အဓိပ္ပါယ်ဖွင့်ဆိုချက်

Anal Pain (စအိုနာကျင်ခြင်း) ကဘာလဲ။

စအိုနာကျင်ခြင်းဆိုတာ စအိုအတွင်းနဲ့ စအိုဝတ၀ိုက်မှာ နာကျင်ခြင်း ဖြစ်ပါတယ်။ အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။ စအိုနာကျင်ခြင်းရဲ့ အကြောင်းရင်းအများစုက ကင်ဆာမဟုတ်ပေမယ့် နာကျင်ခြင်းကတော့ ဆိုးရွားလှပါတယ်။ စအိုတ၀ိုက်မှာ အာရုံကြော လမ်းဆုံးတဲ့နေရာတွေ အများကြီးရှိလို့ ဖြစ်ပါတယ်။

စအိုနာကျင်ခြင်းဟာ အူလှုပ်ရှားမှု မတိုင်မီ၊ လှုပ်ရှားနေချိန်နဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်နိုင်ပါတယ်။ သာမန်နာကျင်ခြင်းကနေ ဆိုးရွားလွန်းပြီး ပုံမှန် လှုပ်ရှားမှုတွေကို အနှောက်အယှက်ပေးလောက်တဲ့အထိ နာကျင်တတ်ပါတယ်။ အကြောင်းအရင်းများစွာရှိပြီး အများစုဟာ ကုသလိုပ ပျောက်ကင်းပါတယ်။

ဒါပေမယ့် စအိုနာကျင်နေခြင်းဟာ ၂၄-၄၈နာရီအတွင်း မပျောက်ရင် ဆရာဝန်ပြဖို့ လိုပါတယ်။ နာတဲ့အပြင် အဖျားရှိရင် ပိုပြီး ပြသသင့်ပါတယ်။

စအိုနာကျင်မှုကို ဖြစ်စေတဲ့အကြောင်းအရာတွေဟာ စအိုကနေ သွေးယိုခြင်းကိုလည်း ဖြစ်စေနိုင်ပြီး ပိုပြီး စိုးရိမ်ရပါတယ်။ နာကျင်ရတဲ့အကြောင်းအရင်းကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ မိမိဖာသာ ၀ယ်ယူသေယက်သုံးနိုင်သော ဆေးဝါးများ၊ ရေနွေးနွေးစိမ်ခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။

Anal Pain (စအိုနာကျင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Anal Pain (စအိုနာကျင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာတွေကတော့ ဘာဖြစ်သလဲ ဆိုတာပေါ် မူတည်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

စအိုကွဲခြင်း

  • ၀မ်းသွားစဉ်မှာ ဆိုးရွားပြင်းထန်စွာ နာတတ်ပါတယ်
  • ၀မ်းသွားပြီး အချိန်ကြာတဲ့အထိ ပူပြင်းကိုက်ခဲ တတ်ပါတယ်။
  • စအိုမှသွေးထွက်ခြင်း။ အိမ်သာသုံးစက္ကူမှာ သွေးအနည်းငယ်စွန်းထင်းတာ တွေ့နိုင်ပါတယ်။

လိပ်ခေါင်း

  • ၀မ်းသွားပြီး သွေးထွက်ခြင်း
  • အောက်ပိုင်းယားယံခြင်း
  • စအိုတ၀ိုက် တစ်ဆို့ဆို့ဖြစ်တတ်ခြင်း
  • စအိုတ၀ိုက် နီရဲရောင်ရမ်းနေတတ်ခြင်း
  • လိပ်ခေါင်းဆီသွားသော သွေးစီးဆင်းမှု ပိတ်ဆို့လျှင် နာကျင်တတ်ခြင်း

ဂရင်ဂျီနာ (သို့) ပြည်တည်နာ

  • ဆက်တိုက်နာနေတတ်ပြီး ထိုင်သောအခါ ပိုဆိုးခြင်း
  • စအိုတ၀ိုက်ယားယံခြင်း
  • ၀မ်းသွားစဉ် ပြည်၊ သွေးပါခြင်း
  • စအိုတ၀ိုက် ရောင်ရမ်းနီရဲခြင်း
  • ဖျားနာခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။

  • နာကျင်မုဆိုးရွားသောအခါ
  • ရက်အတော်ကြာတဲ့အထိ မသက်သာသောအခါ
  • စအိုမှ သွေးထွက်သောအခါ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Anal Pain (စအိုနာကျင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်စေတဲ့ အကြောင်းအရာများစွာ ရှိပေမယ့် အောက်ပါ အခြေအနေတွေက အများဆုံး ဖြစ်စေပါတယ်။

  • စအိုကင်ဆာ
  • စအိုကွဲခြင်း
  • စအိုယားခြင်း
  • စအိုမေထုန်
  • စအိုနှင့်အူမကြီးကြားအပေါက်ဖြစ်ခြင်း
  • မြီးညောင့်ရိုးနာခြင်း
  • နာတာရှည်ဝမ်းချုပ်ခြင်း
  • အူရောင်ရမ်းရောဂါ
  • ၀မ်းလျှောခြင်း
  • စမြင်းခံခြင်း
  • လိပ်ခေါင်း
  • စအိုကြွက်သားညှစ်ခြင်း
  • စအိုပတ်လည်ပြည်တည်ခြင်း
  • စအိုပတ်လည်သွေးစုရောင်ရမ်းခြင်း
  • စအိုအတွင်းကြွက်သားနာကျင်ခြင်း
  • စအိုရောင်ခြင်း
  • စအိုအတွင်းပိုင်းအနာဖြစ်ခြင်း
  • လိပ်ခေါင်းသွေးကြောပိတ်ခြင်း
  • ထိခိုက်မိခြင်း
  • အူတွင်အနာဖြစ်ပြီးရောင်ခြင်း
  • စအိုအနာဖြစ်ရောင်ရမ်းခြင်း

ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

(ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ ပိုမိုသိလိုလျှင် ဆရာဝန်နှင့် အမြဲ ဆွေးနွေးတိုင်ပင်ပါ။)

Anal Pain (စအိုနာကျင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် အူလမ်းကြောင်း စမ်းသပ်မှု ပြုလုပ်ပါလိမ့်မယ်။

  • စအိုတွင်း လက်ချောင်းထည့်ပြီး စအိုကြွက်သား အခြေအနေကို စစ်ဆေးပါလိမ့်မယ်။ စအိုကြွက်သားဟာ တောင့်တင်းပြီး ထိမိချိန်မှာ နာကျင်တတ်ပါတယ်။
  • စအိုလမ်းကြောင်းကို စစ်ဆေးပြီး လိပ်ခေါင်းသွေးကြောပိတ်ဆို့ခြင်း ရှိမရှိ စစ်ဆေးနိုင်ပါတယ်။
  • စအိုကွဲခြင်း ရှိမရှိ မျက်မြင်စစ်ဆေးနိုင်ပါတယ်။

 

 စအိုနာကျင်ခြင်း ကို ဘယ်လိုကုမလဲ

မိမိဖာသာကုသခြင်း

အောက်ပါကုသမှုတွေဟာ လိပ်ခေါင်းကြောင့် နာကျင်မှုတွေကို သက်သာစေပါတယ်။

  • ရေနွေးနွေးမှာ တခါစိမ် မိနစ် ၂၀ခန့် တနေ့လျှင် အကြိမ်များစွာစိမ်ခြင်း
  • လိပ်ခေါင်းဆေးများ ၀ယ်ယူသောက်သုံးခြင်း
  • ၀မ်းပျော့ဆေး၊ အမျှင်ဓာတ်များ စားပြီး နာကျင်မှုကို သက်သာစေပြီး အူလမ်းကြောင်းလှုပ်ရှားမှု ကောင်းစေခြင်း

အောက်ပါကုသမှုတွေဟာ စအိုကွဲခြင်းကြောင့် နာကျင်မှုတွေကို သက်သာစေပါတယ်။

  • ရေနွေးနွေးမှာ တခါစိမ် မိနစ် ၂၀ခန့် တနေ့လျှင် ၃ကြိမ်ခန့်စိမ်ခြင်း
  • ၀မ်းပျော့ဆေး၊ အမျှင်ဓာတ်များ စားပြီး နာကျင်မှုကို သက်သာစေပြီး အူလမ်းကြောင်းလှုပ်ရှားမှု ကောင်းစေခြင်း
  • ဟိုက်ဒရိုကော်တီဆုမ်း၊ ထုံဆေးများသုံးပြီး နာကျင်မှုကို သက်သာစေခြင်း

စအိုနာကျင်ခြင်းဟာ သိပ်မကြာတတ်လို့ ဘယ်ကုသမှုကမှ နာကျင်မှုကို သက်သာစေဖို့ မလျင်မြန်ပါဘူး။ လတ်တလောမှာ ရုတ်တရက်နာကျင်ခြင်းအတွက် ဆေးမရှိပါဘူး။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက   စအိုနာကျင်ခြင်း  အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအချက်တွေက အထောက်အကူပြုပါတယ်။

အမျှင်ဓာတ်များတဲ့ အစာတွေ စားခြင်း၊ ရေများများသောက်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ ၀မ်းကိုပျော့ပျော့သွားစေတာကြောင့် စအိုလမ်းကြောင်းကို ထိခိုက်မှုနည်းစေပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ