Anaphylactic Shock (ဓာတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anaphylactic Shock (ဓာတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း) ကဘာလဲ။

ဓာတ်မတည့်မှုကြောင့် ရှော့ခ်ရတယ်ဆိုတာ အလက်ဂျစ်ဖြစ်ခြင်း တစ်မျိုးဖြစ်ပြီး ဆိုးရွားပြင်းထန်ကာ သတိလစ်မေ့မြော၊ သေစေတဲ့ အထိဖြစ်နိုင်ပါတယ်။ အစားအသောက်၊ ဆေးဝါး၊ ပိုးမွှား၊ ပန်းဝတ်ရည်တွေနဲ့ ဓာတ်မတည့်တဲ့အခါ ဖြစ်ပါတယ်။

ဓာတ်မတည့်တဲ့ပစ္စည်းတွေနဲ့ထိတွေ့မိပြီး စက္ကန့်ပိုင်း မိနစ်ပိုင်းလေးမှာပဲ ရှော့ခ်ရနိုင်ပြီး သွေးပေါင်ချိန်ကိုကျစေကာ အသက်ရှူလမ်းကြောင်းကိုလည်း ပိတ်ဆို့စေတတ်ပါတယ်။ ဓာတ်မတည့်မှုကြောင့် ရှော့ခ်ရခြင်း ( Anaphylatic shock )ရဲ့ ရောဂါလက္ခဏာတွေကတော့ သွေးခုန်နှုန်း အလွန်မြန်ပြီးအားနည်းခြင်း၊ အရေပြား အနီကွက်ထခြင်း၊ မူးဝေ အော့အန်ခြင်း တို့ဖြစ်ပါတယ်။

ဓာတ်မတည့်လို့ ရှော့ခ်ရရင် အရေးပေါ်ခန်းကိုချက်ချင်းပို့ပြီး epinephrine ထိုးပေးဖို့လိုအပ်ပါတယ်။

Anaphylactic Shock (ဓာတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

လူဦးရေရဲ့ ၂ ရာခိုင်နှုန်း လောက်ထိဖြစ်များတတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ထိခိုက်တတ်ပါတယ်။ ဒါကိုထိန်းချုပ်ချင်ရင်တော့ သင့်အနေနဲ့ ဖြစ်စေတတ်တဲ့ အရာတွေကိုလျော့ချရမှာပါ။ ပိုသိလိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Anaphylactic Shock (ဓာတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ယေဘုယျ လက္ခဏာတွေကတော့
• ယားခြင်း၊နီခြင်း၊ ဖျော့တော့ခြင်း စတဲ့အရေပြားလက္ခဏာများ
• ခန္ဓာကိုယ်ပူနွေးလာသော ခံစားချက်
• လည်ချောင်းမှာ တစ်ဆို့ဆို့ခံစားရခြင်း
• သွေးခုန်နှုန်း အလွန်မြန်ပြီး အားနည်းခြင်း
• မူးဝေအော့အန်ခြင်း၊ ဝမ်းလျှောခြင်း
• သတိလစ်မေ့မျောခြင်း စသည်တို့ဖြစ်ပါတယ်။
အထက်ပါ စာရင်းထဲမှာ မပါဝင်တဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ သင့် အနေနဲ့ ရောဂါလက္ခဏာ နဲ့ ပတ်သက်ပြီး သိလိုသည်များရှိပါက သင့်ဆရာဝန်ကို မေးမြန်းတိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်မှာ ဖော်ပြထားသလို ပြင်းထန်တဲ့ အခြေအနေရောက်ပြီဆိုရင် အရေးပေါ် ဆေးကုသမှုခံယူသင့်ပါတယ်။
epinephrine ဆေးထိုးထား လို့ သက်သာနေပြီဆိုရင်တောင်မှ လက္ခဏာတွေ ပြန်မဖြစ်အောင် သေချာစေဖို့ အရေးပေါ်ဌာနသို့ သွားပြီး ဆက်လက် စောင့်ကြည့်သင့်ပါသေးတယ်။

ပြင်းထန်တဲ့ အလက်ဂျစ်၊ဓာတ်မတည့်မှုကြောင့် ရှော့ခ်ရခြင်းရဲ့ လက္ခဏာတွေရမယ်ဆိုရင် ဆရာဝန်နဲ့တွေ့ဖို့ပြင်ဆင်ရပါမယ်။

အကြောင်းရင်းများ

Anaphylactic Shock (ဓာတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်နိုင်တဲ့ အခြေအနေများစွာရှိပါတယ်။ ဥပမာ-
• အချို့သောဆေးတွေ (ဥပမာ ပင်နီဆလင်)
• မြေပဲ၊ အစေ့အဆံပါတဲ့ စားစရာတွေ (ဥပမာ သစ်ကြားသီး၊ သစ်စေ့၊ သစ်ချသီးနဲ့ သီဟိုဠ်စေ့) ၊ ဂျုံ (ကလေးတွေမှာဖြစ်ပါတယ်) ၊ ငါး၊ ကမာကောင်၊ နို့နဲ့ ဥအမျိုးမျိုး
• အကောင်ကိုက်ခံရတာတွေ ( ဥပမာ – ပျား၊ နကျယ်ကောင် ၊ နဂျီကောင် အကောင်စား၊ မီးပုရွက်ဆိတ်ကိုက်ခံရင် ဖြစ်နိုင်ပါတယ်။
အဖြစ်နည်းတဲ့ အကြောင်းရင်းတွေကတော့-
• ပန်းဝတ်မှုန်များ
• Aspirin၊ ibuprofen၊ naproxen တို့လို ဆေးတွေနဲ့ X ray ဓါတ်မှန် ရိုက်ရာမှာသုံးတဲ့ အကြောဆေး ဆိုးဆေးတွေ
• လေ့ကျင့်ခန်း (ဥပမာ အေရိုးဗစ်၊ လေ့ကျင့်ခန်းမလုပ်ခင် အစာစားခြင်း၊ အလွန်ပူသော၊ အေးသော၊ စွတ်စိုထိုင်းမှိုင်းသော အချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း) စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Anaphylactic Shock (ဓာတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ဓာတ်မတည့်မှုကြောင့် ရှောခ့် ရခြင်း ဖြစ်ပွားနိုင်ချေ ကို မြင့်မားစေသော အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ-
• ဓာတ်မတည့်မှုကြောင့် ရှော့ရတတ်တဲ့ ရောဂါရာဇဝင်ရှိဖူးသူ
• အလက်ဂျစ်နဲ့ ပန်းနာရင်ကျပ်ရှိသူ
• ဓာတ်မတည့်မှု မျိုးရိုးရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Anaphylactic Shock (ဓာတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဓာတ်မတည့်မှုကြောင့် ရှော့ရခြင်း ကိုအောက်ပါမေးခွန်းလေးတွေမေးမြန်းပြီး စစ်ဆေးနိုင်ပါတယ်။
• စားထားတဲ့ အစားအစာ
• သုံးစွဲနေတဲ့ဆေးဝါးများ
• ပန်းဝတ်မှုန်တွေနဲ့ ထိမိတဲ့အခါ အရေပြားရဲ့ တုံ့ပြန်မှု အခြေအနေ
အင်းဆက်ပိုးမွှားတစ်ကောင်ကောင် ကိုက်ခံရတဲ့ အခါ ရောဂါ လက္ခဏာဖြစ်တတ်မှုရှိမရှိ စတာတွေဖြစ်ပါတယ်။

သင့်ရောဂါကုသနေတဲ့ ဆရာဝန်က ဓာတ်မတည့်မှုကို စမ်းသပ်ဖို့အတွက် အရေပြားစစ်ဆေးမှုနဲ့ သွေးစစ်ဆေးမှုတွေလုပ်ဖို့ တောင်းဆိုပါလိမ့်မယ်။ သင်ကိုယ်တိုင်ကလည်း စားမိတဲ့အစားအသောက်တွေကို အတိအကျစာရင်းပေးခြင်း ဖြင့် ဘယ်အရာကသင့်ရောဂါကိုဖြစ်စေလဲဆိုတာ ရှာဖွေဖို့ကူညီပေးနိုင်ပါတယ်။

အခြားဆင်တူရောဂါတွေ ဟုတ်မဟုတ်ဆိုတာ ခွဲခြားနိုင်မယ့် စစ်ဆေးမှုတွေလည်း လုပ်ရနိုင်ပါတယ်။ ဓာတ်မတည့်မှုကြောင့် ရှောခ့်ရခြင်း (anaphylactic shock)နဲ့ တူညီတဲ့ ရောဂါတွေကတော့-
• အတက်ရောဂါ စစ်ဆေးခြင်း
• ဓာတ်မတည့်မှုကြောင့်မဟုတ်ဘဲ အရေပြားလက္ခဏာများ ဖြစ်ပေါ်စေနိုင်သော အခြားရောဂါ အခြေအနေများကို စစ်ဆေးခြင်း
• ကိုယ်ခံအားစနစ်ပုံမမှန်မှုကြောင့် ဖြစ်တဲ့ Mast cell (ရောင်ရမ်းခြင်း နှင့် ဓာတ်မတည့်ခြင်းတို့တွင် ထွက်လာသော ခုခံဆဲလ်) ဆဲလ် အပွားလွန်ပြဿနာ (Mastocytosis)
• စိတ်ရောဂါ ပြဿနာများ ဥပမာ-ရုတ်တရက် အကြောက်လွန်ဝေဒနာ ( panic attack )
• နှလုံးနဲ့ အဆုတ်ရောဂါ စတာတွေဖြစ်ပါတယ်။

Anaphylactic Shock (ဓာတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အရေးပေါ်အခြေအနေမှာ ပေးနိုင်တဲ့ ကုသနည်းတွေကတော့ –
• အသက်ရှူ နိုင်ဖို့ အောက်စီဂျင်ပေးခြင်း
• အသက်ရှူ လမ်းကြောင်း ရောင်ရမ်းခြင်းကို လျော့ချဖို့နဲ့ အသက်ရှူ ကောင်းဖို့ Antihistamine နဲ့ cortisone လို ဆေးမျိုးထိုးပေးခြင်း
• အသက်ရှူ နှုန်းမှန်ဖို့ beta-agonist (ဥပမာ Albuterol ) ပေးခြင်း စတာတွေဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 27, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 27, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ