backup og meta

သွေးလှူသင့်တဲ့အကြောင်းအရင်း


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးလှူသင့်တဲ့အကြောင်းအရင်း

    အင်္ကျီလက်ကိုခေါက်တင်ပြီးသွေးလှူလိုက်ပါ။ အရမ်းပီတိဖြစ်စရာကောင်းပါတယ်။ရောဂါအခြေအနေတစ်ခုခုကြောင့်သွေးလိုအပ်နေသူတွေ၊ မတော်တဆမှုတစ်ခုခုကြောင့်သွေးလိုအပ်နေသူတွေကို ကိုယ့်သွေးနဲ့ အသက်ကယ်နိုင်တာကတော်တော်လေး ပီတိဖြစ်စရာကောင်းပါတယ်။သွေးလှူတာက သူများအသက်ကိုကယ်တင်နိုင်လို့ ပီတီဖြစ်ရုံတင်မဟုတ်ပါဘူး။ ကုသိုလ်လည်းရသလို ကျန်းမာရေးအရလည်းကောင်းကျိုးလေးတွေရနိုင်ပါသေးတယ်နော်။ ဘာတွေများဖြစ်မလဲလို့ စိတ်ဝင်စားနေပြီလား ဆက်ဆွေးနွေးလိုက်ရအောင်နော်။

    သွေးလှူတာက ကျန်းမာစေနိုင်တယ်လို့ပြောရတဲ့ အကြောင်းအရင်း

    သွေးလှူတာကသူများအသက်ကိုကယ်ရာရောက်သလို ကိုယ်တိုင်မှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေတော်တော်လေးများပါတယ်။လေ့လာမှုတွေအရတော့သွေးလှူတာကြောင့် အခုလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

    နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ်

    သွေးပျစ်တာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းပါ။သွေးတွေကပျစ်လေလေသွေးကြောတွေထဲမှာ စီးဆင်းရခက်လေလေဖြစ်ပြီးသွေးကြောနံရံတွေကဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်လေလေပါ။သွေးတွေပျစ်နေတာကိုဖြေရှင်းပေးနိုင်မယ့် အခြေခံအကျဆုံးသောနည်းလမ်းကတော့သွေးလှူတာပါ။ ဒါတွေတင်မကပါဘူး။သွေးလှူတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေနည်းသွားနိုင်သလို ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာေတွခံစားရနိုင်ခြေကိုတော်တော်လေးနည်းသွားစေနိုင်ပါတယ်။သွေးလှူတာက ကိုယ်တွင်းက Oxidative Stressတွေကိုဖြေလျော့ပေးနိုင်ပါတယ်။

    ကင်ဆြာဖစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်

    သွေးလှူလိုက်တဲ့အခါသွေးတွင်းက iron oxidative stressတွေကိုလျော့ကျသွားစေနိုင်ပါတယ်။ ဒီအခြေအနေက ခန္ဓါကိုယ်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ကင်ဆာရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ တစ်နှစ်ကို နှစ်ကြိမ်ပုံမှန်သွေးလှူပေးမယ်ဆိုရင် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေကို သိသိသာသာလျှော့ချနိုင်မှာပါ။သွေးလှူတာကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊အူမကြီးကင်ဆာ နဲ့ လည်ချောင်းကင်ဆာတွေဖြစ်နိုင်ခြေကိုလျှော့ချနိုင်မှာပါ။

    ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ပါတယ်

    သွေးလှူတာက ကိုယ်တွင်းကယ်လ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။ ပုံမှန်သွေးလှူတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလိုသွေးတွင်းသံဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ချဖို့စဉ်စားနေသူတွေအနေနဲ့ စမ်းကြည့်သင့်တဲ့နည်းလမ်းတစ်ခုပါနော်။

    ရောဂါရှိ၊မရှိ စစ်ဆေးခွင့်ရတယ်

    သွေးလှူတဲ့အခါ အရင်ဆုံးလုပ်ရတာက ကိုယ့်သွေးထဲမှာရောဂါပိုးတွေရှိနေလားဆိုတာကို စစ်ဆေးရတာပါ။ HIV၊ အသည်းရောင်အသားဝါ နဲ့ အခြားသွေးကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေရှိလားဆိုတာကို စစ်ဆေးရတာပါ။ ဒီစစ်ဆေးမှုကိုအောင်မြင်မှသွေးလှူခွင့်ရရှိမှာဖြစ်ပြီး အကျိုးရှိတဲ့ စစ်ဆေးမှုတစ်ခုပါ။

    သွေးလှူရင်း အခုပြောခဲ့တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရရှိနိုင်ကြပါစေကြောင်း…….

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement