backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အမျိုးသမီးများတွင် ရာသီမလာခင် ဖြစ်လေ့ရှိသောစိတ်ခံစားမှုပြဿနာများ(PMDD)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 16/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်။

အမျို ူးသမီးများတွင် ရာသီမလာခင်ဖြစ်လေ့ရှိသော စိတ်ခံစားမှု ပြသနာတွေ(PMDD)ွ ဆိုတာဘာတွေလဲ။

အမျိ ုးသမီးများတွင် ရာသီမလာခင်ဖြစ်လေ့ရှိသောစိတ်ခံစားမှုပြသ

နာ (PMDD-Premenstrual dysphoric disorder)တွေဆိုတာက ပြင်းထန်ဆိုးရွားတတ်ပြီး တစ်ခါတစ်ရံမှာ ရိုးရိုး

ရာသီမလာခင်စိတ်ခံစားမှုတွေလိုမျိ ုးကို အချိန်ကြာကြာဖြစ်နေတာ

မျိ ုးဖြစ်ပါတယ်။ ပုံမှန်ဖြစ်နေကျ ရာသီမလာခင် စိတ်ခံစားမှုပြသနာ

တွေရယ် မှာက စိတ်ခံစားမှုဆိုင်ရာလက္ခဏာများ၊ ကိုယ်ပိုင်းဆိုင်ရာ

လက္ခဏာတွေ နှစ်မျ ိုးလုံးရှိတတ်ပါတယ်။ ဒါပေမယ့် ဒီ PMDDဆို

တာက စိတ်ပြောင်းလဲမှု အလွန်မင်း ဖြစ်တတ်သောကြောင့် သင့်ရဲ့

အလုပ်ရယ်နောက်ပြီးသင့်ရဲ့ လူမှုရေးတွေမှာ ပျက်ပြားတဲ့အထိ ဖြစ်

နိုင်ထိခိုက်နိုင်ပါတယ်။

အမျိုးသမီးများတွင်ရာသီမလာခင်ဖြစ်လေ့ရှိသော စိတ်ခံစားမှု ပြသနာများ(PMDD)ကို အတွေ့ရများသလား။

၈၅%လောက်ရှိတဲ့ လူနာတွေမှာ ရိုးရိုးဖြစ်လေ့ရှိတဲ့ ရာသီမလာခင်

မအီမသာဖြစ်မှုကို တွေ့ရသော်လည်း စာရင်းဇယားများအရ ဒီPMDDကတော့ တွေ့ရတာပိုနည်းပါတယ်။PMDDကို ၃-၈%လောက်သော အမေရိကန်အမျိ ုးသမီးတွေမှာ တွေ့ရပါတယ်။

အခြားအချက်အလက်များကိုသိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

ရောဂါလက္ခဏာများ။

PMDD ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

PMDD ရဲ့အတွေ့ရများတဲ့လက္ခဏာတွေကတော့

-အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း။

-စိတ်အပြောင်းအလဲများခြင်း၊စိတ်ဓါတ်ကျလွယ်ခြင်း၊စိုးရိမ်ပူပန်မှု

များခြင်း၊စိတ်မရှည်ခြင်း။

-အာရုံစူးစိုက်ဖို့ခက်ခဲခြင်း။

-နှလုံးတုန်ခြင်း။

-တစ်စုံတစ်ယောက်က ကိုယ့်ကိုထိခိုက်အောင်လုပ်မယ်လို့ထင်ခြင်း၊

-ပုံမှန်မဟုတ်ခြင်း

-သတိမေ့တတ်ခြင်း

-ဗိုက်ဖောင်းနေခြင်း၊အစားစားလို့ကောင်းခြင်း၊ဗိုက်ထဲတွင်နေ

လို့မကောင်းခြင်း။

-ခေါင်းကိုက်ခြင်း၊

-ကြွက်တက်ခြင်း၊ခြေဖျားလက်ဖျားများ ထုံခြင်း၊ကျဉ်ခြင်း။

-အရေပြားအခြေအနေတွေဖြစ်တဲ့ ဝက်ခြံပေါက်ခြင်း၊နှင်းခူဖြစ်ခြင်း

နှင့် တစ်ခြားအရေပြားပြသနာများဖြစ်ခြင်း။

-ပူခြင်း အေးခြင်းများဖြစ်ခြင်း၊

-မူးခြင်း

-သတိလစ်ခြင်း

-အိပ်မပျော်ခြင်း

-လေးလံနေခြင်း၊ရင်သားနာခြင်း၊ဆီးသွားနည်းခြင်း။

-အမြင်မကြည်ခြင်း၊မျက်လုံးပြသနာများဖြစ်ခြင်း၊

-အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာများဖြစ်သော ဓါတ်မတည့်မှုဖြစ်ခြင်းများနှင့် ပိုးဝင်ခြင်းများ

-ရာသီလာရာတွင်နာကျင်ခြင်း၊လိင်စိတ်နည်းခြင်း။

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့တွေ့သင့်သလဲ။

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

အကြောင်းအရင်းများ။

အမျိ ုးသမီးများတွင် ရာသီမလာခင် ဖြစ်လေ့ရှိသောစိတ်ခံစားမှု ပြသနာများ(PMDD)ကို ဖြစ်စေတဲ့အကြောင်းအရင်း

တွေက ဘာတွေလဲ။

စာတမ်းပြ ုစုသူ လေ့လာသူတွေကတော့ PMDD ကဘာကြောင့်ဖြစ်

လဲဆိုတဲ့ အကြောင်းရင်းကိုတိတိကျကျ မသိသေးပါဘူး။ သို့သော်

လည်း တွေးွ့ကြတာကတော့ သင့်ရဲ့ရာသီသွေးလည်ပတ်မှုမှာဖြစ်တဲ့

ဟော်မုန်းများအပြောင်းအလဲရဲ့ တုန့်ပြန်မှုကြောင့်လို့ ယူဆကြပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ PMDDနဲ့ serotonin လို့ခေါ်တဲ့ သင့်ဦး

နှောက်ကထုတ်တဲ့ ဓါတုဓါတ်တစ်မျိ ုး ထုတ်လွှတ်တဲ့ပမာဏနည်း

ခြင်းနဲ့ဆက်စပ်တယ်လို့ပြပါတယ်။serotonin ကိုသုံးသော တစ်ချိ ု့သော ဦးနှောက်ဆဲလ်တွေက စိတ်အပြောင်းအလဲကို ထိန်းချုပ်ခြင်း၊

အိပ်စက်ခြင်းနဲ့ နာကျင်မှုပေးခြင်းကို ထိန်းချုပ်ပါတယ်။ ဟော်မုန်း

အပြောင်းအလဲဖြစ်ပါက serotonin ပမာဏကိုနည်းသွားစေပြီး

PMDD လက္ခဏာတွေကိုဖြစ်စေပါတယ်။

အန္တရာယ်ရှိသောအချက်များ။

အမျိ ုးသမီးများတွင် ရာသီမလာခင် ဖြစ်လေ့ရှိသောစိတ်ခံစားမှု ပြသနာများ(PMDD)ကိုပိုဖြစ်စေသော အန္တရာယ်ရှိ

တဲ့အချက်တွေက ဘာတွေလဲ။

အမျိ ုးသမီးများတွင် ရာသီမလာခင် ဖြစ်လေ့ရှိသောစိတ်ခံစားမှု ပြသနာများ(PMDD)ကိုပိုဖြစ်စေသော အန္တရာယ်ရှိ

တဲ့အချက်တွေကတော့

-မိသားစုမျိ ုးရိုးထဲမှာ ဒီလို ရာသီမလာခင် မအီမသာဖြစ်တတ်ခြင်း

နဲ့ PMDD ဖြစ်တဲ့အမျ ိုးသမီးရှိခြင်း

-မိသားစုမျိ ုးရိုးထဲမှာ စိတ်ဓါတ်ကျရောဂါရှိသူများ၊ကလေးမွေးပြီး

နောက်စိတ်ကျရောဂါရသူများ၊ စိတ်ပိုင်းဆိုင်ရာပြသနာရှိသူများရှိ

ခြင်း

တစ်ခြား ဖြစ်နိုင်တဲ့အန္တရာယ် ရှိတဲ့အချက်တွေကတော့ ပညာရေး

နိမ့်ပါးခြင်း နှင့်ဆေးလိပ်သောက်ခြင်း။

ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်း။

ဆေးပညာအကြံဉာဏ်တွေအတွက်အစားထိုးအကြံပေးမဟုတ်ပါဘူး။ တစ်ခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့အမြဲတိုင်ပင်ဆွေးနွေးပါ။)

အမျိ ုးသမီးများတွင် ရာသီမလာခင် ဖြစ်လေ့ရှိသော စိတ်ခံစားမှု ပြသနာများ(PMDD)ကို ဘယ်လိုရောဂါရှာ အဖြေ

ထုတ်မလဲ။

PMDDက တစ်ခြားအခြေအနေတွေနဲ့ဆက်စပ်တဲ့ ရောဂါလက္ခဏာ

တွေ ဖြစ်နိုင်တာကြောင့် သင့်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးသူ

ဆရာဝန်တွေက သင့်ကို ကျန်းမာရေးရာဇဝင်မေးမြန်းခြင်း၊ကိုယ်

ခန္ဓါကိုယ်စမ်းသပ်မှုပြ ုလုပ်ခြင်းတို့ကို လုပ်ပါလိမ့်မယ်။

ရောဂါလက္ခဏာဇယားကွက်ကိုတော့ရောဂါရှာတဲ့နည်းလမ်းအတိုင်း အသုံးပြ ုပြီး လူနာရဲ့ ရောဂါလက္ခဏာတွေနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း

ပေါ်မှုဟာ ဆက်စပ်နေလားဆိုတာကို ဆုံးဖြတ်ပါတယ်။

American Psychiatric Association အမေရိကန် စိတ်ကျန်းမာ

ရေးဆိုင်ရာအဖွဲ့အစည်းရဲ့ နည်းလမ်းအရ PMDD လို့အမည်တပ်ဖို့အ

တွက် အနည်းဆုံး ရာသီစက်ဝန်းနှစ်ခါ လောက်မှာဒီလို PMDDရဲ့

လက္ခဏာတွေပြမှ နာမည်တပ်လို့ရပါတယ်။

စည်းမျဉ်းများအရ ရောဂါလက္ခဏာတွေက ရာသီမလာခင် တစ်ပတ်

လောက်မှာစဖြစ်ရမှာဖြစ်ပြီး ရာသီစလာတဲ့ရက်ပိုင်းတွေမှာတော့

အစကကိုယ့်ရဲ့ပုံမှန်လူနေမှုပြသနာတွေ စိတ်ခံစားရမှုတွေ ပိုပြီးသက်သာလာရမှာဖြစ်ပါတယ်။

အမျိ ုးသမီးများတွင် ရာသီမလာခင် ဖြစ်လေ့ရှိသောစိတ်ခံစားမှု ပြသနာများ(PMDD)များကို ဘယ်လိုကုသမှုပေးမလဲ။

ရာသီမလာခင် ရိုးရိုး မအီမသာဖြစ်ခြင်းကို ကုသသောနည်းလမ်းများကို အသုံးပြ ုပြီး PMDDကြောင့်ဖြစ်သော သင့်ရဲ့ ရောဂါလက္ခဏာများကို သက်သာ

စေဖို့အတွက် အကူအညီပေးနိုင်ပါတယ်။

အသုံးများတဲ့ကုသမှုတွေမှာပါဝင်တာကတော့

-စိတ်ကျရောဂါတွင်သုံးသောဆေးများသောက်ခြင်း

-ဟော်မုန်းကုသမှုများ

-အစားအသောက်ပုံစံပြောင်းခြင်း

-ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း

-စိတ်ဖိစီးမှုကို စီမံဆောင်ရွက်ခြင်း

-ဗီတာမင်များ သောက်ပေးခြင်း

-အရောင်ကျ အနာသက်သာဆေးများသောက်ပေးခြင်း

အလွယ်တကူဝယ်လို့ရတဲ့ဆေးတွေဖြစ်တဲ့ aspirin,ibuprofen,

Paracetamolလို ဆေးမျိ ုးတွေဟာ တစ်ချ ို့သောလက္ခဏာတွေဖြစ်

တဲ့ ခေါင်းကိုက်ခြင်း၊ရင်သားနာခြင်း၊ခါးနာခြင်း၊ ကြွက်တက်ခြင်း တို့

ကိုကူညီနိုင်ပါတယ်။ ဆီးဆေးများသောက်ပေးခြင်းနဲ့လည်း ရေဓါတ်

စုခြင်းနဲ့ ဖောင်းနေခြင်းတို့ကို သက်သာစေပါတယ်။

စိတ်ကျန်းမာရေးစောင့်ရှောက်သူနဲ့ စကားပြောခြင်းနဲ့ သင့်ရဲ့ ရောဂါကိုသက်သာအောင်ကူညီနိုင်ပါတယ်။ စိတ်ဖြေလျှော့ခြင်း ကုထုံးများ၊တရားထိုင်ခြင်း၊ယောဂလုပ်ခြင်းတို့က သင့်ကို သက်သာစေတယ်လို့ ဆိုပါတယ်။ သို့သော် ၎င်းတို့ကိုတော့ ကျယ်

ကျယ်ပြန့်ပြန့် လေ့လာမှု မပြ ုရသေးပါဘူး။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။

အမျိ ုးသမီးများတွင် ရာသီမလာခင် ဖြစ်လေ့ရှိသောစိတ်ခံစားမှုပြသနာများ(PMDD)ကို သက်သာအောင်

ကူညီပေးမယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေ

ကဘာတွေလဲ။

အောက်ပါပြောပြတဲ့ အမျိ ုးသမီးများတွင် ရာသီမလာခင် ဖြစ်လေ့ရှိသောစိတ်ခံစားမှုပြသနာများ(PMDD)ကို သက်သာအောင်

ကူညီပေးမယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေ

က တော့

-ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရာသီမလာခင် ဖြစ်တဲ့ရောဂါလက္ခ

ဏာ တွေကို လျော့ကျစေပါတယ်။ ကဖင်းဓါတ်လျှော့ချခြင်း၊အရက်

မသောက်ခြင်း၊ဆေးလိပ်သောက်တာရပ်ခြင်း များက ရောဂါလက္ခ

ဏာများကို သက်သာစေပါတယ်။ အိပ်ရေး၀၀အိပ်ခြင်း၊သက်တောင့်

သက်သာ နေတတ်သောအလေ့အကျင့်များ အဲ့ဒါတွေကတော့

တရားမှတ်ခြင်း၊ယောဂပြ ုလုပ်ခြင်းတို့ လုပ်နိုင်ပါတယ်။ စိတ်ဖိစီးမှု

များခြင်း၊စိတ်ခံစားမှုပြသနာများဖြစ်တဲ့ စီးပွားရေးပြသနာများအပေါ်

ငြင်းခုန်မှုများ၊ လူမှုရေးပြသနာများကို တတ်နိုင်သလောက်ရှောင်

ခြင်းနဲ့ သက်သာအောင်လုပ်လို့ရပါတယ်။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group မှ ဆေးပညာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများ မပြ ုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 16/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement