backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း) ကဘာလဲ။

ACL injury ဆိုသည်မှာ ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း ဖြစ်သည်။ ACL injury သည် ဘက်စကတ်ဘော၊ ဘောလုံး၊ တင်းနစ်၊ နှင်းလျှောစီးခြင်း၊ ဘောလီဘော၊ ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ စသော ရုတ်တရက် ရပ်ခြင်း၊ ခုန်ခြင်း၊ ဦးတည်ချက်ပြောင်းခြင်းတို့ပါဝင်သော အားကစားများ ကစားစဉ် အဖြစ်များသည်။

လူအများသည် ACL injury ဖြစ်ပါက ဖောက်ကနဲမြည်သံ ကို ကြားရ ခံစားရသည်။ ဒူးခေါင်းသည် ရောင်လာပြီး ခိုင်ခန့်မှု မခံစားရတော့ပါ။ အလေးချိန်ဖိပါက အလွန်နာကျင်လာသည်။

ACL injury ၏ ပြင်းထန်မှုအပေါ်မူတည်ပြီး ကုသမှုတွင် အားအင်ပြန်ရစေရန် အနားယူခြင်း၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများပါဝင်သည်။ သို့မဟုတ် ဆုတ်ပြဲသွား သော အရွတ်ကို အစားထိုးရန် ခွဲစိတ်ကုသခြင်း လုပ်နိုင်သည်။ ခွဲစိတ်ပြီးနောက် ပြန်လည်သန်စွမ်းရေး လုပ်ရမည်။ သင့်လျော် သော လေ့ကျင့်မှုအစီအစဉ်ဖြင့် ACL injury ဖြစ်နိုင် ချေကို လျော့ချနိုင်သည်။

ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်အများဆုံး ဒူးခေါင်းဒဏ်ရာရမှု တစ်မျိုးမှာ ကြက်ခြေ ခတ်ပုံ အရှေ့ပိုင်းအရွတ် ဆုတ်ပြဲခြင်း၊ နာကျင်ခြင်း ဖြစ်သည်။ ဘောလုံး၊ ဘက်စကတ်ဘော အားကစားသမားများသည် ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် ထိခိုက်နိုင်ချေ ပိုများသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။

လက္ခဏာများ

ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ACL injury ၏ အဖြစ်များသော လက္ခဏာများမှာ

  • ဒဏ်ရာရချိန်တွင် ဒူးခေါင်း၌ ဖောက်ကနဲ အသံ ကြားရ ခြင်း၊ ခံစားရခြင်း
  • ဒူးခေါင်း ရုတ်တရက် လှုပ်မရခြင်း။ ၎င်းသည် ခုန်ပြီး နောက် သို့မဟုတ် ဦးတည်ချက်ပြောင်းပြီးနောက် သို့မဟုတ် ဒူးခေါင်းဘေးကို ထိုးမိပြီးနောက် ဖြစ်နိုင် သည်။
  • ဒူးခေါင်း အပြင်ဘက်နှင့် အနောက်ဘက်တွင် နာကျင် ခြင်း
  • ဒဏ်ရာရပြီး ပထမ နာရီအနည်းငယ်အတွင်း ဒူးခေါင်း ရောင်ခြင်း။ ၎င်းသည် အဆစ်အတွင်း သွေးထွက်ခြင်း ၏ လက္ခဏာဖြစ်နိုင်သည်။ ရုတ်တရက် ရောင်ရမ်းခြင်း သည် ပြင်းထန်သော ဒူးခေါင်းဒဏ်ရာရခြင်း၏ လက္ခဏာ ဖြစ်သည်။
  • ရောင်ရမ်းခြင်း သို့မဟုတ် နာကျင်ခြင်းကြောင့် ဒူးခေါင်း အပြည့်မလှုပ်ရှားနိုင်ခြင်း

ဒဏ်ရာရပြီးနောက် သင်လုပ်နေသော လှုပ်ရှားမှုကို ရပ်ရ မည်။ သို့သော် သင်လမ်းလျှောက်နိုင်ပါသည်။ အခြား ကျန်းမာရေး ပြဿနာများသည် ACL injury ကဲ့သို့ လက္ခဏာ များကို ဖြစ်စေနိုင်သည်။ ၎င်းတို့မှာ အရိုးကျိုးခြင်း၊ ဒူးခေါင်း ကူရှင် ဒဏ်ရာရခြင်း၊ ဒူးခေါင်း၏ အခြားအရွတ်များ ဒဏ်ရာရ ခြင်း စသည်တို့ဖြစ်သည်။ အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရွတ်များသည် အရိုးတစ်ခုနှင့် တစ်ခုကို တွဲဆက်ထား သော သန်မာသော တစ်ရှူးအပြားများ ဖြစ်သည်။ ဒူးခေါင်း အလယ်တွင် ကြက်ခြေခတ် ဖြတ်နေသော အရွတ်နှစ်ခုထဲမှ တစ်ခုဖြစ်သော ACL သည် ပေါင်ရိုးနှင့် ညှိ့သကြီးရိုးကို ဆက်ပေးပြီး ဒူးခေါင်းအဆစ်ကို ခိုင်မြဲစေသည်။

ACL injury အများစုသည် ဒူးခေါင်းအား ဖိအားဖြစ်စေ သော အားကစားနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်စဉ် ဖြစ်ပွားသည်။

  • ရုတ်တရက် နှေးပြီး ဦးတည်ချက်ပြောင်းခြင်း
  • ခြေထောက်ကို ပုံသေထောက်ပြီး အားပြု လှုပ်ရှားခြင်း
  • ခုန်ပြီး ပြန်အကျတွင် ပုံမမှန်ခြင်း
  • ရုတ်တရက် ရပ်တန့်ခြင်း
  • ဒူးခေါင်းကို တိုက်ရိုက် အထိုးခံရခြင်း၊ ဘောလုံး ကန်ရာတွင် ဝင်လုရင်း ဆောင့်မိခြင်း။

အရွတ်ပျက်စီးပါက တစ်ဝက်တစ်ပျက် သို့မဟုတ် အပြည့် ပြဲခြင်း ဖြစ်နိုင်သည်။ မပြင်းထန်သော ဒဏ်ရာသည် အရွတ်ကို ဆန့်ကားစေသော်လည်း ဆုတ်ပြဲခြင်း မဖြစ်စေပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အရေပြား လေးဖက်နာ ဖြစ်နိုင်ချေကို မြင့်စေသော အ ချို့များစွာရှိသည်။ ၎င်းတို့မှာ –

  • ဦးတည်ချက် ရုတ်တရက်ပြောင်းခြင်း၊ အခြား ကစား သမားများ သို့မဟုတ် အတားအဆီးများကို ကွေ့ ကောက်ရှောင်ရသော ကစားနည်းများ ဥပမာ- စကိတ် စီးခြင်း၊ ဘောလုံး၊ ဘက်စကတ်ဘော၊ ဘေ့ဘော၊ တင်းနစ် စသည်တို့ ကစားခြင်း
  • ဒူးခေါင်းကို ခေါက်စေနိုင်သော မတော်တဆ လှုပ်ရှားမှု ဖြစ်ခြင်း။ ဥပမာ- လှေကားပေါ်မှ ပြုတ်ကျ ခြင်း၊ အလွန်မြင့်သော နေရာမှ ခုန်ချခြင်း၊ တွင်းတစ်ခု ထဲသို့ ကျွံကျခြင်း၊ လှေကားထစ် ကျော်ဆင်းမိခြင်း
  • ခြေထောက်တွင် ကြွက်သားသန်မာမှု မရှိခြင်း ( အသက်ကြီးခြင်းကြောင့် သို့မဟုတ် လှုပ်ရှားမှု မရှိခြင်း ကြောင့်)
  • ခြေထောက် ကြွက်သားသန်မာမှု မမျှခြင်း။ ဥပမာ- ပေါင်အရှေ့ပိုင်းရှိ ကြွက်သားများသည် ပေါင်အ နောက်ရှိ ကြွက်သားများထက် ပိုသန်မာခြင်း
  • အရင်က ACL injuries ဖြစ်ဖူးခြင်း။ အထူးသဖြင့် သင့် ဒူးခေါင်းသည် တစ်ခါတစ်ရံ ခေါက်ပါက

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ခန္ဓါကိုယ်စစ်ဆေးရာတွင် ဒူးခေါင်း ရောင်သလား၊ နာကျင်သလား စစ်ဆေးပါလိမ့်မည်။ ထိခိုက် သော ဒူးခေါင်းကို အခြားတစ်ဖက်ဖြင့် နှိုင်းယှဉ်ပြီး ကြည့်ပါလိမ့် မည်။ ဆရာဝန်သည် သင့် ဒူးခေါင်း မည်မျှလှုပ်ရှားနိုင်သည်နှင့် အဆစ်၏ လုပ်ဆောင်မှုများကို သိရှိရန် သင့်ဒူးခေါင်းကို ပုံစံမျိုးစုံ လှုပ်ရှား စေပါမည်။

ရောဂါအဖြေရှာခြင်းကို ခန္ဓါကိုယ်စစ်ဆေးမှု တစ်ခုတည်း အပေါ်မူတည်ပြီးလုပ်သော်လည်း အခြား ဖြစ်စေသော အကြောင်းရင်းများကို သိရန်၊ ဒဏ်ရာ၏ ပြင်းထန်မှုကို ဆုံးဖြတ်ရန် အောက်ပါ စစ်ဆေးမှုများလိုအပ်သည်။

  • ဓါတ်မှန်။ ဓါတ်မှန်သည် အရိုးကျိုးခြင်းကို သိရှိရန် လိုအပ်သည်။ သို့သော်လည်း ဓါတ်မှန်သည် အရွတ်၊ အကြောမျှင် စသော ပျော့သော တစ်ရှူးများကို ပုံရိပ် ဖော် မပေးနိုင်ပါ။
  • Magnetic resonance imaging (MRI) ။ MRI သည် ရေဒီယိုလှိုင်းများနှင့် သံလိုက်စက်ကွင်းကို အသုံးပြုပြီး ခန္ဓါကိုယ်ရှိ မာသော၊ ပျော့သော တစ်ရှူးများ၏ ပုံရိပ် ကို ဖော်ပြသည်။ MRI သည် ACL injury ၏ ပမာဏ နှင့် ဒူးခေါင်းရှိ အခြားတစ်ရှူးများ၏ ထိခိုက်မှု လက္ခဏာကို ပြသနိုင်သည်။
  • Ultrasound ။ အသံလှိုင်းများကို အသုံးပြုပြီး အတွင်းပိုင်း အင်္ဂါများကို ပုံရိပ်ဖော်ပေးသည်။ ဒူးခေါင်းရှိ အရွတ်၊ အကြောမျှင်များ နှင့် ကြွက်သားများတွင် ဒဏ်ရာရခြင်းကို စစ်ဆေးရန် ultrasound ကို အသုံးပြုနိုင်သည်။

ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ACL injury ကုသမှု၏ ရည်ရွယ်ချက်များမှာ

  • ဒူးခေါင်းကို ပုံမှန် သို့မဟုတ် ပုံမှန်နီးပါး ပြန်လည် ခိုင်ခံ့ စေရန်
  • ဒူးခေါင်းဒဏ်ရာမရခင် သင်လုပ်နိုင်သော လုပ်ငန်း စွမ်းရည် ပြန်ရရန်
  • ဒူးခေါင်း၏ စွမ်းဆောင်ရည် မဆုံးရှုံးစေရန်
  • ဒူးခေါင်းရှိ အခြား အစိတ်အပိုင်းများ ထပ်မံထိခိုက်ခြင်း မဖြစ်စေရန်
  • နာကျင်ခြင်း သက်သာစေရန်

ပြန်လည်သန်စွမ်းရေးလုပ်ငန်း လအနည်းငယ် လုပ်မလား သို့မဟုတ် ခွဲစိတ်ခြင်းနှင့် ပြန်လည်သန်စွမ်းရေးလုပ်မလား ဆုံးဖြတ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ACL injury အားလုံး ခွဲစိတ်မှု ပြုလုပ်ရန် မလိုပါ။

ဒဏ်ရာရပြီးပြီးချင်း ကုသမှု

ACL injury ရသည်ဟု သိပြီးပါက ပထမဆုံး ကုသမှုတွင် အောက်ပါတို့ ပါဝင်သည်။

  • ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်း သက်သာစေရန် ရှေးဦးသူနာပြုစုနည်းသုံးခြင်း။ ဒူးခေါင်းကို အနားပေး ခြင်း၊ ရေခဲအုံခြင်း၊ ဆန့်ကျုံ့နိုင်သော ပတ်တီးစီးပေး ခြင်း၊ ခြေထောက်ကို ပင့်မြှောက်ခြင်း၊ acetaminophen သို့မဟုတ် စတီးရွိုက်မပါသော အရောင်ကျဆေး (NSAIDSs) စသော ဆေးများ သောက်ခြင်းတို့ ပါဝင်သည်။
  • ပထမရက်အနည်းငယ်တွင် ချိုင်းထောင့် အသုံးပြုပါ။ ချိုင်းထောင့်ကို အချိန်အလွန်ကြာစွာသုံးပါက ခြေ ထောက်ကြွက်သားများ လှုပ်ရှားမှု မရှိဖြစ်ကာ အားနည်းလာမည်။ ဒူးခေါင်းလှုပ်ရှားမှု တောင့်တင်း လာပြီး ကန့်သတ်မှု ရှိလာမည်။
  • အားသန်စေသော လှုပ်ရှားရသော လေ့ကျင့်ခန်းများ သည် ကုသမှုကို ကူညီပေးသည်။

နောက်ထပ် ကုသမှု

အခြားကုသမှု အမျိုးအစားများကို အောက်ပါတို့အပေါ် မူတည်ပြီး ခံယူပါ။

  • ACL အရွတ် ဘယ်လောက် ဆုတ်ပြဲသွားသလဲ ( အဆင့် ၁၊ ၂ သို့မဟုတ် ၃)
  • ဒဏ်ရာဖြစ်စဉ် ဒူးခေါင်းဘယ်လောက်ခိုင်သလဲ
  • ဒူးခေါင်း၏ အခြားအစိတ်အပိုင်းများ ထိခိုက်သလား။ ထိခိုက်ပါက ထိခိုက်သောနေရာကို ကာကွယ်ရန် ကောင်းသော အစိတ်အပိုင်းများ ပို၍ အားပြုရမည်။
  • အရင်က အခြားဒူးခေါင်းပြဿနာများ ရှိပါက ဥပမာ ရက်ရှည် ACL ထိခိုက်ခြင်း သို့မဟုတ် အဆစ် ရောင်ခြင်း ကို ဖြစ်စေသော ဒဏ်ရာများ
  • သင်ဘယ်လောက် လှုပ်ရှားသလဲ
  • အသက်အရွယ်နှင့် အလုံးစုံကျန်းမာရေး
  • ကြာရှည်၍ တင်းကျပ်သော ပြန်လည်သန်စွမ်းရေး လုပ်ငန်းကို အပြည့် လုပ်ကိုင်လိုမှု

ကုသမှုနည်းလမ်းများမှာ-

  • ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး အစီအစဉ် စသော ခွဲစိတ်ခြင်းမပါသော ကုသမှု
  • ACL ကိုပြန်လည်တည်ဆောက်ပေးနိုင်သော သို့မဟုတ် ၎င်းကို ပြန်လည် တည်ဆောက်ပြီး meniscus ဆုတ်ပြဲခြင်းကဲ့သို့ အခြား ဒဏ်ရာများကို ပြင်ဆင်ပေးနိုင်သော ACL ခွဲစိတ်မှု

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ACL injury ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ACL injury ကို ထိန်းချုပ်နိုင် ပါသည်။

  • ခြေထောက်ကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများ၊ အထူးသဖြင့် ဒူးကောက်ကြော လေ့ကျင့်ခန်းများ၊ ခြေထောက် ကြွက်သား သန်မာမှု မျှတအောင် သေချာလုပ်ပါ။
  • တင်ပဆုံနှင့် ဝမ်းဗိုက်အောက်ပိုင်းကို သန်မာစေသော လေ့ကျင့်ခန်းများ
  • ခုန်ခြင်း၊ ခုန်ပြီး ပြန်ကျခြင်းတွင် ဒူးခေါင်းပုံစံ မှန်စေရန် သင့်လျော်သော နည်းစနစ်များဖြင့် လေ့ကျင့်ပါ။
  • အားပြုခြင်း၊ ပြေးခြင်းအတွက် နည်းစနစ်များကို လေ့ကျင့်ပါ။ တိုးတက်အောင်လုပ်ပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

PasteTextHere

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement