backup og meta

ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား

    ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား ……. အမျိုးသမီးတွေဟာ အနာခံကာ ဒေါက်မြင့်ဖိနပ်တွေကို စီးပြီး ဖက်ရှင်ကျအောင် နေနေကြပါတယ်။ ဒါပေမယ့် စီးဖို့ ထိုက်တန်ပါရဲ့လား။ ခြေဖဝါးရဲ့ ပုံစံကို ကန့်သတ်တဲ့ ဖိနပ်တွေ ဝတ်တိုင်းမှာ နာကျင်မှုကို ခံစားရနိုင်တယ်လို့ Dr. Natalie A. Nevins, DO, an osteopathic physician from Hollywood, Calif က ဆိုပါတယ်။

    စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒေါက်မြင့်ဖိနပ်တွေ စီးခြင်းဟာ ပရော်ဖက်ရှင်နယ်ကျကျပုံစံ ဖြစ်စေဖို့ နေ့စဉ် လိုအပ်ချက်တစ်ခုလို ဖြစ်နေပါတယ်။ ဒေါက်မြင့်ဖိနပ်တွေ က စမတ်ကျစေတဲ့ အသွင်အပြင်ကို ရစေတာကြောင့် ငယ်ရွယ်သူတစ်ယောက်အနေနဲ့ ဒါကို ငြင်းပယ်နိုင်ဖို့ ခက်ခဲပါတယ်။

    ဒါပေမယ့် အောက်မှာ ပြောပြမယ့် ဆိုးကျိုးတွေဟာ သင့်ကို ဒီလို ဒေါက်မြင့်ဖိနပ်တွေ စီးဖို့ နောက်တစ်ကြိမ် ပြန်စဉ်းစားစေနိုင်ပြီး အခြား ဖိနပ်ပြောင်းစီးခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

    ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား

    ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား ဆိုတော့

    ၁။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဆိုးရွားစွာ သက်ရောက်နိုင်ပါတယ်။

    ခါး – သူဟာ အရှေ့ကို တွန်းထုတ်သလိုဖြစ်တာကြောင့် တင်ပါးဆုံနဲ့ ကျောရိုးမတွေကို ပုံစံပျက်စေနိုင်ပါတယ်။

    ဒူးခေါင်း – ဒူးခေါင်းမှာ ဖိအားများစွာ သက်ရောက်နိုင်ပါတယ်။

    ခြေမျက်စိ – ဒေါက်မြင့်ဖိနပ်တွေ စီးခြင်းဟာ ဆင်ခြေလျှောပေါ် လမ်းလျှောက်ရသလိုဖြစ်တာကြောင့် ခြေမျက်စိပေါ်  ဖိအားသက်ရောက်မှုများပါတယ်။ ခြေမျက်စိပတ်ပတ်လည်က ကြွက်သားတွေဟာ သင့်ကို မတ်တပ်ရပ်နိုင်စေဖို့၊ လမ်းလျှောက်နိုင်စေဖို့ ကျုံ့ပေးရတာဖြစ်တာမို့ နောက်ဆုံးမှာ တည်ငြိမ်မှုမရှိတော့ဘဲ အားနည်းနိုင်ပါတယ်။

    ၂။ ဒေါက်ဖိနပ်စီးခြင်းရဲ့ အဖြစ်များတဲ့ သက်ရောက်မှု လေးခု

    ခြေသလုံးကြွက်သား တိုလာခြင်း – အချိန်ကြာလာတာနဲ့အမျှ ဒေါက်မြင့်ဖိနပ်တွေ စီးခြင်းဟာ ခြေသလုံးကြွက်သားနဲ့ ခါးကြွက်သားတွေကို တိုလာစေပြီး နာကျင်မှုနဲ့ ကြွက်သားကျုံ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်တွေ ဟာ မြင့်ပြီး တင်းကျပ်တာကြောင့် အမျိုးသမီးတွေဟာ Archilles tendon တိုခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

    ကြွက်သားပင်ပန်းနွမ်းနယ်ခြင်း – ဒေါက်ဖိနပ်မြင့်လေလေ ခြေဖဝါးမြေကြီးနဲ့ ထိနိုင်ဖို့ ဒူးကွေးရလေလေပဲဖြစ်ပါတယ်။ ဒါဟာ ဒူးဆစ်ပေါ်ကို ဖိအားသက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေမှာ ပိုဆိုးနိုင်ပါတယ်။

    ပုံစံပြောင်းလဲခြင်း – ဒေါက်မြင့်ဖိနပ်တွေဟာ ပုံမှန်လမ်းလျှောက်တဲ့ပုံစံကိုပြောင်းလဲစေပြီး Gait cycle ကို သက်ရောက်မှုရှိပါတယ်။ ခြေချင်းဝတ်မှာ ပြောင်းလဲခြင်းဟာ ခြေထောက်အပေါ်ပိုင်းနဲ့ ခါးက ကြွက်သားတွေကို အားအင်လျော့နည်းစေပါတယ်။

    သူဟာ ဒူးအတွင်းနဲ့ ပတ်ပတ်လည်က အရိုးတွေ ခံနိုင်ရည်အားကိုလည်း သက်ရောက်မှုရှိတာမို့ ဒဏ်ရာရရှိမှုလွယ်ကူစေပါတယ်။

    ခန္ဓာဗေဒ ပြောင်းလဲခြင်း – နေ့စဉ် ဒေါက်မြင့်ဖိနပ်ကို နှစ်ပေါင်းများစွာ စီးခြင်းဟာ သင့်ရဲ့ ခန္ဓာဗေဒကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ ကိုယ်ခန္ဓာရဲ့ အလေးချိန်ကို ရှေ့ပိုင်းမှာ သက်ရောက်စေတာမို့ ခါးနဲ့ ဒူးခေါင်းတွေမှာ ဖိအားများစေနိုင်ပါတယ်။

    ၃။ ဒေါက်မြင့်ဖိနပ် စီးခြင်းနဲ့ပတ်သက်တဲ့ အကြံပေးချက်များ

    ဒေါက်မြင့်ဖိနပ်ကို အချိန်ကြာမြင့်စွာ စီးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

    ဖိနပ်ကို ဆက်တိုက်မစီးဘဲ မကြာခဏ ချွတ်ပြီး ခြေထောက်ကြွက်သားများ ကွေးဆန့်ခြင်းကို ပြုလုပ်သင့်ပါတယ်။

    နှစ်လက်မအရွယ်ထက် မြင့်တဲ့ ဒေါက်တွေကို မစီးသင့်ပါဘူး။

    ဖိနပ်ဝယ်တဲ့ အခါ နေ့လည်ပိုင်းမှာ ဝယ်သင့်ပါတယ်။ ဒီအချိန်မှာ ခြေထောက်အရွယ်အစား အမှန်ဆုံးဖြစ်ပါတယ်။

    ခြေထိပ်စုနေတဲ့ ဖိနပ်တွေကို မရွေးချယ်သင့်ပါဘူး။

    ချော်လဲခြင်းလျော့နည်းအောင် သားရေပြားအောက်ခံပါတဲ့ ဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။

    ဖိနပ်ပုံစံ အမြောက်အမြား ဝယ်ပြီး နေ့စဉ် ဖိနပ်တွေကို လဲလှယ် စီးသင့်ပါတယ်။ ဥပမာ ဒီနေ့ ‌ဒေါက်ဖိနပ်ဆိုရင် နောက်နေ့ကို ဖိနပ်အပါးပြောင်းစီးတာမျိုးပါ။

    သင့်ရဲ့ ဖက်ရှင်ကို နှစ်သက်စိတ်က မတ်တပ်ရပ်နိုင်စွမ်း၊ လှပစွာ ခြေလှမ်းနိုင်စွမ်းတွေကို မဖျက်ဆီးစေသင့်ပါဘူး။ သင့်ခြေဖဝါးတွေဟာ ထောက်ပံ့ပေးတဲ့ အခြေခံအရာတွေ ဖြစ်ပါတယ်။

    တကယ်လို့ ခြေထောက်တွေက အဆင်မပြေဘူးဆိုရင် ဘယ်အရာကမှ အဆင်ပြေမှာ မဟုတ်ပါဘူးလို့ Dr. Nevins က ပြောပါတယ်။

    ရေးသားသူ- Dr Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement