backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ကဘာလဲ။

angina ဆိုတာ နှလုံးကို သွေးမရောက်နိုင်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတဲ့ နှလုံးအောင့်ခြင်းကို ခေါ်ပါသည်။ ဒါဟာ ခန္ဒါကိုယ်တွင်း သွေးကြောများ ကျဉ်းခြင်း သို့ ပိတ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ သင့်ရဲ့ နှလုံးဟာ သွေးများ သယ်ယူရန် oxygen( အောက်ဆီဂျင်) လိုအပ်ပါတယ်။ Angina ၃ မျိုးရှိပါတယ်။

၎င်းတို့မှာ—

• Stable angina ကတော့ အဖြစ်အများဆုံးဖြစ်ပါတယ်။ သင့်နှလုံးက ပုံမှန်ထက် ပိုအလုပ်လုပ်တဲ့ အခါမှာ ဖြစ်တတ်ပါတယ်။ stable angina က ပုံမှန် ပုံစံအတိုင်းဖြစ်ပါတယ်။ အနားယူပြီး ဆေးသောက်လျှင် သက်သာနိုင်ပါတယ်။

• Unstable angina ကတော့ အန္တရာယ်အများဆုံးဖြစ်ပါတယ်။ သူက ဖြစ်လေ့ရှိတဲ့ ပုံစံမျိုးမရှိပဲ ရုပ်ပိုင်းဆိုင်ရာ အားစိုက်မှု မပါပဲလဲ ဖြစ်နိုင်ပါတယ်။ သူက အနားယူပြီး ဆေးသောက်လျှင်လည်း မပျောက်နိုင်ပါဘူး။ ဒါဟာ သင်မကြာခင်မှာ နှလုံးထိခိုက်ခံရတော့မယ်ဆိုတဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။

• Varient angina ကတော့ ရှားပါတယ်။ သင်အနားယူနေတဲ့ အချိန်မှာ ဖြစ်တတ်ပြီး ဆေးသောက်လို့ ရနိုင်ပါတယ်။

ရင်ဘတ်အောင့်တိုင်းလည်း angina မဟုတ်ပါဘူး။ သင်ရင်ဘတ်အောင့်တဲ့ အခါ ဆရာဝန် နှင့် ချက်ချင်း ပြသင့်ပါတယ်။

Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အကြောင်းအမျိုးမျိုးကြောင့် လူတိုင်း angina ရနိုင်ပါတယ်။ နှလုံးရောဂါ အခံရှိသူတွေမှာ angina ပိုဖြစ်တတ်ပါတယ်။ အသက် ၄၅ နှစ်အထက် အမျိုးသားတွေ နှင့် အသက် ၅၅ နှစ် အထက် အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Angina ရဲ့ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကတော့

• ရင်ဘတ်အောင့်ခြင်း

• လက်မောင်း၊ လည်ပင်း၊ မေးရိုး၊ ပုခုံး သို့ ကျော အောင့်ခြင်း

• ပျို့ခြင်း

• မောပန်းခြင်း

• အသက်ရှူကြပ်ခြင်း

• ချွေးထွက်ခြင်း

• မူးခြင်း တို့ဖြစ်ကြပါတယ်။

ရောဂါလက္ခဏာတွေက သင့်မှာ ရှိတဲ့ angina အမျိုးအစား အလိုက် ပြောင်းလဲနိုင်ပါတယ်။

Stable angina

Stable angina ဖြစ်လျှင် ရင်ဘတ်အောင့်ခြင်းဟာ ပုံမှန် အားဖြင့် လှုပ်ရှားမှု သို့ စိတ်ဖိစီးမှုတွေ နဲ့ အတူဖြစ်လေ့ရှိပါတယ်။ ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းတွေက လှုပ်ရှားမှု ပမာဏတစ်ခု သို့ စိတ်ဖိစီးမှု အတိုင်းအတာတစ်ခုရောက်မှ ဖြစ်လေ့ရှိပါတယ်။

သင့်မှာ stable angina ဖြစ်ပြီဆိုလျှင် သူ့ရဲ့ ဖြစ်လာနိုင်မယ့် အချိန်ကို ဖြစ်တဲ့ ပုံစံကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ သင်အနားယူလိုက်ချိန် သို့ ဆေးသောက်လိုက်ချိန်မှာ အောင့်တာက မိနစ်ပိုင်းအတွင်း သက်သာသွားတတ်ပါတယ်။

Unstable angina

Unstable angina ကတော့ ရောဂါလက္ခဏာတွေ အမျိုးမျိုးပြောင်းလဲတတ်ပါတယ်။ သင် ညဘက်အိပ်နေတဲ့ အချိန် မှာ ဖြစ်လေ့ရှိပါတယ်။ stable angina ထက်ပိုပြင်းထန်စွာ ဖြစ်လေ့ရှိပါတယ်။ unstable angina က သင့်မှာ လှုပ်ရှားမှုတစ်ခုပြုသည်ဖြစ်စေ သို့ မပြုသည် ဖြစ်စေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ အနားယူ ဆေးသောက်လျှင်လည်း မသက်သာပါဘူး။

Variant angina

Variant angina ကတော့ ရှားပါတယ်။ coronary artery နှလုံးသွေးကြော ပိတ်လို့ရှိလျှင် ဖြစ်တတ်ပါတယ်။ သူဟာ သင်အနားယူနေတဲ့ အချိန်မှာ ဖြစ်လေ့ရှိပြီး ပြင်းထန်နိုင်ပါတယ်။ သူဟာ ညသန်းခေါင်ချိန် နှင့် မနက် အစောပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဆေးသောက်လျှင် သက်သာနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ angina ရောဂါလက္ခဏာတွေ ပြလာလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ Stable angina က heart attack မဟုတ်သေးပေမယ့် နောင်တစ်ချိန်မှာ heart attack ဖြစ်လာနိုင်ပါတယ်။

Unstable anginaကတော့ အန္တရာယ်များပြီါ် အရေးပေါ်ကုသမှု လိုအပ်ပါတယ်။ ဒီ ANGINA အမျိုးအစားက သိပ်မကြာခင်မှာ heart attack ဖြစ်တော့မယ်လို့ ဆိုလိုပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Angina က နှလုံးကို သွေးရောက်မှု နည်းပါးခြင်းကြောင့်ဖြစ်တာပါ။ အောက်ပါတို့က ၎င်းကို ဖြစ်စေတဲ့ အရာများ ဖြစ်ပါတယ်။

• Atherosclerosis မှ နှလုံးသွေးကြောရောဂါ (နှလုံးသို့ သွားတဲ့ သွေးကြောများမှာ အဆီ စုပုံခြင်း)

• စည်းချက်မညီတဲ့ နှလုံးခုန်ခြင်းများ

• အောက်ဆီဂျင်သယ်ပေးတဲ့ သွေးနီဥများ နည်းပါးခြင်း

• နှလုံးသွေးကြောပိတ်ခြင်း

ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများ

ငါ့ဆီမှာ Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

angina ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• အသက်အရွယ်နှင့် ယောင်္ကျား/မိန်းမ။ ။ အမျိုးသားတွေက အသက် ၆၀ ကျော်လျှင် ဖြစ်နိုင်ချေများပြီး အမျိုးသမီးတွေကတော့ သွေးဆုံးပြီးချိန်မှာ ဖြစ်တတ်ပါတယ်။

• မိသားစုဝင်မှာ နှလုံးရောဂါအခံရှိနေခြင်း

• အဆီမျာတဲ့ အစားအစာများ အလွန် စားသုံးသူများ

• ဆေးလိပ်သောက်သူများ

• ဆီးချိုရောဂါသည်၊ သွေးတိုးရောဂါသည်နှင့် အဆီများသူများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါကို အတည်မပြုမီ ဆရာဝန်က အောက်ပါစစ်ဆေး စမ်းသပ်မှုတွေ လုပ်ပါမယ်။

• Electrocardiograms (ECGs)

• ပြေးစက်မှာ ပြေးခိုင်းပြီး တခြား လေ့ကျင့်ခန်းများနှင့် စမ်းသပ်ခြင်း

• နှလုံးသွေးလွှတ်ကြောအတွင်း ကိရိယာတစ်ခုထည့်ပြီး နှလုံးသွေးလွှတ်မှုကို စစ်ဆေးသည့် heart catherization လုပ်ခြင်းဖြင့် ပိတ်နေတဲ့ သွေးလွှတ်ကြောတွေကို တွေ့ရနိုင်ပါတယ်။

Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ရည်ရွယ်ချက်ကတော့ နှလုံးသွေးလွှတ်မှု ကောင်းမွန်ဖို့ သို့ နှလုံး၏ ဝန်ကို လျှော့ချပေးဖို့ပါပဲ။ အနားယူခြင်းနှင့် လှုပ်ရှားမှုတွေ လျှော့ခြင်းက ပထမကုသနည်းပါပဲ။

Aspirin က သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ Nitrates တွေဖြစ်တဲ့ nitroglycerin ကတော့ သွေးကြောကျယ်စေပြီး သွေးလမ်းကြောင်းကို ကောင်းစွာ စီးဆင်းစေပါတယ်။ တခြားဆေးတွေကတော့ betablockers တွေက နှလုံးခုန်နှုန်းကို လျှော့ချပေးပြီး နှလုံး၏ဝန်ကို ပေါ့စေပါတယ်။ ပုန်းကွယ် ငုပ်လျှိုးနေတဲ့ ရောဂါတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ arrhythmias နှင့် ကိုလက်စထရော များခြင်းတို့ကို လည်း ကုသဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေနဲ့ အလုပ်မဖြစ်လျှင် ခွဲစိပ်ရပါမယ်။ ခွဲစိပ်မှုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

• Angioplasty and stenting။ ။ ဒါကတော့ သွေးကြောပေါက်ဖွင့်ပေးတာဖြစ်ပါတယ်။ ကျဉ်းနေတဲ့ သွေးကြောလေးထဲကို ပူပေါင်းသေးသေးလေးထည့်ပြီး ကျယ်သွားတဲ့ အခါမှာ stent လို့ခေါ်တဲ့ ဝါယာအသေးလေးနှင့် အစားထိုးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ သွေးစီးဆင်းမှုကောင်းစေပြီး unstable angina လူနာတွေမှာ အသုံးဝင်ပါတယ်။

• Coronary artery bypass ။ ။ ဒါကတော့ ပိတ်နေတဲ့ သို့ ကျဉ်းနေတဲ့ သွေးလွှတ်ကြောကို တခြား ခန္ဒါအစိတ်အပိုင်းမှ သွေးပြန်ကြော သို့ သွေးလွှတ်ကြောနှင့် အစားထိုး လမ်းကြောင်းလွှဲတာ ဖြစ်ပါတယ်။ ဒီနည်းဟာ ဆေးဝါးနှင့် အလုပ်မဖြစ်တဲ့ Stable ရော unstable angina ရော နှစ်ခုလုံးအတွက် ကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် angina ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ဆေးပြင်းလိပ်သောက်ခြင်းကို ရပ်ပါ။

• အဆီစားတာ လျှော့ပြီး ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများ စားပေးပါ။

• သင့်တော်တဲ့ နေ့စဉ် လေ့ကျင့်ခန်းလုပ်ရန် ဆရာဝန် နဲ့ တိုင်ပင်ပါ။

• သင်ဟာ ကိုယ်အလေးချိန်များနေလျှင် သင့်ကျန်းမာရေးအခြေအနေအတွက် ကိုယ်အလေးချိန်လျှော့ချတဲ့နည်းလမ်းကို ဆရာဝန်အား မေးပါ။

• ဆရာဝန်ရက်ချိန်းတွေ ကို မှန်မှန်သွားပြီး ညွှန်ကြားတဲ့ အတိုင်းလုပ်ပါ။

• Angina က သွေးတိုး၊ ဆီးချို နှင့် ကိုလက်စထရောများ ခြင်းကြောင့် ဖြစ်တယ်ဆိုလျှင် အဲ့ဒီ ရောဂါတွေကို အရင် ကုပါ။

• လုံလောက်စွာ အနားယူဖို့ အချိန်ပေးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement