Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ကဘာလဲ။

ခြေချင်းဝတ်အဆစ်ကျိုးခြင်း(သို့မဟုတ်) နဂိုမူလရှိရမည့်နေရာမှ အဆစ်လွဲသွားခြင်းကို ခြေချင်းဝတ်ကျိုးခြင်းလို့ ခေါ်ပါတယ်။ ရိုးရိုးသာမန်အဆင့် အရွတ်ရောင်ခြင်းမှ ပြင်းထန်အဆင့် အရိုးကျိုးသည်အထိ ဖြစ်စေနိုင်ပါတယ်။

ခြေချင်းဝတ်ကျိုးခြင်းသည် နာကျင်မှုကိုဖြစ်စေပြီး တချို့ အခြေအနေတွင် မလှုပ်ရှားနိုင်တော့သည်အထိ ဖြစ်စေနိုင်ပါတယ်။

Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး၊ ကျား/မ မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးလက္ခဏာကတော့ ခြေချင်းဝတ် နာကျင်၊ ရောင်ရမ်း၊ သွေးခြည်ဥခြင်းနဲ့ အဆစ်လွဲခြင်း တို့ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့အထဲမှာ အပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါသေး တယ်။

တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအထက်တွင်ဖော်ပြထားသောလက္ခဏာများရှိပါက ခြေချင်းဝတ်ကို တတ်နိုင်သလောက် မလှုပ်ရှားပါနဲ့။ ရောဂါရှာဖွေ အတည်ပြုရန်နဲ့ ဆေးကုသမှုခံယူရန် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သင့်ဆီမှာ မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းရင်းများစွာရှိပါတယ်။ အဖြစ်အများဆုံးမှာ ထိခိုက်ဒဏ်ရာရစဉ် (သို့မဟုတ်) ပြုတ်ကျစဉ်တွင် ခြေချင်းဝတ်ပေါ်ပြင်းထန်သော အားသက်ရောက်ခြင်း၊ ခြေချင်းဝတ်လည်ခြင်းကြောင့် ဖြစ်ပွားစေတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ခြေချင်းဝတ်ကျိုးခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် –

  • ဘောလုံး၊ ဘဲလေး၊ တင်းနစ်၊ ကိုယ်ခံပညာအားကစားများ ကဲ့သို့သော ခြေထောက်လှုပ်ရှားမှု များသော အားကစားနည်းများ
  • လေ့ကျင့်ခန်းလုပ်ရာတွင် ခန္ဓာကိုယ်နဲ့ မတော်သော အားကစားပစ္စည်းများအသုံးပြုခြင်း (သို့မဟုတ်) လေ့ကျင့်ခန်းများ နေ့စဉ်အပြင်းအထန်လုပ်ခြင်း
  • အမျိုးသမီးအားကစားသမားများသည် ခြေချင်းဝတ်ကျိုးနိုင်ချေပိုများပါတယ်။ ဘာကြောင့်လဲဆို တော့ အစားအသောက်ထိန်းခြင်းကြောင့် အရိုးအားနည်းနေတတ်၍ ဖြစ်တယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဓာတ်မှန် (X-Ray)ရိုက်၍ ရောဂါကို အလွယ်တကူ အတည်ပြုနိုင်ပါတယ်။

Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

ခြေချင်းဝတ်ကျိုးခြင်းကို ကုသနည်းမှာ အရွတ်ရောင်ခြင်းကို ကုသသောနည်းနဲ့ အတူတူနည်း ပါးပင်။ အနားကောင်းကောင်းယူ၊ ရေခဲကပ်၊ မလှုပ်အောင်ကျောက်ပတ်တီးစည်းခြင်းတို့ကို ပြုလုပ်ရပါ တယ်။
ပြင်းထန်သောအဆင့်တွင် ခွဲစိတ်၍ အရိုးကိုနေရာမှန် ပြန်ရောက်အောင်လုပ်ပေးရပါတယ်။
အများအားဖြင့် ကျောက်ပတ်တီးစည်းခြင်း၊ သစ်သား/ ဖိုင်ဘာအမာပြားများဖြင့် စည်းနှောင်ထားခြင်းဖြင့် နာကျင်မှုကို သက်သာစေတယ်။ ချိုင်းထောက်သုံးခြင်းဖြင့်လည်း လမ်းလျှောက်ရာတွင် အဆင်ပြေစေတယ်။

ကျောက်ပတ်တီးဖြည်ပြီးသောအခါ ပုံမှန်လှုပ်ရှားမှုများ ပြန်လုပ်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာကုသမှု များလိုအပ်ကောင်း လိုအပ်နိုင်တယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက ခြေချင်းဝတ်ကျိုးခြင်းကို ကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခြေချင်းဝတ်ကျိုးခြင်း ကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့ နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်း အရင်လုပ်ပါ။ ကိုယ်ခန္ဓာကိုယ်နဲ့သင့်တော်သော အားကစားပစ္စည်းများသုံးပါ။
• သင့်ကျန်းမာရေး စောင့်ရှောက်ပေးသူ၊ အထူးကုဆရာဝန်နဲ့ ပုံမှန်ပြသပါ။
• ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပမာဏမှန်မှန်သောက်ပါ။
• အရောင်ကျအောင် ခြေထောက်ကို ခန္ဓာကိုယ်ထက် အနည်းငယ်မြှင့်ထားပါ။
• ကျောက်ပတ်တီးဖြည်ပြီးနောက် ပုံမှန်လှုပ်ရှားမှုများ မြန်မြန်ပြန်လုပ်နိုင်အောင် ရုပ်ပိုင်းဆိုင်ရာ ကုသမှုများခံယူပါ။
• ကျောက်ပတ်တီးစည်းထားသော ခြေထောက်မှာ ထုံကျဉ်ခြင်း၊ သွေးခြည်ဥခြင်း၊ အပြာရောင် ပြောင်းခြင်းတို့ဖြစ်လာရင် ဆရာဝန်ကိုပြသပါ။ ထိုလက္ခဏာများသည် သင့်ခြေထောက် သွေး လည်ပတ်မှု အားနည်းခြင်းကိုပြသော လက္ခဏာများဖြစ်ပါတယ်။

အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့အဖြေရှာဖွေနိုင်ဖို့ ဆရာဝန် နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ စကျတငျဘာ 27, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 27, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ