မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
အေခရိုမက်ဂလီ ဆိုတာ ကြီးထွားမှု ဟော်မုန်းတွေ များခြင်းကြောင့် ဖြစ်တဲ့ ဟော်မုန်းရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုများခြင်းက ခေါင်းမှာရှိတဲ့ အရေပြားနဲ့ အရိုးတွေ၊ မျက်နှာ လက်နဲ့ ခြေထောက်တွေက ခန္ဒါကိုယ်ထက် ကြီးထွားမှု ပိုမြန်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေ ဟာနှေးကွေးလာပြီး နှစ်နဲ့ ချီအောင် ပြောင်းလဲမှုတွေကို မတွေ့ရတတ်ပါဘူး။ အေခရိုမက်ဂလီ ကို မကုဘဲထားလျှင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ သင့်မှာ ရောဂါလက္ခဏာတွေ ပြလာလျှင် ဆရာဝန်နဲ့ ပြဖို့ အရေးကြီးပါတယ်။
အေခရိုမက်ဂလီ က အဖြစ်များတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် သက်လက်ပိုင်း ယောက်ျားနှင့် မိန်းမတွေ မှာ ဖြစ်တတ်ပါတယ်။ ဖွံဖြိုးဆဲ ကလေးတွေမှာတော့ ကြီးထွားမှု ဟော်မုန်းများခြင်းကြောင့် ထိုရောဂါနဲ့ ဆင်တူတဲ့ gigantism (လူ့ဘီလူးရောဂါ) ဆိုတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ သိရှိလိုသည်များကို ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေးပါ။
အေခရိုမက်ဂလီ ရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ သင့် လက်၊ ခြေထောက်၊ ခေါင်းနဲ့ မျက်နှာ က အရိုးတွေ ကြီး ထွားလာခြင်းဖြစ်တယ်။
ထို့ပြင် ဒီရောဂါကြောင့် တခြားလက္ခဏာတွေလဲ ဖြစ်တတ်ပါတယ်။၎င်းတို့မှာ
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
ဘာတွေက ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ အေခရိုမက်ဂလီ (acromegaly) ကို ဖြစ်စေသလဲ။
အေခရိုမက်ဂလီ က သင့်ရဲ့ ပစ်ကျူထရီဂလင်း (pituitary gland) မှ ကြီးထွားမှု ဟော်မုန်းတွေ အမြောက်အများ ထုတ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ပစ်ကျူထရီဂလင်း က ခန္ဒါကိုယ်အတွက် အရေးကြီးတဲ့ ကြီးထွားဖွံဖြိုးမှု၊ မျိုးပွားမှု နှင့် ဇီဝဖြစ်ပျက်ပြောင်းလဲမှုတို့ အတွက် ဟော်မုန်းတွေ ထုတ်ပေးရပါတယ်။ ကြီးထွားမှု ဟော်မုန်းတွေက ခန္ဒါကိုယ်၏ ရုပ်ပိုင်းဆိုင်ရာကြီးထွားမှုကို ဖြစ်စေပါတယ်။ ပုံမှန်မဟုတ်ပဲ ကြီးထွားဟော်မုန်းတွေ များနေခြင်းက ခေါင်း၊ မျက်နှာ ၊ ခြေထောက်နှင့် လက်တွေမှာ ရှိတဲ့ အရိုးတွေကို ခန္ဒါကိုယ်ထက် ပိုကြီးထွားစေပါတယ်။ ဒီလို ထုတ်လုပ်မှု များပြားနေခြင်းဟာ ပစ်ကျူထရီဂလင်း မှာ အကျိတ်ဖြစ်ခြင်း သို့မဟုတ် ရှားပါးစွာ ဖြစ်တတ်တဲ့ မုန့်ချိုအိတ် အကျိတ်၊ အဆုတ် နှင့် တခြားအစိတ်အပိုင်းတွေမှာ အကျိတ်ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
အေခရိုမက်ဂလီ ဖြစ်ပွားနိုင်ချေ ကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါရှာဖွေတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ပုံမှန်အားဖြင့် ဆရာဝန်တွေက လူနာရဲ့ ခန္ဒါကိုယ်နှင့် သွေးတွေကို စစ်ဆေးပြီး ကြီးထွား ဟော်မုန်းပမာဏတွေကို တိုင်းတာနိုင်ပါတယ်။
ကုသတဲ့ နည်းတွေကတော့
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အေခရိုမက်ဂလီ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။