ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း ဆိုတာဟာ ပေါက်လာတဲ့ ဆံပင်ပမာဏ ထက် ပုံမှန်မဟုတ်ဘဲ ပိုများတဲ့ ဆံပင်ကျွတ်ခြင်းရောဂါ ဖြစ်ပါတယ်။ တချို့လူတွေမှာ ဆိုလျှင် ဆံပင်ပြန်မပေါက်တော့ဘဲ ထိပ်ပြောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ပျမ်းမျှအားဖြင့် သင်ဟာ တစ်နေ့လျှင် ဆံပင် ၂၅ ပင် မှ အပင် ၁၀၀ ထိ ကျွတ်နေပါတယ်။ alopecia ကတော့ တစ်နေ့ကို အပင် ၁၀၀ မကပဲ ကျွတ်နေပါတယ်။ ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း (၃) မျိုးရှိပါတယ်။ ၎င်းတို့မှာ
ဖြစ်ပွားမှု အကြောင်းအရာပေါ်မူတည်ပြီး ဒီရောဂါ အခြေအနေဟာ ယာယီ သို့ အချိန်အကြာကြီးလည်း ဖြစ်နိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း က စိတ်ဖိစီးစေနိုင်ပါတယ်။ သို့သော် တခြား ပုန်းအောင်းနေတဲ့ ရောဂါတစ်ခုခုရဲ့ လက္ခဏာအနေနဲ့ လည်းဖြစ်နိုင်ပါတယ်။ သင့်အခြေအနေ မသက်သာလျှင် သို့ ပိုဆိုးလာလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း က ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးမရွေး ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာ ကြီးမားတဲ့ ဘဝဖြစ်စဉ်တစ်ခု ဥပမာ ရောဂါရခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း နှင့် ထိခိုက်ဒဏ်ရာတွေ ကြောင့်လဲ ဆံပင်ကျွတ်တတ်ပါတယ်။
အမျိုးသားတွေမှာ အသက် ၅၀ ကျော်လျှင် ဖြစ်တတ်ပြီ အမျိုးသမီးတွေမှာလည်း အသက် ၅၀ နောက် သွေးဆုံးပြီါ်အချိန်မှာ ဖြစ်တတ်ပါတယ်။
ဖြစ်ပွားမှု အကြောင်းအရာများအပေါ်မူတည်ပြီး ဒီရောဂါ က လက္ခဏာတွေ ကွဲပြားနိုင်ပါတယ်။ ရုတ်တရက် သို့ ဖြည်းဖြည်းချင်း ဖြစ်လာနိုင်သလို ယာယီ သို့ ရာသက်ပန်လည်း ဖြစ်လာနိုင်ပါတယ်။၎င်းက ဦးရေပြားသာမက တစ်ကိုယ်လုံးကို ပါ ထိခိုက်စေနိုင်ပါတယ်။
အောက်ပါတို့မှာ ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း ရဲ့ ရောဂါလက္ခဏာအချို့ပဲ ဖြစ်ကြပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အောက်ပါ အကြောင်းအရာများရှိလျှင် ဆရာဝန်နဲ့ ဆက်သွယ်ပါ။
သင့်ရောဂါ အခြေအနေ တိုးတက်မှု မရှိဘဲ ပိုဆိုးလာလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ရုတ်တရက် ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း ကတော့ ကုသမှုလိုအပ်တဲ့ ပုန်းကွယ်နေတဲ့ ရောဂါအခြေအနေတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
ထို့ကြောင့် ကုသမှု နည်းလမ်းကို ရှာနေတာထက် ဖြစ်ပွားမှု အကြောင်းအရင်းကို အရင် ရှာဖွေသင့်ပါတယ်။ သင်ခေါင်းလျှော်စဉ် သို့ ခေါင်းဖြီးစဉ် ဆံပင်ပို ကျွတ်လာလျှင် ဆရာဝန်နှင့် ပြသင့်ပါတယ်။
ဒီရောဂါကို ဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရယ်လို့တော့ မသိရသေးပါ။ သို့သော် ဆေးပညာရှင် အများစုကတော့ ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း က အောက်ပါအကြောင်းအရာတွေကြောင့် ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။
ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။
ဥပမာအားဖြင့်-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်က သင့်မိသားစု ကျန်းမာရေး ရာဇဝင်နှင့် တခြားဓါတ်ခွဲ စမ်းသပ်မှုတွေလုပ်ပြီး ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း ဟုတ်မဟုတ် အတည်ပြု အဖြေရှာနိုင်ပါတယ်။
ဒီပြဿနာ ကို ကုသရာမှာ ဆေးပေးခြင်း၊ ခွဲစိတ်ခြင်း၊ လေဆာကုထုံး၊ သို့ ဆံပင်အတုအုပ်ခြင်းတို့ ပါဝင်နိုင်ပါတယ်။ ဆရာဝန်က ကောင်းမွန်တဲ့ ရလဒ်ရရှိစေရန် ကုထုံး တစ်ခုချင်း သို့ စုပေါင်းကုသခြင်းတွေ အတွက် ရက်ချိန်းတွေခေါ်ပြီး ညွှန်ကြားပါလိမ့်မယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါ စစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။