ပထမဆုံး သိရသူတွေဟာ ၂၄-၄၈နာရီအတွင်း ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။ ကုသမှုရဲ့ ရည်ရွယ်ချက်ဟာ ပုံမှန်ပြန်ဖြစ်စေပြိး နောက်ထပ်မဖြစ်စေဖို့ပါပဲ။

လူတိုင်းဟာတော့ နှလုံးစည်းချက်မှန်အောင် ဆေးသောက်စရာ မလိုပါဘူး။

  • နှလုံးစည်းချက် ပုံမှန်ပြန်ဖြစ်မဖြစ်ဟာ ဆေးသောက်သလား မသောက်သလား ဆိုတာပေါ် တစိတ်တပိုင်း မူတည်ပါတယ်။
  • လိုအပ်တဲ့ အကျိုးသာရရှိပြီး ဘေးထွက်ဆိုးကျိုး မကြုံရအောင် ဆရာဝန်ဟာ ဂရုစိုက်ပေးပါလိမ့်မယ်။

 

 

ထပ်မဖြစ်အောင် ကာကွယ်ခြင်း။ နေ့စဉ်ဆေးသောက်ပြီး နှလုံးခုန်နှုန်းကို ထိန်းထားနိုင်ပါတယ်။

  • နှလုံးအလုပ်မလုပ်ခြင်းနဲ့ အဆို့ရှင်ပြသနာ ပြိုင်တူဖြစ်သလို ရောဂါတွေ အတူဖြစ်ခြင်းဟာ လေဖြတ်နိုင်ခြေကို မြင့်တက်စေပါတယ်။
  • နှလုံးခုန်မမှန်ခြင်းဟာ စွဲမြဲနေမယ်ဆိုရင် သွေးကျဲဆေးတွေ ပေးနိုင်ပါတယ်။ Wafarin ဟာ သွေးခဲခြင်းကို ကာကွယ်ပါတယ်။ Pradaxa (dabigatran), Eliquis (apixaban) နဲ့ Xarelto (rivaroxaban) စတဲ့ဆေးတွေဟာလည်း ကာကွယ်နိုင်ပါတယ်။
  • လေဖြတ်နိုင်ခြေရှိပြီး ၀ါဖရင်မသောက်နိုင်ရင် အက်စ်ပရင်သောက်နိုင်ပါတယ်။ သွေးယိုခြင်း၊ အစာအိမ်အနာဖြစ်ခြင်း စတဲ့ပြသနာတွေတော့ ရှိပါတယ်။ 

ဆေးဝါးများ

ရော၈ါ အမျိုးအစား၊ နောက်ခံအခြေအနေနဲ့ အလုံးစုံသော ကျန်းမာရေး အခြေအနေပေါ် မူတည်ပါတယ်။ ဆေးဝါး အမျိုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • စည်းချက်ပြသနာဆေးများ။ နှလုံးခုန်နှုန်းကို ပုံမှန်ပြန်ဖြစ်စေပြီး ပုံမမှန်ဖြစ်ချိန်မှာလည်း ဖြစ်တဲ့ ကြိမ်နှုန်းနဲ့ ကြာချိန်ကို လျှော့ချပေးပါတယ်။ ပြန်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ amiodarone, sotalol, ibutilide, propafenone, flecainide စတာတွေ ဖြစ်ပါတယ်။
  • Digoxin (Lanoxin)။ နှလုံးလျှပ်စီးကြောင်းကို ကောင်းမွန်စေပါတယ်။ နှလုံးခုန်နှုန်း ကျစေပါတယ်။
  • ဘီတာလမ်းကြောင်းပိတ်ဆေး။ လျှပ်စီကြောင်းနှေးစေပြီး နှလုံးခုန်နှုန်း ကျစေပါတယ်။ နှလုံးအပေါ်ခန်းရဲ့ စည်းချက်ကို မှန်စေပါတယ်။
  • ကယ်လ်ဆီယမ်လမ်းကြောင်းပိတ်ဆေး။ နှလုံးခုန်နှုန်းကို လျော့နည်းစေပါတယ်။
  • သွေးကျဲဆေး။ နှလုံးနဲ့ သွေးကြောတွေထဲမှာ မလိုအပ်ဘဲ သွေးခဲခြင်းကို ကျစေပါတယ်။

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက   နှလုံးခုန်မြန်ခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • ကျန်းမာရေးနဲ့ ညီညွတ်အောင်နေပါ။ ဒါဟာ နှလုံးရောဂါကို လျှော့ချဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ အဆီလျောပစားခြင်း၊ အသီးအရွက်များ၊ ဗီတာမင်ကြွယ်ဝသော အစာများစားခြင်း စတာတွေဖြစ်ပါတယ်။
  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်သူအနားလည်း မနေပါနဲ့။ ဆေးလိပ်သောက်ခြင်းဟာ နှလုံးရောဂါဖြစ်စေတဲ့ အကြောင်းထဲမှာ ၃ပုံ၁ပုံရှိပါတယ်။
  • ရင်တုန်စေတဲ့ နှလုံးရောဂါ ဖြစ်စေတဲ့ ကဖင်းနဲ့ တခြားအရာတွေ ရှောင်ပါ၊ လျှော့သောက်ပါ။
  • မလိုအပ်ဘဲ ဒေါသ၊ စိတ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း စတဲ့စိတ်ဖိစီးမှုတွေ အဖြစ်မခံပါနဲ့။ မရှေင်ြနိုင်တဲ့ အခြေအနေတွေမှာ ဘယ်လိုကိုင်တွယ်မလဲ ပြင်ဆင်ပါ။
  • ပုံမှန်ကျန်းမာရေး စစ်ဆေးပါ။
  • နှလုံးသွေးကြောမာခြင်း၊ အဆို့ရှင်ထိခိုက်ခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်း၊ ဆီးချို စတဲ့ နှလုံးရောဂါဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြသနာများ၇ှိရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 13, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ