backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း) ကဘာလဲ။

မျိုးရိုးဗီဇရောဂါတမျိုးဖြစ်ပြီး လိင်အင်္ဂါလက္ခဏာများ ဖြစ်ပေါ်လာချိန်မှာ ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ခန္ဓါကနေ ကျားအင်္ဂါဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ အင်ဒရိုဂျင်ဟော်မုန်းကို တုံ့ပြန်မှုမလုပ်တဲ့အခါ ရောဂါဖြစ်တတ်ပါတယ်။ ဒီပြသနာနဲ့ မွေးလာတဲ့ကလေးတွေမှာ လိင်အင်္ဂါတွေ မဖွံ့ဖြိုးဘဲ၊ မရှိဘဲ မွေးလာတတ်ပါတယ်။ ကိုယ်တွင်းက မျိုးပွားအင်္ဂါတွေလည်း ပုံမှန်မရှိတတ်ပါဘူး။ AIS ရောဂါ အပြည့်ဖြစ်သူများဟာ မိန်းကလေးပုံစံဖြစ်နေပြီး တစိတ်တပိုင်းရှိနေသူတွေကတော့ ကျား/မ ပုံပန်း ၂မျိုးစလုံး ရှိနေတတ်ပါတယ်။ AIS တစိတ်တပိုင်းဖြစ်ခြင်းကို မွေးကတည်းက သိနိုင်ပြီး လိင်အင်္ဂါပုံစံမမှန်ဘဲ တွေ့ရပါတယ်။ တခြားရောဂါ ပုံစံတွေကိုတော့ လူပျို အပျိုဘော်ဝင်ချိန်အထိ မသိနိုင်ပါဘူး။

AIS ဖြစ်သူတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးရင် အကျိုးရှိပါတယ်။ တချို့တွေကိုတော့ လိင်အင်္ဂါပုံစံ ပြောင်းလဲပြီး ကုသပါတယ်။

ဒီပြသနာနဲ့ မွေးဖွားလာသူ အများစုဟာ ကလေးမရနိုင်ပါဘူး။ ဒါပေမယ့် ကျန်တဲ့နေရာတွေမှာ ကျန်းမာပြီး ပုံမှန်အတိုင်း နေထိုင်နိုင်ပါတယ်။

Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း) က ဘယ်လောက်အဖြစ်များသလဲ

တွေ့ရများပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမ ၁၀ပတ်မှာ ယောက်ျားလေး မိန်းကလေးရဲ့ အပြင်ပန်း ခန္ဓါဗေဒ ပုံပန်းတွေ တူညီပါတယ်။ ကျားဟော်မုန်း တက်စတိုစတီရုန်းရှိခြင်း မရှိခြင်းဟာ ကျား (သို့) မအင်္ဂါ ဖြစ်ပေါ်လာခြင်းကို အဆုံးအဖြတ်ပေးပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တုံ့ပြန်မှုမရှိတဲ့ အတိုင်းအတာပေါ် မူတည်ပြီး လက္ခဏာတွေ ပြောင်းလဲပါတယ်။ ယေဘုယျအားဖြင့် အောက်ပါအတိုင်း ၃မျိုးရှိပါတယ်။

  • အင်ဒရိုဂျင်အာရုံတုံ့ပြန်မှု မပြင်းထန်ခြင်း (MAIS)
  • အင်ဒရိုဂျင်အာရုံတုံ့ပြန်မှု တစိတ်တပိုင်းရှိခြင်း (MAIS)
  • ပြည့်စုံသော အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း (MAIS)

အင်ဒရိုဂျင်အာရုံတုံ့ပြန်မှု မပြင်းထန်ခြင်း (MAIS)

မွေးကင်းစမှာ ယောက်ျားလေးပုံစံပဲဖြစ်ပြီး လိင်အင်္ဂါ ဖွံ့ဖြိုးခြင်းအတွက် မထိခိုက်ပါဘူး။ ဒါပေမယ့် သုတ်ပိုးထုတ်တဲ့နေရာ၊ ယောက်ျားလေးတွေရဲ့ ထပ်ဆင့် ပင်ကိုယ်လက္ခဏာ ဖြစ်ပေါ်တဲ့ နေရာ (ဥပမာ အသံသြခြင်း၊ အမွေးအမျှင်များ ပေါက်လာခြင်း) တွေမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။

အင်ဒရိုဂျင်အာရုံတုံ့ပြန်မှု တစိတ်တပိုင်းရှိခြင်း (MAIS)

ပုံမမှန်တဲ့ လိင်အင်္ဂါတွေ၊ မျိုးပွားအင်္ဂါတွေ ရှိတတ်ပါတယ်။ တယောက်နဲ့ တယောက်တော့ ဖြစ်ပုံချင်း မတူပါဘူး။ ထပ်ဆင့် ပင်ကိုယ်လက္ခဏာတွေဖြစ်ပေါ်ရာမှာ သက်ရောက်မှု ရှိပါတယ်။

ကိုယ်တွင်းမျိုးပွားအင်္ဂါတွေမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။

  • သုတ်ပြွန်၊ သုတ်ပို့ပြွန်၊ သုတ်ရည်အိတ် စတာတွေဟာ တစိတ်တပိုင်းကနေ အပြည့်အဝထိ ဖွံ့ဖြိုးပါတယ်။
  • ဆီးကျိတ်။ သေးငယ်ပြီး မစမ်းမိပါဘူး။
  • ဝှေးစေ့တွေဟာ ကပ္ပယ်အိတ်ထဲ မဆင်းပါဘူး။
  • ကပ္ပယ်အိတ်ဟာ နှစ်ခြမ်းကွဲနေပြီး မအင်္ဂါ အပြင်ပိုင်းနဲ့ ဆင်တူနေပါတယ်။

ထပ်ဆင့် ပင်ကိုယ်လက္ခဏာတွေအနေနဲ့

  • ရင်သားကြီးခြင်း
  • ဆီးခုံမွေးနည်းခြင်း
  • အသံစူးခြင်း စတာတွေ ဖြစ်ပါတယ်။

ပြည့်စုံသော အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း (MAIS)

ဒီပြသနာရှိသူများဟာ မွေးစမှာ မိန်းကလေးအနေနဲ့ပဲ တွေ့ရပါတယ်။ လက္ခဏာတွေဟာ အပျိုဘော် လူပျိုဘော် မဝင်ခင်ထိ ပေါ်မလာပါဘူး။

လိင်အင်္ဂါများ

  • မိန်းမအင်္ဂါအပြင်ပိုင်းနဲ့ အင်္ဂါအစေ့ဟာ များသောအားဖြင့် ပုံမှန်ဖြစ်ပြီး တခါတရံမှာ သိပ်မဖွံ့ဖြိုးပါဘူး။
  • မအင်္ဂါ။ လမ်းကြောင်းတိုပြီး အိတ်ပုံစံဆုံးပါတယ်။

ကိုယ်တွင်းမျိုးပွားအင်္ဂါများ

  • မျိုးဥအိမ်မရှိဘဲ ဝှေးစေ့တွေ ဖြစ်နေတတ်ပါတယ်။
  • သုတ်ပြွန်၊ သုတ်ပို့ပြွန်၊ သုတ်ရည်အိတ်တို့ မရှိပါဘူး။
  • သားအိမ်ပြွန်၊ သားအိမ်ခေါင်း၊ သားအိမ် စတာတွေ မရှိခြင်း၊ အကြွင်းအကျန်သာတွေ့ရခြင်း ဖြစ်နိုင်ပါတယ်။

ထပ်ဆင့်ပင်ကိုယ်လက္ခဏာများ

  • ဆီးခုံမွေးနည်းခြင်း၊ မရှိခြင်း၊ တခါတရံ ချိုင်းမွေးမရှိခြင်း ဖြစ်တတ်ပါတယ်။
  • တက်စတိုစတီရုန်းဟာ အီစထရိုဂျင်အနေနဲ့ ပြောင်းသွားတာမို့ ရင်သားများ ဖွံ့ဖြိုးပါတယ်

အခြားရုပ်ပိုင်းလက္ခဏာများ

  • ဝက်ခြံမထွက်ခြင်း
  • သွားများကြီးခြင်း
  • ခြေဆန်လက်ဆန်ရှည်လျားခြင်း
  • ဓမ္မတာမလာခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားနိုင်တဲ့အကြောင်းတချို့ကတော့ အမေကနေ ကလေးဆီ ဆင်းသက်တဲ့ ဗီဇချို့ယွင်းမှုကြောင့် ဖြစ်တတ်ပါတယ်။

  • ဗီဇအရ ယောက်ျားလေးဖြစ်နေပေမယ့် ကိုယ်ခန္ဓါဟာ ကျားဟော်မုန်းကို တုံ့ပြန်မှုမရှိတာကြောင့် ကျားအင်္ဂါများ ပုံမှန်အတိုင်း ဖွံ့ဖြိုးခြင်းမရှိပါဘူး။
  • ဆိုလိုတာကတော့ ကျားလိင်တံ မဖြစ်ပေါ်ခြင်း၊ ဖွံ့ဖြိုးမှုမရှိခြင်း မဟုတ်ပါဘူး။ လိင်အင်္ဂါဟာ အမျိုးသမီး၊ ဒါမှမဟုတ် အမျိုးသားနဲ့ အမျိုးသမီးကြား ဖြစ်နေတတ်ပြီး သားအိမ် မျိုးဥအိမ်မပါခြင်း၊ ဝှေးစေ့ မဆင်းခြင်း စတာတွေ တွေ့ရတတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းနဲ့ အောက်ပါစစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။

  • သွေးစစ်ဆေးခြင်း
  • ပုံရိပ်ဖော်စစ်ဆေးခြင်း (တင်ဆုံရိုးကွင်းအတွင်း အာထရာဆောင်းရိုက်ပြီး အမျိုးသမီး မျိုးပွားအင်္ဂါတွေ ရှိမရှိ အတည်ပြုနိုင်ပါတယ်)
  • မျိုးရိုးဗီဇစစ်ဆေးခြင်း။ ခရိုမိုဆုမ်းစစ်ဆေးနည်းနဲ့ သိနိုင်ပါတယ်။
  • မျိုးရိုးဗီဇဆက်ကြောင်းဖော်စစ်ဆေးခြင်း။ အင်ဒရိုဂျင်လက်ခံဗီဇ ရှိမရှိ စစ်ဆေးပြီး ဗီဇချို့ယွင်းမှု ရှိမရှိ သိနိုင်ပါတယ်။
  • မွေးဖွားခြင်းမတိုင်မီ စစ်ဆေးခြင်း။ AIS ရောဂါ ဖြစ်ပွားဖူးတဲ့ မိသားစုရာဇဝင်ရှိရင် စစ်ဆေးသင့်ပါတယ်။ ဆဲလ်နမူနာယူပြီး ဗီဇစစ်ဆေးနိုင်ပါတယ်။
  • Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း) ကို ဘယ်လိုကုသပါသလဲ

    ပျောက်ကင်းအောင်ကုသနိုင်ခြင်း မရှိပေမယ့် AIS ရောဂါရှိသူတွေကို ကျန်းမာပြီး သက်တမ်းစေ့နေနိုင်စေတဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်

    • ကျား/မ သတ်မှတ်ခြင်း
    • ဟော်မုန်းအစားထိုးခြင်း
    • မျိုးဥအိမ်ခွဲစိတ်ထုတ်ခြင်း
    • မအင်္ဂါလမ်းကြောင်းချဲ့ခြင်း
    • ပြန်လည်ပြုပြင်ခွဲစိတ်ခြင်း (အမျိုးသမီးအဖြစ် ခံယူလိုသူများအတွက် တခြားနည်းလမ်းကတော့ မိန်းမကိုယ် ခွဲစိတ်ပြုပြင်ခြင်း ဖြစ်ပါတယ်။ အပြင်ပိုင်းလိင်အင်္ဂါရဲ့ အရေပြားတစ်သျှူးကို သုံးပြပီး မိန်းမကိုယ်ကို ပြုပြင်ခွဲစိတ်နိုင်ပါတယ်။

    သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement