backup og meta

နွေနေပူပူ မှာ ဒါတွေဆောင်ထားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 20/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေနေပူပူ မှာ ဒါတွေဆောင်ထားပါ

    နွေနေပူပူ မှာ နေပူလွန်းလို့ ချွေးတွေလည်းထွက်လို့ စိတ်တွေလည်း ညစ်ရမှာပါ။ နေပူနေချိန်မှာ အပြင်လည်း ထွက်ချင်မှာ မဟုတ်ပါဘူး။ မဖြစ်မနေ အပြင်ထွက်ရပြီဆိုရင်တော့ နေပူရှိန်ကြောင့် အလှမပျက်၊ ကျန်းမာရေး မထိခိုက်ရအောင် ဆောင်ထားရမယ့် ပစ္စည်းလေးတွေ ရှိပါတယ်။

    နွေနေပူပူ မှာ ဒါတွေဆောင်ထားပါ

    (၁) ထီး၊ ဦးထုပ်

    ထီး၊ ဦးထုပ်ကတော့ နွေရာသီမှာ လူတိုင်းဆောင်ထားကြမှာပါ။ နွေနေပူတာကြောင့် ခေါင်းကိုက်ခြင်း၊ ရေဓာတ်ခမ်းခြောက်လွယ်ခြင်း၊ ခေါင်းမူးခြင်းတွေကနေ ရှောင်ရှားနိုင်ဖို့အတွက် အရိပ်ရအောင် ထီး၊ ဦးထုပ်ဆောင်ရပါမယ်။

    (၂) ရေဗူး

    အပြင်ထွက်တဲ့အခါတိုင်းမှာ ရေဗူးသေးသေးလေး ဆောင်သွားပါ။ နေရာသီမှာ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်နိုင်ပြီး မျက်စိမှုန်ဝေဝါးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ရေဆာတာတွေ၊ ရေငတ်တာတွေ မဖြစ်စေဖို့ ရေဗူးလေးတွေ ဆောင်ထားပါ။

    (၃) ပေါင်ဒါမှုန့်

    ချွေးထွက်သန်တဲ့သူတွေအတွက်တော့ နွေရာသီဟာ အရမ်းကို စိတ်ပျက်စရာ ကောင်းနေမှာပါ။ နေပူလေ ချွေးပိုထွက်လေပါပဲနော်။ ကိုယ့်ရဲ့ ချွေးနံ့ကြောင့် သူတပါးစိတ်ညစ်ရမှာ စိုးတယ်ဆိုရင်တော့ ပေါင်ဒါမှုန့်ဗူး သေးသေးလေး ဒါမှမဟုတ် ချိုင်းချွေးနံ့ ပျောက်ဆေးတွေ ဆောင်ထားဖို့ လိုပါတယ်။

    (၄) အဆီစုပ်စက္ကူ

    နွေရာသီမှာ ချွေးတွေထွက်ပြီး မျက်နှာမှာ အဆီပြန်တတ်ပါတယ်။ အဓိက အားဖြင့်တော့ T zone (နှာခေါင်းတဝိုက်ပေါ့)။ ဒီလိုဆိုရင် မိတ်ကပ်တွေကွက်၊ ပျက်ပြီး အဆီတဝင်းဝင်းနဲ့ ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် အဆီစုပ်စက္ကူလေးတွေ သွားလေရာမှာ ဆောင်သွားပါနော်။

    (၅) Waterproof

    နွေရာသီမှာ အလှမပျက်စေဖို့ Waterproof ဖြစ်တဲ့ အလှကုန်ပစ္စည်းတွေ သုံးဖို့ လိုပါတယ်။ မျက်တောင်ကော့ဆေး၊ eye liner တွေကို ရေစိုခံ ချွေးစိုခံတာတွေ သုံးပေးရမှာပါ။ မဟုတ်ရင် နွေရာသီ နေပူဒဏ်ကြောင့် ချွေးထွက်ပြီး မျက်တောင်ကော့ဆေး၊ eye liner ပျက်ကာ အလှတွေ လျှော့သွားစေနိုင်ပါတယ်။

    (၆) နေလောင်ကာခရင်မ်

    နေပူဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာတွေ မဖြစ်စေဖို့အတွက် အပြင်ထွက်တဲ့အခါမှာ နေလောင်ကာခရင်မ်တွေ လိမ်းသွားဖို့ လိုပါတယ်။ နေရောင်ကာခရင်မ်လေးတွေလည်း ဆောင်ထားပါနော်။ ဒါဆိုရင်တော့ နေလောင်တာတွေ သက်သာသွားမှာပါ။

    (၇) နှုတ်ခမ်းနီ

    နွေရာသီမှာ matte နှုတ်ခမ်းနီတွေ မဆိုးတာ ကောင်းပါတယ်။ Matte တွေက ကြာကြာခံတယ်ဆိုပေမယ့် နှုတ်ခမ်းသားခြောက်တာတွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ lip balm လိုမျိုး အဆီလေးတွေ ဆိုးတာ ကောင်းပါတယ်။ နှုတ်ခမ်းနီ ခဏခဏ ထုတ်ဆိုးတတ်တယ်ဆိုတော့ Lip balmလေး ဆောင်ထားပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 20/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement