backup og meta

ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

    ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ ……. နေရာတကာမှာရှောင်မရအောင်ကြုံတွေ့နေရတာခြင်အန္တရာယ်ပါ။ ဘယ်လိုရှောင်ရှောင် ခြင်ကိုတော့ရှောင်ဖို့ခက်တယ်နော်။ ညဘက်များဆိုတော်တော်လေးကိုဆိုးပါတယ်။ခြင်ကိုက်တဲ့အခါ အရေပြားပေါ်မှာ ကျန်နေခဲ့တဲ့ အဖုတွေက ယားယံတဲ့အပြင်ကြည့်ရတာလည်း အရမ်းရုပ်ဆိုးပါတယ်။ ဒီဆောင်းပါးလေးထဲမှာခြင်ကိုက်ဖုတွေဖြစ်ရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။

    ခြင်ကိုက်ဖုတွေဖြစ်ခဲ့ရင်

    ခြင်အပါအဝင် အင်းဆက်ကိုက်ခံရတဲ့အခါ အရေပြားပေါ်မှာ ယားဖုသေးသေးလေးတွေဖြစ်လာပြီး တစ်ခါတလေ အရည်ကြည်ဖုလေးတွေတောင်ဖြစ်လာပါတယ်။ အချို့ယားဖုတွေက နာရီပိုင်းအတွင်းမှာပျောက်ကင်းသက်သာသွားတတ်ပေမယ့် လူတစ်ယောက်ချင်းစီရဲ့ တုံ့ပြန်ပုံချင်းကတော့ မတူပါဘူး။ တကယ်လို့အသားအရေက တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင် အရေပြားမှာ ယားဖုဖြစ်တာက ရက်တော်တော်လေးကြာတဲ့အထိဖြစ်နိုင်ပါတယ်။

    ခြင်ကိုက်ဖုတွေက စိတ်ညစ်စရာကောင်းသလို အရေပြားယားယံမှုကိုဖြစ်စေပါသေးတယ်။ အခန့်မသင့်ရင် အရေပြားမှာ ကြည့်ရဆိုးတဲ့ အမာရွတ်တွေနောင်ကျန်ရစ်ခဲ့စေနိုင်ပါသေးတယ်။ ဒါကြောင့်အလှပျက်စေမဲ့ခြင်နဲ့အင်းဆက် ကိုက်ဖုလေးတွေမဖြစ်အောင် သူတို့ကိုကြိုတင် ကာကွယ်ထားရပါမယ်။

    ခြင်ဆေးထွန်းမယ် -ခြင်ကိုက်မခံရအောင်ကာကွယ်လို့ရတဲ့ နည်းလမ်းတစ်ခုကခြင်ဆေးထွန်းထားတာပါ။ ဒါကြောင့် သင့်မိသားစုကိုခြင်အန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးဖို့အရည်အသွေးအပြည့်အဝရှိတဲ့ အမှတ်တံဆိပ်တွေကိုသုံးရင်းကာကွယ်နိုင်ပါတယ်။

    ခြင်ဖျန်းစပရေးအသုံးပြုမယ် -နေအိမ်မှာ ကလေးငယ်လေးတွေရှိလို့ဖြစ်ဖြစ်၊လေအေးပေးစက်တပ်ထားလို့ဖြစ်ဖြစ်ခြင်ဆေးခွေသုံးဖို့အဆင်မပြေသူတွေအတွက် ခြင်ဖျန်း စပရေးကိုအသုံးပြုပေးလို့ရပါတယ်။

    ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

    ခြင်ကိုက်တာနဲ့အခြားအင်းဆက်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားဖုတွေဖြစ်လာခဲ့ရင် အရင်ဆုံးလိုက်နာရမယ့် အချက်က ယားဖုတွေကို မကုတ်ဖို့ပါ။ ယားဖုတွေကိုကုတ်တဲ့အခါ ပိုဆိုးလာနိုင်သလိုရောဂါပိုးကူးစက်တာတွေဖြစ်နိုင်ပါတယ်။ ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

    (၁) သွားတိုက်ဆေး

    သွားတိုက်ဆေးမှာ ပူရှိန်းပါဝင်တာကြောင့် အရေပြားမှာဖြစ်တဲ့ ယားယံမှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ သွားတိုက်ဆေးရဲ့နောက်ထပ်အာနိသင်တွေကသွေးတိတ်စေတာနဲ့ အရေပြားရောင်ရမ်းနာကျင်တာတွေကိုလျော့ပါးသက်သာစေတာပါ။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါခြင်ကိုက်ဖုလေးအပေါ်ကု သွားတိုက်ဆေးခပ်ပါးပါးလေးလိမ်းလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်လိမ်းပေးလို့ရပါတယ်။

    (၂) ပျားရည်

    ပျားရည်က အသေးစားရောဂါတွေအတွက် သဘာဝဆေးတစ်မျိုးပါ။ ပျားရည်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ရောဂါပိုးကူးစက်ခံရတာကို ကာကွယ်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး အနာကျက်စေနိုင်ပါတယ်။နောက်တစ်ချက်ကခြင်ကိုက်ခံရတာကြောင့်ဖြစ်တဲ့ ယားဖုတွေကိုမြန်မြန်သက်သာစေနိုင်တာပါ။ခြင်ကိုက်ဖုတွေဖြစ်တဲ့အခါ ယားဖုပေါ်မှာ ပျားရည်ခပ်ပါးပါးလေးလူးပေးလိုက်ပါ။

    (၃) သံပရိုသီး

    ခြင်ကိုက်ဖုတွေအတွက်သက်သာစေတဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့နေအိမ်မှာတွေမှာ အလွယ်တကူရရှိနိုင်တဲ့ သံပရိုသီးပါ။ သံပရိုသီးမှာ အက်ဆစ်ဓါတ်ပါဝင်နေပြီး ခြင်ကိုက်တာကြောင့်ဖြစ်တဲ့နာကျင်ရောင်ရမ်းမှုတွေကိုလျော့ပါး သက်သာစေနိုင်ပါတယ်။နောက်ထပ်တစ်ချက်ကခြင်ကိုက်ဖုရဲ့ ယားယံမှုကိုပါသက်သာစေတာပါ။ ဒါကြောင့်ခြင်ကိုက်ခံရပြီး အရေပြားမှာ အဖုအပိမ့်တွေဖြစ်မယ်ဆိုရင် သံပရိုသီးကို ထက်ခြမ်းခြမ်းလိုက်ပြီးခြင်ကိုက်ဖုပေါ်ကို သံပရိုခြမ်းနဲ့ ပွတ်တိုက်လိုက်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်အထိထားလိုက်ပါ။ခြင်ကိုက်ခံရပြီးပြီးချင်းလုပ်လေ ထိရောက်မှုပိုများလေလေပါ။

    (၄) ပင်စိမ်း (Basil)

    ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သိထားတဲ့ ပင်စိမ်းကိုခြင်ကိုက်ဖုတွေသက်သာအောင်အသုံးပြုလို့ရပါသေးတယ်။ ပင်စိမ်းမှာပါတဲ့eugenol လို့ခေါ်တဲ့ ဓါတုဒြပ်ပေါင်းတစ်မျိုးကခြင်ကိုက်ခံရလို့ဖြစ်လာတဲ့ ယားဖုတွေကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။ လက်ဖက်ရည်ခွက်နဲ့ ရေနှစ်ခွက်စာကို ဆူအောင်တည်ပြီးရေနွေးဆူလာရင် အခြောက်ခံထားတဲ့ ပင်စိမ်းရွက် လက်တစ်ဆုပ်စာကိုထည့်လိုက်ပါ။ပြီးရင် အအေးခံလိုက်ပါ။ောက်တစ်ဆင့်အနေနဲ့ကတော့ ဂွမ်းစ ဒါမှမဟုတ် အဝတ်စသန့်သန့်လေးနဲ့ပြုတ်ရည်ကိုတို့ပြီးခြင်ကိုက်ဖုပေါ်မှာဆွတ်ပေးပါ။ ပင်စိမ်းရွက်ကို ကြိတ်ခြေပြီး လူးပေးလို့လည်းရပါတယ်။

    (၅)ရေခဲ

    အေးမြမှုနဲ့ရေခဲတို့က အရေပြားရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အအေးဓါတ်က အရေပြားကို ထုံသွားစေပြီး ခဏလောက်တော့ သက်သာမှုရစေပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ အရေပြားယားယံမှုကို သက်သာစေဖို့အတွက်ရေခဲအိတ်ကပ်ပေးတာ ဒါမှမဟုတ်ရေခဲရေနပြဆေးချတာမျိုးလုပ်လိုက်ပါ။ရေခဲကပ်တဲ့အခါ ၅ မိနစ်ထက်ပိုမကပ်ပါနဲ့။ အရေပြားထိခိုက်ပျက်စီးနိုင်တာကြောင့်ပါ။ရေခဲကပ်တဲ့အခါမှာလည်း အရေပြားကိုတိုက်ရိုက်ကပ်တာမျိုးမလုပ်သင့်ပါဘူး။ အဝတ်စသန့်သန့်လေးတစ်ခုနဲ့ ရေခဲတွေကို ထုပ်ပြီးကပ်ပေးပါ။

    (၆) ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်က အရေပြားအတွက်ကောင်းတယ်ဆိုတာအထွေအထူးတောင်ပြောစရာမလိုပါဘူး။ ရှားစောင်းလက်ပပ်ရဲ့ အတွင်းသားက နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။နောက်တစ်ခုက အနာကျက်စေနိုင်ပြီးရောဂါကူးစက်ခံရနိုင်ခြေကျဆင်းစေတာပါ။ခြင်နဲ့အင်းဆက်ကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ ရှားစောင်းလက်ပပ်အတွင်းသားကိုမထူမပါးလေးလှီးပြီးခြင်ကိုက်ဖုပေါ်မှာ ပွတ်တိုက်လိုက်ပါ။ခြောက်တဲ့အထိထားလိုက်ရုံပါ။ သက်သာလာပါလိမ့်မယ်။ခြောက်သွားတိုင်းထပ်လူးပေးလို့ရပါတယ်။

    (၇) မုန့်ဖုတ်ဆိုဒါ

    မီးဖိုချောင်ထဲက ဆေးတစ်မျိုးပါ။ မုန့်ဖုတ်ဆိုဒါကို အရေပြား ပြဿနာ တော်တော်များများ အတွက် အသုံးပြုလို့ ရပါတယ်။ မုန့်ဖုတ်ဆိုဒါ ကခြင်ကိုက်တာကြောင့်ဖြစ်တဲ့ ယားယံမှုကိုလည်း သက်သာစေပါတယ်။ခြင်ကိုက်ခံရတဲ့အခါ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရေနဲ့ခပ်ပျစ်ပျစ်လေး ဖျော်ပြီး ခြင်ကိုက်ဖုပေါ်မှာ လူးပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီးရေနဲ့ဆေးချပေးလိုက်ပါ။

    ခြင်ကိုက်ခံရတဲ့အခါ ယားဖုတွေကြောင့် စိတ်ညစ်ခံ မနေပါနဲ့။ အခု ပြောခဲ့တဲ့ နည်းလမ်းလေးတွေ အတိုင်း လုပ်ကြည့်ပြီး ခြင်ကိုက်ဖုတွေကို သက်သာအောင် လုပ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement