Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း) ကဘာလဲ။

Achilles tendon rupture ဆိုတာ ခြေသလုံးကြွက်သားနှင့် ဖနောက်ရိုးကို ဆက်ပေးထားတဲ့ အရွတ်မှာ အဖြစ်အများတဲ့ ထိခိုက်မှုတစ်ခုကို ခေါ်ပါတယ်။

Achilles tendon က သင့်ရဲ့ ဖနောက်ကိုတွန်းပြီး ခြေချောင်းတွေကို ကြမ်းပြင်ပေါ်သို့ ထောက်နိုင်အောင် ကူညီပေးတဲ့ အတွက် သင်ဟာ ခုန်နိုင်၊ ပြေးနိုင်ပြီး လမ်းလည်းလျှောက်နိုင်ပါတယ်။ ကြံခိုင်တဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုသော်လည်း ဆွဲဆန့်မှု လွန်ကဲလျှင် ပြဲနိုင်ပါတယ်။

သင့်ထိခိုက်မှု အနည်းအများပေါ်မူတည်ပြီး ခွဲစိပ်မှုလိုခြင်း မလိုခြင်း ရှိနိုင်ပါတယ်။

Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Achilles tendon က အားကစားသမားတွေမှာ အသက်မွေးဝမ်းကြောင်းသော်လည်းကောင်း အပျော်တမ်းသော်လည်းကောင်း နှစ်မျိုးလုံးမှာ ဖြစ်နိုင်ပါတယ်။ ပုံမှန်ဆိုလျှင် အသက် ၄၀ – ၅၀အမျိုးသားတွေမှာ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ၅ ဆ ပိုဖြစ်နိုင်ပါတယ်။

လက္ခဏာများ

Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Achilles tendon rupture ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ပေါက်ထွက်သံ သို့ တဖြစ်ဖြစ်မြည်သံ ကြားနေရခြင်း
  • ခြေထောက် သို့ ခြေချင်းဝတ်အနောက် မှာ နာခြင်း နှင့် ရောင်ခြင်းဖြစ်ခြင်း။ ထိခိုက်မှုဖြစ်လျှင် အဖြစ်များဆုံးသော လက္ခဏာဖြစ်ပါတယ်။
  • နာကျင်မှူ မရှိသော်လည်း လမ်းလျှောက်မရခြင်း အထူးသဖြင့် ခြေချောင်းကြွတဲ့အခါ။
  • ခြေဖျားထောက်၍ မရပ်နိုင်ခြင်း
  • ခြေသလုံးကြွက်သားများ ကြပ်စည်းလာနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်ရဲ့ ခြေသလုံးအောက်ပိုင်းမှာ ဆူးပြီးထိုးနေတဲ့ နာကျင်မှုမျိုး အထူးသဖြင့် လမ်းကောင်းကောင်းမလျှောက်နိုင် သို့ ခြေဖျားကြွတဲ့ အခါမှာ ခံစားနေရလျှင် ဆရာဝန်နှင့် အရေးပေါ်ပြသင့်ပါတယ်။

အကြောင်းရင်းများ

Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Alchiliies tendon က သင့်ရဲ့ခြေထောက်၏ ရွေ့လျားမှုတိုင်းဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ခုန်ခြင်း၊ ပြေးခြင်း၊ သို့ ခြေဖျားထောက်ခြင်း စသဖြင့်မှာ ပါဝင်နေပါတယ်။

အကယ်၍သာ ဒီအရွတ်မှာ သတ်မှတ်ထားတဲ့ ဆွဲဆန့်မှု အတိုင်းအတာ တစ်ခုရောက်တဲ့ အခါမှာ ၄င်းက အနည်းငယ် သို့ အပြည့်အ၀ ပြဲထွက်သွားနိုင်ပါတယ်။ သင့်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေထဲမှာ ခြေထောက်ကို ခြေဖနောက်ထဲ အားနှင့် ကွေးမိတာမျိုး သို့ ခြေဖနောက်ကို တိုက်ရိုက်ထိခိုက်မှု တစ်ခုဖြစ်လျှင် Achilles tendon ကို ဖြစ်ပွားစေနိုင်ပါတယ်။

ထိခိုက်မှုက သင်အောက်ပါအချက်တွေကို ပြုလုပ်လျှင် ပိုဆိုးလာနိုင်ပါတယ်။

  • ရောဂါလက္ခဏာတွေကို လစ်လျူရှုထားပြီး ဆရာဝန်နဲ့ ပြတာနောက်ကျလျှင်
  • ဆရာဝန်ညွှန်ကြားချက်တွေကို မလိုက်နာလျှင်
  • ဆရာဝန်ခွင့်ပြုထားတာထက် လွန်ပြီး အားကစားလုပ်လျှင်
  • Achilles tendon တစ်ဝိုက်မှာ cortisone သို့ steroid ထိုးလျှင်
  • သင့်ရဲ့ ပိတ်တီးကို ဖယ်ခြင်း သို့ ပျက်စီးခြင်း ရှိလျှင်

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

Achilles tendon rupture ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အနာသက်သာစေတဲ့ ဆေးများထိုးခြင်း။ သင်ဟာ တကယ်လို့ နာခြငိးရောင်ခြင်းကို သက်သာအောင် steroid တွေထိုးမယ်ဆိုလျှင် အနီးအနားက အရွတ်တွေကို အားပျော့စေနိုင်ပါတယ်။

ပဋိဇီဝဆေးများ။ သင်ဟာ တစချို့သော ဆေးတွေ ဖြစ်တဲ့ quinolone ပဋိဖီဝဆေးတွေ သုံးမယ်ဆိုလျှင် သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေက သင့်ရဲ့ Achilles tendon ကို ထိခိုက်နိုင်ချေတိုးပွားစေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ကျန်းမာရေးအခြေအနေမေးမြန်းခြင်း စမ်းသပ်ခြင်းတွေလုပ်ပြီး ရောဂါ အဖြေရှာအတည်ပြုနိုင်ပါတယ်။ နောက်စမ်းသပ်ချက်တစ်မျိုးကတော့ Thompson test သို့မဟုတ် ညှစ်ပြီး စမ်းသပ်တဲ့ နည်းဖြစ်ပါတယ်။ သင့်ရဲ့ Achilles tendon သာထိခိုက်မှု ရှိနေလျှင် သင့်ရဲ့ ခြေသလုံးကြွက်သားတွေက ဆရာဝန်ညှစ်လိုက်တဲ့ အချိန်မှာ ပုံမှန်တုံ့ပြန်မှုမျိုးမရှိနိုင်တော့ပါဘူး။

Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ခွဲစိပ်ကုသခြင်းက အကောင်းဆုံးနည်းဖြစ်ပါတယ်။ ဆရာဝန်က သင့်ရဲ့ ပြဲထွက်နေတဲ့ အရွတ်တွေကို ပြန်ချုပ်ပြီး ခြေထောက်ကို တစ်နေရာတည်းမှာ လှုပ်ရှားမှု မရှိအောင် ပတ်တီး စည်းထားစေမှာ ဖြစ်ပါတယ်။

သို့သော် သင့်ရဲ့ ထိခိုက်မှုက သိပ်မပြင်းထန်ပဲ အရွတ်တွေက အလိုလို ပြန်ကောင်းနိုင်တဲ့ အခြေအနေဆိုလျှင် ဆရာဝန်က ၃ လလောက် ပတ်တီး ကို နှစ်ကြိမ်လဲလှယ် စည်းခိုင်းနိုင်ပါတယ်။

ဒီကုသနည်းနှစ်မျိုလုံးမှာ သင်ဟာ ခြေဖနောင့်မြှင့်ပေးတယ့် သို့ ဒေါက်ဖိနပ်မြင်မြင့် ကို ပတ်တီးစည်းထားတဲ့ ကာလအတွင်းမှာ စည်းရမှာ ဖြစ်ပါတယ်။

အရွတ်တွေ ပြန်ကောင်းဖို့ကတော့ ပုံမှန်အားဖြင့် ၆ လလောက်ကြာနိုင်ပါတယ်။ သို့သော် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုလျှင်တော့ မြန်မြန် ပြန်ကောင်းလာနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Achilles tendon rupture ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Achilles tendon rupture ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• ညွှန်ကြားတဲ့ အတိုင်းသာ အကိုက်အခဲပျောက်ဆေးတွေ ကို သောက်ပါ။
• သင့်ရဲ့ ပတ်တီးကို သတိထားကာကွယ်ပါ။
• ပြန်လည်သန်စွမ်းလေ့ကျင့်ခန်းများအား လိုက်နာခြင်းဖြင့် ကြွက်သားစွမ်းရည် ပြန်ရနိုင်ပြီး ခြေချင်းဝတ်လှုပ်ရှားမှုကို လည်း တိုးတက်စေနိုင်ပါတယ်။
• ခြေသလုံးကြွက်သား ပြင်းထန်စွာ နာကျင်လျှင် သို့ ခြေချင်းဝတ်မှာ ပုံမှန်မဟုတ်တဲံ ခံစားမှုမျိုးဖြစ်လျှင် ဆရာဝန်ကို ဆက်သွယ်ပါ။
• သင့်မှာ အနည်းငယ်မ အရွတ်ပြဲခြင်းဖြစ်ပေါ်လျှင် ပြန်လည်သန်စွမ်းရေးအစီအစဉ်ကို လိုက်နာဆောင်ရွက်ပါ။ အပြည့်အ၀ပြဲသွားတာကတော့ အရွတ်ကို ဆွဲဆန့်မှု လွန်ကဲစေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 27, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 27, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ