backup og meta

ခြေသည်းလေးတွေက ပြောတဲ့စကား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေသည်းလေးတွေက ပြောတဲ့စကား

    ခြေသည်းဆိုတာ ရှည်လာရင်ညှပ်ရမယ်ဆိုတဲ့ အလုပ်တစ်ခုတည်းမဟုတ်ပါဘူး။ခြေချောင်း၊လက်ချောင်းလေးတွေရဲ့ကျန်းမာလှပမှုကလည်း လူ့ကျက်သရေပါပဲ။ ခြေထောက်ပဲ လှစရာမလိုဘူး ၊ ခြေသည်းအရောင်လည်း တော်ကြာသူ့ဘာသာပြန်ကောင်းသွားလိမ့်မယ်ဆိုပြီး ပစ်မထားပါနဲ့။ ခြေသည်းလေးတွေကိုလည်း ဂရုတစိုက်ရှိနေမှ သူတို့ဖော်ပြတဲ့ စကားတွေကို သိနိုင်မှာပေါ့။ သူတို့မှာ ဘာတွေဖြစ်နေလဲဆိုတာကို ဘယ်လိုပြောပြကြသလဲ ကြည့်ရအောင်။

    ခြေသည်းက မည်းနေတယ်

    အများအားဖြင့်တော့ ထိခိုက်မှုတစ်ခုခုဖြစ်ထားလို့ခြေသည်းအရောင်ကမည်းလာတာပါ။ခြေမပေါ် တစ်ခုခုပြုတ်ကျတာလား၊ ခလုတ်တိုက်ထားတာလား၊ ခြေသည်းကြားမှာ တစ်ခုခုစူးနေတာလားပေါ့။ အနာက စစချင်းမှာ နီလာမယ်၊ ခရမ်းရောင်ဖြစ်လာမယ်၊ ညိုလာမယ်၊နောက်ဆုံးခြေသည်းအောက်မှာသွေးတွေပြန့်ုပြီးခဲလာရင် မည်းလာမယ်။ အနာပျောက်သွားတဲ့ခြေသည်းအမည်းတွေ ကုန်သည်အထိ ရှည်ထွက်လာဖို့က ၆ လ ကနေ ၉ လအထိ ကြာနိုင်ပါတယ်။

    ဝါကျင့်ကျင့် ခြေသည်းတွေဖြစ်နေတယ်

    ခြေသည်းတွေက အဝါရောင်သန်းလာတယ်ဆို မှိုပိုးကပဲ တရားခံပါ။ မှိုပိုးဝင်တဲ့အခါခြေသည်းတွေဝါလာတာ၊ ထူလာတယ်ဆို လိမ်းဆေးကိုခြေသည်းအောက်ရောက်အောင် အသာအယာဖိဖိလိမ်းပေးပါ။

    စိမ်းဖန့်ဖန့် ဖြစ်နေလား

    ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကchloronychia လို့ခေါ်တဲ့ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့ ဘက်တီးရီးယားက တာရှည်စိုစွတ်နေတဲ့အနေအထားမျိုးမှာ ရှင်သန်နိုင်တာဖြစ်လို့ ကိုယ်အမြဲသုံးနေကျရေချိုးရေမြှုပ်တွေ၊ခြေသုတ်ခုံ နဲ့ ရှူးဖိနပ်လို အလုံပိတ်ဖိနပ်တွေကိုသေချာသန့်ရှင်းပါ။ အရောင်က အပေါ်ယံမဟုတ်တာကြောင့် အတင်းကြီးတိုက်ဆေးနေလည်း မထူးပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေးကပဲ ကုသနိုင်မှာပါ။

    အဖြူရောင်လွှမ်းလာမယ်

    ခြေချောင်းတစ်ချောင်းမှာပဲခြေသည်းဖြူလာတယ်ဆို သတိထားမိတာနဲ့ ချက်ချင်းဆရာဝန်ပြပါ။ခြေသည်းတွေအကုန်ပြန့်ကုန်နိုင်ပါတယ်။White superficial onychomycosis လို့ခေါ်တဲ့ အဖြူရောင်ခြေသည်းတွေဟာ ကြမ်းပြီး ကျိုးပဲ့လွယ်ပါတယ်။

    အဖြူ သို့မဟုတ် အဝါကွက်တွေ ပေါ်လာမယ်

    proximal subungual onychomycosis လို့ခေါ်တဲ့ မှိုပိုးဝင်ခြင်းနောက်တစ်မျိုးဖြစ်ပါတယ်။ခြေသည်းအောက်ခြေနားမှာ၊ ပန်းကုံးနားမှာ စပြီး အကွက်လိုက်အရောင်ပြောင်းလာတာပါ။ ဒီပိုးဝင်ခြင်းမျိုးက ကျန်းမာတဲ့သူတွေမှာဖြစ်ခဲပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာဖြစ်လေ့ရှိပြီး အိတ်ခ်ျအိုင်ဗီရဲ့ လက္ခဏာတစ်ခုလည်းဖြစ်နေုနိုင်ပါတယ်။

    အစင်းအမြောင်းတွေပေါ်လာမယ်

    ခြေသည်းတွေမှာ အစင်းတွေ၊မြောင်းတွေဖြစ်လာတယ်ဆိုရင် ခန္ဓါကိုယ်ရဲ့တစ်နေရာရာမှာ ပြဿနာရှိနေတဲ့လက္ခဏာပါ။ ခန္ဓါကိုယ်မှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဇင့်၊ ဗီတာမင် A တို့ချို့တဲ့လာရင် အမြောင်းတွေဖြစ်လာတတ်ပါတယ်။ သံဓါတ်အားနည်းတဲ့သွေးအားနည်းရောဂါဖြစ်ရင် လက်သည်းခြေသည်းမှာ အစင်းတွေ၊မြောင်းထလာတတ်ပြီး ခုံးလာတာ၊ ထူလာတာတွေဖြစ်နိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement