backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ascariasis (သန်ထိုးခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ascariasis (သန်ထိုးခြင်း) ကဘာလဲ။

သန်ထိုးခြင်း (သို့) အူထဲမှာသန်ကောင်ဖြစ်ခြင်းဆိုတာ ကမ္ဘာပေါ်မှာ တကိုယ်ရေသန့်ရှင်းရေး အားနည်းတဲ့ သမပိုင်းဇုန်ရော အပူပိုင်းဇုန်မှာပါ ဖြစ်ပွားတဲ့ ရောဂါတခုဖြစ်ပါတယ်။ အဲဒီဒေသမှာ လူတိုင်းဟာ ရောဂါဖြစ်စေတဲ့ ကပ်ပါးပိုးတွေအတွက် နေရာကောင်းတခုဖြစ်နေပါတယ်။

Ascariasis (သန်ထိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

တွေ့များပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Ascariasis (သန်ထိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အများစုမှာတော့ လက္ခဏာမပြပါဘူး။ အတော်အသင့်ကနေ ဆိုးရွားတဲ့အဆင့်မှာတော့ လက္ခဏာမျိုးစုံပြနိုင်ပါတယ်။ ဘယ်နေရာကို ပိုးဝင်တာလဲဆိုတာပေါ် မူတည်ပါတယ်။

အဆုတ်

သေးငယ်လှတဲ့ သန်ဥလေးတွေ ပါးစပ်ကနေ ဝင်ရောက်သွားပြီးချိန်မှာ အူထဲမှာအကောင်ပေါက်ပါတယ်။

သားလောင်းတွေဟာ သွေးကြော၊ ပြန်ရေကြောကတဆင့် အဆုတ်ထဲကို ရောက်သွားနိုင်ပါတယ်။ အဲဒီအချိန်မှာ ရင်ကျပ်ခြင်း၊ အဆုတ်ရောင်ခြင်းနဲ့တူတဲ့

  • ချောင်းဆိုးကြာရှည်ခြင်း
  • အသက်ရှူခက်ခြင်း
  • အသက်ရှူစဉ် အသံမြည်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အဆုတ်ထဲမှာ ၆-၁၀ရက်လောက်နေအပြီးမှာ လည်ချောင်းထဲကို ရောက်သွားနိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ အပေါ်ကိုတက်လာပြီး ျဗိုက်ထဲကို မျိုချမိနိုင်ပါတယ်။

အူလမ်းကြောင်း

သန်ကောင်သားလောင်းတွေဟာ အူသိမ်ထဲမှာ ကြီးပြင်းလာပါတယ်။ များသောအားဖြင့် အူထဲမှပြဲ သေတဲ့အထိ နေထိုင်သွားကြပါတယ်။ အတော်အတန်ကနေ ဆိုးရွားတဲ့ အဆင့်အထိ အူလမ်းကြောင်းကူးစက်မှုတွေမှာ

  • ဝမ်းဗိုက်အောင့်ခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း၊ သွေးဝမ်းသွားခြင်း စတာတွေ တွေ့ရတတ်ပါတယ်။

အူထဲမှာ သန်ကောင်အများအပြားရှိရင်

  • ဆိုးရွားတဲ့ ဝမ်းဗိုက်အောင့်ခြင်း
  • မောပန်းခြင်း
  • အန်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်ခြင်း
  • အန်ဖတ်ထဲ၊ ဝမ်းသွားသည့်အထဲတွင် သန်ကောင်ပါခြင်း စတာတွေ တွေ့ရနိုင်ပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။

  • အဆက်မပြတ်ဗိုက်အောင့်ခြင်း
  • ဝန်းလျှောခြင်း
  • ပျို့အန်ခြင်း

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Ascariasis (သန်ထိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တယောက်ကနေ တယောက် တိုက်ရိုက်မကူးစက်ပါဘူး။ လူတယောက်ဟာ သန်ဥပါတဲ့ လူ့မစင်နဲ့ရောနေတဲ့ မြေကြီးကို ကိုင်မိရင်၊ ရေကိုသောက်မိရင် ဖြစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူ့မစင်ကို မြေသြဇာအနေနဲ့ အသုံးပြုခြင်း၊ သန့်ရှင်းမှုအားနည်းတဲ့ နေရာတွေက အညစ်အကြေးတွေကို လူအများနေတဲ့ ခြံ၊ ကွင်းပြင်မှာ စွန့်ပစ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။

ညစ်ပေစွာ ဆော့ကစားတတ်တဲ့ ကလေးငယ်တွေမှာ သူတို့ရဲ့ ညစ်ပေနေတဲ့ လက်တွေကတဆင့် ပါးစပ်ထဲကို ဝင်ရောက်ကူးစက်နိုင်ပါတယ်။ ပိုးပါတဲ့မြေမှာစိုက်ပျိုးထားပြီး ရေမဆေးထားတဲ့ အသီးအရွက်တွေဟာလည်း သန်ဥကို ပြန့်ပွားစေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

၏Ascariasis (သန်ထိုးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • အသ်ကအရွယ်။ သန်ရှိသူအများစုဟာ အသက်၁၀နှစ်နဲ့အောက် ကလေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ ညစ်ပေစွာ ဆော့ကစားတတ်လို့ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။
  • ပူနွေးသောရာသီဥတု။ အမေရိကန်မှာဆိုရင် အရှေ့တောင်ပိုင်းမှာ ပိုအဖြစ်များပါတယ်။ တနှစ်ပတ်လုံး ပူနွေးတဲ့ရာသီဥတုနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးအဖြစ်များပါတယ်။
  • သန့်ရှင်းမှုအားနည်းခြင်း။ လူ့မစင်တွေကို မြေသြဇာအနေနဲ့သုံးတတ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ascariasis (သန်ထိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆိုးရွားတဲ့ သန်ထိုးခြင်းမှာ ချောင်းဆိုးရင် အန်ရင် ချောင်းဆိုးရင် သန်ကောင်တွေပါလာတတ်ပါတယ်။ ပါးစပ်၊ နှာခေါင်း စတာတွေကနေ ထွက်လာတတ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သန်ကောင်ကို ဆရာဝန်ဆီယူသွားပြပြီး လိုအပ်တဲ့ကုသမှုကို ခံယူနိုင်ပါတယ်။

ဝမ်းစစ်ဆေးခြင်း

အရာယ်ရောက်ပြီး သန်ကောင်အမတွေဟာ အူထဲမှာ ဥဥချပါတယ်။ ဒီဥတွေဟာ အစာခြေလမ်းကြောင်းတလျှောက် ရောက်သွားပြီး ဝမ်းထဲမှာလည်း တွေ့နိုင်ပါတယ်။

သန်ထိုးခြင်းကို စစ်ဆေးနိုင်ဖို့ မစင်မှာ သန်ကောင်ဥနဲ့ သန်ကောင်သားလောင်းတွေ ပါသလား စစ်ဆေးပါလိမ့်မယ်။ ဒါပေမယ့် ကူးစက်အပြီး ရက်ပေါင်း ၄၀အတွင်း သန်ဥတွေကို မတွေ့နိုင်ပါဘူး။ သန်ကောင်အထီးတွေပဲ ကူးစက်ရင်လည်း ဥမတွေ့နိုင်ပါဘူး။

သွေးစစ်ခြင်း

သွေးထဲမှာ eosinophil လို့ခေါ်တဲ့ သွေးဖြူဥပမာဏ တက်မတက် စစ်ဆေးပါလိမ့်မယ်။ သန်ရှိရင် တက်နိုင်ပါတယ်။ ဒါပေမယ့် တခြားကျန်းမာရေးပြသနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ပုံရိပ်ဖော်စစ်ဆေးခြင်း

ဓါတ်မှန်။ သန်ကောင်ပမာဏများရင် ဝမ်းဗိုက်ဓါတ်မှန်မှာ တွေ့နိုင်ပါတယ်။ တခါတရံ ရင်ဘတ်ဓါတ်မှန်မှာ အဆုတ်ထဲ သန်ကောင်သားလောင်းတွေ တေ့ွနိုင်ပါတယ်။

အာထရာဆောင်း။ ပခရိယ၊ အသည်း စတာတွေမှာ သန်ကောင်ရှိရင် တွေ့နိုင်ပါတယ်။ ဒီနည်းပညာမှာ အသံလှိုင်းသုံးပြီး ကိုယ်တွင်းအင်္ဂါတွေကို ပုံရိပ်ဖော်ကြည့်ခြင်း ဖြစ်ပါတယ်။

CT၊ MRI ရိုက်ခြင်း။ ၂မျိုးစလုံးဟာ ကိုယ်တွင်းအင်္ဂါတွေရဲ့ ပုံရိပ်ကိုအသေးစိတ်မြင်နိုင်ပါတယ်။ သန်တွေရှိရင်၊ လမ်းကြောင်းပိတ်နေရင် တွေ့နိုင်ပါတယ်။ CT ဟာ ရှုထောင့်ပေါင်းစုံက ဓါတ်မှန်တွေကို စုပေါင်းထားခြင်းဖြစ်ပြီး MRI ကတော့ ရေဒီယိုလှိုင်းနဲ့ အင်အားကောင်းတဲ့ သံလိုက်စက်ကွင်းကို အသုံးပြုပါတယ်။

Ascariasis (သန်ထိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

အဓိကကတော့ လက္ခဏာတွေ ဖြစ်စေတဲ့ ရောဂါပိုးဝင်ခြင်းကို ကုသခြင်းပါပဲ။ တခါတရံမှာ သူ့ဖာသာလည်း ပျောက်သွားတတ်ပါတယ်။

ဆေးဝါးကုသခြင်း

ကပ်ပါးပိုးဆေးဝါးများဟာ အဓိက ကုသတဲ့ဆေးဝါးများ ဖြစ်ပါတယ်။ အောက်ပါဆေးတွေဟာ အသုံးပြုအများဆုံး ဆေးဝါးတွေ ဖြစ်ပါတယ်။

  • Albendazole (Albenza)
  • Ivermectin (Stromectol)
  • Mebendazole
  • ဒီဆေးတွေဟာ တရက်ကနေ ၃ရက်အထိ သောက်ရပြီး ကြီးပြင်းလာတဲ့ သန်ကောင်တွေကို သေစေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း ဖြစ်နိုင်ပါတယ်။

    ခွဲစိတ်ခြင်း

    ဆိုးဆိုးရွားရွား သန်ထနေရင် ခွဲစိတ်ပြီး သန်ကောင်တွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။ အူပိတ်ခြင်း၊ ပေါက်ခြင်း၊ သည်းခြေလမ်းကြောင်းပိတ်ခြင်း၊ အူအတက်ရောင်ခြင်း စတာတွေဟာ သန်ထခြင်းရဲ့ နောက်ဆက်တွဲပြသနာတွေ ဖြစ်ပြီး ခွဲစိတ်မှုလိုအပ်ပါတယ်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက သန်ထိုးခြင်း အတွက် အထောက်အကူ ပြုသလဲ

    အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

    • တကိုယ်ရေသန့်ရှင်းမှုကျင့်သုံးခြင်း။ အစားအစာများ မကိုင်မီ လက်ကို ဆပ်ပြာနဲ့ရေနဲ့ စင်ကြယ်အောင် ဆေးကြောပါ။ လတ်ဆတ်တဲ့ အသီးအနှံျတွကိုလည်း ရေနဲ့သေချာဆေးပါ။
    • ခရီးသွားလျှင် သတိပြုရန်။ ရေသန့်ဘူးသာ သောက်ပါ။ သင်ကိုယ်တိုင် မဆေးနိုင်ရင် အသီးအရွက်တွေကို အစိမ်းမစားပါနဲ့။ ချက်ပြုပြီးသား ပူနွေးသော အစားအစာများသာ စားပါ။

    သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement