backup og meta

လက်သည်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ

    လူတော်တော်များများမှာ စိတ်ဖိစီးတဲ့အချိန် ဒါမှမဟုတ် အကြံကုန်ဂဠုန်ဆားချက်ကြရင် ခဲတံကိုက်တာတို့၊ ဆေးလိပ်သောက်တာတို့၊ နှုတ်ခမ်းကိုက်တာတို့ကို သတိမမူမိဘဲ ပြုလုပ်မိလေ့ရှိကြပါတယ်။ တစ်‌ယောက်နဲ့ တစ်ယောက် အလေ့အကျင့် မတူကြပေမဲ့ တော်တော်များများကတော့ လက်သည်းကိုက်တတ် ကြပါတယ်။ ဒီအကျင့်ကတော့ ပုံမှန်အတိုင်းဆို ဘာမှထွေထွေထူးထူးမဟုတ်ပေမဲ့ တကယ်တမ်းကြတော့ လူတွေရဲ့ကျန်းမာရေးအတွက် များစွာစိုးရိမ်စရာကောင်းပါတယ်။

    လက်သည်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ

    ပိုး၀င်ခြင်း/ လက်စွယ်ငုပ်ခြင်း

    ပထမဆုံးကတော့ ကိုယ့်မှာရှိတဲ့ပိုး ကိုယ်ပြန်ကူးစက်ခြင်းပဲဖြစ်ပါတယ်။ လက်သည်းကို ကိုက်တဲ့အခါ လည်သည်းအောက်မှာရှိတဲ့ အသားနုလေးနဲ့ ပါးစပ်ထဲမှာရှိတဲ့ မြောက်များစွာသောပိုးတွေ ထိတွေ့တဲ့အခါ ‌ရောင်ရမ်းတာတို့ ပြည်တည်နာတို့ ဖြစ်ပေါ်စေပါတယ်။ အဲ့ဒါကို တစ်နည်းအားဖြင့် လက်စွယ်ငုပ်တယ် လို့လည်းခေါ်ကြပါတယ်။ လက်စွယ်ငုပ်တာက များသောအားဖြင့် လက်သည်းအောက်ခြေမှာရှိတဲ့ နူးညံ့တဲ့ ‌အရေပြားနေရာလေးကို ပိုး၀င်ခြင်းကြောင့်ဖြစ်ပါတယ်။

    ဖျားနာခြင်း

    လူတွေရဲ့ လက်က အညစ်ကြေးပေါင်းစုံကိုင်တွယ်ပြီး ပိုးပေါင်းစုံနဲ့ ထိတွေ့နေရပါတယ်။ ၎င်းပိုးတွေက လက်သည်းအောက်မှာ ခိုအောင်းနေတတ်ကြပါတယ်။ ပါးစပ်ထဲက ပိုးက လက်ကို ကူးတာထက် လက်မှာရှိတဲ့ပိုးက ပါးစပ်ထဲ၀င်သွားတာက ပိုဆိုးစေပါတယ်။ ပါးစပ်ကနေတစ်ဆင့် အစာအိမ်ထဲရောက်သွားတဲ့အခါ သာမာန် ဖျားနာခြင်းကစပြီး အစာအိမ်ရောဂါအထိဖြစ်စေနိုင်ပါတယ်။

    လက်သည်းပုံပျက်ခြင်း

    လက်သည်းတွေမှာ သူ့အလိုလိုပြန်လည် ကြီးထွားရှည်လာနိုင်တဲ့ အလွှာလေးတွေရှိပြီး ဒီအလွှာလေးကို ပိုး၀င်ပြီဆိုရင်တော့ လက်သည်းငုတ်တိုလေးတွင် အဖြစ်ကျန်ပြီး ဆက်မရှည်လာတော့တာမျိုး ပြန်ရှည်လာရင်လည်း နဂိုပုံအတိုင်း မညီညာတော့တာမျိုး ဖြစ်တတ်ပါတယ်။

    အကယ်၍ခ န္ဓာကိုယ် တစ်နေရာရာမှာရှိတဲ့ ကြွက်နို့ကို လက်သည်းနဲ့ ကုတ်ခဲ့မိရင်တော့ ကြွက်နို့ပိုးတွေ၊ အညစ်အကြေးတွေက လက်သည်းမှာ ခိုအောင်းနိုင်ပါတယ်။ လက်သည်းကနေတစ်ဆင့် မျက်နှာ၊ ပါးစပ်တို့ကို ကူးစက်ပြီး မျက်နှာ၊ လည်ပင်းတို့မှာ ကြွက်နို့ ဖြစ်စေနိုင်ပါတယ်။

    ရေယုန်

    အကယ်၍ သင့်ပါးစပ်ထဲမှာသာ ရေယုန်ပေါက်နေရင်တော့ လက်သည်းကိုက်ရာကနေ လက်သည်းထိပ်လေးတွေကို ကူးစက်နိုင်ပြီး အစပိုင်းမှာတော့ ပူတာ နာတာ ထုံတာတို့ ဖြစ်စေနိုင်ပါတယ်။ ကြာလာလို့ အရည်အိတ်လေးတွေ၊ သွေးအိတ်လေးတွေဖြစ်လာရင်တော့ နာကျင်တာ ပိုဆိုးရွားလာတတ်ပါတယ်။

    ခံတွင်းပြဿနာ

    လက်သည်းကိုက်တဲ့အ‌လေ့အကျင့် စွဲစွဲမြဲမြဲ လုပ်လေ့ရှိတဲ့သူတွေမှာတော့ အချိန်ကြာလာရင် သွားတွေ ယိုင်တာနဲ့တာ အပြင် သွားဖုံးရောင်တာတွေအထိဖြစ်နိုင်ပါတယ်။

    ဒါကြောင့် လက်သည်းကိုက်တာကို တတ်နိုင်သမျှ ရှောင်ရှားကြဖို့ အသိပေးမျှဝေပေးလိုက်ရပါတယ်။

    ရေးသားသူ – Dr. Z

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement