အဓိပ္ပါယ်ဖွင့်ဆိုချက်

Aldosterone Test (အယ်လ်ဒိုစတီရုန်းစစ်ဆေးခြင်း) ကဘာလဲ။

အယ်လ်ဒိုစတီရုန်းစစ်ဆေးခြင်းကို အယ်လ်ဒိုစတီရုန်း

သွေးစစ်ဆေးခြင်းလို့လည်း ခေါ်ပါတယ်။ သွေးထဲမှာရှိတဲ့ အယ်လ်ဒိုစတီရုန်းပမာဏကို တိုင်းတာခြင်း ဖြစ်ပါတယ်။ အယ်လ်ဒိုစတီရုန်းဆိုတာ ကျောက်ကပ်ရဲ့ထိပ်ပိုင်းမှာရှိတဲ့ အဒရီနယ်ဂလင်းတွေက စွန့်ထုတ်တဲ့ဟော်မုန်းဖြစ်ပြီး တခြားဟော်မုန်းတွေ ထုတ်လုပ်ရေးအတွက် အရေးပါပါတယ်။

အယ်လ်ဒိုစတီရုန်းဟာ သွေးပေါင်ချိန်အပေါ် အကျိုးက်ရောက်ပြီး သွေးထဲက ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို ထိန်းညှိပေးပါတယ်။

အယ်လ်ဒိုစတီရုန်းပမာဏများခြင်းဟာ သွေးတက်ခြင်း၊ ပိုတက်ဆီယမ်ကျခြင်းကို ဖြစ်စေပါတယ်။ အယ်လ်ဒိုစတီရုန်းပမာဏများခြင်းရဲ့ မူလအခြေအနေဟာ အဒရီနယ်ဂလင်းအကျိတ်ကြောင့် ဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲများပြားခြင်းကတော့ အောက်ပါအခြေအနေတို့ကြောင့် ဖြစ်နိုင်ပါတယ်။

  • နှလုံးရောင်ရမ်းခြင်း
  • အသည်းခြောက်ခြင်း
  • ကျောက်ကပ်ရောဂါအချို့
  • ပိုတက်ဆီယမ်များခြင်း
  • ဆိုဒီယမ်နည်းခြင်း
  • ကိုယ်ဝန်ဆိပ်တက်ခြင်း

Aldosterone Test (အယ်လ်ဒိုစတီရုန်းစစ်ဆေးခြင်း) ကို ဘာကြောင့် လုပ်ဆောင်သလဲ

အောက်ပါအခြေအနေတွေကြောင့် လုပ်ဆောင်ပါတယ်။

  • အဒရီနယ်ဂလင်းများမှ ထုတ်လုပ်သော အယ်လ်ဒိုစတီရုန်းပမာဏကို တိုင်းတာရန်
  • အဒရီနယ်ဂလင်းအကျိတ်ကို စစ်ဆေးရန်
  • သွေးတိုးခြင်း၊ ပိုတက်ဆီယမ်နည်းခြင်း အကြောင်းရင်းကို ရှာဖွေရန် (အဒရီနယ်ဂလင်း အလုပ်အလွန်အကျွံလုပ်ခြင်း၊ ပုံစံမဟုတ်ဘဲ ကြီးထွားခြင်း ဖြစ်လာတဲ့အခါ စစ်ဆေးပါတယ်)

သတိပြုရန်အချက်များ

Aldosterone Test (အယ်လ်ဒိုစတီရုန်းစစ်ဆေးခြင်း) မပြုမီ ဘာတွေသိသင့်လဲ

ဆရာဝန်ဟာ စစ်ဆေးဖို့အတွက် အချိန်တခုခုကို ချိန်းဆိုပါလိမ့်မယ်။ အယ်လ်ဒိုစတီရုန်းပမာဏဟာ တနေ့လုံးမှာ အပြောင်းအလဲရှိနေတတ်လို့ အချိန်သတ်မှတ်ခြင်းဟာ အရေးကြီးပါတယ်။ မနက်ပိုင်းမှာဆိုရင် အမြင့်ဆုံးဖြစ်ပါတယ်။

အောက်ပါအချက်တွေကို လုပ်ဆောင်ဖို့ ပြောပါလိမ့်မယ်။

  • ဆိုဒီယမ်လျှော့စားခြင်း
  • ပြင်းထန်သော လေ့ကျင့်ခန်းများ ရှောင်ခြင်း
  • Licorice စားသုံးခြင်းရှောင်ပါ

အဲဒီအချက်တွေဟာ အယ်လ်ဒိုစတီရုန်းပမာဏအပေါ် သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုဟာလည်း အယ်လ်ဒိုစတီရုန်းကို ယာယီတက်စေပါတယ်။

ဒါ့အပြင် ဆေးဝါးများဟာလည်း အယ်လ်ဒိုစတီရုန်း ပမာဏအပေါ် သက်ရောက်မှုရှိပါတယ်။ သင်သုံးစွဲသော ဆေးဝါးများအားလုံးအကြောင်း ဆရာဝန်ကို ပြောပြပါ။ ဖြည့်စွက်စာများ၊ မိမိဖာသာ သုံးစွဲနိုင်သော ဆေးဝါးများ စတာတွေလည်း ပါဝင်ပါတယ်။ စမ်းသပ်မှုမတိုင်ခင် ဆေးသုံးစွဲခြင်း ရပ်ဖို့၊ ပြောင်းဖို့ လိုသလားဆိုတာ ဆရာဝန်က ပြောပြပါလိမ့်မယ်။

 

စစ်ဆေးမှုအဆင့်များ

Aldosterone Test (အယ်လ်ဒိုစတီရုန်းစစ်ဆေးခြင်း) အတွက် ဘယ်လိုပြင်ဆင်မလဲ

အောက်ပါအတိုင်း ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။

  • လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်သွားအောင် သားရေကွင်းစည်းပါလိမ့်မယ်။ သွေးပြန်ကြောတွေ ဖောင်းလာရင် အပ်ထိုးရလွယ်ပါလိမ့်မယ်။
  • အပ်ထိုးမယ့်နေရာကို အရက်ပျံသုတ်ပါလိမ့်မယ်။
  • သွေးပြန်ကြောထဲကို အပ်ထိုးထည့်ပါလိမ့်မယ်။ အိပ်တချောင်းထက်ပိုပြီး လိုအပ်နိုင်ပါတယ်။
  • သွေးကို ပြွန်ထဲစုပ်ထည့်ပါလိမ့်မယ်။
  • သွေးယူပြီးရင် သားရေကွင်းကို ဖြုတ်ပါလိမ့်မယ်။
  • အပ်နုတ်ချိန်မှာ ဂွမ်းလိပ်ကို ဖိကပ်ထားပါလိမ့်မယ်။

Aldosterone Test စစ်ဆေးချိန်မှာ ဘာတွေဖြစ်နိုင်သလဲ

စစ်ဆေးချိန်မှာ သွေးနမူနာကို ရယူပါလိမ့်မယ်။ လက်မောင်းမှာ သားရေကွင်းစည်းထားတာကြောင့် တင်းကျပ်ပြီး သက်တောင့်သက်သာ မရှိဘဲ ဖြစ်တတ်ပါတယ်။ အပ်စူးတဲ့ခံစားချက်ကို ကြုံရပါလိမ့်မယ်။

Aldosterone Test စစ်ဆေးပြီးချိန်မှာ ဘာတွေဖြစ်မလဲ

သွေးနမူနာရယူရမှာ ပြသနာမရှိသလောက်ပါပဲ။

အပ်ထိုးတဲ့နေရာမှာ သွေးခြေဥခြင်း အနည်းငယ် ဖြစ်ပါလိမ့်မယ်။ အိပ်ထိုးထားတဲ့ နေရာကို မိနစ်အနည်းငယ် ဖိထားပေးရင် သွေးခြေဥနိုင်ခြေ နည်းပါတယ်။

တခါတရံ သွေးယူပြီးချိန်မှာ သွေးပြန်ကြောဖောင်းလာတာ တွေ့နိုင်ပါတယ်။ ဒါကို သွေးပြန်ကြောရောင်ခြင်းလို့ ခေါ်ပါတယ်။ ရေနွေးအိတ်ကပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေရှိရင် သွေးဆက်ပြီးထွက်နေတာ တွေ့ရနိုင်ပါတယ်။ အက်စ်ပရင်၊ ၀ါဖရန်နဲ့ တခြားသွေးကျဲဆေးတွေဟာ သွေးထွက်နိုင်ခြေကို ပိုများစေပါတယ်။ သွေးမတိတ်တတ်တဲ့ ရောဂါရှိရင်၊ သွေးကျဲဆေးတွေ သောက်နေရရင် ဆရာဝန်ကို ကြိုပြောပါ။

အယ်လ်ဒိုစတီရုန်းစစ်ဆေးခြင်းနဲ့ ပတ်သက်ပြီး သိချင်တာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

 

ရလာဒ်များ

 Aldosterone Test (အယ်လ်ဒိုစတီရုန်းစစ်ဆေးခြင်း) က ဘယ်လိုရလာဒ်တွေ တွေ့ရမလဲ

ရလာဒ်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

အများဆုံး 7-30 ng/dL ဒါမှမဟုတ် 0.19-0.83 nmol/L ရှိပါတယ်။

ရလာတဲ့အချက်အလက်တွေပေါ် မူတည်ပြိး ဆွေးနွေးနိုင်ဖို့ ဆ၇ာဝန်ဟာ နောက်တရက်ပြန်ချိန်းနိုင်ပါတယ်။

အယ်လ်ဒိုစတီရုန်းပမာဏများနေရင် ဆိုဒီယမ်တက်ခြင်း၊ ပိုတက်ဆီယမ်ကျခြင်းများရှိပြီး အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

  • ကျောက်ကပ်သွေးလွှတ်ကြောကျဉ်းခြင်း
  • နှလုံးရောင်ခြင်း
  • ကျောက်ကပ်ရောဂါ/ကျောက်ကပ်ပျက်စီးခြင်း
  • အသည်းခြောက်ခြင်း
  • ဆိုဒီယမ်နည်းလွန်းသော စားသောက်မှုပုံစံ

အယ်လ်ဒိုစတီရုန်းပမာဏနည်းရင် အောက်ပါလက္ခဏာတွေ ရှိပါတယ်။

  • သွေးပေါင်ချိန်ကျခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်း
  • ဆိုဒီယမ်နည်းခြင်း
  • ပိုတက်ဆီယမ်နည်းခြင်း

အယ်လ်ဒိုစတီရုန်းပမာဏနည်းခြင်းဟာ အောက်ပါအခြေအနေတွေကြောင့် ဖြစ်ပါတယ်။

  • အဒရီနယ်ဂလင်းမှ လုံလောက်စွာ မထုတ်နိုင်ခြင်း
  • အက်ဒစ်ဆင်ရောဂါ
  • ကျောက်ကပ်ရောဂါ
  • ဆိုဒီယမ်များလွန်းသော အစာများစားခြင်း (အသက် ၅၀အရွယ်တွင် တနေ့လျှင် 2,300 mg၊ အသက် ၅၀ကျော်တွင် တနေ့လျှင် 1,500 mg ထက် ပိုစားခြင်း)
  • မွေးရာပါ အဒရီနယ်ချို့ယွင်းခြင်း

 

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 18, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 18, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ