Anaphylactoid Purpura (ဆိုးရွားတဲ့ဓာတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anaphylactoid Purpura (ဆိုးရွားတဲ့ဓာတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း) ကဘာလဲ။

ဟေးနော့ရှော်လိန်းအင်ပျဉ်ထခြင်းဆိုတာ ရှားပါးတဲ့ ပြသနာတခုဖြစ်ပြီး အရေပြား၊ အဆစ်များ၊ အူများနဲ့ ကျောက်ကပ်များထဲက သွေးကြောငယ်များ သွေးယိုခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွေးကြောရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ သွေးကြောရောင်ခြင်း ပုံစံတမျိုးစီမှာ သွေးကြောတွေရဲ့ ထူးခြားတဲ့ ၀ိသေသတွေ ပါဝင်ပါတယ်။

ဟေးနော့ရှော်လိန်းအင်ပျဉ်ထခြင်းရဲ့ အဓိကပုံစံဟာ ခရမ်းရောင်အပျဉ်တွေဟာ ခြေထောက်နဲ့ တင်ပါးတွေမှာ ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ၀မ်းဗိုက်အောင့်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး ကျောက်ကပ်ထိခိုက်တာ ဖြစ်နိုင်ပါတယ်။

ဒီပြသနာဟာ လေးပတ်ကနေ ၆ပတ်ထိကြာရင် ပျောက်သွားနိုင်ပါတယ်။ တခါတရံ ပြန်ဖြစ်တတ်ပါတယ်။ ရေရှည် အကျိုးဆက်တွေတော့ မရှိတတ်ပါဘူး။ ကျောက်ကပ်၊ အူ စတဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ရင် ကုသမှုတွေ လိုအပ်ပြီး နောက်ဆက်တွဲပြသနာတွေကို ကာကွယ်ဖို့ ပုံမှန် ပြန်လည်ပြသဖို့ လိုအပ်ပါတယ်။

Anaphylactoid Purpura (ဆိုးရွားတဲ့ဓာတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုဖြစ်တတ်ပါတယ်။ ကလေးတွေမှာ ကျား/မအချိုးဟာ ၁.၅-၂း ၁ ရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ ကျား/မအချိုးဟာ ၁း၁ ဖြစ်ပါတယ်။

ဟေးနော့ရှော်လိန်းအင်ပျဉ်ဟာ ဘယ်သူမှာမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသက် ၂နှစ်နဲ့၆နှစ်ကြား ကလေးတွေမှာ တွေ့ရအများဆုံး ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

 

လက္ခဏာများ

Anaphylactoid Purpura (ဆိုးရွားတဲ့ဓာတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကလက္ခဏာ ၄မျိုး ရှိပါတယ်။

  • အင်ပျဉ်။ သွေးခြေဥခြင်းနဲ့တူတဲ့ အနီရောင် ခရမ်းရောင် အစက်ကလေးတွေ တွေ့ရခြင်းဟာ အဓိက လက္ခဏာ ဖြစ်ပါတယ်။ တင်ပါး၊ ခြေထောက်နဲ့ ခြေဖ၀ါး စတာတွေမှာ အများဆုံး ဖြစ်ပါတယ်။ လက်မောင်း၊ မျက်နှာနဲ့ ကိုယ်လုံးတွေမှာလည်း ဖြစ်နိုင်ပြီး ဖိအားများတဲ့နေရာတွေ (ခြေအိတ်ဝတ်တဲ့နေရာ၊ ခါးပတ်နေရာ)မှာ ပိုဆိုးတတ်ပါတယ်။
  • အဆစ်အမြစ်ရောင်ခြင်း။ အဆစ်အမြစ်တွေ အထူးသဖြင့် ဒူးခေါင်းတွေ ခြေကျင်းဝတ်တွေမှာ အဆစ်ရောင်တတ်ပါတယ်။
  • အစာအိမ်အူလမ်းကြောင်း လက္ခဏာများ။ ဟေးနော့ရှော်လိန်းအင်ပျဉ်ထသူ ကလေးများမှာ ဗိုက်အာင့်ခြင်း၊ ပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်း စတဲ့ပြသနာတွေ တွေ့နိုင်ပါတယ်။
  • ကျောက်ကပ်ပြသနာ။ ကျောက်ကပ်ကိုလည်း ထိခိုက်နိုင်ပြီး ဆီးထဲမှာ ပရိုတိန်း၊ သွေးပါခြင်း စတာတွေ တွေ့နိုင်ပြီး ဆီးမစစ်ရင် မသိနိုင်ပါဘူး။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Anaphylactoid Purpura (ဆိုးရွားတဲ့ဓာတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်ခန္ဓာရဲ့ သွေးကြောလေးတွေ ရောင်ရမ်းပြီး အရေပြား၊ ၀မ်းဗိုက်နဲ့ ကျောက်ကပ်တွေမှာ သွေးယိုနိုင်ပါတယ်။ ဒါပေမယ့် ဒီကနဦး ရောင်ရမ်းခြင်းတွေဟာ ဘာကြောင့်လဲဆိုတာ သေချာမသိပါဘူး။ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှု ဖြစ်နိုင်ပါတယ်။ လည်ချောင်း၊ အသက်ရှူလမ်းကြောင်း၊ အဆုတ် စတာတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

တယော်ကကနေ တယောက်ကို မကူးစက်သလို မိသားစုအတွင်းလည်း မျိုးရိုးမလိုက်ပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Anaphylactoid Purpura (ဆိုးရွားတဲ့ဓာတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • အသက်အရွယ်။ ကလေးတွေ၊ ငယ်ရွယ်သူတွေမှာ ဖြစ်တတ်ပါတယ်။ အသက် ၂-၆နှစ်အရွယ်အတွင်း အဓိက ဖြစ်တတ်ပါတယ်။
  • ကျား/မ။ ယောက်ျားလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။
  • လူမျိုး။ လူဖြူ၊ အာရှကလေးတွေဟာ လူမည်းကလေးတွေထက် ဖြစ်တာပိုများပါတယ်။
  • ရာသီ။ ဆောင်းဦး၊ ဆောင်း၇ာသီနဲ့ နွေဦးအချိန်တွေမှာ ဖြစ်တာများပြီး နွေရာသီမှာ ရှားပါးပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Anaphylactoid Purpura (ဆိုးရွားတဲ့ဓာတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စစ်ဆေးချက်တမျိုးတည်းနဲ့တော့ ဟေးနော့ရှော်လိန်းပြသနာကို အဖြေမထုတ်နိုင်ပါဘူး။ ဒါပေမယ့် တခြားရောဂါတွေကို ဖယ်ထုတ်ပြီး ဒီရောဂါ ဖြစ်နိုင်ခြေရှိကြောင်း အတည်ပြုနိုင်ပါတယ်။

  • သွေးစစ်ဆေးမှုများ။ ရောဂါအမည်တပ်ခြင်းဟာ လက္ခဏာတွေပေါ်မှာပဲ အတည်မပြုနိုင်တဲ့အခါ ပြုလုပ်ပါတယ်။
  • ဆီးစစ်ဆေးမှုများ။ သွေးစစ်ဆေးမှုအတွက် အထောက်အထားဖြစ်စေဖို့ ကျောက်ကပ်ဟာ ကောင်းစွာ အလုပ်လုပ်ခြင်းရှိမရှိ သိနိုင်ဖို့ ပြလုပ်ပါတယ်။

အသားစစစ်ဆေးခြင်း

အရေပြားအစအနည်းငယ်ယူပြီး အနုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးပါတယ်။ ဆိုးရွားတဲ့ ကျောက်ကပ်ပြသနာရှိရင် ကျောက်ကပ်အသားစယူပြီး စစ်ဆေးပါတယ်။

ပုံရိပ်ဖော်စစ်ဆေးခြင်း

ဝမ်းဗိုက်နာခြင်းရဲ့ တခြားအကြောင်းအ၇ာတွေကို ဖယ်ထုတ်နိုင်ဖို့နဲ့ ဖြစ်နိုင်ခြေပြသနာတွေကို စစ်ဆေးဖို့ အာထရာဆောင်း ရိုက်နိုင်ပါတယ်။

Anaphylactoid Purpura (ဆိုးရွားတဲ့ဓာတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း) ကို ဘယ်လိုကုသပါသလဲ

တလအတွင်း ပျောက်နိုင်ပြီး ဝေဒနာတွေ မကျန်ခဲ့ပါဘူး။

အိပ်ရာမှာအနားယူခြင်း၊ အရည်ဓာတ်များများ သောက်ခြင်း၊ မိမိဖာသာ ၀ယ်ယူသောက်သုံးနိုင်တဲ့ ဆေးဝါးများ သုံးစွဲခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

ဆေးဝါးများ

ပရနီစလုံးလို ကော်တီကိုစတီးရွိုက်ဆေးတွေကို သုံးစွဲရာမှာ အငြင်းပွားစရာတွေ ရှိပါတယ်။ ဆိုးရွားတဲ့ အစာအိမ်အူလမ်းကြောင်းတွေကို ကုသဖို့ အများဆုံး သုံးပါတယ်။

ခွဲစိတ်ခြင်း

အူလမ်းကြောင်းခေါက်ခြင်း၊ ပေါက်ခြင်း စတာတွေမှာ ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက   ဆိုးရွားတဲ့ဓာတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအချက်တွေက အထောက်အကူ ပြုပါတယ်။

ဒီပြသနာရှိသူတွေကို သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်ပေးရပါတယ်။ အိပ်ရာထက် အနားယူခြင်း၊ အရည်များများပေးခြင်း၊ ဆေးဝါးများသောက်သုံးခြင်း ပြုလုပ်နိုင်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

 

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ