backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Actinic Keratosis (နေလောင်ကွက်ထခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Actinic Keratosis (နေလောင်ကွက်ထခြင်း) ကဘာလဲ။

Actinic keratosis(နေလောင်ကွက်ထခြင်း) ကို solar kertatosis ဟုလည်း ခေါ်ပြီး နေရောင်ဖြင့်ထိတွေ့သောအခါ သင်၏အရေပြားပေါ်တွင် မာကြောကြမ်းတမ်းသော အကြေးခွံကဲ့သို့အကွက်များသည် အထူးသဖြင့် မျက်နှာ၊လက်များ၊လက်မောင်းနှင့် လည်ပင်းတို့တွင် ပေါ်လာခြင်းဖြစ်သည်။ အရေပြားအရောင်နှင့် မျက်လုံးအရောင်ဖျော့သော အမွှေးသိပ်မထူသော သူများတွင် အဖြစ်များသည်။ ဖြစ်ပွားမှုအများစုတွင် ကင်ဆာအဖြစ်သို့ပြောင်းလဲခြင်းမရှိပေ။ ထိုအကွက်များကို ပြားချပ်သောဆဲလ်များမှ ဖြစ်သောကင်ဆာ ၏ကြား အဆင့်ဟု ယူဆရပြီး နေရာတစ်နေရာထဲတွင် သာဖြစ်ပွားကာ အခြားတစ်ရှူးများအတွင်းသို့ကျူးကျော်ဝင်ရောက်ခြင်းမရှိပါ။

Actinic Keratosis (နေလောင်ကွက်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သင်နေသောနေရာသည် အီကွေတာနှင့် နီးလေလေ သင့်တွင် ဖြစ်ပွားနိုင်ချေရှိလေလေဖြစ်သည်။

အမျိုးသမီးတွေထက် အမျိုးသားတွေမှာ အနည်းငယ် ပိုအဖြစ်များပါတယ်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားများသည် နေရောင်ထိတွေ့ချိန်ပိုများပြီး မိန်းမများနှင့်စာလျှင် နေရောင်အား ကာကွယ်ပေးသည့် ခရင်မ်များမလိမ်းကြခြင်းကြောင့်ဖြစ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Actinic Keratosis (နေလောင်ကွက်ထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သေးငယ်သောခဲတံ၏ခဲဖျက်ကလေးအရွယ်မျှသာရှိသော မာကြောကျွတ်ဆတ်သည့် အကြေးခွံများသည် အရေပြားပေါ်တွင် စပေါ်လာတတ်သည်။ ထို့နောက်ယားယံခြင်း (သို့)ပူစပ်ပူလောင်ဖြစ်ခြင်း တို့ဖြစ်တတ်သည်။

အချိန်ကြာလာသောအခါပျောက်သွားခြင်း၊ပိုကြီးလာခြင်း၊နဂိုအတိုင်းဆက်ရှိနေခြင်း(သို့)ပြားချပ်သောဆဲလ်ကင်ဆာအဖြစ်သို့ကူးပြောင်းသွားခြင်း စသည်တို့ဖြစ်ပွားလာနိုင်သည်။ မည်သည့် အကွက်များမှ ကင်ဆာဖြစ်လာမည်ကို သိနိုင်သည့် နည်းလမ်းမရှိပေ။

Actinic keratosis(နေလောင်ကွက်ထခြင်း)ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • မာကြော၊ချောက်သွေ့သော (သို့)အကြေးခွံကဲ့သို့သော အချင်း2.5စင်တီမီတာထက် နည်းသော အကွက်များ အရေပြားပေါ်တွင်ရှိခြင်း။
  • အကွက်များသည် ပြားချပ်နေရာမှ ဖြည်းဖြည်းချင်းဖုဖောင်းလာခြင်း (သို့)အရေပြားပေါ်တွင် ဖောင်းကြွသောအဖုများဖြစ်လာခြင်း။
  • အချို့သောအခြေအနေများတွင် ကြွက်နို့ကဲ့သို့မာကြောသောမျက်နှာပြင်ရှိခြင်း
  • အကွက်များသည် ပန်းရောင်၊အနီရောင် (သို့) အညိုရောင်များ ရှိခြင်း
  • ဖြစ်ပွားရာနေရာတွင် ယားယံခြင်း(သို့)ပူစပ်ပူလောင်ဖြစ်ခြင်း
  • နေရောင်ထိသောနေရာများ ဥပမာ သင်၏မျက်နှာ၊နှုတ်ခမ်း၊နား၊လက်များ၊လက်မောင်းများ၊ဦးရေပြားနှင့် လည်ပင်းတို့တွင်သာဖြစ်ပွားခြင်း စသည်ဖြင့်ဖြစ်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကင်ဆာမဟုတ်သောအကွက်များနှင့် ကင်ဆာအကွက်များကို ခွဲခြားရန်မှာအလွန်ခက်ခဲနိုင်သည်။ ထို့ကြောင့် သင်၏ အရေပြားတွင် အထူးသဖြင့် အစက်အပျောက်များ(သို့)အနာများ၊အကွက်များ(သို့)သွေးစို့နေ

ခြင်းများရှိမရှိကို ဆရာဝန်တစ်ဦးထံ စစ်ဆေးခံရန်စဉ်းစားသင့်ပါသည်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Actinic Keratosis (နေလောင်ကွက်ထခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားစေသောအကြောင်းအရင်းများစွာရှိသော်လည်း ကြာမြင့်စွာ နေရောင်အားထိတွေ့၍ နေရောင်ထိသော အရေပြားတွင် အထူးသဖြင့်မျက်နှာ၊လက်၊လက်မောင်းနှင့် လည်ပင်းများတွင် အကွက်များပေါ်လာသည်မှာ အဖြစ်အများဆုံးသောအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။ ပေါ်လာခြင်းဖြစ်သည်။ အရေပြားအရောင်နှင့် မျက်လုံးအရောင်ဖျော့သော အမွှေးသိပ်မထူသော သူများနှင့် အသက်30 နှင့် 40ကြားတွင် အဖြစ်များပြီး အသက်ကြီးသူများတွင် ပိုအဖြစ်များသည်။ အသားညိုအောင်ပြုလုပ်သောအခါ သုံးသော မီးသီးများ၏ခရမ်းလွန်ရောင်ခြည်တို့သည် နေရောင်ခြည်ထက်ပို၍ ဘေးသင့်စေနိုင်သောကြောင့် အခန်းတွင်း အသားညိုအောင်ပြုလုပ်ခြင်းကို အရေပြားပညာရှင်တို့က သတိပေးတားမြစ်ထားသည်။ တခါတရံတွင် ဓါတ်ရောင်ခြည်များ(သို့)စက်ရုံထုတ် ဓါတုပစ္စည်းများဖြင့် လွန်စွာထိတွေ့ခြင်းမှလည်း ဖြစ်ပွားစေတတ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Actinic Keratosis (နေလောင်ကွက်ထခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Actinic keratosis(နေလောင်ကွက်ထခြင်း)ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက် 60ကျော်နေခြင်း
  • နေသာသောရာသီဥတုဖြင့် နေထိုင်ခြင်း
  • အသားရောင်ဖျော့ပြီး အပြာရောင်မျက်လုံးများပိုင်ဆိုင်ခြင်း
  • နေလောင်လွယ်သောအသားအရေကိုပိုင်ဆိုင်ခြင်း
  • နေလောင်ဒဏ်များကို နဂိုကတည်းက တွေ့ကြုံခံစားနေရခြင်း
  • နေရောင်ခြည်ဖြင့် ကြိမ်ဖန်များစွာ ထိတွေ့မှုရှိခြင်း
  • သားအိမ်ခေါင်းကင်ဆာပိုး ရှိခြင်း
  • ကင်ဆာဆေးသွင်းခြင်း၊သွေးကင်ဆာရှိခြင်း၊အေအိုင်ဒီအက်စ်(သို့) ကိုယ်အစိတ်အပိုင်းများအားအစားထိုးလဲလှယ်ထားခြင်း၊အချို့သောဆေးဝါးများသုံးစွဲနေရခြင်း စသည်တို့ကြောင့် ခုခံအားစနစ်အားနည်းနေခြင်း စသည်ဖြင့် ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Actinic Keratosis (နေလောင်ကွက်ထခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်တွင် Actinic keratosis(နေလောင်ကွက်ထခြင်း) ရှိမရှိကို သင်၏အရေပြားအား ဆရာဝန်မှ ရိုးရှင်းစွာ အလင်းရောင်ကောင်းကောင်းအောက်တွင်

ဖြစ်စေ၊အနုစိတ်ကြည့် မှန်ပြောင်းများအောက်တွင်ဖြစ်စေ အသားပို၊မှဲ့ခြောက်(သို့) အနာများအား ကြည့်ရှူစစ်ဆေးတတ်သည်။ အကယ်၍ သံသယတစ်စုံတစ်ရာရှိပါက အရေပြားစနမူနာယူ၍ စစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်ရတတ်ပါသည်။ ထိုသို့စစ်ဆေးရာတွင် သင်၏ဆရာဝန်သည် ဓါတ်ခွဲခန်းတွင် ဓါတ်ခွဲကြည့်ရှူစစ်ဆေးရန် အရေပြားအပိုင်းအစအချို့ကိုယူခြင်းဖြစ်သည်။

သင်၏ရောဂါအတွက် ကုသမှုပြီးဆုံးသွားသောအခါတွင်ပင် သင်၏ဆရာဝန်သည် အရေပြားအား အနည်းဆုံးတစ်နှစ်တစ်ကြိမ်ခန့်အရေပြားကင်ဆာ၏ လက္ခဏာအချို့ရှိမရှိ စစ်ဆေးရန်ညွှန်ကြားတတ်သည်။

Actinic Keratosis (နေလောင်ကွက်ထခြင်း) ကို ဘယ်လိုကုသပါသလဲ

Actinic keratosis(နေလောင်ကွက်ထခြင်း)ရောဂါများအားလုံးနီးပါးသည် စောစီးစွာအရေပြား ကင်ဆာမဖြစ်ခင် ကုသပါက အရှင်းပျောက်ကင်းနိုင်သည်။ အသားပိုများ၏လက္ခဏာများနှင့် လူနာ၏အသက်၊ကျန်းမာရေးအခြေအနေတို့အပေါ်မူတည်၍မတူညီသောကုသမှုများစွာ ရှိသည်။ အချို့သောကုသသည့် နည်းဗျူဟာများသည် နေရောင်ခြည်အား တုံ့ပြန်မှုအစွမ်းကို များစေသောကြောင့် သင်၏ဆရာဝန်နှင့်အတူစစ်ဆေးကာ ကုသနေစဉ်တွင် ဇွဲရှိစွာနေရောင်ကာကွယ်သည့်ခရင်မ်များကို လိမ်းပေးရန်လိုအပ်သည်။ အသုံးများသော ကုသမှုများမှာ

  • အရေပြားအပေါ်ရှိအသားပိုများကို နိုက်ထရိုဂျင်အရည်ဖြင့် အေးခဲကာဖျက်စီးဖြစ်ခြင်း။ ထိုသို့ကုသဖယ်ရှားပါက 3ရက်လောက်အထိ ကြာမြင့်သော သိပ်မပြင်းထန်သည့်နာကျင်မှုကို ဖြစ်စေသည်။7ရက်မှ 14ရက်အတွင်း အနာကျက်ပြီး အချို့သောအသားမည်းသူများတွင် သေရာပါမည့် အရေပြားအရောင်ဖျော့ဖျော့အကွက်များကျန်ရှိနိုင်သော်လည်း အများအားဖြင့် အမာရွတ်အနည်းငယ်သာကျန်ရှိခြင်း(သို့)အမာရွတ်လုံးဝမကျန်ရှိခြင်းတို့ဖြစ်လေ့ရှိသည်။ သင်၏ဆရာဝန်ရုံးခန်းတွင်ပင် ယခုကုသမှုကို ပြုလုပ်နိုင်သည်။
  • လျှပ်စစ်ဓါတ်ကိုသုံး၍ခြစ်ချခြင်း။ အရေပြားအားထုံးဆေးထိုး၍ဇွန်းပုံစံရှိကိရိယာတခုနှင့် အသားပိုများကို ခြစ်ချခြင်းဖြစ်သည်။ ထို့နောက် လျှပ်စစ်အားအသုံးပြု၍ သွေးတိတ်စေပြီး ပုံမှန်မဟုတ်သောဆဲလ်များအားဖျက်ဆီးကာခွဲစိတ်ခြင်းဖြစ်သည်။ လျင်မြန်သောကုသမှုဖြစ်သော်လည်း အမာရွတ်ဖြစ်သွားနိုင်သည်။ တခါတရံတွင်ကီးလွိုက်(သို့)မာထူသော အမာရွတ်များသည် ယခုကုသမှုပြီးမှ ဖြစ်ပေါ်လာတတ်သည်။ ထိုအမာရွတ်များသည် ယားယံခြင်း(သို့)အချိန်ကြာသည်နှင့်ပိုမို ကြီးမားလာခြင်းတို့ဖြစ်ပွားနိုင်သော်လည်း ဆေးကုသမှုခံယူရန်မလိုအပ်ပေ။
  • ခွဲစိတ်ဓါးဖြင့်လှီးကာဖယ်ထုတ်ခြင်း။ အသားပိုအားဖယ်ထုတ်ရန်နှင့်ဆဲလ်များတွင် basal(သို့)squamous ကင်ဆာများရှိမရှိကို စစ်ဆေးရန်ဖြစ်သည်။7ရက်မှ 14ရက်အတွင်းအနာကျက်သည်။ သင်၏အရေပြားတွင် အချို့သောအမာရွတ်များနှင့် အရောင်ပြောင်းလဲခြင်းများကျန်ရှိနေခဲ့နိုင်သည်။
  • အရေပြားအားဓါတုပစ္စည်းများဖြင့်ခွာခြင်း။ ထိုသို့ပြုလုပ်ခြင်းဖြင့် အရေပြားအသစ်ကြီးထွားပေါ်ပေါက်လာကာ ပျက်စီးနေသောအရေပြားအား အစားထိုးပေးနိုင်ပါသည်။
  • အရေပြားအား လေဆာဖြင့် မျက်နှာပြင်ညှိပေးခြင်း။ ပြင်းအားများသော လေဆာတန်းဖြင့် အရေပြားအပေါ်ယံလွှာကိုဖျက်ဆီးပစ်သည်။ ထိုလေဆာထိထားသောမျက်နှာပြင်သည်အနာကျက်သောအခါ အရေပြားအသစ်ကို အစားထိုးသွားစေသည်။
  • Fluorouracil,imiquimod,ingenol mebutate,diclofenac စသော အရေပြားလိမ်းဆေးများဖြင့်ကုသခြင်း။
  • အရေပြားလိမ်းဆေးများကို အလင်းရောင်ဖြင့် တွဲဖက်ကုသကာ ဆဲလ်များကို ဖျက်ဆီးခြင်း။ ထိုကုသမှုတွင် aminolevulinic acid ကိုအသုံးပြုပြီး အလင်းရောင်ပြကာ အာနိသင်ပြစေသည်။ ထိုအလင်းရောင်သည် လိမ်းဆေးအား actinic keratosis ရောဂါအားဖျက်ဆီးစေသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Actinic keratosis(နေလောင်ကွက်ထခြင်း)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

Actinic keratosis(နေလောင်ကွက်ထခြင်း)ကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ နေပူမခံမိစေရန် မိမိကိုယ်ကို ကာကွယ်ခြင်းဖြစ်သည်။ ထိရောက်သည့် အချို့သော ဘေးကင်းသည့် အလေ့အကျင့်များမှာ

  • အရိပ်ထဲတွင်နေပါ။ အထူးသဖြင့် မနက်10နာရီနှင့် ညနေ 4နာရီအတွင်းဖြစ်သည်။
  • အသားညိုအောင်ပြုလုပ်ခြင်းနှင့် ခရမ်းလွန်ရောင်ခြည်အသုံးပြု၍ အသားညိုအောင်ပြုလုပ်နည်းများကို ရှောင်ကြဉ်ပါ။
  • နေလုံသည့် အဝတ်အစားများ ဥပမာ အနံကျယ်သောဦးထုပ်များနှင့် ခရမ်းလွန်ရောင်ခြည်အားကာကွယ်နိုင်သော နေကာမျက်မှန်များအား အသုံးပြုပါ။
  • ခရမ်းလွန်ရောင်ခြည်ပမာဏမျိုးစုံကို ကာကွယ်ပေးနိုင်သော၊ အက်စ်ပီအက်ဖ် 15 (သို့)15ထက်ပိုသော နေလောင်ဒဏ်ခံနိုင်သည့်လိမ်းဆေးများကို နေ့တိုင်းအသုံးပြုခြင်း။ အပြင်တွင်ဆောင်ရွက်စရာကိစ္စ

များရှိပါက ရေဖြင့်မပျက်သွားနိုင်သော၊အက်စ်ပီအက်ဖ် 30(သို့)30ထက်မြင့်သော နေလောင်ဒဏ်ခံနိုင်သည့်လိမ်းဆေးများကို အသုံးပြုပါ။

  • အပြင်မထွက်ခင်တွင် 1အောင်စရှိသော နေလောင်ဒဏ်ခံနိုင်သည့်လိမ်းဆေးများကို သင်၏တစ်ကိုယ်လုံးကို မိနစ်30ခန့်သုတ်လိမ်းပါ။ နှစ်နာရီကြားတစ်ခါ(သို့)ရေကူးပြီးပြီးချင်း(သို့)အလွန်ချွေးများထွက်ပြီးနောက် ပြန်သုတ်လိမ်းပါ။
  • မွေးကင်းစကလေးများကို နေမထိပါစေနှင့်။ အသက်ခြောက်လကျော်မှ နေလောင်ဒဏ်ခံနိုင်သည့်လိမ်းဆေးများကို လိမ်းပေးသင့်ပါသည်။
  • သင်၏အရေပြားကို ခေါင်းအစခြေအဆုံး လတိုင်းစစ်ဆေးပါ။
  • နှစ်စဉ်သင်၏အရေပြားကို ဆရာဝန်ထံပြသပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement