ကြွက်သားထုတည်ဆောက်သလိုပါပဲ အရပ်ရှည်ထွက်ဖို့အတွက် အစာအာဟာရပြည့်ဝစုံလင်စွာ စားပေးဖို့ လိုပါတယ်။ အဲ့ဒါကြောင့် နေ့စဉ်နေ့တိုင်း အသား၊ ဟင်းသီးဟင်းရွက်၊ ငါး၊ ဥ၊ အသီးအနှံ၊ ပဲ၊ ဂျုံပြောင်း၊ နို့ထွက်ပစ္စည်းတွေကို များများစားပေးပါ။ အာဟာရမဖြစ်စေတဲ့ အသင့်စား အစားအစာတွေ၊ အကင်တွေ၊ အကြော်အလှော်တွေကို တတ်နိုင်သလောက်ရှောင်ပါ။
၂။ ပရိုတင်းဓာတ်က အရမ်းအရေးကြီးပါတယ်။
ပရိုတင်းဓာတ်လို့ ခေါ်တဲ့ အသားဓာတ်က ခန္ဓာကိုယ်ရဲ့ ကြွက်သားထုကို တည်ဆောက်ပေးတယ်။ ကိုယ်အလေးချိန်တက်ဖို့၊ ကျဖို့ ကူညီပေးသလို အရိုးအဆစ်တွေကိုလည်း သန်မာစေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အသက် ၁၈ မတိုင်ခင်အထိ ပရိုတင်းဓာတ်ကို နေ့တိုင်းလုံလုံလောက်လောက် စားပေးနိုင်မယ်ဆိုရင် အရပ်ရှည်ထွက်လာတယ်ဆိုတာ တွေ့ခဲ့ပါတယ်။ ဒါကြောင့် အဓိကပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေကို များများစားပေးသင့်တယ်နော်။
၃။ ဗီတာမင် ဒီ ကိုလည်း မေ့မထားလိုက်ပါနဲ့။
ဗီတာမင် ဒီ ဟာ အရိုးအဆစ်တွေကို ကျန်းမာစေပြီး ကလေးတွေအတွက် ကြွက်သား ကြီးထွားမှုကို ဖြစ်စေတယ်။ ဒီအခါ ကိုယ်ခန္ဓာကပါ အရပ်ရှည်ထွက်လာပြီး လူကောင်ကြီးလာတာဖြစ်ပါတယ်။ ဗီတာမင် ဒီကို နေရောင်ခြည်ကနေလည်း ရနိုင်သလို ငါး၊ မှို၊ ဟင်းသီးဟင်းရွက်ကနေလည်း ရနိုင်ပါတယ်။
၄။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားပေးပါ။
ကယ်လ်စီယမ်ဓာတ်ဟာ နွားနို့ကနေ အများဆုံးရရှိပြီး အသက်အရွယ်မရွေး အကျိုးရှိစေနိုင်ပါတယ်။ အရိုးအဆစ်တွေကို ကြံ့ခိုင်စေလို့ အရပ်ရှည်ထွက်လာအောင် အားဖြည့်ပေးတယ်။ ကလေးတွေနဲ့ လူကြီးအရွယ်မှာ သွားနဲ့ သွားဖုံးကိုလည်း ကောင်းစေလို့ မာတဲ့အစာတွေကို ကောင်းကောင်းဝါးစားနိုင်အောအင် ကူညီပေးပါတယ်။ အဓိက နွားနို့၊ ဒိန်ချဉ်တွေကို သောက်ပေးပါ။ အရိုးပါ ဝါးစားလို့ရတဲ့ ငါးလေးတွေ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးကိုလည်း စားပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။