backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။

Antibiotic associated diarrhea ဆိုတာကတော့ ပဋိဇီဝဆေး (ပိုးသတ်ဆေး)တွေ သောက်သုံးပြီး မကြာခင်မှာ တစ်ရက်ကို သုံးကြိမ်နဲ့အထက် ဝမ်းအရည်ချည်းသွားခြင်းကို ဆိုလိုတာပါ။

အများအားဖြင့်တော့ ဒီအခြေအနေက မပြင်းထန်တတ်ဘဲ ကုသမှုလည်း မလိုအပ်ပါဘူး။ ဝမ်းပျက်ခြင်းဟာ ပဋိဇီဝဆေး မသောက်တော့တဲ့ ရက်အနည်းငယ်အတွင်း ရပ်တန့်သွားမှာပါ။ ပိုပြီးပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ဆေးသောက်နေတာကို ရပ်ပစ်ဖို့ သို့မဟုတ် ဆေးပြောင်းသောက်ဖို့ လိုအပ်ပါလိမ့်မယ်။

Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ဝမ်းပျက်ခြင်း (ဝမ်းပျော့ခြင်း)

အူမကြီးလှုပ်ရှားမှု မကြာခဏပိုဖြစ်ခြင်း

ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဟာ ပဋိဇီဝဆေးတွေသောက်သုံးပြီး တစ်ပတ်အကြာမှာ ဖြစ်လာတတ်ပါတယ်။ တစ်ခါတစ်လေမှာတော့ ဝမ်းပျက်ခြင်းနဲ့ အခြားလက္ခဏာတွေဟာ ဆေးသောက်ပြီးတဲ့ ရက်တွေ ၊ ရက်သတ္တပတ်တွေ ကျော်လွန်သွားတာတောင် ပေါ်မလာတတ်တာမျိုးလည်း ရှိပါတယ်။

  1. difficile ဆိုတာဟာ antibiotic-associated colitis တွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေထုတ်ပေးနိုင်တဲ့ အဆိပ်ဓါတ်တစ်ခုဖြစ်ပြီး ပဋိဇီဝကုထုံးတွေက သင့်ရဲ့ အူလမ်းကြောင်းမှာရှိတဲ့ ဘက်တီးရီးယား အကောင်းတွေ၊ အဆိုးတွေကို မညီမျှစေတဲ့အခါမှာ ဖြစ်လာတတ်ပါတယ်။ ဝမ်းပျက်တာအပြင် C.difficile က

ဗိုက်အောက်ပိုင်းနာခြင်း၊ အောင့်ခြင်း

မပြင်းထန်တဲ့အဖျားရှိခြင်း

အော့အန်ခြင်း

အစာစားချင်စိတ်မရှိခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။

ဘယ်လို ဝမ်းပျက်ခြင်းပဲဖြစ်ဖြစ် အဖြစ်အများဆုံးနောက်ဆက်တွဲပြဿနာကတော့ အရည်တွေ အလွန်အကျွံဆုံးရှုံးခြင်းနဲ့ ရေဓါတ်နည်းခြင်းပါပဲ။ ပြင်းထန်တဲ့ ရေဓါတ်ဆုံးရှုံးခြင်းဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေမှာတော့ ခံတွင်းအလွန်ခြောက်ခြင်း၊ ရေဆာလွန်းခြင်း၊ ဆီးအနည်းငယ်သာသွားခြင်း၊ သို့မဟုတ် ဆီးလုံးဝမသွားခြင်းနဲ့ အားနည်းခြင်း စတာတွေ ပါဝင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ အပြည့်အဝနားမလည်နိုင်သေးပါဘူး။ ပဋိဇီဝဆေးတွေက သင့်ရဲ့ အူလမ်းကြောင်းတစ်လျှောက်က ဘက်တီးရီးယား အကောင်းနဲ့ အဆိုးရဲ့ မျှချေကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ ဖြစ်လာတယ်လို့သာ ယူဆကြပါတယ်။

ပဋိဇီဝဆေးတွေအားလုံးဟာ ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံး ပဋိဇီဝဆေးတွေကတော့

  • cefixime (Suprax) cefpodoxime ကဲ့သို့သော Cephalosporinsများ
  • amoxicillin (Amoxil, Larotid, others) နှင့် ampicillin ကဲ့သို့သော ပင်နီဆလင်ဆေးများ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဒီလိုအခြေအနေမျိုး ဖြစ်ခဲ့ဖူးရင်
  • ကာလကြာရှင် ပဋိဇီဝဆေးတွေ စွဲသောက်ခဲ့ဖူးရင်
  • ပဋိဇီဝတစ်မျိုးထက်ပိုပြီး သောက်သုံးနေရရင်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီအခြေအနေကိုအတည်ပြုဖို့ဆိုရင် ဆရာဝန်က သင့်ရဲ့ ကျန်းမာရေးရာဇဝင်တွေ၊ ဆေးမှတ်တမ်းတွေနဲ့ လက်ရှိမှာရော ပဋိဇီဝကုသမှုခံယူနေရခြင်းရှိမရှိတွေ မေးနိုင်ပါတယ်။

Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) ကို ဘယ်လိုကုသပါသလဲ

ကုသတဲ့ နေရာမှာတော့ သင့်ရဲ့ရောဂါလက္ခဏာအခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။

အပျော့စား အခြေအနေအတွက် ကုသခြင်း။ တကယ်လို့များ သင့်မှာ အပျော့စားဝမ်းပျက်ခြင်းသာဖြစ်ခဲ့မယ်ဆိုရင် ပဋိဇီဝဆေးသောက်သုံးရတဲ့ ရက်တွေ ကုန်ဆုံးပြီးတဲ့ ရက်အနည်းငယ်အတွင်းမှာ အလိုလို ရပ်သွားနိုင်ပါတယ်။ အချို့သော အခြေအနေတွေမှာတော့ ဝမ်းပျက်တာ ကောင်းသွားတဲ့ထိ ပဋိဇီဝသောက်သုံးခြင်းကို ရပ်ထားဖို့ ဆရာဝန်က အကြံပြုနိုင်ပါတယ်။

အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားC. difficile ပိုးဝင်ခြင်းကို ကုသခြင်း။ ။ သင့်မှာ ဒီအခြေအနေရှိတယ်ဆိုရင်တော့ ဒီအခြေအနေကိုဖြစ်စေတဲ့ ဘက်တီးရီးယားကို သတ်နိုင်ဖို့ ဆရာဝန်က ပဋိဇီဝဆေးအချို့ကို ညွှန်းပေးပါလိမ့်မယ်။ ဒီလို ပိုူးဝင်တဲ့အခြေအနေဆိုရင် ဝမ်းပျက်တဲ့ လက္ခဏာတွေ ပြန်ဖြစ်လာနိုင်ပြီး မကြာခဏ ကုသမှုခံယူရပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ရေကို လုံလောက်အောင်သောက်ပါ။ ဝမ်းပျက်ခြင်းကြောင့်ဖြစ်ရတဲ့ ရေဓါတ်အနည်းငယ်ဆုံးရှုံးမှုကို ကာမိဖို့ ရေပိုသောက်ပါ။ ပိုပြီးပြင်းထန်ခဲ့ရင် ရေ၊သကြားနဲ့ ဆားပါတဲ့ ပျော်ရည်ကိုသောက်ပါ။ ရေဓါတ်ပြည့်နေတဲ့ အသီးဖျော်သောက်ပါ။ သကြားပါဝင်နှုန်းမြင့်မားတဲ့ ဖျော်ရည် သို့မဟုတ် အရက်၊ ကဖိန်းပါဝင်တဲ့ ဖျော်ရည်တွေကို ရှောင်ပါ။ ဥပမာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာလိုအရာတွေက သင့်ရဲ့လက္ခဏာတွေကို ပိုဆိုးစေပါတယ်။ မွေးကင်းစနဲ့ ကလေးတွေဝမ်းပျက်ရင်တော့ ဓါတ်ဆားသောက်နိုင်ဖို့ ဆရာဝန်ကိုမေးပါ။

နူးညံ့ပြီး အစာချေရလွယ်မယ့် အစာပျော့ပျော့တွေကို ရွေးချယ်ပါ။ ဒီမှာတော့ ပန်းသီးဆော့စ်၊ ငှက်ပျောသီးနဲ့ ဆန်တို့ ပါဝင်ပါတယ်။ ပဲ၊ အခွံမာသီးနဲ့ အသီးအနှံတွေလို အမျှင်ဓါတ်မြင့်မားစွာ ပါဝင်တဲ့ အရာတွေကို ရှောင်ပါ။ သင့်ရဲ့လက္ခဏာတွေ ပြန်လည်ကောင်းမွန်သွားပြီဆိုရင်တော့ ပုံမှန်ပြန်စားလို့ရပါပြီ။

Probiotics တွေ သောက်ပါ။ acidophilus တို့လို Microorganisms တွေဟာ ဘက်တီးရီးယားကောင်းတွေကို ပိုတိုးလာစေခြင်းအားဖြင့် အူလမ်းကြောင်းကို ပြန်လည် ညီညွတ်မျှတစေပြီး ကျန်းမာစေပါတယ်။ Probiotics တွေကိုတော့ ဆေးတောင့်ပုံ သို့မဟုတ် အရည်ပုံနဲ့ရနိုင်ပြီး အချို့သော ဒိန်ချဉ်တွေမှာလည်း ပါဝင်နိုင်ပါတယ်။ လေ့လာမှုတွေကတော့ ဒီလို အခြေအနေမျိုးအတွက် Probiotics တွေက ကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဘယ်လိုဘက်တီးရီးယားတွေက အကူအညီဖြစ်စေတာလဲဆိုတာနဲ့ ဘာတွေကို လိုအပ်တာလဲဆိုတာကို သိနိုင်ဖို့အတွက် လေ့လာမှုတွေ လိုအပ်ပါဦးမယ်။

ဝမ်းပိတ်ဆေးကို စုံစမ်းကြည့်ပါ။ အချို့သော မပြင်းထန်တဲ့ ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းတွေမှာ ဆရာဝန်က loperamide (Imodium A-D) တို့လို ဝမ်းပိတ်ဆေးမျိုးတွေ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းပိတ်ဆေးတွေမသောက်ခင် ဒီဆေးတွေက သင့်ရဲ့ခန္ဓါကိုယ်က အဆိပ်တွေကို ဖယ်ရှားရာမှာ အနှောက်အယှက်ဖြစ်နိုင်သလားဆိုတာနဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်သလားဆိုတာ ဆရာဝန်တွေနဲ့ အရင်တိုင်ပင်ပါ။

ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းကို ကာကွယ်နိုင်ဖို့

လိုအပ်ချိန်မှသာ ပဋိဇီဝဆေးတွေကို သုံးစွဲပါ။ ဆရာဝန်တွေက လိုအပ်တယ်လို့ မထင်မချင်း မသုံးပါနဲ့။ ပဋိဇီဝဆေးတွေက ဘက်တီးရီးယားပိုးဝင်ခြင်းတွေကို ကုသပေးနိုင်ပေမယ့် ဗိုင်းရပ်စ်အတွက်တော့ အသုံးမဝင်ပါဘူး။ ဥပမာ အအေးမိတာတို့ တုပ်ကွေးတို့လိုပေါ့။

ပြုစုသူတွေကို လက်ဆေးဖို့ ပြောပါ။ သင့်ကိုဆေးရုံတင်ထားရတယ်ဆိုရင် သင့်ကို မထိခင်မှာ အယ်လ်ကိုဟောလ်ကို အခြေခံထားတဲ့ ရေမလိုလက်ဆေးဆပ်ပြာတွေ သုံးဖို့ပဲဖြစဖြစ်၊ လက်ဆေးဖို့ဖြစ်ဖြစ် လူတိုင်းကို တောင်းဆိုပါ။

တကယ်လို့ သင့်မှာ အရင်ကလည်း ဒီလိုအခြေအနေမျိုးဖြစ်ခဲ့ဖူးတယ်ဆို ဆရာဝန်ကိုကြိုပြောပါ။ တစ်ခါဖြစ်ဖူးခဲ့ရင် ဒီအခြေအနေဟာ ထပ်ပြီးပြန်ပေါ်လာနိုင်ဖို့ အခွင့်အလမ်းတွေများပါတယ်။ သင့်ဆရာဝန်က သင့်အတွက် အခြားသော ပဋိဇီဝဆေးတွေကို ရွေးချယ်ပေးပါလိမ့်မယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement