Atherosclerosis (သွေးကြောကျဉ်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Atherosclerosis (သွေးကြောကျဉ်းခြင်း) ကဘာလဲ။

သွေးကြောကျဉ်းခြင်းသည် သွေးလွှတ်ကြောများအတွင်း ချပ်ပြားများ စုပုံလာသော ရောဂါဖြစ်သည်။ သွေးလွှတ်ကြောများသည် အောက်စီဂျင်ပါသည့် သွေးများကို သယ်သော သွေးကြောများဖြစ်သည်။

ချပ်ပြားများကို အဆီများ၊ ကိုလက်စ်ထရောများ၊ ကယ်လ်စီယမ်နှင့် သွေးထဲတွင်တွေ့ရသော တခြားအရာများနှင့် ဖွဲ့စည်းထား၏။ အချိန်ကြာလာသည်နှင့် ချပ်ပြားများသည် မာကြောလာကာ သွေးလွှတ်ကြောများကို ကျဉ်းသွားစေသည်။ ထိုမှ အောက်စီဂျင်ပါသောသွေးများ ကိုယ်အင်္ဂါများနှင့် တခြားအစိတ်အပိုင်းများသို့ သွေးစီးဆီးမှုကို ဟန့်တားသွားစေနိုင်ပါသည်။

သွေးကြောကျဉ်းခြင်းသည် ပြင်းထန်သည့်ရောဂါများဖြစ်သော နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း တို့ကို ဖြစ်စေနိုင်သလို အသက်ပါသေစေနိုင်ပါသည်။

 

Atherosclerosis (သွေးကြောကျဉ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သွေးကြောကျဉ်းခြင်းသည် အသက်ကြီးခြင်းနှင့်ဆိုင်သည့် အတော်လေးအဖြစ်များသော ရောဂါဖြစ်သည်။ သင်အသက်ရလာသည်နှင့် သွေးကြောကျဉ်းခြင်းနိုင်ချေ ပိုများလာ၏။ မျိုးရိုးဗီဇနှင့် လူနေမှုပုံစံများသည့် အသက်ရလာသည်နှင့် သွေးလွှတ်ကြောများအတွင် ချပ်ပြားများစုပုံမှုကို ဖြစ်လာစေနိုင်သည်။

သက်လတ်ပိုင်း သို့ အိုမင်းလာသည်နှင့် လက္ခဏာများပြနိုင်လာလောက်အောင် ချပ်ပြားများ စုပုံနိုင်ပါသည်။ အမျိုးသားများတွင် အသက် ၄၅ ကျော်ပါက ဖြစ်နိုင်ချေ တိုးလာ၏။ အမျိုးသမီးများတွင် အသက် ၅၅ ကျော်မှ ဖြစ်နိုင်ချေ တိုးလာပါသည်။

သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Atherosclerosis (သွေးကြောကျဉ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးကြောကျဉ်းခြင်း  ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများသည် ချက်ချင်းပေါ်လာသည်မဟုတ်။ ဖြည်းဖြည်းချင်း ပေါ်လာခြင်းဖြစ်သည်။

သွေးလွှတ်ကြော အတော်ကျဉ်းမလာမချင်း သို့မဟုတ် ပိတ်မသွားမချင်း လုံလောက်သည့်သွေးပမာဏကို အင်္ဂါနှင့် တစ်ရှူးများအား မပို့ပေးနိုင်တော့မှသာ သွေးကြောကျဉ်းခြင်းလက္ခဏာများကို ခံစားရမည်ဖြစ်သည်။ တစ်ခါတစ်ရံ သွေးခဲများဖြစ်ပေါ်ပြီး သွေးစီးဆင်းမှုအား လုံးဝပိတ်သွားခြင်း သို့မဟုတ် ပြုတ်ထွက်ပြီး နှလုံးဖောက်ခြင်း သို့ လေဖြတ်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။

အလယ်အလတ်မှ ပြင်းထန်သော သွေးကြောကျဉ်းခြင်းသည် ဖြစ်နေသည့် သွေးကြောပေါ်တွင် မူတည်ပြီး အောက်ပါတို့ ဖြစ်ပွားနိုင်၏။

နှလုံးသွေးကြောကျဉ်းပါက ရင်ဘတ်အောင့်ခြင်း သို့ ဖိထားသလိုဖြစ်ခြင်းတို့လို လက္ခဏာများကို ခံစားရနိုင်သည်။

ဦးနှောက်သို့သွားသည့် သွေးကြောများ ကျဉ်းနေလျှင် ခြေလက်များ၌ ရုတ်တရတ် ထုံခြင်း သို့မဟုတ် အားနည်းခြင်း၊ စကားပြောရခက်ခြင်း သို့ စကားဝါးခြင်း၊ မျက်လုံးတစ်ဖက် ခဏတာအမှောင်ကျသွားခြင်း သို့မဟုတ် မျက်နှာကြွက်သာများ တွဲကျခြင်းတို့ ဖြစ်စေနိုင်ပါသည်။ ၎င်းတို့သည် ခဏတာဦးနှောက်သွေးမ၀ခြင်း(လေဖြန်းခြင်း) ဖြစ်ပြီး မကုသပဲထားပါက လေဖြတ်သွားနိုင်ပါသည်။

လက်များခြေများရှိ သွေးကြောများ ကျဉ်းပါက အစွန်အဖျားသွေးကြောရောဂါလက္ခဏာဖြစ်သည့် လမ်းလျှောက်လျှင် ခြေထောက်နာခြင်းမျိုး ဖြစ်နိုင်ပါသည်။

ကျောက်ကပ်သွေးကြောများကျဉ်းပါက သွေးတိုးခြင်း သို့မဟုတ် ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ခြင်းများ ဖြစ်စေနိုင်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောလျင်စွာ သိရှိကုသခြင်းသည် သွေးကြောကျဉ်းခြင်းအား မဆိုးအောင်၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနှင့် တခြားသော အရေးပေါ်အခြေအနေများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ဆရာဝန်နှင့် တတ်နိုင်သလောက်မြန်မြန် ဆွေးနွေးကာ ပြင်းထန်သည့်ရောဂါများကို ကာကွယ်ပါ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Atherosclerosis (သွေးကြောကျဉ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ချပ်ပြားများ စုပုံခြင်းနှင့် နောက်ဆက်တွဲ သွေးလွှတ်ကြောများ မာခြင်းတို့သည် သွေးစီးဆင်းမှုကို ဟန့်တားစေပြီး အင်္ဂါနှင့်တစ်ရှူးများ လုပ်ငန်းလုပ်နိုင်ရန် လုံလောက်သည့်အောက်စီဂျင် မရောက်ရှိနိုင်တော့ပါ။

အောက်ပါတို့သည့် သွေးလွှတ်ကြောမျာမာခြင်းကို ဖြစ်စေသည့် အဖြစ်များသောအကြောင်းရင်းများဖြစ်သည်။

ကိုလက်စ်ထရောများခြင်း

ကိုလက်စ်ထရောသည် ဖယောင်းဆန်သည့် အ၀ါရောင်ပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်အတွင်းနှင့် သင်စားသောအစာများတွင် သဘာဝအတိုင်း တွေ့နိုင်ပါသည်။ ထိုပစ္စည်းသည် သွေးထဲတွင်များနိုင်ပြီး သွေးကြောများကို ပိတ်ဆို့စေနိုင်၏။ ၎င်းမှ မာသောချပ်ပြားများဖြစ်လာပြီး နှလုံးနှင့်တခြားအင်္ဂါများကို သွားသော သွေးလှည့်ပတ်မှိုကို ပိတ်သွားစေနိုင်ပါသည်။

အဆီ

အဆီများသောအစာများသည် ချပ်ပြားများ ဖြစ်ပေါ်လာစေနိုင်ပါသည်။

အသက်ကြီးခြင်း

အသက်ကြီးလာသည်နှင့် နှလုံးနှင့်သွေးကြောများသည် သွေးပန့်ထုတ်ရန်နှင့်လက်ခံရန် ပိုခက်လာကြ၏။ သင်၏သွေးလွှတ်ကြောများသည် အားနည်းကာ ဆန့်နိုင်ကျုံ့နိုင်စွမ်းလည်း နည်းသွားပြီး ချပ်ပြားဖြစ်ပေါ်မှုကို ပိုဖြစ်စေနိုင်ပါသည်။

တခြားသောအဖြစ်များသည့် အကြောင်းရင်းများ –

ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးခြင်း

အင်ဆူလင်မတိုးခြင်းသော အ၀လွန်ခြင်း သို့ ဆီးချိုဖြစ်ခြင်း

အဆစ်ရောင်ခြင်း၊ လူးပတ်၊ ပိုးကူးစက်ခြင်း သို့မဟုတ် အကြောင်းရင်းမသိရသော ရောင်ရမ်းခြင်းများလို ရောဂါများ

ဖြစ်နိုင်ခြေများ

 Atherosclerosis (သွေးကြောကျဉ်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သွေးကြောကျဉ်းခြင်း  ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ တစ်ချို့သောအချက်များကို ကာကွယ်နိုင်သော်လည်း တစ်ချို့ကိုတော့ ကာကွယ်မရနိုင်ပါ။

မိသားစုမျိုးရိုးရှိခြင်း – သွေးကြောကျဉ်းခြင်းကို မိသားစုတွင်း မျိုးရိုက်လိုက်ပါက သင့်၌ သွေးလွှတ်ကြောမာနိုင်ချေ မြင့်နိုင်ပါသည်။ ဤရောဂါနှင့် တခြားသော နှလုံးပြဿနာတို့သည် မျိုးရိုးလိုက်တတ်၏။

သွေးတိုးခြင်း – သွေးတိုးသည် သွေးကြောများကို တစ်ချို့နေရာများတွင် အားနည်းသွားစေကာ ထိခိုက်စေနိုင်ပါသည်။ သွေးထဲမှ ကိုလက်စ်ထရောနှင့် တခြားအရာများသည် သွေးလွှတ်ကြောများ၏ ပျော့ပျောင်းနိုင်စွမ်းကို လျော့ချစေနိုင်၏။

တခြားသော အန္တရာယ်ရှိအချက်များ –

  • ကိုလက်စ်ထရောများခြင်း
  • ဆီးချို
  • အ၀လွန်ခြင်း
  • ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးခြင်း
  • ငယ်ရွယ်စဉ်ဖြစ်သောနှလုံးရောဂါမျိုးရိုးရှိခြင်း
  • လေ့ကျင့်ခန်းမလုပ်ခြင်း
  • ကျန်းမာရေနှင့်မညီသည်များ စားခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Atherosclerosis (သွေးကြောကျဉ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စမ်းသပ်ကြည့်ရှု့စဉ်တွင် ဆရာဝန်မှ ကျဉ်းသော၊ ကျယ်သော၊ မာသော အောက်ပါ သွေးလွှတ်ကြောလက္ခဏာများကို ရှာတွေ့နိုင်ပါသည်။

ကျဉ်းနေသောသွေးလွှတ်ကြောအောက်ဖက်တွင် သွေးခုန်နှုန်း ပျော့ပျော့သာစမ်းရခြင်း သို့မဟုတ် လုံးဝစမ်းမရခြင်း

ဖြစ်နေသည့်ခြေလက်တွင် သွေးဖိအားနည်းခြင်း

သွေးလျွှတ်ကြောပေါ်မှ နားကြပ်နှင့်နားထောင်လျှင် တ၀ူးဝူးမြည်နေခြင်း

စမ်းသပ်ကြည့်ရှု့မှုရလဒ်အပေါ်မူတည်ကာ ဆရာဝန်မှ ရောဂါအမည်တပ်နိုင်မည့်အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်ခိုင်းပါလိမ့်မည်။

သွေးစစ်ခြင်း

ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် သွေးကြောကျဉ်းခြင်းကို ဖြစ်စေနိုင်မည့် ကိုလက်စ်ထရောနှင့် သကြားဓာတ် မြင့်တက်နေခြင်းကို သိရှိနိုင်ပါသည်။ သွေးမစစ်ခင် ၉ မှ ၁၂ နာရီမတိုင်ခင်မှစ၍ ရေမှလွဲပြီး ဘာမှစားသောက်ရမည်မဟုတ်ပါ။

ဒေါ့ပလာအာထရာစောင်း

ဆရာဝန်မှ အထူးပြုလုပ်ထားသော အာထရာစောင်းစက်အားသုံးကာ လက်နှင့် ခြေတစ်လျှောက် သွေးဖိအားကို တိုင်းတာပါလိမ့်မည်။ ထိုသို့တိုင်းတာခြင်းဖြင့် ပိတ်မိနေခြင်း သွေးစီးဆင်းနှုန်း စသည်တို့ကို ဆရာဝန်မှ သိရှိနိုင်ပါသည်။

Ankle-brachial index

ခြေထောက်နှင့်လက်များတွင် သွေးကြောကျဉ်းခြင်းမှု ရှိနေကြောင်းကို ဒီစစ်ဆေးမှုမှ ပြောပြနိုင်ပါသည်။ ဆရာဝန်သည် သင့်ခြေကျင်းဝတ်မှ သွေးပေါင်းချိန်နှင့် လက်မောင်းသွေးပေါင်ချိန်ကို နှိုင်းယှဉ်ပါလိမ့်မည် ။ ၎င်းကို ankle-brachial index ဟုခေါ်သည်။

ပုံမှန်မဟုတ်ပဲ ကွာခြားမှုရှိနေလျှင် အစွန်အဖျားသွေးကြောရောဂါရှိကြောင်းပြဆိုပြီး ၎င်းသည် သွေးကြောကျဉ်းခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။

အီးစီဂျီ

အီးစီဂျီတွင် အရင်က နှလုံးဖောက်ဖူးကြောင့် တွေ့ရနိုင်သည်။ သင်လှုပ်ရှားနေစဉ် လက္ခဏာများ ပေါ်လာသည်ဆိုပါက ဆရာဝန်သည် သင့်အား လမ်းလျှောက်စက်တွင် လျှောက်ခိုင်းပြီး သို့မဟုတ် စက်ဘီးနင်းစက်တွင် နင်းခိုင်းပြီးမှ အီးစီဂျီနှင့် စစ်ဆေးမည်ဖြစ်သည်။

ဖိစီးမှုပေးပြီးစမ်းသပ်ခြင်း

ဖိစီးမှုပေးပြီးစမ်းသပ်ခြင်းသည် ကိုယ်လက်လှုပ်ရှားခိုင်းပြီး စစ်ဆေးကာ သင့်နှလုံးမှ ကိုယ်လက်လှုပ်ရှားမှုအား ဘယ်လောက်ကောင်းကောင်း တုန့်ပြန်သလဲဆိုသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လှုပ်ရှားလျှင် နှလုံးသည် သွေးပိုညှစ်ရပြီး ပိုမြန်မြန်ခုန်ရပါသည်။

ဖိစီးမှုပေးပြီးစမ်းသပ်ရာတွင် တခြားနည်းဖြင့် သတိမထားမိနိုင်သော နှလုံးပြဿနာများကို တွေ့ရှိရနိုင်ပါသည်။ ဖိစီးမှုပေးပြီးစစ်ဆေးခြင်းတွင် လမ်းလျှောက်စက်တွင် လမ်းလျှောက်နေစဉ် သို့မဟုတ် စက်ဘီးနင်းစက်တွင် နင်းနေစဉ် နှလုံးစည်းချက်၊ သွေးဖိအားနှင့် အသက်ရှူခြင်းတို့ကို စောင့်ကြည့်မည်ဖြစ်သည်။

Cardiac catheterization and angiogram

ဒီစစ်ဆေးမှုတွင် နှလုံးသွေးကြောများ ကျဉ်းမကျဉ်း ပိတ်မပိတ်ကို သိရှိနိုင်မည်ဖြစ်သည်။ ဆိုးဆေးအရည်အား သွေးလွှတ်ကြော အထူးသဖြင့် ခြေထောက်ရှိသွေးလွှတ်ကြောမှ ပြွန်ကိုထည့်ကာ နှလုံးရောက်သည်အထိ ထိုးပါမည်။ ဆိုးဆေးများ သွေးလွှတ်ကြော်များအတွင်းပျံ့သွားပါက ဓာတ်မှန်တွင် သွေးကြောများကိုမြင်လာနိုင်ပြီး ပိတ်နေသည့် ဧရိယာကို သိရှိနိုင်ပါသည်။

တခြားသောပုံရိပ်ဖော် စစ်ဆေးမှုများ

ဆရာဝန်သည် တီဗီဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန်များကိုသုံးပြီး သွေးကြောများကို လေ့လာနိုင်ပါသည်။ ထိုစစ်ဆေးမှုများသည် မာ၍ပိတ်နေသော သွေးကြောကြီးများ ဥပမာ အနူရက်စမ် (သွေးလွှတ်ကြောဖောင်းများ)နှင့် ကယ်လ်စီယမ် အနည်များကို သွေးလွှတ်ကြောနံရံများတွင် တွေ့နိုင်ပါသည်။

Atherosclerosis (သွေးကြောကျဉ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသရာတွင် သင့်လက်ရှိနေထိုင်မှုပုံစံကိုပြောင်းလဲရမည့် အဆီနှင့်ကိုလက်စ်ထရောစားခြင်းကို ကန့်သတ်ခြင်းများ ပြုလုပ်ရမည်။ သင့်ကျန်းမာရေးနှင့် သွေးကြောများ တိုးတက်ကောင်းမွန်စေရန် လေ့ကျင့်ခန်းလုပ်ရန်လည်း လိုမည်။ ကုသမှုအဖြစ် အောက်ပါဆေးများကိုလည်း လိုကောင်းလိုနိုင်ပါသည်။

ဆေးများ

ဆေးများသည် သွေးကြောကျဉ်းခြင်းပိုဆိုးမလာစေရန် အကူအညီပေးပါသည်။ ထိုဆေးများမှာ-

ကိုလက်စ်ထရောကျဆေးများဖြစ်သော စတက်တင်များနှင့် ဖိုက်ဘရစ်အက်စစ်ထွက်ဆေးများ၊ သွေးမွှားဥဆန့်ကျင်ဆေးများနှင့် သွေးမခဲဆေးများ ဥပမာ အက်စ်ပရင်တို့ကို သွေးမခဲစေရန် သွေးကြောများမပိတ်စို့စေရန် သုံးနိုင်ပါသည်။

ဘီတာဘလော့ကာ သို့မဟုတ် ကယ်လ်စီယမ်ပြွန်ပိတ်ဆေးများက သွေးဖိအားကို ကျစေနိုင်သည်။

ဆီးဆေး သို့ ရေဆေးတောင့်များသည်လည်း သွေးဖိအားကို ကျစေပါသည်။

အန်ဂျီရိုတန်ဆင်ပြောင်းလဲပေးသော အင်းဇိုင်းအား တားသည့်ဆေးများ (ACEI) သွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

ခွဲစိတ်ခြင်း

တစ်ချို့ဖြစ်ရပ်များတွင် လက္ခဏာများအတော်ဆိုးခြင်း သို့မဟုတ် ကြွက်သားနှင့် အရေပြားတစ်ရှူးများ အန္တရာယ်ရှိလာခြင်းဆိုပါက ခွဲစိတ်ရန်လိုအပ်ပါသည်။

သွေးကြောကျဉ်းခြင်းအတွက် ခွဲစိတ်မှုပုံစံများမှာ-

လမ်းလွှဲသောခွဲစိတ်ခြင်း ၎င်းတွင် ခန္ဓာကိုယ် တစ်နေရာမှသွေးကြော သို့မဟုတ် လူလုပ်ပြွန်နှင့် ပိတ်နေ ကျဉ်းနေသည့်နေရာကို လမ်းလွှဲပေးရန် အသုံးပြုပါသည်။

သွေးခဲကြေဆေးကုထုံး – ၎င်းတွင် ဖြစ်နေသည့် သွေးလွှတ်ကြောဆီသို့ ဆေးထိုးပြီး သွေးခဲကို ချေခြင်းဖြစ်သည်။

Angioplasty – ၎င်းတွင် ပါးလွှာပျော့ပြောင်းသော ပြွန်နှင့် ဘောလုံးကိုသုံးကာ သွေးလွှတ်ကြောကို ချဲ့မည်ဖြစ်သည်။

Endarterectomy – ၎င်းတွင် သွေးလွှတ်ကြောမှ အဆီအနည်များကို ခွဲစိတ်ဖယ်ရှာခြင်းဖြစ်သည်။

Atherectomy – ၎င်းတွင် သွေးလွှတ်ကြောမှ ချပ်ပြားများအား ထိပ်တွင်ဓားပါသောပြွန်ကိုသုံးကာ ဖယ်ရှားခြင်းဖြစ်သည်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွေးကြောကျဉ်းခြင်း  ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် သွေးကြောကျဉ်းခြင်း  ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

အဆီးများသည်များရှောင်ပါ

တစ်ပတ်လျှင်နှစ်ကြိမ် ငါးစားပါ

ဆေးလိပ်သောက်ပါက ဖြတ်ပါ

အ၀လွန်နေလျှင် ကိုယ်အလေးချိန်များနေလျှင် ၀ိတ်လျော့ပါ

စိတ်ဖိစီးမှုများကို စီမံပါ

သွေးကြောကျဉ်းခြင်းနှင့်တွဲသော သွေးတိုး၊ ကိုလက်စ်ထရောမြင့်ခြင်းနှင့် ဆီးချိုကို ကုသပါ

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 6, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 6, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ