ဆေးတွေဝေမျှတာ ဝါသနာပဲ ပြောရမလား၊ စေတနာပဲ ပြောရမလား။ တကယ်တော့ မလုပ်သင့်ပါဘူး။ သာမန်ဆေးတွေဆို တော်ပါသေးတယ်။ ရောဂါကြီးကြီးမားမားတွေဆို မလုပ်သင့်ပါဘူး။ ဥပမာ ငါချောင်းဆိုးတုန်းက ဒါလေးသောက်တာ ကောင်းသွားတယ်။ နင်လည်း ဒါလေးသောက်။ ခက်တာက ငါချောင်းဆိုးတာက တုပ်ကွေးဖြစ်လို့၊ သူချောင်းဆိုးတာက တီဘီဆို ဘယ်နှယ့် လုပ်မတုံး။
နောက်ပြီး သွေးတိုးနေတဲ့ သူငယ်ချင်းကို ငါသွေးတိုးတုန်းက ဆရာဝန်က ဒါလေး သောက်ခိုင်းတာ၊ နင်လည်း ဒါလေးသောက်။ ဆရာဝန်ညွှန်တယ်ဆိုတာက ပါသေး။ တကယ်တော့ သွေးတိုးတို့ ဆီးချိုတို့ဆိုတာ ဘာလာလာ ဒါသောက် မဟုတ်ပါဘူး။ Tailor madeလို့ ခေါ်တဲ့ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ကုရတာပါ။ ဒါကြောင့် ဆေးတွေကို မဝေမျှပါနဲ့။
တုပ်ကွေးရာသီမှာ တွေ့ရအများဆုံးပါပဲ။ ကိုယ်လက်ကိုက်နေလို့ စပ်ဆေးလေး တစ်ထုပ်လောက်ဆိုတာ ဘာလုပ်မှန်းကို မသိပါဘူး။ အဲ့ဒီထဲမှာ ဘာပါလဲဆိုတော့ စတီးရွိုက်တို့ ပါရာစီတမောတို့ အမောက်ဆေးတို့ အကိုက်အခဲပျောက်ဆေးတို့ ရောထားတာပါ။ ဆိုတော့ နောက်ခံရောဂါကို သေချာ မသိဘဲ လက္ခဏာပဲ သက်သာချင်ဇောနဲ့ သောက်တာက ကိုယ့်ကို အန္တရာယ်များစေပါတယ်။ ဆေးဝယ်မယ်၊ ဆေးအကြောင်း သိချင်တယ်ဆိုရင် ဆေးဝါးပညာရှင် ဒါမှမဟုတ် ဆရာဝန်ကို မေးမြန်းပါ။ စပ်ဆေးလောက်နဲ့ ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့။ စပ်ဆေးတွေ စွဲသောက်ရာက ဒုက္ခရောက်ပြီး ဆေးရုံရောက်လာတဲ့ လူနာတွေ အများကြီး ရှိလို့ပါ။
ဒါက စဉ်းစားလို့ရသလောက်၊ အတွေ့ရများတာလေးတွေကို ရေးထားတာပါ။ နောက်တစ်ခါ ဆေးသောက်မယ်ဆိုရင် ဒီအချက်လေးတွေ ဆင်ခြင်ကြပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။