backup og meta

၁၀ မိနစ်အတွင်းစွမ်းအင်နိုးကြားစေနိုင်သောနည်းလမ်း ၁၀ မျိုး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ၁၀ မိနစ်အတွင်းစွမ်းအင်နိုးကြားစေနိုင်သောနည်းလမ်း  ၁၀  မျိုး

    -သင်ဟာနေ့လည်ခင်းငိုက်မျဉ်းတတ်ပါသလား? ညဘက်တွင် ကောင်းစွာအိပ်စက်ခဲ့ရသော်လည်း နောက်နေ့တစ်နေ့လုံးစွမ်းအားပြည့် လှုပ်ရှားနိုင်ရန် ခက်ခဲသည်မျိုးသင်ကြုံဖူးလိမ့်မည်။ သင့်အတွက် နှေးကွေးလေးလံမှုကိုကောင်းစွာဟန့်တားနိုင်မည့် ကြာရှည်ခံနည်းလမ်းတစ်ခုလိုအပ်ပေလိမ့်မည်။

    အောက်ပါ နည်းလမ်း( ၁၀ ) မျိုးကိုကျင့်သုံးခြင်းဖြင့် ညောင်းညာပင်ပန်းခြင်းကိုသက်သာစေပြီးသင့်ကိုပြန်လည် လန်းဆန်းသွက်လက်စေနိုင်ပါသည်။

    ၁.နံနက်စာကိုသေချာစွာစားပေးပါ။

    – နံနက်စာကိုပုံမှန်စားသုံးသူများတွင် မစားသူများထက် စိတ်ဖိစီးမှု လျော့ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်မှု နည်းခြင်းကိုတွေ့ရသည်။ အုတ်ဂျုံကဲ့သို့သောအမျှင်ဓါတ်ပါအစားအစာများသည် အချိုဓါတ်ကဲသောသရေစာမုန့်တစ်မျိုးထက် ဆာလောင်ခြင်းကိုပို၍ဟန့်တားပေးနိုင်သည်။

    ( ဆာလောင်နေချိန်တွင်စွမ်းဆောင်ရည်လည်းကျနေနိုင်သည်။ )

    ၂.ယောဂကျင့်စဉ် ပြုလုပ်ပါ။

    – ယောဂကျင့်စဉ်တွင် ကိုယ်နေဟန်ထားအမျိုးမျိုးပါဝင်ခြင်း၊ အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ရခြင်းနှင့် စိတ်တည်ငြိမ်အောင် စုစည်းရခြင်းများ ပါဝင်သည့်အတွက် ပင်ပန်းနွမ်းနယ်မှု ဖြေလျော့ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။

    ၃.နှစ်သက်ရာတေးသီချင်းများကိုသီဆိုပေးပါ။

    – သီချင်းဆိုခြင်းသည် မိမိ၏စိတ်ကို မြှင့်တင်ပေးနိုင်သည့်အပြင် စိတ်ဖိစီးမှုနှင့်ဆိုင်သော ဟော်မုန်းများထွက်ရှိမှုကိုလျော့ချပေးသည်။ ထို့ကြောင့် ယခုပင် ခေါင်ဖြီးရင်းသီချင်းဆိုသည့်အကျင့်ကိုစတင်ပါ။ အလုပ်ခွင်တွင် လုပ်ဖော်ကိုင်ဖက်များ၏ စောင့်ကြည့်အကဲခတ်ခြင်းကြောင့် သင်စိတ်ရှုပ်ထွေးနေပြီဆိုလျှင် သင့်ကားထဲဝင်၍ သီချင်းဆိုခြင်း ပြုလုပ်သင့်သည်။

    ၄.ရေသောက်ပါ။

    – ခန္ဓါကိုယ်မှ ရေဓါတ်ဆုံးရှုံးခြင်းသည် အားယုတ်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေသည်။ “တစ်နေ့လျင် ရေဖန်ခွက် ( ၈ ) ခွက်သောက်ပါ” ဟူသောမူကိုမလိုက်နာနိုင်လျှင်တောင်မှ သင့်ခန္ဓါကိုယ် အတွက် လုံလောက်သောရေပမာဏကိုသောက်သုံးပေးပါ။

    သင့်အနေဖြင့် ရေဆာခြင်းကိုမခံစားရဘဲ သင်၏ဆီးအရောင်သည်လည်းကောင်းသည်ဆိုလျှင် သင့်တွင် ရေဓါတ်လုံလောက်နေပြီဟုပြောနိုင်သည်။ ရေခဲသေတ္တာ ( သို့မဟုတ် ) ရေအေးစက်သို့ မကြာခဏရေသောက်ရန် သွားပေးပါ။ မကြာခဏလမ်းလျှောက်ရသည့်အတွက် နိုးကြားတက်ကြွနေပေလိမ့်မည်။

    ၅.အစေ့ အဆန်များစားပါ။

    – ဗာဒံစေ့ ( သို့မဟုတ် ) မြေပဲလက်တစ်ဆုပ်ခန့် စားပေးပါ။ ထိုအစေ့များတွင် မဂ္ဂနီဆီယမ်ဓါတ်နှင့် ဖောလစ်အက်စစ်များ ကြွယ်ဝသည်။ စွမ်းအင်နှင့် ခန္ဓါကိုယ်ဆဲလ်များ၏ လုပ်ငန်းဆောင်တာများအတွက် ထိုအာဟာရဓါတ်များလိုအပ်သည်။ ထိုအာဟာရဓါတ်များချို့တဲ့လျှင် ငြီးငွေ့အားလျော့လွယ်နိုင်သည်။

    ၆.သစ်ကြံပိုးခေါက်နံ့ရှူပါ။

    – သစ်ကြံပိုးခေါက်၏အနံ့သည် နွမ်းနယ်မှုကိုလျော့ကျ၍လန်းဆန်းစေနိုင်သည်ဟုအချို့ကဆိုကြသည်။ အကယ်၍ သစ်ကြံပိုးခေါက်မရှိလျှင်လည်းငရုပ်ကောင်းမှုန့်မှ အနံ့မျိုးကိုလည်း ရှူပေးနိုင်သည်။ ထိုအမွှေးရနံ့သည်လည်းပင်ပန်းနွမ်းနယ်မှုကိုလျော့ကျစေသည်ဟုအချို့ကဆိုကြပါသည်။

    ၇.လှုပ်လှုပ်ရှားရှားနေပါ။

    – လေ့ကျင့်ခန်းလုပ်ခြင်းသည် စွမ်းအင်ကိုတိုးမြင့်စေနိုင်သော သဘာဝနည်းဖြစ်သည်။ မည်သည့်လေ့ကျင့်ခန်းမဆ ိုအောက်ဆီဂျင်ပြည့်ဝသော သွေးကို နှလုံးကြွက်သားနှင့် ဦးနှောက်သို့ ပို့ပေးနိုင် သည့် အာနိသင်ရှိသည်။ တစ်ကြိမ်လျှင် ( ၁၀ ) မိနစ်သာ ကြာပါစေ၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သင်၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးတွင်ထားနိုင်မည်ဖြစ်သည်။ တတ်အားသရွေ့ လှုပ်ရှားပေးပါ။ သင်ဖုန်းပြောနေချိန်တွင်ပင် ကိုယ်ကို လှည့်လည်လှုပ်ရှား၍ ပြောပါ။

    ၈.နေရောင်ခြည်နှင့် ထိတွေ့ပေးပါ။

    – သာယာသောနေ့တွင် နေရောင်ခြည်အောက် မိနစ်အနည်းငယ် လမ်းလျှောက်ပေးခြင်းဖြင့် စိတ်နှင့် မှတ်ဉာဏ်ကို မြှင့်တင်ပေးခြင်း၊ မှတ်သားစရာအသစ်များကိုမှတ်မိစေခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုပိုရှိစေခြင်းတို့ ဖြစ်စေနိုင်သည်။ အကယ်၍ အပြင်သို့ထွက်၍ လမ်းမလျှောက်နိုင်လျှင ်တံခါးများကိုဖွင့်ထား၍ အလင်းရောင်ဝင်ပါစေ။

    ၉.ဗိုက်ဆာလျှင် အစားစားပါ။

    – ဦးနှောက်သည် လုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် လောင်စာလိုအပ်သည်။ သွေးတွင်းသကြားဓါတ် လျော့ကျသွားလျှင် သင့်အနေဖြင့် မူးဝေခြင်းကို စတင်ခံစားရသည်။ သင်၏ခေါင်းငိုက်စိုက်ကျလာပြီ ဆိုလျှင်တော့ သင့်အနေဖြင့် စွမ်းအင်ရရှိရန် အစာတစ်ခုခုစားပေးမှ ကျန်ရှိသောနေ့၏အချိန်များတွင် ကောင်းကောင်းအလုပ်လုပ်နိုင်မည်။

    ပရိုတိန်းနှင့် ကစီဓါတ်ပါသောအစားအစာများ၊ ဥပမာ ငှက်ပျောသီးမုန့်နှင့် မြေပဲထောပတ်လိပ်၊ ဘယ်ရီသီးနှင့် အုတ်ဂျုံစေ့တို့သည် သွေးတွင်းသကြားဓါတ်ကိုထိန်းထားနိုင်စွမ်းရှိသည်။

    ၁၀.ပျော်ပျော်နေတတ်သောသူငယ်ချင်းများနှင့် တွေ့ဆုံပါ။

    – စိတ်ခံစားမှုများသည် အံ့အားသင့်ဖွယ် ကူးစက်လွယ်သည်။ အဆိုးမြင်တတ်သောသူများနှင့် ပေါင်းလျှင် သင်၏ စွမ်းဆောင်ရည်သည်လည်း ကျနိုင်ပြီး၊ စိတ်တက်ကြွ၍ ပျော်ပျော်နေတတ်သူများနှင့် ပေါင်းလျှင် သင်၍စိတ်လည်းတက်ကြွလန်းဆန်းမည် ဖြစ်သည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement