Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ) ကဘာလဲ။

မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှု ဆိုသည် မှာတစ်ခါတည်းနှင့် အာရုံကြောများစွာထိခိုက်စေသောအာရုံကြောရောဂါ တစ်ခုဖြစ်ပါသည်။ ထိခိုက်မှုသည် အခြားရောဂါများကြောင့် ဖြစ်နိုင်ပြီးမျိုးဗီဇဆက်ခံခြင်းကြောင့် မဟုတ်ပါ။ ထို့ ကြောင့် မွေးရာပါ မဟုတ်သောအာရုံကြောများထိခိုက်မှု ရောဂါကိုတိုက်ရိုက် အဖြေရှာဖွေ လို့ ရပါသည်။ မွေးရာ ပါ မဟုတ်သောအာရုံကြောများထိခိုက်မှုသည် အဖြစ်များဆုံးအာရုံကြောရောဂါများထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။

မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှု ကိုအာရုံကြောလုပ်ငန်း ( ဥပမာ- အာရုံခံစားမှု၊ လှုပ်ရှားမှု၊ အလိုအလျောက်လှုပ်ရှားမှု) ပေါ်မူတည်၍ အမျိုးအစားခွဲခြားထားနိုင်ပါသည်။ ဖြစ်စေသောအကြောင်းရင်းသို့မဟုတ် မျိုးဗီဇအုပ်စုပေါ်မူတည်၍ အခြားအမျိုးအစားခွဲမှုများလည်းရှိသည်။

အာရုံကြောများထိခိုက်ခြင်းအမျိုးအစားအချို့မှာ Guillain-Barre syndrome (လျင်မြန်စွာ ကြွက်သားပျော့ခွေအားနည်းသောရောဂါ) ၊သွေးကြောရောဂါ ၊အရိုးဆစ် ရောင်ခြင်း၊အာရုံကြောပေါ်တွင် ဖုံးအုပ်ထားသောအလွှာများနာတာရှည်ပျက်စီးခြင်း၊ small cell carcinoma ကင်ဆာကြောင့်ဖြစ်သောအာရုံခံစားထိတွေ့မှုပျက်စီးသောရောဂါ တို့ ပါဝင်ပါသည်။

Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှုသည် အဖြစ်များသောရောဂါတစ်မျိုး ဖြစ်ပါသည်။ များသောအား ဖြင့် အရင်းခံအကြောင်းရင်းတစ်ခုကြောင့် ဖြစ်ပါသည်။ အန္တရာယ်ဖြစ်စေသောအကြောင်းရင်းများကိုလျော့ချခြင်းဖြင့် ရောဂါကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

 

လက္ခဏာများ

Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဖြစ်စေသောအကြောင်းရင်းပေါ် မူတည်၍ မွေးရာပါ မဟုတ်သောအာရုံကြောများထိခိုက်မှု သည် လက္ခဏာအမျိုးမျိုးရှိနိုင်ပါသည်။ လက္ခဏာများမှာ ခန္ဓာကိုယ် နှစ်ဖက်လုံးတွင် လှုပ်ရှားမှု ချို့ယွင်း ခြင်း ( ကြွက်သားများလှုပ်ရှားမှုဆိုင်ရာအာရုံကြော) နှင့် အာရုံခံစားထိတွေ့မှု ချို့ယွင်းခြင်းတို့ ဖြစ်ပါသည်။ ထိုရောဂါ လက္ခဏာမှာနာကျင်စွာခံစားရခြင်း ( မီးလောင်သကဲ့သို့ ခံစားရခြင်း၊ အေးစိမ့်ခြင်း၊ အပ်စူးသကဲ့သို့ နာကျင်ခြင်း) ဖြစ်နိုင်ပြီးမနာကျင်ခြင်း ( ယားယံခြင်း၊ ရောင်ရမ်းခြင်း)  လည်း ဖြစ်နိုင်ပါသည်။ ပထမသင်သည် ခြေထောက်၊ လက်ချောင်း၊ လက်နှင့် လက်မောင်းတို့တွင် ထုံကျဉ်ခြင်းသို့မဟုတ် နာကျင်ခြင်းခံစားရနိုင်ပါ သည်။ ခြေထောက်တွင် အားနည်းခြင်းလည်း ဖြစ်နိုင်ပါသည်။ မျက်လုံးလှုပ်ရှားမှု စွမ်းရည်လည်းထိခိုက်နိုင်ပါသည်။ မဖော် ပြထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ ထိုလက္ခဏာများနှင့် ပတ်သက်၍ မေးခွန်းများရှိပါကဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ခြင်းသည်သင်၏အခြေအနေကောင်းမွန်ရန်အတွက်အကောင်းဆုံး ဖြစ်ပါသည်။

 

အကြောင်းရင်းများ

Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှုကို ဖြစ်စေသောအကြောင်းရင်း ၁၀၀ ကျော်ရှိပါသည်။ အဖြစ်များသောအကြောင်းရင်းမှာဆီးချိုသွေးချို ဖြစ်ပါသည်။

အခြားဖြစ်စေသောအကြောင်းရင်းများမှာသိုင်းရွိုက် ဟော်မုန်းနည်းခြင်း၊ ကျောက်ကပ်ပျက်စီး၍ urea ဓါတ်များပြားလာခြင်း နှင့် အာဟာရချို့တဲ့ခြင်း (ဗီတာမင် ဘီ၁၂ချို့ တဲ့ခြင်း) တို့ဖြစ်ပါသည်။ အရက်နှင့် ကင်ဆာကုသမှုသည် အဆိပ်အတောက် ဖြစ်စေသောကြောင့် အာရုံကြောရောဂါ များကို ဖြစ်စေပါသည်။ မိမိခန္ဓာကိုယ်ကဆဲလ်များကိုမှားယွင်းပြန်တိုက်ခိုက်သောကိုယ်ခံအားစနစ်  ချို့ယွင်းမှုနှင့်ရောင်ရမ်းစေသောရောဂါများကြောင့်ဖြစ်နိုင်ပါသည်။ ရောင်ရမ်းစေသောရောဂါများတွင် Streptococcus B ကူးစက်ခြင်း၊ ကူးစက်နိုင်သော amyloid ရောဂါ၊ Sjogren’s syndrome (မျက်လုံးနှင့် ပါးစပ် မှ အရည်ထုတ်လုပ်သောဆဲလ်များပျက်စီးခြင်း ) နှင့် နာတာရှည် အာရုံကြောကိုဖုံးအုပ်ထားသောအလွှာများရောင်ရမ်းသောပျက်စီးသောရောဂါတို့ပါဝင်ပါသည်။

ကူးစက်စေသောရောဂါများ ( HIV, Lyme ရောဂါ) မှလည်းဖြစ်စေနိုင်သည်ဟုတွေ့ရှိရပါသည်။ လူနာများ၏ ၃၀-၄၀ ရာခိုင်နှုန်းတွင် ဖြစ်စေသည့်အချက်ကိုမရှာဖွေနိုင်ပါ။( ဘာကြောင့်မှန်းမသိသောအာရုံကြောပျက်စီးမှု)

Risk factors

ငါ့ဆီမှာ Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

လက်ရှိတွင် မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက် မှု ဖြစ်ပွားနိုင်ချေကို မြင့်စေသောအချက်များကိုရှင်းရှင်းလင်းလင်းမသိရသေးပါ။ ဖြစ်နိုင်သောအချက်အချို့မှာ-

  • ဆီးချိုသွေးချို
  • သိုင်းရွိုက်ဟော်မုန်းနည်းခြင်း
  • ကျောက်ကပ် ပျက်စီးခြင်းကြောင့် သွေးတွင်း urea များခြင်း
  • ဗီတာမင် ဘီ၁၂ ချို့တဲ့ခြင်း
  • အရက်သောက်ခြင်း
  • ဓာတုကုထုံးဖြင့် ကုသမှုခံယူခြင်း
  • ကိုယ်ခံအားစနစ်မှားယွင်းကာ ခန္ဓာကိုယ်ကိုပြန်လည်တိုက်ခိုက်သောရောဂါ
  • Streptococcus B ကူးစက်ခြင်း၊ ကူးစက်နိုင်သော amyloid ရောဂါ၊ Sjogren’s syndrome၊ Sacoitရောဂါ နှင့် နာတာရှည် အာရုံကြောကိုဖုံးအုပ်ထားသောအလွှာများရောင်ရမ်းသောပျက်စီးသောရောဂါတို့ပါဝင်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ဆေးမှတ်တမ်း ကြည့်ခြင်း နှင့် စစ်ဆေး ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ Electrical and Mechanical Contracting (EMG) ၊ ဦးနှောက်နှင့် ကျောရိုးမအတွင်းရှိ အရည်ကိုဓာတ်ခွဲစစ်ဆေးခြင်း (ခါးပိုင်းမှ ဖောက်ယူ၍)၊ ထိတွေ့အာရုံခံစားမှုကိုစစ်ဆေးခြင်း၊ အာရုံကြော လျှပ်စီးမှု လေ့လာခြင်း၊ အရေပြားအသားစယူခြင်း နှင့် ဗီတာမင် ဘီ၁၂ ပမာဏကိုတိုင်းရန်သွေးစစ်ခြင်းတို့ပြုလုပ်နိုင်ပါသည်။

Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဖြစ်စေသောအကြောင်းရင်းကိုသိပါကမွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှု ကိုမှန်ကန်စွာကုသရန် လွယ်ကူပါ သည်။ ဥပမာ ဖြစ်စေသောအကြောင်းရင်းများသည် သွေးတွင်း urea များခြင်း၊ အာဟာရချို့တဲ့ခြင်း (ဗီတာမင် ဘီ၁၂ ကုထုံး)၊ Streptococcus B ကူးစက်ခြင်း နှင့် သိုင်းရွိုက် ဟော်မုန်းနည်းခြင်းတို့ဖြစ်ပါကကုသမှုသည် ထိုရောဂါများကိုကုသရန် ဖြစ်သည်။

အာရုံကြောထိခိုက်စေသောဆေးများအသုံးပြုခြင်းကိုရပ်ပါ။ ထိုသို့လုပ်ခြင်းသည် မပြင်းထန်သောအာရုံကြောပျက်စီးမှုကိုသက်သာစေပြီးရောဂါပိုမဆိုးလာအောင်လည်းကာကွယ်ပေးပါသည်။

Prednisone, immunoglobulinsသို့မဟုတ် သွေးရည် ကြည် စစ်ထုတ်ခြင်းတို့သည် အသုံးဝင်သောကုသမှုများ ဖြစ်သည်။ သွေးရည်ကြည် စစ်ထုတ်ရာတွင် သွေးများကို ခန္ဓာကိုယ်မှ ထုတ်ယူကာအရည် (သွေးရည်ကြည်) ကိုဖယ်ရှားပါသည်။ ထို့နောက် သွေးဆဲလ်များကိုသာ ခန္ဓာကိုယ် သို့ပြန်လည်ထည့်ပေးခြင်း ဖြစ်သည်။

ခြေလက်များလှုပ်ရှားမှုကိုမထိန်းသိမ်းနိုင်ပါက ကြိမ်လုံး၊ ချိုင်းထောက် သို့မဟုတ် ဘီးတပ်ကုလားထိုင် ကိုအသုံးပြုပါ။

 

 

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှုကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှုဖြစ်ခြင်းကိုထိန်းချုပ်နိုင်ပါသည်။

  • သင့်ကျန်းမာရေး နှင့်ရောဂါလက္ခဏာများတိုးတက်မှု ကိုပုံမှန် စောင့်ကြည့်ရန် နောက်ဆက်တွဲ ဆရာဝန် နဲ့   ပြသကုသမှု များကို ပြုလုပ်ပါ။
  • ဆရာဝန်ညွှန်ကြားချက်ကိုလိုက်နာပါ။စိတ်ကူးပေါက်သလိုဆေးသောက်ခြင်းရပ်ခြင်းများမပြုလုပ်ပါနဲ့ ။
  • ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ။
  • အကူအညီရရန် ကိုယ့်အားကိုယ်ကိုးအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ပါ။
  • ဖြစ်စေသောရောဂါများအကြောင်းနဲ့  ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲလေ့လာပါ။

အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 27, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 27, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ