Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကဘာလဲ။

Atrial fibrillation ဆိုတာ နှလုံးရဲ လျှပ်စစ်ပိုင်းစနစ်ချွတ်ယွင်းမှုကြောင့် arrhythimia လို့ခေါ်တဲ့ နှလုံးစီးချက်မမှန်ခြင်းရောဂါတစ်မျိုးဖြစ်ပါတယ်။

နှလုံးရဲ့ လျှပ်စစ်စနစ်မှ နှလုံးရဲ့ နှလုံးခုန်ခြင်း၏ စ်ီးချက်နှင့် အမြန် နှုန်းအတွက် signals တွေ ပို့ပေးရပါတယ်။ သင်မှာ atrial fibrillation ဖြစ်တဲ့ အခါ နှလုံးကြွက်သားတွေက ညှစ်နေရမယ့်အစား တွန့်နေပါတော့တယ်။

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) က ဘယ်လောက်အဖြစ်များသလဲ

Atrial fibrillation က အသက်ကြီးရွယ်အိုတွေ၊ နှလုံးရောဂါ အခံရှိသူများနှင့် အ၀လွန်သူတွေမှာ အဖြစ်များပါတယ်။

လက္ခဏာများ

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

atrial fibrillation ရဲ့ ဖြစ်နိုင်တဲ့ လက္ခဏာတွေက နှလံးခုန်မမှန်ခြင်းနှင့် မြန်ခြင်းပဲ ဖြစ်ပါတယ်။ တခြားရောဂါလက္ခဏာတွေကတော့

  • အသက်ရှူ ခက်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • သတိလစ်ခြင်း
  • ပင်ပန်းခြင်း သို့ လေ့ကျင့်ခန်းမလုပ်နိုင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်ဟာ နှလုံးခုန်မမှန်တာ သို့ တခြား AF ရဲ့ ရောဂါလက္ခဏာတွေ ခံစားလာရလျှင် ဆရာဝန်ဆီ အတတ်နိုင်ဆုံး မြန်မြန်သွား ပြပါ။

သင့်မှာ ရင်ဘတ်အောင့်ခြင်း သို့ လေဖြတ်တဲ့ လက္ခ္ခဏာတွေ ရှိလာလျှင် အရေးပေါ်ကုသမှု ခံယူပါ။

အကြောင်းရင်းများ

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကိုဘာတွေကဖြစ်စေသလဲ

ကျွန်တော်တို့ နှလုံးမှာ အခန်းကြီး လေးခန်းရှိပါတယ်၊ အပေါ်၂ ခန်းက atria နှင့် အောက်၂ ခန်းက ventricles ဆိုပြီး ဖြစ်ကြပါတယ်။ အခန်းတွေ အားလုံးက တိကျတဲ့ စည်းချက်တဲ့ အတိုင်းညှစ်မှ သွေးတွေ ပုံမှန် လှုပ်ရှားလည်ပတ်နိုင်ပါတယ်။

သင့်ရဲ့ နှလုံးမှာ နှလုံးကို ဘယ်အချိန်ခုန်ရမလဲဆိုတာကို ပြောပြတဲ့ ဆဲလ်တွေပါဝင်တဲ့ လျှပ်စစ်စနစ်တစ်ခု ပါဝင်ပါတယ်။ဒီဆဲလ်တွေကသာ မူမမှန်တော့ပဲ လျှပ်စစ်လှိုင်းတွေ ပိုထုတ်လာရင် နှလုံးက ခုန်တာ မမှန်နိုင်တော့ပါဘူး။

Fibrillating ဖြစ်နေတဲ့ atrium မှာ သေးပြီး၊ မူမမှန် မြန်ဆန်တဲ့ နှလုံးညှစ်ခြင်းတွေ ရှိပါတယ်။ atria ထဲက သွေးအကုန်လုံးတော့ ventricles ထဲ ညှစ်မထုတ်နိုင်ခြင်းကြောင့် သွေးတွေ အိုင်လာပါတယ်။အိုင်နေတဲ့ သွေးတွေက ခဲ၊ ခဲတဲ့သွေးတွေက သွေးစီးပတ်လမ်းထဲရောက်ပြီး လေဖြတ်ခြင်းဖြစ်စေပါတယ်။

Ventricles တွေက အလွန်ကြိုးစား ရုန်းကန်ပြီး ခန္ဒာကိုယ်ထဲ မှာ သွေးရောက်အောင် လုပ်ပေးရတဲ့အတွက် heart failure တွေပါဖြစ်လာနိုင်ပါတယ်။

အပေါ်က ဖြစ်စဉ်တွေထဲ မှာ အသက်ကြီးခြင်းက အဖြစ်စေဆုံးသောဖြစ်စဉ်ဖြစ်ပါတယ်။အခြားအရာတွေကတော့

  • နှလုံးဆိုင်ရာ ပြသနာများဖြစ်တဲ့ သွေးတိုးခြင်း၊ congestive heat failure နှင့် mitral stenosis များဖြစ်ခြင်း
  • အဆုတ်ရောဂါများရှိခြင်း
  • နာတာရှည်ရောဂါများ ဖြစ်တဲ့ ဆီးချိုသွေးချို၊ အ၀လွန်ရောဂါတွေ ရှိခြင်း
  • လိုတာထက် ပိုအလုပ်လုပ်နေသော thyroid ရှိခြင်း

အောက်ပါတို့ဟာ AF ကိုပိုဆိုးစေပါတယ်။

  • ကဖင်းဓာတ်
  • အရက်
  • ဆေးလိပ်
  • ကိုယ်အလေးချိန်လွန်ကဲခြင်း သို့ အဆီများတဲ့ အစာများစားခြင်း
  • သွေးတိုးခြင်းအား ကုသမှု မပြုပဲ ထားခြင်း
  • ကျန်းမာရေးနှင့် မညီတဲ့ နေထိုင်မှုမျိုးရှိခြင်း

ခန္ဒာကိုယ်ရဲ့ ရောဂါလက္ခဏာတွေ သို့ မူမမှန်တာတွေကို လစ်လျှူရှုထားခြင်း

Risk factors

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

atrial fibrillation ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်ကြီးခြင်း
  • နှလုံးရောဂါရှိခြင်း
  • သွေးတိုးခြင်း
  • အရက်အလွန်သောက်ခြင်း
  • အ၀လွန်ခြင်း
  • မိသားစု တွင် AF ရာဇ၀င်ရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ AF ကို အတည်ပြုနိုင်ရန် ECG လို့ခေါ်တဲ့ လျှပ်စစ်လှိုင်းတိုင်းခြင်းဖြင့် နှလုံး စည်းချက်ပုံစံကို ရှာဖွေကြည့်ရှူနိုင်ပါတယ်။ atria ရဲ့ လှူပ်ရှားမှုကို သိနိုင်ရန် နှလုံးလှုပ်ရှားပုံကို video အာထရာဆောင်း ရိုက်ပြီး စစ်ဆေးပေးတဲ့ echocardiogram ရိုက်နိုင်ပါတယ်။

သင့်ရဲ့ AF က ပေါ်လိုက်ပျောက်လိုက်ဖြစ်နေမယ်ဆိုလျှင် ဆရာဝန်က သင့်ရဲ့ နှလုံးခုန်နှုန်း စီးချက်ကို မှတ်သားပေးတဲ့ သယ်ဆောင်သွားလို့ရတဲ့ ကိရိယာ( holter monitor) တပ်ဖို့ မှာကြားပါလိမ့်မယ်။

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်က သင့်ရဲ့ AF ကို ကုသဖို့အတွက် ဖြစ်ပွားစေတဲ့ အရာကို အရင် အာရုံစိုက်ကုသပါလိမ့်မယ်။ ဥပမာ thyroid ရောဂါရှိလျှင် ၄င်းရောဂါကို အရင်ကုပါတယ်။ ကဖင်း သို့ အ၇က်ကြောင့် AF ဖြစ်တယ်ဆိုလျှင် ဆရာဝန်က ရှောင်ခိုင်းပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ ဆရာဝန်က သင့်ရဲ့ နှလုံးစီးချက်နှင့် fibrillation မတွက် ဆေးတွေ ပေးပါလိမ့်မယ်။ ၄င်းဆေးတွေကတော့ နှလုံးခုန်နှုန်းကို နှေးစေပြီး ပုံမှန်ပြန်ဖြစ်စေတဲ့ antiarrhythmic တွေပဲ ဖြစ်ပါတယ်။ တခါတရံ AF က သူ့ဖာသာ ရပ်သွားတတ်ပါတယ်။

ဆရာဝန်က သင်အား သွေးမခဲ အောင် သွေးကျဲဆေးတွေဖြစ်တဲ့ warfarin (eg Coumadin )ပေးနိုင်ပါတယ်။သို့သော် အညိုအမဲဆွဲ လွယ်ခြင်း နှင့် သွေးထွက်ခြင်း ဆိုးကျိုးတွေကြောင့် ၄င်းဆေးတွေကို ပုံမှန်အနီးကပ်စောင့်ကြည့်ပြီးမှ ပေးပါလိမ့်မယ်။

တခါတလေမှာ သင့်ရဲ့ မူမမှန်တဲ့ စီးချက်ကို ပုံမှန်ပြန်ဖြစ်စေအောင် ရှော့ရိုက်တဲ့ cardioversion လုပ်ရတာလဲ ရှိနိုင်ပါတယ်။ ဒီကုသနည်းမှာ နှလုံးအထူးကုက သင့်ရဲ့ နှလုံးမှာရှိတဲံ လျှပ်စစ်လှုပ်ရှားမှုတွေ အားလုံးခဏရပ်သွားစေအောင် ခဏတာ ရှော့ရိုက်လိုက်ခြင်းဖြင့် ပုံမှန်ပြန်ဖြစ်စေဖို့ မျှော်လင့်ရပါတယ်။

ရင်ဘတ်အောင့်ခြင်း၊ သွေးပေါင်ကျခြင်း congestive heart disease သို့ တခြားအန္တရာယ်များတဲ့ ရောဂါတွေ အတွက်ကတော့ အရေးပေါ် cardioversion လုပ်ဖို့လိုပါတယ်။ နှလုံးအထူးကုက အခန်းနှစ်ခန်းပါဝင်တဲ့ နှလုံးစက်ကို လဲတပ်နိုင်ပါတယ်။

သင့်နှလုံးရဲ့ AF ဖြစ်စေတဲ့ အပိုင်းကို ဖျက်ဆီးဖြစ်ဖို့အတွက် နှလုံးပိုက်ထည့်ခြင်း သို့ ခွဲစိပ်ကုသခြင်းတို့လည်း လုပ်ရလာနိုင်ပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက atrial fibrillation ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် atrial fibrillation ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• နှလုံးအတွက် ကောင်းတဲ့ အစားအစာတွေ စားပေးပါ။ ( အဆီ နှင့် ကိုလက်စထရောနည်းတဲ့ အစာများ)
ခန္ဒာကိုယ်အလေးချိန်ကို ထိန်းပါ။
• စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
• သင်ဟာ သင့်တော်တဲ့ ဆေးတွေသောက်နေရပြီး လက္ခဏာတွေလဲ မပြဘူးဆိုလျှင် လေ့ကျင့်ခန်းကို လုပ်နိုင်သလောက်လုပ်ပေးပါ။
• ဆရာဝန်ညွှန်တဲ့ အတိုင်းဆေးကိုသောက်ပါ။ သွေးတွင်းဆေးပမာဏကို စစ်ပါ။
• သင့်မှာ ရောဂါလက္ခဏာတွေ မသက်သာလျှင် သို့ လက္ခဏာအသစ်တွေ တိုးလာလျှင် (ခေါင်းမူးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်ကြပ်ခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူကြပ်ခြင်း) ဆရာဝန်ကို အကြောင်းကြားပါ။
• သွေးကျဲဆေးတွေ သောက်နေရလျှင် ဒဏ်ရာရနိုင်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ပါ။
• ဆေးလိပ်ဖြတ်ပါ။
• အရက်အလွန်သောက်ခြင်း သို့ ကဖင်းများခြင်းတွေကို ရှောင်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 12, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ