Anorexia nervosa ဆိုတာ အသက်အရွယ်၊ အရပ်အမောင်းနဲ့ မလိုက်ဖက်အောင် နည်းလွန်းသော ကိုယ်အလေးချိန်ရှိနေစေတဲ့ စားသောက်မှုဆိုင်ရာ ပြဿနာတစ်မျိုး ဖြစ်ပါတယ်။ ဒီစိတ်ရောဂါရှိနေသူတွေဟာ ကိုယ်အလေးချိန်အလွန်နည်းနေသော်လည်း မိမိကိုယ်အလေးချိန်အပေါ် အထင်အမြင်မှားမှုရှိနေပြီး ဝလာမှာ အလွန်ကြောက်နေကြပါတယ်။ သူတို့ဟာ ပိန်အောင် အစားလျှော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အခြားနည်းလမ်းများ ဥပမာ ဝမ်းနှုတ်ခြင်း၊ အန်အောင်လုပ်ခြင်းတို့ကို အလွန်အကျွံလုပ်တတ်ကြပါတယ်။
အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ ဆယ်ကျော်သက်မတိုင်မီ/ ဆယ်ကျော်သက်/လူငယ်အရွယ်တွေမှာ စဖြစ်တတ်ပါတယ်။ မကုသဘဲထားလျှင် ကိုယ်အလေးချိန်အလွန်နည်းပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Anorexia nervosa ရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့
Anorexia ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေပြီး အချို့လူတွေမှာ နေထိုင်ပြုမူပုံပြောင်းသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ အစားအသောက်နဲ့ ကိုယ်အလေးချိန်အကြောင်း တချိန်လုံးပြောနေတာ၊ လူတွေရှေ့မှာ အစာမစားတာ၊ စိတ်ပြောင်းလဲလွယ်တာ၊ ဝမ်းနည်းနေတာ၊ အပေါင်းအသင်းတွေနဲ့ အပြင်မထွက်ချင်တာမျိုး ဖြစ်နိုင်ပါတယ်။ Anorexia ရှိတဲ့သူတွေမှာ အောက်ပါ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများလည်းရှိနိုင်ပါတယ်
အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
ကိုယ်အလေးချိန်နည်းနေလျှင် Anorexia ဟာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။ Anorexia ရှိတဲ့ လူအများစုဟာ သူတို့မှာ ပြဿနာရှိတယ်မထင်တဲ့အတွက် ကုသမှုကို ငြင်းဆန်တတ်ကြပါတယ်။ သူတို့ကို အမြဲကူညီထောက်ပံ့သင့်ပြီး သူတို့မှာ ပြဿနာရှိကြောင်းနဲ့ ဆေးကုသမှုခံယူဖို့လိုကြောင်း နားချရပါမယ်။
Anorexia nervosa ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကို မသိပါ။ စိတ်ကျရောဂါနဲ့ အခြားစိတ်ရောဂါများနှင့်လည်း ပတ်သတ်မှုရှိနိုင်ပါတယ်။ မျိုးဗီဇ၊ ဟော်မုန်းများနှင့်လည်း ဆိုင်ပါတယ်။ လူမှုကွန်ယက် မီဒီယာများမှ အလွန်ပိန်သော ခန္ဓါကိုယ်အချိုးအစားများကို အားပေးခြင်းဖြင့် လူတွေရဲ့ အလှအပဆိုင်ရာ အမြင်တွေကို လွှမ်းမိုးလာခြင်း ဖြစ်ပါတယ်။
Anorexia nervosa ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့်
သင့်မှာ Anorexia nervosa မဖြစ်ဘူးလို့
ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်က ရောဂါရာဇဝင်ယူခြင်း အထူးသဖြင့် ကိုယ်အလေးချိန်နဲ့ အစားအသောက်အကြောင်း၊ စမ်းသပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် အခြားရောဂါများမဟုတ်ကြောင်း အတည်ပြုနိုင်ပါတယ်။ Anorexia nervosa အတွက် သီးသန့် စစ်ဆေးမှု မရှိပါ။ အထူးသဖြင့် အမျိုးသမီးငယ်များမှာ ရောဂါမရှိဘဲ ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းခြင်းဟာ အရေးကြီးတဲ့ လက္ခဏာဖြစ်ပါတယ်။
ဆရာဝန်က အောက်ပါမေးခွန်းများ မေးပါမယ်။
Anorexia လို့ သံသယရှိပါက ဆရာဝန်က အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ပါမယ်။
Anorexia nervosa ကုသခြင်းမှာ အကြီးမားဆုံး စိန်ခေါ်မှုကတော့ လူနာကို သူ့မှာရောဂါရှိကြောင်း သိလာအောင် ကူညီပေးခြင်းဖြစ်ပါတယ်။ Anorexia
ရှိတဲ့ လူအများစုဟာ သူတို့မှာ စားသောက်မှုဆိုင်ရာ ပြဿနာမရှိကြောင်း ငြင်းဆန်တတ်ကြပါတယ်။ အခြေအနေဆိုးရွားလာမှသာ ကုသမှုခံယူတတ်ကြပါတယ်။ Anorexia အတွက်ကုသမှုများကတော့
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများကသင့်အနေဖြင့် Anorexia nervosa ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။