backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thant Zin မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) ကဘာလဲ။

ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်းဆိုတာ ကျောက်ဂွမ်းများရှူမိရာကနေ အဆုတ်မှာ အနာနဲ့အမာရွတ်များ ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ ကျောက်ဂွမ်းဆိုတာ စက်ရုံလုပ်ငန်းများမှာသုံးတဲ့ အပူဒဏ်ခံရအောင်သုံးတဲ့ သဘာဝဖိုက်ဘာများ ဖြစ်ပါတယ်။

ကျောက်ဂွမ်းနဲ့ဆက်စပ်နေတဲ့ ရောဂါများဟာ ကျောက်ဂွမ်းနဲ့ထိတွေ့ခြင်းကို ရှောင်ရှားရင် ကာကွယ်နိုင်ပါတယ်။

ကျောက်ဂွမ်းဟာ အဆုတ်နဲ့ အဆုတ်အကာမြှေးကို ရောဂါဖြစ်စေပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။

Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဘေးကင်းစေဖို့ လမ်းညွှန်ချက်တွေကို လိုက်နာရင် ဖြစ်ပွားတာရှားပါတယ်။

လက္ခဏာများ

Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကျောက်ဂွမ်းမှုန်ကိုရှူရာကနေ အဆုတ်မှာ အနာဖြစ်တာကြောင့် သေးငယ်ပြီး တောင့်တင်းသွားတဲ့ အဆုတ်တွေကြောင့် အသက်ရှူရခက်စေပါတယ်။

ကြာရှည်ချောင်းဆိုးပြီး သလိပ်ပါထွက်စေပါတယ်။

အဆုတ်အကာမြှေးတွေမှာ အဖတ်တွေဖြစ်လာခြင်းဟာ လက္ခဏာမပြပေမယ့် ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။

အဆုတ်အကာမြှေးနဲ့ အဆုတ်ကြားထဲ အရည်စုခြင်း ဖြစ်နိုင်ပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကျောက်ဂွမ်းနဲ့ထိတွေ့ဖူးရင် အသက်ရှူခက်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကျောက်ဂွမ်းနဲ့ထိတွေ့မှုဟာ လုပ်ငန်းခွင်မှာ ဖြစ်ပေါ်ပါတယ်။ မိုင်းတွင်းများ၊ စက်ရုံများ၊ ကျောက်ဂွမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာ လုပ်ကိုင်သူများဟာ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ ကျောက်ဂွမ်းပါတဲ့ ပစ္စည်းတွေကို ထိတွေ့လုပ်ကိုင်နေရတဲ့ ကားဝ်ရှော့၊ ဆောက်လုပ်ရေးလုပ်သားများ၊ ဆေးသုတ်သူများ၊ လက်သမားများ၊ ကျောက်ဂွမ်းစက်ရုံနား နေထိုင်သူများဟာလည်း ဖြစ်ပွားနိုင်ခြေ များပါတယ်။

ဘယ်အရာတွေက ပိုဆိုးစေလဲ

  • အသက်ရှူလမ်းကြောင်းရောဂါရှိသူများ အနားသွားခြင်း
  • အဆုတ်ကိုဒုက္ခပေးသည့် မီးခိုးများ၊ အေးမြစိုစွတ်လွန်းသော လေကို ရှူရှိုက်သူများ
  • ဆေးလိပ်သောက်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကျောက်ဂွမ်းနဲ့ထိတွေ့လုပ်ကိုင်နေရတဲ့ မိုင်းတွင်း၊ စက်ရုံ စတဲ့နေရာတွေမှာ ၁၉၇၀ကျော်ကာလတွေမှာ လုပ်ကိုင်နေသူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ နမူနာအားဖြင့် အေက်ပါအတိုင်း ဖြစ်ပါတယ်။

  • ကျောက်ဂွမ်းမိုင်းတွင်းလုပ်သားများ
  • လေယာဉ်၊ ကားပြင်လုပ်သားများ
  • ဆောက်လုပ်ရေးလုပ်သားများ
  • အဆောက်အဦးဟောင်းများမှ ကျောက်ဂွမ်း အကာအကွယ်များကို ဖယ်ရှားရသော လုပ်သားများ
  • လျှပ်စစ်ကျွမ်းကျင်သူများ
  • သင်္ဘောကျင်းလုပ်သားများ
  • ဘွိုင်လာလုပ်သားများ
  • မီးရထားလမ်းလုပ်သားများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါလက္ခဏာတွေနဲ့ ကျောက်ဂွမ်းထိတွေ့မှုပေါ် မူတည်ပြီး အဆုတ်စစ်ဆေးခြင်း၊ ရင်ဘတ်ဓတ်မှန် ရိုက်ခြင်းတွေ ပါဝင်ပါတယ်။

Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုမှာ အကန့်အသတ်ရှိပါတယ်။ အဆုတ်ရဲ့ အမာရွတ်တွေကို ပျောက်ကင်းအောင် မကုသနိုင်ဘူး။ ဆိုးရွားတဲ့ရောဂါအခြေအနေမှာ အဆုတ်အစားထိုးခြင်း ပြုလုပ်ရပါတယ်။ အသက်ရှူရခက်ခြင်းအတွက် အောက်ဆီဂျင်ပေးပါတယ်။ ရှူဆေးများလည်း ရှိပါတယ်။ ကျောက်ဂွမ်းနဲ့ နောက်ထပ်ထိတွေ့မှုမဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။ ဘယ်အတိုင်းအတာနဲ့ ထိတွေ့ခြင်းဟာ ဘေးကင်းစိတ်ချရတယ်ဆိုတာ မသိရပါဘူး။ အဆုတ်အမြှေးပါးမှ အမာရွတ်များအတွက်လည်း ကုသမှု မရှိပါဘူး။ အဆုတ်ကင်ဆာအတွက် ရောဂါသက်သာမှုနှုန်းဟာလည်း သိပ်မရှိပါဘူး။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • နောက်ပိုင်းကာလတွင် ကျောက်ဂွမ်းထိတွေ့မှုကို ရှောင်ရှားခြင်း
  • ကျောက်ဂွမ်းနဲ့ လုပ်ကိုင်ရာမှာ အကာအကွယ်ဝတ်ဆင်ပြီး ဘေးကင်းစေမည့် နည်းလမ်းများကို လိုက်နာခြင်း
  • နှစ်စဉ်တုတ်ကွေး ကာကွယ်ဆေးများ၊ အဆုတ်ရောဂါကာကွယ်ဆေးများ ထိုးခြင်း
  • လေ့ကျင့်ခန်းလုပ်ပြီး အဆုတ်ကျန်းမာရေးကောင်းစေခြင်း
  • ကျန်းမာရေးနှင့် ညီညွတ်သော အစာများစားခြင်း
  • သလိပ်တွင် အဝါ၊ အစိမ်းစသည့်အရောင်များ ပါဝင်ကာ ချောင်းပိုဆိုးလာလျှင်၊ အသက်ရှူကြပ် ဖျားနာလျှင် ဆရာဝန်ပြသခြင်း

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thant Zin မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement