backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Andropause (အမျိုးသားများသွေးဆုံးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Andropause (အမျိုးသားများသွေးဆုံးခြင်း) ကဘာလဲ။

အမျိုးသားများသွေးဆုံးခြင်းဆိုတာအမျိုးသမီးများသွေးဆုံးခြင်းကဲ့သို့ပဲဖြစ်ပါသည်။

အမျိုးသားများအသက်ကြီးလာသောအခါ ကျားဟော်မုန်း (testosterone) လျော့နည်းလာခြင်းကိုခေါ်ပါသည်။ အမျိုးသမီးများကဲ့သို့ အချိန်ကာလတိတိကျကျတစ်ခုတွင် သွေးဆုံးခြင်းမျိုးမဟုတ်ပဲအသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်းလျော့နည်းလာခြင်းကြောင့် အချို့ဆရာဝန်များကကျားဟော်မုန်းပမာဏနည်းသွားခြင်းဟုလဲခေါ်ကြပါသည်။

ပုံမှန်အားဖြင့် အသက်ကြီးလာမှသာကျားဟော်မုန်းထုတ်လုပ်မှုကျဆင်းတတ်သော်လဲဆီးချိုကဲ့သို့သောရောဂါများဖြစ်လျှင်လဲကျားဟော်မုန်းလျော့နည်းလာတတ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်းပမာဏကျဆင်းလာပါသည်။

Mayo ဆေးခန်း၏တွေ့ရှိချက်အရအမျိုးသားအများစုသည် အသက် ၂၀ကျော်အရွယ်တွင် ကျားဟော်မုန်းထုတ်လုပ်မှု အများဆုံးဖြစ်ပြီးအသက် ၃၀/၄၀ ကျော်လာလျှင် ကျားဟော်မုန်းထုတ်လုပ်မှုသည် တစ်နှစ်လျှင် ၁% လောက်ကျဆင်းသွားပါသည်။

အသက် ၇၀ လောက်ရောက်လျှင် ကျားဟော်မုန်းပမာဏသည် ထုတ်လုပ်မှုအများဆုံးအချိန်ကပမာဏ၏ ၅၀% လောက်သာကျန်ပါတော့သည်။ ထိုသို့ ဟော်မုန်းပမာဏအပြောင်းအလဲဖြစ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်စေနိုင်ပါသည်။

အမျိုးသားများသွေးဆုံးခြင်းသည် အမျိုးသမီးများသွေးဆုံးခြင်းနှင့် ခြားနားချက်များစွာရှိပါသည်။

တစ်ချက်မှာအမျိုးသားတိုင်းသွေးဆုံးခြင်းကိုမခံစားရပါ။

နောက်တစ်ချက်မှာမျိုးပွားအင်္ဂါများအားလုံးအလုပ်မလုပ်တော့ခြင်းလဲမဟုတ်ပါ။

သို့သော်လည်းကျားဟော်မုန်းပမာဏကျဆင်းလာမှုကြောင့်လိင်ပိုင်းဆိုင်ရာဆိုးကျိုးများရှိတတ်ပါသည်။

Andropause (အမျိုးသားများသွေးဆုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်ကြီးသောအမျိုးသားများတွင် ပိုအဖြစ်များပါသည်။ သွေးဆုံးခြင်းပိုမိုဖြစ်ပွားစေနိုင်သောအကြောင်းရင်းများကိုလျှော့ချခြင်းပြုလုပ်နိုင်ပါသည်။

အချက်အလက်များပိုမိုရှိနိုင်ရန်အတွက် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

လက္ခဏာများ

Andropause (အမျိုးသားများသွေးဆုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသောလက္ခဏာများမှာ

  • အားမရှိခြင်း
  • စိတ်ဓါတ်ကျခြင်း၊ဝမ်းနည်းခြင်း
  • စိတ်တက်ကြွမှုနည်းခြင်း
  • မိမိကိုယ်ကိုယုံကြည်မှုကျခြင်း
  • အာရုံစူးစိုက်ရခက်ခဲခြင်း
  • အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း
  • ခန္ဓါကိုယ်တွင်အဆီများလာခြင်း
  • ကြွက်သားများလျော့နည်းလာခြင်း၊ ခန္ဓါကိုယ်ကြံ့ခိုင်မှုနည်းလာသည်ဟုခံစားရခြင်း
  • ရင်သားများကြီးလာခြင်း
  • အရိုးများကြံ့ခိုင်မှုနည်းလာခြင်း
  • ပန်းသေပန်းညှိုးဖြစ်ခြင်း
  • လိင်စိတ်နည်းပါးလာခြင်း
  • ကလေးမရနိုင်ခြင်း

ရင်သားများဖောင်းလာ၊ နာလာခြင်း၊ လိင်အင်္ဂါသေးသွားခြင်း၊ ခန္ဓါကိုယ်ရှိအမွှေးများနည်းသွားခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်းတို့ကိုလဲခံစားရနိုင်ပါသည်။

အမျိုးသားများသွေးဆုံးခြင်းသည် ကျားဟော်မုန်းနည်းသွားခြင်းကြောင့် အရိုးပွခြင်းနှင့်လည်းဆက်စပ်နေပါသည်။

အရိုးပွခြင်းဆိုသည်မှာအရိုးများအားနည်းပြီးကြွတ်ဆတ်လာခြင်းဖြစ်ပါသည်။ ဤအချက်များကတော့ တွေ့ရနည်းပါသည်။

အမျိုးသမီးများသွေးဆုံးသည့် အသက်အရွယ်လောက်မှစ၍ အမျိုးသားများလဲထိုလက္ခဏာများကိုစတင်ခံစားရလေ့ရှိပါသည်။

အထက်ဖော်ပြချက်များတွင်မပါဝင်သောလက္ခဏာများလဲရှိနိုင်ပါသည်။ လက္ခဏာတစ်ခုခုခံစားရပါကသင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါလက္ခဏာတစ်ခုခုခံစားရပါကသို့မဟုတ် သိလိုတာတစ်ခုခုရှိလျှင် ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

လူတို့၏ခန္ဓါသည် တစ်ယောက်နှင့်တစ်ယောက် တည်ဆောက်ပြုမူပုံခြင်းမတူကြပါ။

ထို့ကြောင့် သင့်အနေအထားကိုသင့်ဆရာဝန်နှင့်တိုင်ပင်ခြင်းကအကောင်းဆုံးဖြစ်ပါသည်။

အကြောင်းရင်းများ

Andropause (အမျိုးသားများသွေးဆုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အမျိုးသားများသွေးဆုံးခြင်း၏ အဓိကအချက်မှာကျားဟော်မုန်း (testosterone) လျော့နည်းလာခြင်းကြောင့် ဖြစ်သည်။

အသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်းလျော့နည်းသွားပြီးသွေးထဲရှိအသုံးပြုနိုင်သောကျားဟော်မုန်းများကိုဝင်ပေါင်းလိုက်သည့် ဟော်မုန်းတစ်မျိုး ဖြစ်သည့် sex hormone binding globulin (SHBG) ပမာဏကများလာပါသည်။

SHBG သည် သွေးထဲတွင်လှည့်ပတ်နေသောအသုံးပြုနိုင်သည့် လွတ်နေသောကျားဟော်မုန်း (testosterone) အချို့ကိုဝင်ပေါင်းလိုက်ပါသည်။

SHBG မပေါင်းထားသောကျားဟော်မုန်းကို (bioavailable testerone) ခန္ဓါကိုယ်ကအသုံးပြု၍ရသောကျားဟော်မုန်းဟုခေါ်ပါသည်။

အမျိုးသားသွေးဆုံးခြင်းလက္ခဏာများခံစားနေရသောအမျိုးသားများသည် ခန္ဓါကိုယ်ကအသုံးပြု၍ရသောကျားဟော်မုန်းနည်းနေခြင်းကြောင့်ဖြစ်ပါသည်။

ထို့ကြောင့် ကျားဟော်မုန်းလူံ့ဆော်မှုလိုအပ်သည့် ခန္ဓါကိုယ်အချို့နေရာများတွင် ကျားဟော်မုန်းရရှိမှုနည်းသောကြောင့် စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကြုံတွေ့ရနိုင်ပါသည်။

သို့သော် ထိုလက္ခဏာများဖြစ်ပေါ်လာခြင်းနှင့် ကျားဟော်မုန်းလျော့နည်းခြင်းတို့ ဆက်စပ်မှုရှိနေခြင်းမှာအငြင်းပွားဖွယ်ဖြစ်နေဆဲဖြစ်ပါသည်။

အမျိုးသမီးများသွေးဆုံးသောအခါ မဟော်မုန်းထုတ်လုပ်မှုလုံးဝရပ်သွားသော်လည်းအမျိုးသားများတွင်မူကျားဟော်မုန်းကတစ်ဖြည်းဖြည်းလျော့နည်းသွားခြင်းဖြစ်ပါသည်။ အမျိုးသမီးများ၏သားဥအိမ်နှင့်မတူပဲအမျိုးသားများ၏ဝှေးစေ့ သည် ကျားဟော်မုန်းထုတ်ရာတွင်သုံးသည့် ပစ္စည်းများကုန်ဆုံးသွားခြင်းမရှိပါ။

ကျန်းမာသောအမျိုးသားတစ်ယောက်သည် အသက် ၈၀ကျော်အထိ သုတ်ပိုးထုတ်လွှတ်နိုင်ပါသည်။

ဖြစ်နိုင်ခြေများ

Andropause (အမျိုးသားများသွေးဆုံးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အကြောင်းရင်းများစွာရှိပါသည်။ ဥပမာ

  • ဆီးချိုရောဂါ
  • အမျိုးသားများအရွယ်မတိုင်ခင် သွေးဆုံးခြင်းသည် အန္တရာယ်ရှိနိုင်သည့် မဟော်မုန်း (estrogen) ထိတွေ့မှုများခြင်းကြောင့်ဖြစ်နိုင်ပါသည်။ ပြန်လည်သန့်စင်ထားသောရေသောက်သုံးသူများ၊ မီးသဂြိၤုလ်စက်နားတွင်နေထိုင်သူများ၊ဆေးဝါးစက်ရုံများတွင်အလုပ်လုပ်သူများ၊ပလတ်စတစ် နှင့် ဆိုးဆေးအစရှိသည့် ဓါတုပစ္စည်းစက်ရုံများအနီးတွင်နေထိုင်သူများ၊ပိုးသတ်ဆေးနှင့် အခြားဓါတုဆေးများအသုံးပြုထားသည့် လယ်ယာများတွင်နေထိုင်သူအမျိုးသားအမျိုးသမီးများတွင် မဟော်မုန်းပမာဏများနေတတ်ပါသည်။
  • ဝနေသူများ
  • သွေးတိုးရောဂါရှိသူများ
  • အရက်သောက်သူများအထူးသဖြင့် အမြဲတမ်းနှင့် အလွန်အကျွံသောက်သူများ
  • စိတ်ကျရောဂါပျောက်ဆေးများ၊ပိုးသတ်ဆေးများ (ဥပမာ – erythromycin)။ မှိုရောဂါပျောက်ဆေးများ (ketokonazole)၊ သွေးတိုးရောဂါအတွက်ဆေးများ (beta blockers)၊ ဆီးဆေးများ၊ကိုယ်ခံအားချသည့်ဆေးများ၊

စိတ်ရောဂါအတွက်ဆေးများ၊ကင်ဆာရောဂါအတွက်ဆေးများ နှင့် မဟော်မုန်းကဲ့သို့အာနိသင်ရှိသည့် ကလေးမရနိုင်သူတို့အတွက်ပေးသည့်ဆေးများ

  • ဆေးရွက်ကြီး
  • ဆေးခြောက်
  • မွေးရာပါကျားဟော်မုန်းလျော့နည်းစေသောမျိုးရိုးဗီဇရောဂါများ ( Klinefelter’s, Wilson-Turner’s and Androgen insensitivity syndromes)
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Andropause (အမျိုးသားများသွေးဆုံးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    အမျိုးသားများသွေးဆုံးခြင်းဟုဆုံးဖြတ်နိုင်ရန်အတွက် ဆရာဝန်သည်

    • လူနာအားစမ်းသပ်ရမည်
    • ရောဂါလ္ခဏာများအကြောင်းမေးရမည်
    • ကျားဟော်မုန်းပမာဏအပါအဝင်လိုအပ်သောသွေးစစ်မှုများပြုလုပ်ခိုင်းရမည်

    အချို့အခြေအနေများသည် ကျားဟော်မုန်းလျော့နည်းခြင်းနှင့်ဆက်စပ်နေသောကြောင့်

    ဥပမာ – hypogonadism (မျိုးပွားအဂါၤများကောင်းစွာမဖွံ့ဖြိုးခြင်း)၊ဆီးချိုရောဂါ၊သွေးတိုးရောဂါ

    သင့်ဆရာဝန်သည် ထိုအချက်များကိုပယ်နိုင်ရန် လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။ အရေးကြီးသောအချက်မှာအမျိုးသားများသွေးဆုံးခြင်း၏ လက္ခဏာအများစုသည် အသက်အရွယ်ကြီးလာခြင်း၏ သာမန်ဖြစ်စဉ်တစ်ခုဖြစ်ပြီးဆေးဝါးကုသ၍လဲမရနိုင်ပါ။

    Andropause (အမျိုးသားများသွေးဆုံးခြင်း) ကို ဘယ်လိုကုသပါသလဲ

    သွေးအတွင်းကျားဟော်မုန်းအစားထိုးပြန်လည်ဖြည့်ဆည်းခြင်းသည် အမျိုးသားသွေးဆုံးခြင်းများတွင် အများဆုံးပြုလုပ်သောကုသမှုဖြစ်သည်။

    ထိုသို့ကုသခြင်းဖြင့် အများစုတွင် ရောဂါလက္ခဏာများသက်သာစေနိုင်ပြီးဘဝအရည်အသွေးပြန်လည်တိုးတက်စေနိုင်ပါသည်။

    အမျိုးသမီးများတွင် ဟော်မုန်းအစားထိုးခြင်းကဲ့သို့ပင်ကျားဟော်မုန်းအစားထိုးကုသခြင်းတွင်လဲဘေးထွက်ဆိုးကျိုးများရှိနိုင်ပါသည်။ဥပမာအားဖြင့် ကျားဟော်မုန်းအစားထိုးကုသခြင်းသည် ဆီးကျိတ်ကင်ဆာကိုပိုမိုဆိုးရွားစေနိုင်ပါသည်။

    ကျားဟော်မုန်းအစားထိုးကုသရန် စဉ်းစားမည်ဆိုပါကအချက်အလက်များကိုပိုမိုသိရှိနိုင်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်ပြီးအကျိုးအပြစ်များကိုချိန်ဆပြီးမှ ကုသရန်ဆုံးဖြတ်သင့်ပါသည်။

    ကျားဟော်မုန်း (testosterone) ကိုအရေပြားကပ်ခွာများ၊ ဆေးတောင့်များ၊ ဂျယ်လ်များ၊ထိုးဆေးများစသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့်ရရှိနိုင်ပါသည်။

    သင့်ဆရာဝန်ကသင်မည်သည့်ကုသမှုဖြင့် ပိုမိုသင့်လျော်ကြောင်းနှင့် လိုအပ်သောဘဝနေထိုင်မှုပုံစံတို့ကိုကူညီဆုံးဖြတ်ပေးပါလိမ့်မည်။

    ကုသမှုစတင်ပြီးသည့်နောက်တွင် ဆရာဝန်နှင့်ပုံမှန်ဆက်လက်ပြသရန် အရေးကြီးပါသည်။

    ဆက်လက်ပြသမှသာသင့်ဆရာဝန်ကတိုးတက်မှုအခြေအနေကိုစစ်ဆေး၍ လိုအပ်လျှင်ကုသမှု ပြန်လည်ချိန်ဆနိုင်ရန် ဖြစ်ပါသည်။

    • အရေပြားကပ်ခွာများ : ကျားဟော်မုန်းပါဝင်သောကပ်ခွာကိုကပ်ခြင်းဖြင့် အရေပြားမှတစ်ဆင့် ကျားဟော်မုန်းများဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

      ထိုကပ်ခွာများသည် ကျားဟော်မုန်းကိုဖြေးဖြေးနှင့်မှန်မှန် သွေးထဲသို့ထုတ်လွှတ်ပေးပါသည်။

      ထိုကပ်ခွာကိုတစ်နေ့လျှင်တစ်ကြိမ် ကျောကုန်း၊ ဗိုက်၊လက်မောင်းနှင့် ပေါင်တို့၏ ခြောက်သွေ့သောအရေပြားပေါ်တွင် ကပ်နိုင်ပါသည်။

    • testosterone ဂျယ်လ် :ထိုဂျယ်လ်ကိုလဲအရေပြားပေါ်တွင် အများအားဖြင့် လက်မောင်းတွင် လိမ်းနိုင်ပါသည်။

      ထိုဂျယ်လ်သည် အရေပြားခြင်းထိတွေ့မှုဖြင့် အခြားသူတစ်ယောက်ဆီရောက်ရှိနိုင်သောကြောင့် ဂျယ်လ်ကိုလိမ်းပြီးတိုင်းလက်ပြန်ဆေးရန်လိုအပ်ပါသည်။

    • ဆေးတောင့်များ: အခြားကျားဟော်မုန်းအစားထိုးကုသခြင်းတစ်မျိုးဖြစ်ပြီးအစာစားပြီးတစ်နေ့နှစ်ကြိမ် သောက်ရပါမည်။

    အသည်းရောဂါရှိသူများ၊အသည်းလုပ်ငန်းဆောင်တာမကောင်းသူများ၊ ပြင်းထန်သောနှလုံးရောဂါ၊ ကျောက်ကပ်ရောဂါရှိသူများ၊သွေးတွင်းကယ်လ်ဆီယမ်ဓါတ်များနေသူများကျားဟော်မုန်းဆေးတောင့်ကိုမသောက်သုံးသင့်ပါ။

  • ကျားဟော်မုန်းထိုးဆေး :ကျားဟော်မုန်း (testosterone cypionate* နှင့် testoateroneenanthate) ကို၂ ပတ်မှ ၄ ပတ် အတွင်း ကြွက်သားထဲသို့ပုံမှန်ထိုးခြင်းဖြစ်သည်။

    ကျားဟော်မုန်းပမာဏပြောင်းလဲသွားခြင်းကြောင့် စိတ်အတက်အကျများခြင်းများဖြစ်စေနိုင်ပါသည်။

  • ပြင်းထန်သောနှလုံးရောဂါ၊ ကျောက်ကပ်ရောဂါရှိသူများ၊သွေးတွင်းကယ်လ်ဆီယမ်ဓါတ်များနေသူများ testosterone cypionateကိုရှောင်သင့်ပါသည်။

    ပြင်းထန်သောကျောက်ကပ်ရောဂါရှိသူများ testosterone enanthateကိုရှောင်သင့်ပါသည်။

    ဆီးကျိတ်ကင်ဆာ၊ရင်သားကင်ဆာရှိသူများကိုကျားဟော်မုန်းမပေးသင့်ပါ။

    နှလုံးရောဂါရှိသူ၊သွေးကျဲဆေးကဲ့သို့သောဆေးများသောက်နေရသူ၊ ဆီးကျိတ်ကြီးနေသူ၊ကျောက်ကပ်ရောဂါ အသည်းရောဂါရှိသူတို့သည် ကျားဟော်မုန်းဖြင့်ကုသရန်သင့် မသင့်ကိုဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

  • နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

    အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကအမျိုးသားသွေးဆုံးခြင်းအတွက် သင့်ကိုကူညီပါလိမ့်မည်။

    • ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုစားပါ
    • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
    • အိပ်ရေးဝဝအိပ်ပါ
    • စိတ်ဖိစီးမှုများကိုလျော့ပါ

    သင်စိတ်ကျခြင်းဝေဒနာကိုခံစားရပါကဆရာဝန်သည် စိတ်ကျရောဂါကုသသောဆေးများပေး၍ နေထိုင်မှုပုံစံပြောင်းလဲရန် အကြံပေးပါလိမ့်မည်။

    သိလိုသည်များရှိပါကပိုမိုနားလည်သဘောပေါက်ရန်နှင့် အကောင်းဆုံးဖြေရှင်းကုသနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Kaung Thar မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement