Acromegaly (ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acromegaly (ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ကဘာလဲ။

အေခရိုမက်ဂလီ ဆိုတာ ကြီးထွားမှု ဟော်မုန်းတွေ များခြင်းကြောင့် ဖြစ်တဲ့ ဟော်မုန်းရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုများခြင်းက ခေါင်းမှာရှိတဲ့ အရေပြားနဲ့ အရိုးတွေ၊ မျက်နှာ လက်နဲ့ ခြေထောက်တွေက ခန္ဒာကိုယ်ထက် ကြီးထွားမှု ပိုမြန်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေ ဟာနှေးကွေးလာပြီး နှစ်နဲ့ ချီအောင် ပြောင်းလဲမှုတွေကို မတွေ့ရတတ်ပါဘူး။ အေခရိုမက်ဂလီ ကို မကုဘဲထားလျှင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။သင့်မှာ ရောဂါလက္ခဏာတွေ ပြလာလျှင် ဆရာဝန်နဲ့ ပြဖို့ အရေးကြီးပါတယ်။

Acromegaly (ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) က ဘယ်လောက်အဖြစ်များသလဲ

အေခရိုမက်ဂလီ က အဖြစ်များတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် သက်လက်ပိုင်း ယောက်ျားနှင့် မိန်းမတွေ မှာ ဖြစ်တတ်ပါတယ်။ ဖွံဖြိုးဆဲ ကလေးတွေမှာတော့ ကြီးထွားမှု ဟော်မုန်းများခြင်းကြောင့် ထိုရောဂါနဲ့ ဆင်တူတဲ့ gigantism (လူ့ဘီလူးရောဂါ) ဆိုတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။သိရှိလိုသည်များကို ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေးပါ။

လက္ခဏာများ

Acromegaly (ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အေခရိုမက်ဂလီ ရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ သင့် လက်၊ ခြေထောက်၊ ခေါင်းနဲ့ မျက်နှာ က အရိုးတွေ ကြီး ထွားလာခြင်းဖြစ်တယ်။

ထို့ပြင် ဒီရောဂါကြောင့် တခြားလက္ခဏာတွေလဲ ဖြစ်တတ်ပါတယ်။၎င်းတို့မှာ

  • ခေါင်းကိုက်ခြင်း
  • အမြင်အာရုံလျော့နည်းခြင်း
  • အဆစ်အမြစ်နာကျင် ကိုက်ခဲခြင်း
  • လက်ချောင်းများ ထုံခြင်း၊ ကျဉ်ခြင်း
  • သွေးတိုးခြင်း
  • ရာသီလာခြင်း ပြောင်းလဲမှုများ
  • အမျိုးသား ပန်းသေခြင်း
  • သွားများအကြားမှာ ကွာဟမှု များလာခြင်း
  • အိပ်လျှင် ဟောက်ခြင်း
  • အသံတိုးခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • ခြေလက်တွေ ရောင်ကိုင်းခြင်း၊ ကြွက်သားပျော့ခြင်း နှင့် ကြွက်သားအကြောသေခြင်း
  • နှုတ်ခမ်း၊ နှာခေါင်း၊ လျှာတို့မှာ တဖြည်းဖြည်း ရောင်ပြီး ကြီးလာခြင်း
  • သွားများတစ်ခုနှင့် တစ်ခုကြား ပုံမှန်ထက် ပိုကျဲခြင်း
  • အမြင် ပုံမှန်မဟုတ်ခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ခြင်း၊ ထုံခြင်း သို့ အာရုံကြောကိုက်ခဲခြင်း နှင့် ရင်ဘတ်အောင့် ခြင်း

အကြောင်းရင်းများ

Acromegaly (ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ကိုဘာတွေကဖြစ်စေသလဲ

ဘာတွေက ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ အေခရိုမက်ဂလီ (acromegaly) ကို ဖြစ်စေသလဲ။

အေခရိုမက်ဂလီ က သင့်ရဲ့ ပစ်ကျူထရီဂလင်း (pituitary gland) မှ ကြီးထွားမှု ဟော်မုန်းတွေ အမြောက်အများ ထုတ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ပစ်ကျူထရီဂလင်း က ခန္ဒာကိုယ်အတွက် အရေးကြီးတဲ့ ကြီးထွားဖွံဖြိုးမှု၊ မျိုးပွားမှု နှင့် ဇီဝဖြစ်ပျက်ပြောင်းလဲမှုတို့ အတွက် ဟော်မုန်းတွေ ထုတ်ပေးရပါတယ်။ ကြီးထွားမှု ဟော်မုန်းတွေက ခန္ဒာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာကြီးထွားမှုကို ဖြစ်စေပါတယ်။ ပုံမှန်မဟုတ်ပဲ ကြီးထွားဟော်မုန်းတွေ များနေခြင်းက ခေါင်း၊ မျက်နှာ ၊ ခြေထောက်နှင့် လက်တွေမှာ ရှိတဲ့ အရိုးတွေကို ခန္ဒာကိုယ်ထက် ပိုကြီးထွားစေပါတယ်။ ဒီလို ထုတ်လုပ်မှု များပြားနေခြင်းဟာ ပစ်ကျူထရီဂလင်း မှာ အကျိတ်ဖြစ်ခြင်း သို့မဟုတ် ရှားပါးစွာ ဖြစ်တတ်တဲ့ မုန့်ချိုအိတ် အကျိတ်၊ အဆုတ် နှင့် တခြားအစိတ်အပိုင်းတွေမှာ အကျိတ်ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

Risk factors

ငါ့ဆီမှာ Acromegaly (ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

အေခရိုမက်ဂလီ ဖြစ်ပွားနိုင်ချေ ကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • သင့်မှာ ယခင်က ပစ်ကျူထရီဂလင်းအကျိတ် နဲ့  hypopituitarism ကဲ့သို့သော ပစ်ကျူထရီဂလင်း နဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်ဖူးခြင်း။
  • သင့်မှာ GHRH (growth hormone liberation) လို့ခေါ်တဲ့ ကြီးထွားဟော်မုန်းရောဂါ ဖြစ်နေလျှင်လဲ အေခရိုမက်ဂလီ ဖြစ်ပွားနိုင်ချေရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acromegaly (ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရှာဖွေတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ပုံမှန်အားဖြင့် ဆရာဝန်တွေက လူနာရဲ့ ခန္ဒာကိုယ်နှင့် သွေးတွေကို စစ်ဆေးပြီး ကြီးထွား ဟော်မုန်းပမာဏတွေကို တိုင်းတာနိုင်ပါတယ်။

Acromegaly (ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ကို ဘယ်လိုကုသပါသလဲ

ကုသတဲ့ နည်းတွေကတော့

  • အစောပိုင်း ရောဂါရှာဖွေ အတည်ပြုပြီး ကြီးထွားမှု ဟော်မုန်းတွေ ထုတ်လုပ်မှု လွန်ကဲနေတဲ့ ပစ်ကျူထရီဂလင်း ရောဂါကို ကုသပါတယ်။ သင့်ဆရာဝန်က သင့်ကို ဟော်မုန်းအထူးကုဆရာဝန်နဲ့ တွေ့စေပြီး ဆက်လက်ကူသစေနိုင်ပါတယ်။
  • ပစ်ကျူထရီဂလင်း ထဲက အကျိတ်ကို နှာခေါင်းမှ သို့ နှုတ်ခမ်းမှ ၀င်ရောက် ခွဲစိတ်ကုသခြင်းဖြင့်လဲ ခွဲစိတ်ရာမကျန်ဘဲ ပျောက်ကင်းနိုင်ပါတယ်။
  • ဓာတ်ရောင်ခြည်နှင့် အကျိတ်ကို ဖယ်ရှားခြင်းဖြင့်လဲ ကုသနိုင်ပါတယ်။
  • ပုံမှန်အားဖြင့် ဆရာဝန်က အမြန်ဆုံးနှင့် အထိရောက်ဆုံးပျောက်ကင်းအောင် နည်းလမ်းပေါင်းစုံ ပေါင်းစပ်ပြီးလဲ ကုသနိုင်ပါတယ်။ အေခရိုမက်ဂလီ က အချိန်ကြာရှည်စွာ ကုသဖို့ လိုအပ်ပါတယ်။ခွဲစိပ်ကုသခြင်းက ပျောက်ကင်းစေနိုင်သော်လည်း ဟော်မုန်းတွေကတော့ ပုံမှန်အတိုင်း ပြန်မဖြစ်နိုင်တာကြောင့် ခွဲစိတ်ပြီး သောက်ဆေးအကူအညီ ယူရဖို့လိုအပ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ အေခရိုမက်ဂလီ (acromegaly) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အေခရိုမက်ဂလီ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းလိုက်နာဆောင်ရွက်ပြီး ကုသမှုမှာ ပူးပေါင်းဆောင်ရွက်ပါ။ဆေးသောက်ပြီး ခေါင်းမူးခြင်း၊ ပျို့ချင် ၊အန်ချင်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားလာရလျှင် ဆရာဝန်ကို ပြောပြပါ။
  • ပုံမှန် ရက်ချိန်းသွားပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးပါ။(ဆရာဝန်ညွှန်ကြားချက်အတိုင်း)။ဆရာဝန်က သင့်ရဲ့ သွေးပေါင်ချိန်၊သွေးတွင်း သကြားဓာတ်နှင့် နှလုံးနှင့် ဆိုင်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိမရှိ သိနိုင်ပါတယ်။
  • ရောဂါလက္ခဏာတွေကို ဖယ်ရှားရုံနဲ့တော့ ချက်ချင်းပျောက်မသွားနိုင်ပါဘူး။ကုသမှုက အချိန်ကြာမြင့်နိုင်ပြီး လူနာ နဲ့ လူနာရှင်တွေရဲ့ စိတ်အပေါ်လဲ မူတည်နေပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 20, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 20, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ