
အဓိပ္ပါယ်ဖွင့်ဆိုချက်
Amnesia (အတိတ်မေ့ရောဂါ) ကဘာလဲ။
အတိတ်မေ့ရောဂါ ဆိုတာ မှတ်ဥာဏ်ဆုံးရှုံးမှုကို ဖြစ်စေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ် ။ အတိတ်မေ့ရောဂါ
ဖြစ်လာပြီဆိုရင်တော့ အကြောင်းအရာ အချက်အလက်တွေ ၊ ကိုယ်ရေးကိုယ်တာ၊ အတွေ့အကြုံတွေကိုပါ မေ့လျော့ဆုံးရှုံး သွားတတ်ကြပါတယ် ။ မှတ်ဥာဏ်ချို့ ယွင်းသော ရောဂါ၊ လေဖြတ်ခြင်း၊ ဦးခေါင်းထိခိုက် ဒဏ်ရာရခြင်း စတဲ့ ကျန်းမာရေး အခြေအနေ တွေဟာ အတိတ်မေ့ရောဂါ ကိုဖြစ်စေနိုင်ပါတယ် ။မှတ်ဥာဏ် ဆုံးရှုံးမှု ပြင်းထန်လာပြီ ဆိုရင်တော့ အတိတ်မေ့ရောဂါဟာ နောက်ထပ်မှတ်ဥာဏ်တွေ မှတ်နိုင်စွမ်းကိုလည်း အားနည်းစေနိုင်ပါတယ် ။ အတိတ်မေ့ရောဂါမှာ ခဏတာမေ့တာနဲ့ အမြဲမေ့တာ စတဲ့အခြေအနေတွေ ဖြစ်နိုင်တယ် ။ အတိတ်မေ့ရောဂါ ကိုသေချာဂရုစိုက်ကုသဖို့ အရေးကြီးပါတယ်။
Amnesia (အတိတ်မေ့ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
အတိတ်မေ့ရောဂါဟာ မှတ်ဥာဏ်ချို့ ယွင်းခြင်း၊ လေဖြတ်ခြင်း ၊ဦးခေါင်းထိခိုက် ဒဏ်ရာရခြင်း
စတဲ့ အလွန်ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေတွေ
မှာအဖြစ်များပါတယ်။ အရက်အလွန်အကျွံ
သောက်ခြင်း ၊တက်ခြင်း ၊ဦးနှောက်ခွဲစိတ်ကုသခြင်း
စတဲ့အချက်များကလည်း အတိတ်မေ့ရောဂါ ကိုဖြစ်နိုင်ခြေ ပိုမိုမြင့်မားစေပါတယ် ။ အမျိုးသမီးရော အမျိုးသား မှာပါဖြစ်နိုင်ပေမယ့်
အမျိုးသမီးမှာပိုမို အဖြစ်များပါတယ် ။
လက္ခဏာများ
Amnesia (အတိတ်မေ့ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ
မှတ်ဥာဏ်ဆုံးရှုံးခြင်း ။ အသစ်သစ်သော အရာများကို မှတ်နိုင်စွမ်းအား လျော့ကျလာခြင်း တို့ကတော့ အတိတ်မေ့ရောဂါရဲ့အဓိက လက္ခဏာ
များပဲဖြစ်ပါတယ် ။သိမြင်နားလည်ဆုံးဖြတ်
နိုင်တဲ့စွမ်းရည် ၊ လှုပ်ရှားသွားလာနိုင်တဲ့စွမ်းရည်
တွေကိုတော့မသက်ရောက်နိုင်ပါဘူး ။ ဆိုလိုတာကတော့ လမ်းလျှောက်သွားလာနည်း၊ ကိုယ်ကျွမ်းကျင်ရာ ဘာသာစကားတွေကို
စတာတွေကို မှတ်မိနေမြဲဖြစ်နေမှာ ဖြစ်ပါတယ် ။ အတိတ်မေ့ရောဂါ အမျိုးအစားများစွာ ရှိပါတယ်။
နောက်ကြောင်းမေ့ခြင်း (Retrograde amnesia)။ မကြာသေးမီက မှတ်ဥာဏ်များ နဲ့ ကလေးဘဝ မှတ်ဥာဏ် တွေကိုဆုံးရှုံးခြင်းကို နောက်ကြောင်းမေ့သော အတိတ်မေ့ရောဂါဟုခေါ်သည်။ ထိုအခြေအနေသည် တဖြည်းဖြည်းချင်း ဖြစ်လာနိုင်သည်။ နောက်ကြောင်းမေ့ အတိတ်မေ့ရောဂါကို ဖြစ်သော ရောဂါ အခြေအနေများရှိပါတယ်။ ဥပမာ- Dementia (မှတ်ဥာဏ်ချို့  ယွင်းသောရောဂါ) ။
မှတ်ဥာဏ်အသစ်များမတည်ဆောက်နိုင်ခြင်း (Anterograde amnesia)။ အသစ်သစ်သောမှတ်ဥာဏ်တွေ
မမှတ်နိုင်တော့တဲ့အခါ မှတ်ဥာဏ်အသစ်တွေတည်ဆောက်ဖို့ ခက်လာသည်။ များသောအားဖြင့် ခဏတာဖြစ်ပေမယ့် အမြဲတမ်းလည်းဖြစ်သွား နိုင်
ပါတယ် ။အရက်အလွန်အကျွံ သောက်ခြင်းကြောင့် လည်းဖြစ်နိုင်သလို ဦးနှောက်ထဲရှိ မှတ်ဥာဏ်ကိုဖြစ်စေတဲ့ အလွန်အရေးကြီးသော အစိတ်အပိုင်း ဟစ်ပိုကမ်းပ်ပတ်စ် (hippocampus) ပျက်စီးလျှင် လည်းဖြစ်နိုင်ပါတယ်။
အက်ဆီးဒင့်မတိုင်ခင် အချိန်ခဏကို မေ့သွားခြင်း(Transient global amnesia)။ ဤပြဿနာသည် ထိခိုက်မှုမရခင် အချိန်ခဏလေးအတွင်းက အရာတွေကို မမှတ်မိတော့ခြင်းဖြစ်သည်။
ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရာတွေကိုတော့ ကောင်းစွာမသိရှိရ သေးပေမယ့် အချို့သော သုတေသီများကတော့ တက်ခြင်းနှင့် အလားတူပုံစံများ ၊ဦးနှောက်ထဲ သို့သွေးစီးဆင်းမှု ခဏတာ ပိတ်ဆို့ခြင်းများက ဖြစ်နိုင်ချေရှိသော အကြောင်းအရာများလို့ ပြောဆိုကြပါတယ် ။ လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းမှာ ပိုမို အဖြစ်များပါတယ် ။
အတိတ်မေ့ရောဂါဟာ စိတ်ကစဥ့်ကလျား ဖြစ်ခြင်း နဲ့မတူပါဘူး ။အတိတ်မေ့ရောဂါဟာ မှတ်ဥာဏ်ဆုံးရှုံးမှုကိုသာ ဖြစ်စေပြီး သိမြင်နားလည် ဆုံးဖြတ်နိုင်စွမ်းရည်ကိုတော့ မဆုံးရှုံးစေပါဘူး ။ ဆိုလိုတာကတော့ သင်ဘယ်သူလဲ ၊ အချိန် ၊ နှစ်ကာလများကို မှတ်မိနေနိုင် ပါတယ် ။ လက္ခဏာ အနေနဲ့ကတော့ မှားယွင်းသော မှတ်ဥာဏ်များ ၊ စိတ်ရှုပ်ထွေးခြင်း ၊မျက်စိလည် လမ်းပျောက်ခြင်းများ ဖြစ်နိုင်ပါတယ် ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အောက်ပါအချက်တွေထဲကမှ တစ်ခုခုဖြစ်နေပြီ ဆိုရင်တော့ ဆရာဝန်နဲ့ဆက်သွယ်သင့်ပါတယ်။
- ရှင်းပြ၍ မရနိုင်သော မှတ်ဥာဏ် ဆုံးရှုံးခြင်းများ ကြုံတွေ့ရခြင်း ၊ ဦးခေါင်းဒဏ်ရာ ရခြင်း ၊ စိတ်ရှုပ်ထွေးခြင်း ၊ မျက်စိလည် လမ်းပျောက်ခြင်း ။
- မိမိနေထိုင်ရာဝန်းကျင် ကိုပင်သတိမပြုနိုင်တော့၍ ရှာဖွေရခြင်း။
အပေါ်ကသွင်ပြင် လက္ခဏာတွေကြုံတွေ့လာလျှင်ဖြစ်စေ ၊မေးမြန်းလိုသည်များရှိလျှင်ဖြစ်စေ သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။
အတိတ်မေ့ရောဂါဟာ ပြင်းထန်တဲ့အထိ ဖြစ်လာနိုင်တာကြာင့် သေချာဂရုစိုက် ဖို့တော့ လိုပါလိမ့်မယ်။
အကြောင်းရင်းများ
Amnesia (အတိတ်မေ့ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ
ကျန်းမာရေး အခြေအနေ (သို့) ရုပ်ပိုင်းဆိုင်ရာ ဦးနှောက် ထိခိုက်မှုစတာတွေက အတိတ်မေ့ရောဂါ ကိုဖြစ်စေနိုင်သလို အခြားသော အကြောင်းအရာ များစွာလည်း ရှိပါတယ် ။အရက်အလွန်အကျွံ သောက်ခြင်း စိတ်ဖိစီးခြင်းတို့ကလည်း ဖြစ်စေနိုင်ပါတယ် ။
တခြားသော ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရာများ ကိုလည်းအောက်မှာ ဖော်ပြပေးလိုက်ပါတယ် ။
- လေဖြတ်ခြင်း
- ဦးနှောက်ရောင်ခြင်း ။ ရေယုန်ဗိုင်းရပ်စ်ပိုးကဲ့သို့သော ရောဂါပိုး ကူးစက်ခြင်းကြောင့် ဖြစ်နိုင်ပါသည် ။
- ကင်ဆာကြောင့်ဦးနှောက်ရောင်ခြင်း (Paraneoplastic limbic encephalitis) ။ ကင်ဆာကို တုန့်ပြန်သော ကိုယ်ခံအားစနစ် ကမောက်ကမ ဖြစ်ပြီး ဦးနှောက်ရောင်ခြင်း ။
- အောက်ဆီဂျင်အလုံအလောက်မရခြင်း ။ ရုတ်တရက် နှလုံးဖောက်ခြင်း၊ အသက်ရှု မဝခြင်း ၊ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း စတဲ့ အခြေအနေတွေကြောင့် ဦးနှောက်မှာ အောက်ဆီဂျင် မလုံမလောက်ဖြစ်ခြင်း ။
- အချိန်ကြာရှည်စွာ အရက် အလွန်အကျွံ သောက်ခြင်းကြောင့် Wernicke-Korsakoff syndrome လို့ခေါ်တဲ့ ဗီတာမင် ဘီ (၁) ချို့တဲ့ ဦးနှောက်ထိသောရောဂါ ။
- မှတ်ဥာဏ်ကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ထဲရှိ hippocampus ၌အကျိတ် ဖြစ်ခြင်း ။
- အယ်ဇိုင်းမား ကဲ့သို့သော ဦးနှောက်ပျက်စီးခြင်း ရောဂါများ ၊ မှတ်ဥာဏ်ချို့ ယွင်းသောရောဂါများ ။
- တက်ခြင်း ။
- အချို့ ဆေးဝါးများ ။ ဥပမာ – စိုးရိပူပန်ခြင်းနှင့် အိပ်မပျော်ခြင်းတို့အတွက် အသုံးပြုသော benzodiazepines ဆေးဝါးများ
ဖြစ်နိုင်ခြေများ
Amnesia (အတိတ်မေ့ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဒီအချက်တွေက အတိတ်မေ့ရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်တက်စေမှာပါ။
- ဦးနှောက် ခွဲစိတ်ကုသခြင်း
- ဦးခေါင်းထိခိုက်မိခြင်း
- လေဖြတ်ခြင်း
- အရက်သောက်ခြင်း
- စိတ်ဖိစီးခြင်း
- တက်ခြင်း
တကယ်လို့သင်ဟာ ဒီအချက်တွေ ခံစားနေရပြီဆိုရင်တော့ သင့်ရဲ့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Amnesia (အတိတ်မေ့ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
အတိတ်မေ့ရောဂါကို စစ်ဆေးအတည်ပြုဖို့အတွက်သင့်ရဲ့ဆရာဝန်ဟာ ဖြစ်ရတဲ့အကြောင်းရင်း (ဥပမာ -အယ်ဇိုင်းမား ၊ စိတ်ဓာတ်ကျခြင်း ၊ဦးနှောက်အကျိတ် ) ကိုအတည်မပြုနိုင်သရွေ့ စမ်းသပ်ချက် တွေတစ်ခုပြီးတစ်ခု လုပ်ဆောင်သွား မှာဖြစ်ပါတယ် ။ စမ်းသပ်ချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ် ။
- ဆေးမှတ်တမ်း ပြန်လည်ကြည့်ရှုခြင်း
သင့်ရဲ့ အတိတ်မေ့ရောဂါ ပြင်းထန်တဲ့အတိုင်းအတာကို စမ်းသပ်ဖို့အတွက် မေးခွန်းတွေ ၊ နောက်ဆက်တွဲဖြစ်နိုင်တာတွေ ၊ အကူအညီဖြစ်စေနိုင်တဲ့ အချက်အလက်တွေဟာ ဆေးမှတ်တမ်းထဲမှာ ပါဝင်နိုင်ပါတယ် ။
- ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း
ဒါကတော့ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်တာများ သေချာစေဖို့အတွက် ဆရာဝန်က သင့်ရဲ့တုံ့ပြန်နိုင်စွမ်း ၊အာရုံခံစားနိုင်မှု ၊စိတ်တည်ငြိမ်နိုင်မှုနဲ့ အခြားသော ဇီဝကမ္မဆိုင်ရာ တုံ့ပြန်နိုင်စွမ်းတွေကို စစ်ဆေးခြင်း ဖြစ်ပါတယ် ။
- သိမြင်တွေးခေါ်မှုဆိုင်ရာစစ်ဆေးခြင်း
ဒါကတော့သင့်ရဲ့ စဉ်းစားတွေးခေါ်စွမ်း ၊ဝေဖန် အကဲဖြတ်နိုင်စွမ်းနဲ့ သင့်ရဲ့မှတ်ဥာဏ်စွမ်းအား (ရေတို နဲ့ ရေရှည်မှတ်ဥာဏ်)ကိုတိုင်းတာတဲ့စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ဒီလိုစမ်းသပ်မှုတွေကတော့ သင့်ရဲ့မှတ်ဥာဏ်ဆုံးရှုံးမှု ပြင်းထန်မှုအတိုင်းအတာကို ဆုံးဖြတ်ရာမှာ အကူအညီဖြစ်စေပါတယ် ။
ရောဂါအမည် ဖော်ပြပေးသော စမ်းသပ်မှုများ
ဒီစမ်းသပ်မှုမှာတော့ သံလိုက်ဓါတ်မှန်(MRI) ၊ ကွန်ပျူတာဓါတ်မှန် (CT) ဆိုတဲ့ သံလိုက်ဓာတ် ရေဒီယိုလှိုင်းနဲ့ ကွန်ပျူတာကို ပေါင်းစပ်ပြီး ဦးနှောက်ထဲမှာ ပျက်စီးနေတာတွေ၊ ပုံမှန်မဟုတ်တာတွေကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဆရာဝန်ဆီ သွားတဲ့အခါ လူနာနဲ့အတူ မိသားစုဝင်ဖြစ်စေ သူငယ်ချင်းဖြစ်စေ လိုက်သွားသင့်ပါတယ်။ ဒီလိုလိုက်သွားခြင်းအားဖြင့် လိုအပ်တဲ့မေးခွန်းတွေကို လူနာ မဖြေနိုင်တော့တဲ့ အခါမှာ ပိုမိုကောင်းမွန်တဲ့ ခန်မှန်းခြင်းအတွက် ဆရာဝန်ကို အကူအညီရစေမှာ ဖြစ်ပါတယ် ။
Amnesia (အတိတ်မေ့ရောဂါ) ကို ဘယ်လိုကုသပါသလဲ
အတိတ်မေ့ရောဂါ အတွက် တိကျတဲ့ ကုသမှု ၊ ဆေးတွေ မရှိသေးပေမယ့် အောက်မှာ ပြောထားတဲ့ အချက်လေးတွေနဲ့ သင်ရင်ဆိုင်နိုင်ပါတယ်။
မှတ်ဥာဏ် လေ့ကျင့်မှုအတွက် မတူညီတဲ့ နည်းပညာတွေကို သက်ဆိုင်ရာ ကျွမ်းကျင်သူများ ထံမှသင်ယူခြင်း ။ကျွမ်းကျင်သူတွေဟာ သင့်ရဲ့မှတ်ဥာဏ် ကိုအစဖော်ပေးဖို့အတွက် ဓာတ်ပုံတွေ ၊ ရင်းနှီးကျွမ်းဝင်တဲ့ အနံ့တွေ ၊ တေးဂီတ တွေကို အသုံးပြုပါလိမ့်မယ်။
တကယ်လို့ သင့်မှာ အရက်အလွန်အကျွံသောက်လို့ ဗီတာမင်ဘီ (၁) ချို့ တဲ့ ဦးနှောက်ထိခိုက်သောရောဂါ (Wernicke-Korsakoff syndrome) ရှိခဲ့မယ် ဆိုရင်တော့ ဗီတာမင် ပြန်လည် ဖြည့်တင်းခြင်း နဲ့ မှန်ကန်တိကျတဲ့ အစာ အာဟာရ ကုသခြင်းတွေ ပါဝင်မှာ ဖြစ်ပါတယ် ။ သင့်ရဲ့ ခန္ဓာကိုယ်ကိုတော့ အရက်ဆိပ် ဖြေပေးဖို့ လိုအပ်ပါလိမ့်မယ် ။
အရေးကြီးနေ့တွေ ၊ဆေးသောက်ရမှာတွေ စတာတွေကို သင့်ကိုယ်သင် သတိပေးရန် အတွက် သင့်ရဲ့ ကွန်ပျူတာ ၊စမတ်ဖုန်း ထဲက ဆော့ဖ်ဝဲတွေကို အသုံးပြုနိုင်ပါတယ် ။ များသောအားဖြင့် ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ နေ့ရက်တိုင်းအတွက် လှုပ်ရှားမှုတွေ ကို စာရင်းပြုစုရာမှာ အကူအညီ ဖြစ်စေပါလိမ့်မယ် ။
နေထိုင်မှုဘဝ ပုံစံပြောင်းလဲခြင်း နှင့် ထိရောက်သော ကုသခြင်း
အတိတ်မေ့ရောဂါ ကိုရင်ဆိုင်နိုင် ဖို့အတွက် အကူအညီဖြစ်စေမယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း တွေက ဘာတွေဖြစ်မလဲ။
အောက်ပါ နေထိုင်မှုပုံစံတွေက အတိတ်မေ့ရောဂါကို ရင်ဆိုင်နိုင်ဖို့ သင့်ကို အကူအညီပေးပါ လိမ့်မယ်။
- သင့်ကြုံတွေ့နေရတဲ့ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာ တွေကို ချရေးပါ ။
- ပြန်လည်မှတ်မိနိုင်ရန် အတွက် အဓိက ကျတဲ့ စိတ်ဖိစီးမှုတွေ မကြာသေးမှီက ဘဝပြောင်းလဲမှု တွေပါဝင်တဲ့ သော့ချက်ကျတဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက် တွေချရေးထားပါ ။သင့်ရဲ့ စာရင်းပြုစုမှု ပြီးပြည့်စုံမှု ရှိမရှိ မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတွေကို မေးပါ ။
- ဗီတာမင် (သို့) ဖြည့်စွက်ဆေး ကဲ့သို့သော သောက်ရမယ့် ဆေးတွေ စာရင်းပြုစုထားပါ ။
- မိသားစုဝင် (သို့) သူငယ်ချင်းများကို သင်နှင့်အတူ ဆရာဝန်ထံ လိုက်နိုင်မလိုက်နိုင် မေးပါ ။
- သင်မှတ်မိချင်တာလေးတွေ နောက်ပိုင်းမှာ ပြန်လည် မှတ်မိလာအောင် အချက်လေးတွေကို မှတ်ထားဖို့ မှတ်စုစာအုပ်နဲ့ ခဲတံ(သို့)ဖောင်တိန် ဆောင်ထားပါ ။
- ဆရာဝန်ထံ မေးမြန်းလိုသည် များကို ချရေးထားပါ ။
မေးမြန်းလိုသည် များရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
တည်းဖြတ်သည့်နေ့ ဧပွီ 10, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဧပြီ 10, 2018