ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက
ညဘက် နောက်ကျမှ အစားစားတာက မကောင်းဘူးလို့ပဲ တထစ်ချ ယုံကြည်နေတုန်းလား! ညဘက် အစားစားတာက မကောင်းဘူးဆိုပေမယ့် လုံးဝဥဿုံ မကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကောင်းကျိုး ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိတာပေါ့။ ဒါကြောင့် စာဖတ်သူတွေ သိထားလို့ ရအောင် အခုတစ်ခေါက်မှာတော့ ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-drain-your-energy/ ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ကောင်းကျိုးတွေကတော့ - အချို့သော အဆာပြေစားစရာတွေက ကောင်းကောင်း အိပ်ပျော်စေနိုင်တယ် ညဘက် အစားစားတိုင်း မကောင်းဘူးလို့ ဆိုဖို့ ခက်ပါတယ်။ တကယ်လို့ ညဘက် ဗိုက်ဆာတယ်လို့ ခံစားရချိန်မှာ ထမင်း ထနယ်စားမယ်။ အသင့်စား အစားအစာတွေ စားမယ်။ […]