Acid Reflux (အက်စစ်ပြန်စီးခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acid Reflux (အက်စစ်ပြန်စီးခြင်း) ကဘာလဲ။

အက်စစ်ပြန်စီးခြင်းဆိုသည်မှာ အစာအိမ်မှ အက်စစ်များ အစာရေမြို ( လည်ချောင်းနှင့် အစာအိမ်ကို ဆက်ထားသော ပြွန်) သို့ပြန်တက်ပြီး လည်ချောင်းသို့ရောက်ကာ တစ်ရှူး ရောင်ရမ်းခြင်းကို ဖြစ်စေသော အခြေအနေတစ်ခု ဖြစ်သည်။ အစာအိမ်တွင် hydrochloric အက်စစ်ဟုခေါ်သော အက်စစ် ပြင်းတစ်မျိုး ပါဝင်သည်။ ၎င်းသည် အစာခြေခြင်းတွင် ကူညီ ပြီး ဘတ်တီးရီးယားကဲ့သို့ မလိုအပ်သော ပိုးမွှားများရန်မှ ကာကွယ်ပေးသည်။ အစာအိမ် အဝင်ဝတွင် အဆို့ရှင်တစ်ခု ရှိသည်။ ၎င်းသည် အစာကို အစာအိမ်ထဲသို့ဝင်စေသည်။ သို့သော် အစာရေမြိုထဲသို့ ပြန်မထွက်စေပါ။ ထိုအဆို့ရှင် ပုံမှန် အတိုင်း အလုပ်မလုပ်တော့ပါက အစာအိမ်ထဲရှိ အရာများ သည် အစာရေမြိုထဲသို့ ပြန်ထွက်ပြီး အက်စစ်ပြန်စီးခြင်းကို ဖြစ်စေသည်။

 

Acid Reflux (အက်စစ်ပြန်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အက်စစ်ပြန်စီးခြင်းသည် အဖြစ်အများဆုံး အစာခြေစနစ် ရောဂါများထဲမှ တစ်ခု ဖြစ်သည်။ လူတိုင်း ဤအခြေအနေကို ဘဝတွင် အကြိမ်ရေများစွာ ခံစားရနိုင်သည်။ စားသောက်မှု အကျင့်၊ နေထိုင်မှုပုံစံနှင့် အခြား ကျန်းမာရေး အခြေအနေများ သည် အက်စစ်ပြန်စီးခြင်း ဖြစ်နိုင်ချေကို မြင့်စေသော အချက် များ ဖြစ်နိုင်သည်။

လက္ခဏာများ

Acid Reflux (အက်စစ်ပြန်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အက်စစ်ပြန်စီးခြင်း၏ အဖြစ်များသော လက္ခဏာများမှာ-

  • လေတက်ခြင်း
  • အစာစားပြီးနောက် မအီမသာဖြစ်ခြင်း
  • ဝမ်းဗိုက် ဖောင်းပွခြင်း
  • ဝမ်းဗိုက် အပေါ်ပိုင်းအောင့်ခြင်း၊ မသက်မသာ ဖြစ်ခြင်း

 

အကြောင်းရင်းများ

Acid Reflux (အက်စစ်ပြန်စီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အက်စစ်ပြန်စီးခြင်းသည် ဘဝတွင် တစ်ခါတစ်ရံ ဖြစ်လေ့ ရှိသည်။ အသက်အရွယ် အားလုံးတွင် တွေ့နိုင်သည်။ တစ်ခါ တစ်ရံ အကြောင်းရင်းမရှိဘဲ တွေ့ရသည်။ ပုံမှန်အားဖြင့် နေထိုင်မှုပုံစုံကြောင့် ဖြစ်သည်။ သို့သော် မကာကွယ်နိုင်သော အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအကြောင်း ရင်းထဲမှ တစ်ခုမှာ အစာအိမ်ကျွံခြင်း ဖြစ်သည်။ ၎င်းသည် ရင်ဝမ်းတား ကြွက်သားတွင် အပေါက်ဖြစ်ကာ အစာအိမ် အပေါ်ပိုင်းသည် ရင်ဘတ်ခေါင်းထဲသို့ ဝင်ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ gastroesophageal reflux disease (GERD) ကို ဖြစ်စေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Acid Reflux (အက်စစ်ပြန်စီးခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ဤရောဂါကို ဖြစ်စေနိုင်သော အခြားအချက်များလည်း ရှိပါ သည်။ ၎င်းတို့မှာ

  • နေထိုင်မှုပုံစံ။ အရက် သို့မဟုတ် စီးကရက် သောက် ခြင်း၊ အဝလွန်ခြင်း၊ ကိုယ်နေကိုယ်ထား မကောင်းခြင်း (ကုန်းခြင်း)
  • ဆေးများသောက်ခြင်း။ calcium channel blockers, theophylline (Tedral,Hydrophed,Marax, Bronchial, Quibron), nitrates, antihistamines
  • အစားအသောက်။ အဆီများသော၊ ကြော်ထားသော အစာများ၊ ချောကလက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကော်ဖီ၊ ချဉ်သော အစာများ၊ စပ်သော အစာများ၊
  • အစာစားခြင်းအကျင့်။ အစာများများစားခြင်း၊ မြန်မြန် စားခြင်း သို့မဟုတ် အိပ်ယာမဝင်မီစားခြင်း
  • အခြား ကျန်းမာရေး အခြေအနေများ။ ကိုယ်ဝန် ဆောင်ခြင်း၊ ဆီးချိုသွေးချို၊ ရုတ်တရက် ကိုယ်အလေး ချိန်တက်ခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

 

Acid Reflux (အက်စစ်ပြန်စီးခြင်း) ကို ဘယ်လိုကုသပါသလဲ

Proton-pump inhibitors ဆေးများသောက်မည့်အပြင် အက်စစ်ပြန်စီးခြင်းကို ကုသနိုင်သော အထိရောက်ဆုံးနည်း လမ်းမှာ ရောဂါလက္ခဏာများကို ဖြစ်စေသော အစားအစာနှင့် သောက်စရာများကို ရှောင်ကြဉ်ရန် ဖြစ်သည်။ သင်လုပ်နိုင် သော အခြားအဆင့်များမှာ-

  • နေ့ဘက်တွင် အစာကို နည်းနည်းနှင့် မကြာခဏ စားပါ။
  • ဆေးလိပ်သောက်ခြင်းကို ဖြတ်ပါ။
  • အိပ်ယာခေါင်းအုံးကို ပုံမှန်ထက် အနည်းငယ် ပိုမြင့် ပေးပါ။
  • မလဲလျောင်းမီ အနည်းဆုံး ၂ နာရီ ၃နာရီတွင် အစာ မစားပါနှင့်။
  • နေ့ဘက် တစ်မှေးမှေးခြင်းအတွက် ကုလားထိုင်တွင် အိပ်ပါ။
  • တင်းကျပ်သော အဝတ်အစားများ၊ ခါးပတ်များ မဝတ် ပါနှင့်။
  • အဝလွန်နေပါက ကိုယ်အလေးချိန် ကျစေရန် လေ့ကျင့်ခန်း လုပ်ခြင်း၊ မျှတသော အစားအစာ စားခြင်း ပြုလုပ်ပါ။

သင့်တွင် အက်စစ်ပြန်စီးခြင်းရှိသည်ဟု သံသယရှိပါက၊ မအီ မသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ မျိုချရာတွင် ခက်ခဲခြင်း စသော လက္ခဏာများ ခံစားပါက တတ်နိုင်သလောက် မြန်မြန် ဆရာဝန်နှင့် ပြသပါ။ သက်သာစေရန် ညွှန်ကြားပေးသော ဆေးများ သောက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 16, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ