Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ကဘာလဲ။

Phospholipid ဆန့်ကျင်သော ခုခံပစ္စည်း ရောဂါလက္ခဏာစုဟာ ကိုယ်ခံအားစနစ်ရဲ့ မှားယွင်းမှုတခုဖြစ်ပြီး  ခန္ဓာကိုယ်ထဲက ပုံမှန်ပရိုတိန်းကို တိုက်ခိုက်နေခြင်းပဲ ဖြစ်ပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တေါကိုလည်း ကလေးပျက်ခြင်း၊ ကလေးကအသေမွေးခြင်း စတဲ့ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ခြေထောက်ရဲ့ သွေးပြန်ကြောတွေဟာ သွေးခဲတွေ ဖြစ်ပေါ်အမှုအများဆုံး နေရာဖြစ်ပါတယ်။ သွေးခဲဟာ သွေးလွှတ်ကြောထဲမှာလည်း ဖြစ်ပေါ်စေပါတယ်။ တခြား ဘယ်အင်္ဂါအစိတ်အပိုင်းမှာမဆို ဖြစ်ပေါ်နိုင်ပြီး အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်၊ နှလုံးနဲ့ အရေပြားတွေကို ထိခိုက်စေနိုင်ပါတယ်။

APS ရောဂါနှစ်မျိုးရှိပြီး မူလAPSနဲ့ ဒုတိယAPS ဆိုပြီး ဖြစ်ပါတယ်။ မူလAPS ဟာ တခြား ဆက်စပ်တဲ့ အခြေအနေတွေ မရှိပါဘူး။ ဒုတိယပုံစံကတော့ တခြား ကိုယ်ခံအားပြသနာ ဥပမာ lupus၊ ပိုးဝင်ခြင်း၊ ဆေးဝါးများ သုံးစွဲခြင်း (chlopromazine၊ procainamide ကဲ့သို့)တို့ ဖြစ်ပါတယ်။

Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) က ဘယ်လောက်အဖြစ်များသလဲ

တွေ့ရနည်းပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ခြေထောက်ထဲတွင် သွေးခဲခြင်း (အတွင်းပိုင်းကျသော သွေးကြောများတွင် သွေးခဲပိတ်ဆို့ခြင်း) ဖြစ်ပြီး အဆုတ်သို့ ရောက်သွားနိုင်ခြင်း
  • မကြာခဏ ကလေးပျက်ကျခြင်း၊ ကလေးအသေ မွေးခြင်း၊ ကိုယ်ဝန်နှင့် ဆက်စပ်နေသော အခြား နောက်ဆက်တွဲပြသနာများ ဥပမာ လမစေ့မီ မွေးဖွားခြင်း၊ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း
  • လေဖြတ်ခြင်း
  • လက်၊ ခြေထောက်သွေးကြောများတွင် သွေးခဲခြင်း

အခြားတွေ့ရနည်းတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အာရုံကြောလက္ခဏာများ။ သွေးခဲဟာ ဥိးနှောက်ကို ရောက်သွားရင် နာတာရှည်ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ မေ့တတ်ခြင်း၊ တက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
  • နှလုံးသွေးကြောဆိုင်ရာ လက္ခဏာများ
  • အဖုအပိန့်ထွက်ခြင်း
  • သွေးထွက်ခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

 

အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။

  • လက်၊ ခြေထောက်တွင် နာကျင်ရောင်ရမ်းခြင်း
  • ကိုယ်ဝန်ဆောင်ကာလ မိန်းမကိုယ်တွင် အစက်အပြောက်များပေါ်ခြင်း၊ သွေးထွက်ခြင်း
  • လေဖြတ်ခြင်းနှင့် အဆုတ်လမ်းကြောင်းဆို့ခြင်း၏ လက္ခဏာများ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ကိုဘာတွေကဖြစ်စေသလဲ

  • ရောဂါပိုးဝင်ခြင်း။ ကာလသား၊ HIV ပိုးဝင်ခြင်း၊ အသည်းရောင်စီပိုးနှင့် မွှားကိုက်၍ ပိုးဝင်ကာ အဆစ်အမြစ်ရောင်ရမ်းခြင်း စတာတွေဟာ phospholipid ဆန့်ကျင်စေတဲ့ ခုခံပစ္စည်းတွေကို ပိုမိုဖြစ်ပေါ်နိုင်စေပါတယ်။
  • ဆေးဝါးကုသခြင်း။ သွေးကျဆေး hydralazine နှလုံးခုန်မှန်ဆေး quinidine အတက်ကျဆေး phenytoin စတာတွေဟာ phospholipid ဆန့်ကျင်တဲ့ ခုခံပစ္စည်းတွေကို မြင့်တက်စေပါတယ်။
  • မျိုးရိုးဗီဇအရ ဖြစ်နိုင်ခြေရှိခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • မိမိကိုယ်ခံအားက မိမိကို ပြန်လည်တိုက်ခိုက် တတ်သော အခြေအနေရှိခြင်း
  • ကာလသား၊ အေအိုင်ဒီအက်စ်၊ အသည်းရောင်စီပိုး၊ မွှားကိုက်၍ဖြစ်သော အဆစ်အမြစ်ရောင်ခြင်းစသည့် ရောဂါပိုးများဝင်ရောက်ခြင်း
  • သွေးကျဆေး hydralazine နှလုံးခုန်မှန်ဆေး quinidine အတက်ကျဆေး phenytoin ပဋိဇီဝဆေး amoxicillin စသည်တို့ သောက်သုံးနေရခြင်း
  • မိသားစုဝင်ထဲတွင် APS ဖြစ်ဖူးခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • အချိန်ကြာကြာ မလှုပ်ရှားဘဲနေခြင်း (အိပ်ရာပေါ် လှဲနေရခြင်း၊ အချိန်ကြာကြာ လေယာဉ်စီး၍ ထိုင်နေရခြင်း)
  • ခွဲစိတ်မှုခံယူခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ကိုယ်ဝန်တားဆေးသောက်ခြင်း
  • ကိုလက်စထရောနှင့် triglyceride ပမာဏတက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ကို ဘယ်လိုအတည်ပြုပါသလဲ

  • APSဟာ အကြောင်းအရင်းတခုမဟုတ်ပေမယ့် လက္ခဏာတွေ အများကြီး ပေါ်နိုင်ပါတယ်။
  • အောက်ပါအခြေအနေတွေမှာ APSနဲ့ ပတ်သက်တဲ့ ခုခံပစ္စည်းတွေကို စစ်ဆေးပါလိမ့်မယ်။
  • သိသာသော အကြောင်းအရင်းမရှိဘဲ သွေးခဲခြင်း ကလေးပျက်ကျခြင်း၊
  • ငယ်ရွယ်သူများတွင် နှလုံးရောဂါရခြင်း၊ လေဖြတ်ခြင်း
  • APS အတွက် သွေးစစ်ခြင်းဟာ သွေးထဲမှာ အောက်ပါ ခုခံပစ္စည်း၃မျိုးထဲက အနည်းဆုံးတမျိုးကို ရှာဖွေပါတယ်။
  • Lupus သွေးကျဲပစ္စည်း
  • Cardiolipin ဆန့်ကျင်ပစ္စည်း

Beta-2 glycoprotein I

Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ကို ဘယ်လိုကုသပါသလဲ

သွေးခဲပိတ်ဆို့ခြင်းဖြစ်ရင် သွေးကျဲဆေးပေးပြီး ပေါင်းစပ်ကုသခြင်း ဥပမာ heparin၊ warfarin၊ asprin ဟာ စံပြုထားတဲ့ ကုသခြင်း ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကုသခြင်း

သွေးကျဲကုသခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ပိုရှုပ်ထွေးပါတယ်။ အကုန်အကျများပြီး ပုံမှန် အချိန်အတိုင်း ဆေးထိုးပေးရပါတယ်။  ဘေးထွက်ဆိုးကျိုး တချို့လည်း ရှိပါတယ်။

  • Heparin။ enoxaparin (Lovenox) and dalteparin (Fragmin) စတာတွေဟာ မော်လီကျူးအလေးချိန် နည်းတဲ့ heparin ဖြစ်ပြီး အရေပြားထဲကို မိမိဖာသာ ထိုးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဘေးကင်းတယ်လို့ သတ်မှတ်ထားပါတယ်။
  • Asprin။ ကိုယ်ဝန်ဆောင်စဉ်မှာ heparin အပြင် asprin ကိုလည်း နေ့စဉ်တလုံးသောက်ဖို့ ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။

စမ်းသပ်မှုဖြင့် ကုသခြင်းများ

  • Statin။ ကိုလက်စထရောကျစေဖို့ ပေးတတ်ပါတယ်။ APS ရောဂါမှာ သွေးခဲခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

သွေးကျဲဆေးအသစ်များ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက   Phospholipid ဆန့်ကျင်သော ခုခံပစ္စည်း ရောဂါလက္ခဏာစု အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

APS ကို ကုကွယ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ဗိုင်းရပ်စ်ကာကွယ်ဆေး (တုတ်ကွေးအပါအ၀င်) ထိုးခြင်းဟာ ဗိုင်းရပစ်ပိုးဝင်ခြင်းကြောင့် APS ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကလည်း သွေးခဲခြင်းကို ကျဆင်းနိုင်ခြေ ရှိပါတယ်။

သွေးခဲနိုင်ခြေ လျော့ကျစေဖို့

  • ဆေးလိပ်ဖြတ်ပါ
  • ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ
  • သွေးခဲနိုင်ခြေရှိတဲ့၊ APS ဖြစ်နိုင်ခြေရှိတဲ့ ဆေးဝါးတွေကိုရှောင်ပါ။ ဆေးတွေကို မရပ်မီ ဆရာဝန်နဲ့ တိုင်ပင်ပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

 

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ