အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်တွေကို အားပေးနေပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အနားယူထားပါ။
ထိုင်ခုံနေရာကိုသေချာရွေးပါ။
လေယာဉ်မှာဆို အလယ်ပိုင်းကခုံတွေက အငြိမ်ဆုံးနေရာဖြစ်လို့ အမူးသက်သာစေပါလိမ့်မယ်။ ပြတင်းပေါက်ဘေးမှာနေရာယူတာလည်း ဘေးဘက်ကိုကြည့်ရတာအမူးသက်သာစေလို့ကောင်းပါတယ်။
အစားချင့်ချိန်စားပါ။
အရက်၊ဆေးလိပ်နဲ့အစာကြေဖို့ခက်တဲ့အစားအစာတွေကိုရှောင်ပါ။ အနံ့ပြင်းတဲ့အစားအစာတွေ၊ စပ်တဲ့၊အဆီများတဲ့အစားအစာတွေက ကားမူးတဲ့လက္ခဏာကိုပိုဆိုးစေတတ်ပါတယ်။ ခရက်ကာ၊ပေါင်မုန့်၊ငှက်ပျောသီးစတာတွေကကောင်းပါတယ်။ ရေဓါတ်မဆုံးရှုံးရအောင် ရေ သို့မဟုတ် အချိုရည်သောက်ပါ၊ ကဖင်းဓါတ်ကိုရှောင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။